25 AUG 2024 - (Ethnic language program-CHO_MΓΌn) by Radio NUG



πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၄ α€žြဂုတ်α€œ ( ၂၅ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား 


πŸ“ŒπŸ“Œ ၁။ ချင်းပြα€Š်တွင်း ပဋိပက္ခကို α€žα€€်ဆိုင်α€›ာထဖွဲ့α€‘α€…α€Š်းα€™ျား ထမြα€”်ဆုံး တွေ့ဆုံ α€–ြေα€›ှင်းα€›α€”် တာဝန်α€›ှိα€€ြောင်း α€…α€…်တမ်းα€–ြေဆိုα€žူ ဦးα€›ေ၁,၀၀၀ကျော်ထဲα€™ှ ၉၄% α€€ α€œိုα€œားα€Ÿု CCM α€…α€…်တမ်းα€€ ဆို

 

 

ချင်းပြα€Š်တွင်း ပဋိပက္ခနဲ့ ပတ်α€žα€€်ပြီး Chin Civic Movement (CCM) α€€ α€€ောα€€်α€šူတဲ့ α€…α€…်တမ်းတစ်ခုα€™ှာ α€žα€€်ဆိုင်α€›ာ ချင်းထဖွဲ့α€‘α€…α€Š်းတွေ ထမြα€”်ဆုံးတွေ့ဆုံ α€–ြေα€›ှင်းα€€ြα€–ို့ တာဝန်α€›ှိα€€ြောင်း α€…α€…်တမ်းα€–ြေဆိုα€žူ ဦးα€›ေ၁,၀၀၀ကျော်ထဲα€™ှ ၉၄% α€€ α€œိုα€œားα€€ြောင်း α€žိα€žာထင်α€›ှားα€…ွာတွေ့α€›ှိα€›α€α€š်α€œို့ CCM α€€ ဩဂုတ် ၂၁ α€›α€€်α€”ေ့α€Šα€•ြုα€œုပ်တဲ့ α€žα€α€„်းα€…ာα€›ှင်းα€œα€„်းပွဲα€™ှာ ပြောဆိုα€žွားပါα€α€š်။

 

ထထက်ပါ α€…α€…်တမ်းα€€ို ဇူα€œိုင်α€œ ၁၈ α€›α€€်α€”ေ့α€™ှ ၃၁ α€›α€€်α€”ေ့ထထိ α€›α€€်α€žα€္တပတ် (၂) ပတ်α€€ြာ α€€ောα€€်α€šူခဲ့တာα€–ြα€…်ပြီး α€–ြေဆိုα€žူ ဝင်α€›ောα€€်α€–ြေဆိုα€žူ ဦးα€›ေ ၁၀၂၇ ဦး α€›ှိခဲ့α€α€š်α€œို့ ဆိုပါα€α€š်။

 

α€–ြေဆိုα€žူ ၁၇ ဦးα€›ဲ့ α€–ြေဆိုα€™ှုတွေα€€ိုတော့ α€…α€…်တမ်းα€€ောα€€်α€šူα€™ှု α€žα€်α€™ှတ်ချα€€်တွေα€”ဲ့ α€™α€€ိုα€€်α€Šီတာα€€ြောင့် α€–α€š်α€›ှားခဲ့ပြီး α€‘α€žားတင်ဦးα€›ေ ၁၀၁၀ ဦးα€›ဲ့ α€–ြေဆိုချα€€်တွေα€€ို ထခြေပြုα€€ာ α€…α€…်တမ်းα€–ြေဆိုချα€€် α€›ာခိုင်α€”ှုα€”်းတွα€€်ချα€€်ခဲ့တာα€œို့ α€žိရပါα€α€š်။

 

α€…α€…်တမ်းα€–ြေဆိုα€™α€š့် α€œူဦးα€›ေα€€ို ကနဦးα€žα€်α€™ှတ်ချα€€်ထဖြα€…် α€œူဦးα€›ေ (၃၀၀) ဝန်းα€€ျင် α€žာα€™ျှော်α€™ှα€”်းထားခဲ့ပေα€™α€š့် မထင်α€™ှတ်α€˜ဲ α€œူဦးα€›ေ (၁၀၀၀) α€€ျော်α€€ တက်α€€ြွα€…ွာ ဝင်α€›ောα€€်α€–ြေဆိုခဲ့α€€ြတာα€€ြောင့် α€œα€်α€α€œော ချင်းပြα€Š်တွင်း ပဋိပက္ခနဲ့ ပတ်α€žα€€်ပြီး ချင်းα€œူထုα€›ဲ့ α€‘α€žံα€”ဲ့α€œိုα€œားα€™ှုα€€ို α€’ီα€…α€…်တမ်းα€€ ထင်α€Ÿα€•်α€”ေα€α€š်α€œို့ CCM တာဝန်α€›ှိα€žူတစ်ဦးα€€ α€žα€α€„်းα€…ာα€›ှင်းα€œα€„်းပွဲα€™ှာ ပြောဆိုα€žွားပါα€α€š်။

 

ထဓိကထားα€–ြင့် α€…α€…်တမ်းα€™ေးခွα€”်း (၁၀) ခုα€™ေးα€™ြα€”်းခဲ့တာα€–ြα€…်ပါα€α€š်။ ချင်းထဖွဲ့α€‘α€…α€Š်းတွေα€€ြားထဲα€™ှာ α€”ားα€œα€Š်α€™ှုα€α€Š်ဆောα€€်α€–ို့ ထားα€”α€Š်းα€α€š်α€œို့ α€–ြေဆိုα€žူ (၄၅) α€›ာခိုင်α€”ှုα€”်းα€€ α€–ြေဆိုခဲ့ပြီး ချင်းα€”ိုင်ငံα€›ေးα€α€Š်ဆောα€€်α€–ို့ α€”ိုင်ငံα€›ေးဆွေးα€”ွေးတိုင်ပင်α€™ှု ထားα€”α€Š်းα€α€š်α€œို့ (၂၁) α€›ာခိုင်α€”ှုα€”်းα€€ α€–ြေဆိုထားပါα€α€š်။ ထင်ထားα€…ုα€™ျားထကြား ထပြα€”်α€‘α€œှα€”် α€‘α€žိထမှတ်ပြုα€™ှု ထားα€”α€Š်းချα€€်α€›ှိα€α€š်α€œို့α€œα€Š်း (၁၉) α€›ာခိုင်α€”ှုα€”်းα€€ α€–ြေဆိုထားα€α€š်α€œို့ α€žိရပါα€α€š်။ α€‘α€œားတူပဲ CC, CB တို့α€€ြားα€™ှာ ပဋိပက္ခထတွα€€် ဆွေးα€”ွေးထဖြေα€›ှာα€–ို့α€”ဲ့ ငြိα€™်းချα€™်းα€›ေး ဆောင်α€›ွα€€်α€–ို့ထတွα€€် α€–ြေဆိုα€žူ (၇၉) α€›ာခိုင်α€”ှုα€”်းα€€ ထောα€€်ခံα€–ြေဆိုထားα€€ြတာတွေ့ရပါα€α€š်။

 

α€–ြေဆိုα€žူတွေထဲα€™ှာ ချင်းα€™ျိုးα€”ွα€š်α€…ု (၃၅) ခု ဝန်းα€€ျင်ထထိ ပါဝင်α€”ေပြီး ထမျိုးα€žα€™ီး α€›ာခိုင်α€”ှုα€”်း (၂၀) α€›ာခိုင်α€”ှုα€”်းα€”ဲ့ ထမျိုးα€žား ပါဝင်α€™ှု (αˆα€) α€›ာခိုင်α€”ှုα€”်း α€›ှိα€α€š်α€œို့ ဆိုပါα€α€š်။ α€œα€€်α€›ှိ α€”ိုင်ငံα€›ေး ထခြေထနေတွေα€€ြောင့် ထင်တာα€”α€€် ထခြေပြု α€…α€…်တမ်းα€€ောα€€်α€šူခြင်းα€–ြα€…်ပြီး α€™ြေပြင်α€€ α€œူထုတွေα€œα€Š်း ပါဝင်α€”ိုင်α€–ို့ α€œα€€်α€œှα€™်းα€™ီα€žα€œောα€€် α€€ြိုးα€…ားခဲ့α€α€š်α€œို့ CCM α€€ ပြောပါα€α€š်။ α€’ါပေα€™α€š့် ထခုထွα€€်ပေါ်α€œာတဲ့ α€…α€…်တမ်းα€Ÿာ α€™ြေပြင်α€œူα€›ဲ့ α€‘α€žံα€€ို α€€ိုα€š်α€…ားပြုα€”ိုင်α€™ှုတော့ ထားα€”α€Š်းα€”ိုင်α€α€š်α€œို့ ဆိုပါα€α€š်။

 

ထခုα€œို ထွα€€်ပေါ်α€œာတဲ့ α€…α€…်တမ်းα€›ဲ့ ထကျိုးα€žα€€်α€›ောα€€်α€™ှုα€”ဲ့ α€žα€€်ဆိုင်α€›ာထဖွဲ့α€‘α€…α€Š်းတွေα€€ α€œα€€်တွေ့ထကောင်α€‘α€‘α€Š်α€–ော်α€–ို့ α€–ြα€…်α€”ိုင်/α€™α€–ြα€…်α€”ိုင် α€™ေးခွα€”်းα€€ို The Mindat Post α€€ α€™ေးα€™ြα€”်းတဲ့ထခါ “Chin Civic Movement α€€ို စတင်စဉ်းα€…ားခဲ့α€€ြတဲ့ ထနေထထားα€™ှာ ချင်းထရေးα€€ို α€€ျα€”ော်တို့ ပူပူပင်ပင်α€”ဲ့ စတင်ပြီး α€œုပ်ဆောင်ခဲ့α€€ြα€α€š်ပေါ့α€”ော်၊ ထဲα€’ီα€™ှာ ထရင်ကတွေဆုံα€™ှုတွေ၊ Talk Show တွေα€™ှာပေါ့α€”ော်၊ ICNCC α€€ိုα€›ော CC α€€ိုα€›ော α€€ျα€”ော်တို့ Email ပေးပို့ပြီး α€–ိတ်α€€ြားတာတို့ ချိတ်ဆက်တာတို့ α€œုပ်ခဲ့α€€ြα€α€š်၊ ထဲα€œိုချိတ်ဆက်တဲ့ထခါα€™ှာ ICNCC α€˜α€€်ကတော့ Response α€›ှိပြီး CC α€˜α€€်ကတော့ Response α€™α€›ှိတာα€™ျိုး α€€ြုံတွေ့ခဲ့α€›α€α€š်ပေါ့α€”ော်။ α€’ီα€…α€…်တမ်းα€€ို α€˜α€š်α€œောα€€်ထိ ဂရုα€…ိုα€€်α€”ိုင်α€™α€œဲ ဆိုတာ α€€ျα€”ော်တို့ မပြောတတ်α€˜ူး၊ α€žူတို့ ထပေါ်α€™ှာ ပိုပြီးα€™ူα€α€Š်ပါα€œိα€™့်α€™α€š်။α€œို့ CCM ထဖွဲ့ဝင်တစ်ဦးα€€ α€–ြေα€€ြားပါα€α€š်။

Chin Civic Movement (CCM) α€Ÿာ α€žα€•ိတ်α€œှုပ်α€›ှားα€™ှုα€™ှာ ဦးဆောင်ပါဝင်α€žူα€™ျား၊ α€€ျောင်းα€žားထင်ထားα€…ုα€™ျား၊ ထမျိုးα€žα€™ီးထရေး တက်α€€ြွα€œှုပ်α€›ှားα€žူα€™ျား၊ ချင်းထရပ်α€–α€€်α€œူ α€™ှုထဖွဲ့α€‘α€…α€Š်းα€™ျား၊ ချင်းထရေးတက်α€€ြွα€œှုပ်α€›ှားα€žူα€™ျားα€”ှင့် ပြα€Š်ပရောα€€်α€•α€Šာတော်α€žα€„်α€™ျားα€€ ဦးဆောင်ပြီး α€–ော်ဆောင်α€”ေတဲ့ α€œူထုထခြေပြု α€œှုပ်α€›ှားα€™ှုα€–ြα€…်ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂။ မင်းတပ်α€™ှာ ထချိα€”်α€™α€›ွေးတို၊α€€်ပွဲα€–ြα€…်α€”ိုင်၊ တို၊α€€်ပွဲα€žα€α€„်း α€–ြα€”့်ဝေတာα€™ျိုးα€™α€œုပ်α€–ို့ CDF မင်းတပ် ထမိα€”့်ထုတ်

 

မင်းတပ်α€™ှာ α€…α€…်α€€ောင်α€…ီα€€ α€œေα€€ြောင်းတို၊α€€်ခိုα€€်α€™ှု၊ α€’α€›ုα€”်းတို၊α€€်ခိုα€€်α€™ှု α€›α€€်ဆက်α€œုပ်α€”ေတာα€€ြောင့် α€…α€…်α€€ောင်α€…ီα€”ဲ့ α€€ာα€€ွα€š်α€›ေးတပ်ထကြား ထချိα€”်α€™α€›ွေးတို၊α€€်ပွဲα€–ြα€…်α€”ိုင်α€€ြောင်း ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€€ ဩဂုတ် ၂၁ α€›α€€်α€”ေ့ ထမိα€”့်α€€ြေα€Šာချα€€်တစောင် ထုတ်ပြα€”်α€œိုα€€်ပါα€α€š်။

 

α€”ှα€…်α€–α€€် တို၊α€€်ပွဲα€–ြα€…်α€œာခဲ့ရင် α€™ိα€˜α€•ြα€Š်α€žူတွေထနေα€”ဲ့ တို၊α€€်ပွဲα€žα€α€„်း၊ ထိခိုα€€်α€€ျဆုံးα€™ှု၊ တိα€€ျခိုင်α€œုံα€™ှုα€™α€›ှိတဲ့ α€žα€α€„်းတွေα€€ို α€œူα€™ှုα€€ွα€”်α€šα€€်ပေါ် α€–ြα€”့်ဝေတာα€™ျိုး α€œုံးဝ (α€œုံးဝ) α€™α€œုပ်α€–ို့α€œα€Š်း α€™ေတ္တာရပ်ခံထားပါα€α€š်။

 

၂၀၂၄ ဩဂုတ်α€œα€‘α€ွင်းα€™ှာ α€α€œα€› ၂၇၄ တပ်ရင်းα€€α€”ေ α€œα€€်၊α€”၊α€€်α€€ြီးပစ်ခတ်တာα€€ြောင့် α€…α€…်α€˜ေးα€›ှောင်ထမျိုးα€žα€™ီးတဦးα€žေ၊ဆုံးပြီး α€žα€™ီးα€–ြα€…်α€žူ α€‘α€žα€€် ၆ α€”ှα€…်ဝန်းα€€ျင်တဦး ပြင်းထန်ဒဏ်α€›ာရထားတဲ့ထကြောင်း The Mindat Post α€€ ခိုင်ခိုင်α€œုံα€œုံ α€žα€α€„်းα€›α€›ှိခဲ့ပါα€α€š်။

 

α€’ါ့ထပြင် α€…α€…်α€€ောင်α€…ီα€œေα€€ြောင်းတို၊α€€်ခိုα€€်α€™ှုα€”ဲ့ α€’α€›ုα€”်းတို၊α€€်ခိုα€€်α€™ှုတွေα€€ြောင့်α€œα€Š်း မင်းတပ်α€™ြို့α€”α€š်α€€ျေးα€›ွာတချို့α€™ှာ ထိခိုα€€်ဆုံးα€›ှုံးα€™ှုတွေ α€›ှိα€”ေတာပါ။

 

α€…α€…်α€€ောင်α€…ီα€œေα€€ြောင်းတိုα€€်ခို၊α€€်α€™ှု ဆက်တိုα€€်ပြုα€œုပ်α€”ေတာα€€ြောင့် ပြα€Š်α€žူတွေထနေα€”ဲ့ α€œေα€€ြောင်းα€žα€ိα€›ှိα€€ြα€–ို့α€œα€Š်း ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€€ ထခုα€›α€€်α€žα€္တပတ်ထတွင်း ၂ α€€ြိα€™်တိတိ α€€ြေα€Šာထားပါα€α€š်။

 

မင်းတပ်α€™ှာ ထင်တာα€”α€€်၊ α€–ုα€”်းα€œိုင်းထချိα€”်ပြα€Š့် α€™α€›α€”ိုင်တာα€€ြောင့် ပြα€Š်ပရောα€€် ပြα€Š်α€žူတွေထနေα€”ဲ့ α€”ီးစပ်α€›ာပြα€Š်တွင်းα€”ေα€žူα€™ျားထံ α€œေα€€ြောင်းα€›α€”်α€”ဲ့ ပတ်α€žα€€်ပြီး α€žα€α€„်းα€–ြα€”့်ပေးα€€ြα€–ို့ ထရေးပေါ်α€œိုထပ်α€”ေပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ မင်းတပ်α€™ှာ ၂ α€›α€€်ထတွင်း ၁၀ α€€ြိα€™်ထက်α€™α€”α€Š်း α€œေα€€ြောင်း α€—ုံး၊α€€ြဲခံα€›

 

မင်းတပ်α€™ြို့α€”α€š်α€™ှာ α€…α€…်α€€ောင်α€…ီα€œေတပ်α€€ α€œေα€€ြောင်းတို၊α€€်ခိုα€€်α€™ှု ဆက်တိုα€€် α€€ျူးα€œွα€”်α€”ေပါα€α€š်။

(ဩဂုတ် ၂၀) α€™α€”α€€်ထစောပိုင်း မင်းတပ်α€™ြို့ထနောα€€်α€˜α€€် ၁၀ α€™ိုင်ဝန်းα€€ျင်တွေα€”ဲ့ တို၊α€€်α€”α€š် ၃ α€˜α€€်α€€ိုα€œα€Š်း α€œေα€€ြောင်းတို၊α€€်ခိုα€€်α€™ှု ထပ်α€œုပ်ခဲ့ပါα€α€š်။

 

α€’ါ့ထပြင် မင်းတပ်α€™ြို့α€”α€š်α€”ဲ့ α€€ျောα€€်ထုα€”α€š် ထစပ်α€”ားα€€ို α€œေα€€ြောင်းတိုα€€်ခို၊α€€်α€™ှု α€œုပ်α€žွားα€α€š်α€œို့ HKL – Mindat α€€ α€–ော်ပြပါα€α€š်။

 

ဩဂုတ် ၂၀ α€™α€”α€€်α€–ြα€…်စဉ်α€”ဲ့ ပတ်α€žα€€်α€œို့α€›ွာα€”ဲ့ ထရမ်းမဝေးတဲ့ α€›ွာα€”ားပ၊α€…်တာ တေးα€›ွာα€€ α€Šီထစ်α€€ိုα€”ှα€…်α€šောα€€် ထိα€œို့ ဆုံးα€α€š်α€œို့α€œα€Š်း α€€ြားα€™ိα€α€š်။α€œို့ မင်းတပ်α€™ြို့α€”α€š် α€’ေα€žα€ံတဦးα€€ The Mindat Post α€€ို ပြောပါα€α€š်။

 

မင်းတပ်α€™ြို့ ထနောα€€်α€˜α€€် α€œေα€€ြောင်းတို၊α€€်ခိုα€€်ခံα€›α€™ှုα€–ြα€…်စဉ်ထတွင်း ထိခိုα€€်α€™ှုထခြေထနေα€€ိုတော့ α€™α€žိα€›α€žေးပါα€˜ူး။

 

(ဩဂုတ် ၁၉) α€›α€€် ဝါခေါင်α€œα€•ြα€Š့်α€”ေ့α€€α€œα€Š်း မင်းတပ်α€™ြို့α€”α€š်ထတွင်း α€œေα€€ြောင်းထပြင် α€α€œα€› ၂၇၄ တပ်ရင်းα€€α€”ေ α€œα€€်α€”α€€်α€€ြီး ပ၊α€…်ခတ်α€œို့ တိုα€€်α€”α€š် ၄ α€˜α€€်α€™ှာ ထိခိုα€€်ဆုံးα€›ှုံးတာα€›ှိα€α€š်α€œို့ ကနဦးα€žိα€›ှိရပါα€α€š်။

 

မင်းတပ်α€™ြို့α€”α€š်ထတွင်း α€œေα€€ြောင်းတိုα€€်ခို၊α€€်ခံα€›α€™ှု α€›α€€်ဆက်α€œာα€žα€œို α€’ီα€œိုα€œေα€€ြောင်းα€—ုံးα€€ြဲတာα€”ဲ့ α€œα€€်α€”၊α€€်α€€ြီးပစ်ခတ်ခံရတဲ့α€”ေα€›ာထများဆုံးα€Ÿာ α€™ြို့α€”ဲ့ထနီးဆုံး ပတ်ချာα€œα€Š်α€”ေα€›ာတွေ α€–ြα€…်α€”ေပါα€α€š်။

 

ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) ကတော့မင်းတပ်α€™ြို့α€”α€š်ထတွင်း α€…α€€α€…α€™ှ α€œေα€€ြောင်းတိုα€€်ခို၊α€€်α€™ှုα€™ျားα€”ှင့် α€œေα€€ြောင်းပျံα€žα€”်းα€™ှုα€™ျားα€€ို ဆက်တိုα€€်ပြုα€œုပ်α€”ေα€žα€Š့်ထတွα€€် α€œေα€€ြောင်းα€žα€ိα€›ှိပေးα€€ြပါα€›α€”် α€‘α€žိပေးထပ်ပါα€žα€Š်။α€œို့ ထခုα€›α€€်α€žα€္တပတ်ထတွင်း ၂ α€€ြိα€™်တိတိ α€€ြေα€Šာထားပါα€α€š်။

 

α€’ီα€œိုα€€ြေα€Šာချα€€်ထုတ်ထားပေα€™α€š့် မင်းတပ်α€™ြို့α€”α€š်α€™ှာ ထင်တာα€”α€€်၊ α€–ုα€”်းα€œိုင်းထချိα€”်ပြα€Š့် α€™α€›α€”ိုင်တာα€€ြောင့် ပြα€Š်ပရောα€€် ပြα€Š်α€žူတွေထနေα€”ဲ့α€œα€Š်း α€™ိα€™ိα€”ဲ့α€”ီးစပ်α€›ာ ပြα€Š်တွင်းα€”ေα€žူα€™ျားထံ α€œေα€€ြောင်းα€›α€”် ထန္တရာα€š်α€”ဲ့ ပတ်α€žα€€်ပြီး ပူးပေါင်းα€‘α€žိပေးα€€ြα€–ို့ ထရေးပေါ် α€œိုထပ်α€”ေပါα€α€š်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment