11th SEP 2024 - Evening Daily News by Radio NUG

၂၀၂၄ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နိူင်ငံတကာရင်းနှီးမြုပ်နှံမှုများကို စစ်ဆင်ရေးနယ်မြေတွေမှာမထိခိုက်အောင်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုလမ်းညွှန်မှာကြားထားတယ်လို့ဆို

📌 ၂။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ မြန်မာဒုက္ခသည်များအကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနှင့် စိတ်ကျန်းမာရေးကိုရင်ဆိုင်ဖြေရှင်းရေး မဟာဗျူဟာများ နားလည်သဘောပေါက်ခြင်း ဆွေးနွေးပွဲသို့ NUGကိုယ်စားလှယ်တက်ရောက်

📌 ၃။ "အကြမ်းဖက်စစ်အုပ်စုဟာသြဂုတ်လအတွင်းမှာတရားလက်လွတ်သတ်ဖြတ်တဲ့အမှုပေါင်း ၁၁၃မှုအပါအဝင်လူ့အခွင့်ရေးချိုးဖောက်မှု ၂၉၄မှုရှိခဲ့"

📌 ၄။ မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ( ၂၇,၀၀၀)ကျော်ရှိခဲ့ပြီးနှစ်သောင်းကျော်မှာ ဖမ်းဆီးခံထားရဆဲဖြစ်

📌 ၅။ အာဏာသိမ်းထားတဲ့ နှစ်ကျော်အတွင်း စစ်တပ်က နေအိမ်တသိန်းကျော်ကို မီးရှို့ဖျက်ဆီး


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အာဏာလက်လွှတ်ရဖို့နီးကပ်လာတဲ့ စစ်ခေါင်းဆောင်တွေရဲ့အမိန့်ကို ငြင်းဆန်ဖို့ လေသူရဲများကို ညီနောင် ၃ဖွဲ့ တိုက်တွန်း

🚩 ၂။ မောင်တောအခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ-နခခ ကို စစ်တပ်က လေယာဉ်နဲ့ဗုံးမှုမှာ စစ်ကောင်စီဘက်တော်သား ၅၀ ကျော်သေဆုံးပြီး များစွာဒဏ်ရာရ  

🚩 ၃။ မြင်းခြံနယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်တွေတိုက်ခိုက်ခဲ့ရာ စစ်သားတဦးသေဆုံးပြီး သေနတ်တလက်ရရှိ

🚩 ၄။ ထိုင်းနိုင်ငံမှာအဖမ်းခံရပြီး စစ်ကောင်စီထံလွှဲပြောင်းခံရတဲ့ လူငယ် ၃ဝခန့်ဟာ အစောင့်စစ်သား ဦးကိုသတ်ပြီး သေနတ် လက်နဲ့အတူ ထွက်ပြေးလွတ်မြောက် 

🚩 ၅။ ကလေး PDF ထံ လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲဒုတပ်ကြပ်ကို ကျပ် ၅၅သိန်း ချီးမြင့်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ နိူင်ငံတကာရင်းနှီးမြုပ်နှံမှုများကို စစ်ဆင်ရေးနယ်မြေတွေမှာမထိခိုက်အောင်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုလမ်းညွှန်မှာကြားထားတယ်လို့ဆို


စက်တင်ဘာ၁၁ရက်


နိူင်ငံတကာရင်းနှီးမြုပ်နှံမှုများကို စစ်ဆင်ရေးနယ်မြေတွေမှာမထိခိုက်အောင်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုလမ်းညွှန်မှာကြားထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနမှဒုအတွင်းဝန်ဦးမောင်မောင်ဆွေကပြောပါတယ်။


စက်တင်ဘာ၁၁ရက် ကာကွယ်ရေးဝန်ကြီးဌာနမှဒုအတွင်းဝန်ဦးမောင်မောင်ဆွေက Radio NUGကိုဖြေကြားပါတယ်။



(((((ဒုအတွင်းဝန်ဦးမောင်မောင်ဆွေ)))))



လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်များစိုးမိုးသိမ်းပိုက်ထားသောနယ်မြေများတွင် နိူင်ငံတကာရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ တည်ရှိလျက်ရှိနေပါတယ်။


========================


📌📌 ၂။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ မြန်မာဒုက္ခသည်များအကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနှင့် စိတ်ကျန်းမာရေးကိုရင်ဆိုင်ဖြေရှင်းရေး မဟာဗျူဟာများ နားလည်သဘောပေါက်ခြင်း ဆွေးနွေးပွဲသို့ NUGကိုယ်စားလှယ်တက်ရောက်


စက်တင်ဘာ၁၁ရက်


စက်တင်ဘာ၁၁ရက်တွင်  သြစတြေးလျနိုင်ငံ ANU Myanmar Research Centre တွင်ကျင်းပတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ မြန်မာဒုက္ခသည်များအကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနှင့် စိတ်ကျန်းမာရေးကိုရင်ဆိုင်ဖြေရှင်းရေး မဟာဗျူဟာများ နားလည်သဘောပေါက်ခြင်း ဆွေးနွေးပွဲသို့ NUGကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေ တက်ရောက်ခဲ့ပါတယ်။


ANU မြန်မာသုတေသနစင်တာမှာအိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ မြန်မာဒုက္ခသည်များအကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနှင့် စိတ်ကျန်းမာရေးကို ရင်ဆိုင်ဖြေရှင်းရေး မဟာဗျူဟာများ နားလည်သဘောပေါက်ခြင်းခေါင်းစဥ်နဲ့ဆွေးနွေးပွဲကိုတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။


တင်ပြဆွေးနွေးသူအနေနဲ့ Dr Tual Sawn Khai, PhDက ပါဝင်တင်ပြဆွေးနွေးခဲ့ပါတယ်။


========================


📌📌 ၃။ "အကြမ်းဖက်စစ်အုပ်စုဟာသြဂုတ်လအတွင်းမှာတရားလက်လွတ်သတ်ဖြတ်တဲ့အမှုပေါင်း ၁၁၃မှုအပါအဝင်လူ့အခွင့်ရေးချိုးဖောက်မှု ၂၉၄မှုရှိခဲ့"


စက်တင်ဘာ၁၁ရက်


၂၀၂၄ ခုနှစ်၊ဩဂုတ်လအတွင်းအကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကိုဖေါ်ပြရာ " တရားလက်လွတ်သတ်ဖြတ်တဲ့အမှုပေါင်း ၁၁၃မှုအပါအဝင် လူ့အခွင့်ရေးချိုးဖောက်မှု ၂၉၄မှုရှိခဲ့"တယ်လို့ ဒုဝန်ကြီးခွန်ဗဟန်းထန်က ပြောပါတယ်။


"အကြမ်းဖက်စစ်အုပ်စုဟာသြဂုတ်လအတွင်းမှာကျူးလွန်မှု၆၂၀မှုရှိပြီးတော့ဒီအထဲမှာမှတရားလက်လွတ်သတ်ဖြတ်တဲ့အမှုပေါင်း ၁၁၃မှုတွေ့ရှိခဲ့ပါတယ်။နေအိမ်နဲ့ကိုယ်ပိုင်ပစ္စည်းများကိုဖျက်ဆီးခဲ့တဲ့အမှုပေါင်း၉၉မှု၊အခြားချိုးဖောက်မှု၁၁၄မှုအပါအဝင်စုစုပေါင်းလူ့အခွင့်ရေးချိုးဖောက်မှု ၂၉၄မှုရှိခဲ့ပါတယ်"လို့ဆိုပါတယ်။


မြန်မာနိုင်ငံတဝှမ်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နေ့စဉ်ဖြစ်ပွားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ အဆိုပါအချက်အလက်တွေကို တိကျသေချာတဲ့ အရင်းအမြစ်တွေ ကတဆင့် ကောက်ယူမှတ်တမ်းတင်လျက်ရှိပါတယ်။ 


========================


📌📌 ၄။ မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ( ၂၇,၀၀၀)ကျော်ရှိခဲ့ပြီးနှစ်သောင်းကျော်မှာ ဖမ်းဆီးခံထားရဆဲဖြစ်


စက်တင်ဘာ၁၁ရက်


မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇,၃၄၈) ဦးရှိပြီး ထိုအထဲမှ (၂၀,၈၆၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (,၃၈၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ AAPPကဖော်ပြပါတယ်။


ထို့အပြင် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (,၆၄၇) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ နယ်မြို့များနဲ့မြို့ကြီးများမှာအရပ်သားများကိုဝရမ်းမပါဘဲ အတင်းအဓမ္မဖမ်းဆီးမှုတို့ရှိခဲ့ပြီး တချို့ကိုဖမ်းဆီးချုပ်နှောင်ထားစဥ်သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၅။ အာဏာသိမ်းထားတဲ့ နှစ်ကျော်အတွင်း စစ်တပ်က နေအိမ်တသိန်းကျော်ကို မီးရှို့ဖျက်ဆီး


စက်တင်ဘာ၁၁ရက်


အကြမ်းဖက် စစ်တပ်ဟာ အာဏာသိမ်းထားတဲ့ နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူတွေရဲ့နေအိမ် တသိန်းကျော်  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar က စက်တင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ 

အခု ၂၀၂၄ ခုနှစ်ထဲမှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် နေအိမ်ပေါင်း ၂သောင်း တထောင်ကျော် ဆုံးရှုံးခဲ့ပြီး အိမ်ခြေ ၁ထောင်ကနေ ၅ထောင်ကြား ပျက်စီးဆုံးရှုံးခဲ့ရတဲ့ မြို့နယ်တွေဟာ ကောလင်း၊ ကလေး၊ ဘူးသီးတောင်၊ မြင်းခြံနဲ့ မုံရွာမြို့နယ်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် အခုနှစ် ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကရင်နီပြည်၊ ပဲခူးတိုင်း -အနောက်ဘက်ခြမ်း၊ တနင်္သာရီ၊ ရခိုင်ပြည်နဲ့ ရှမ်းပြည်တောင်ပိုင်းတို့မှာလည်း အရပ်သားနေအိမ်ပေါင်း တထောင့်တရာ၇ဆယ့်၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရ တယ်လို့ အသိပေးထားပါတယ်။ 

ဖေဖော်ဝါရီလနဲ့ မတ်လအတွင်းက ကောလင်းမြို့ပေါ် ရပ်ကွက်တွေနဲ့ မြို့အနီးက ရွာပေါင်း ၄၀ နီးပါးကို စစ်ကောင်စီ တပ်ဖွဲ့ ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အနည်းဆုံး နေအိမ် ၅ထောင့် ၂ရာခန့် ပျက်စီးဆုံးရှုံးနိုင်တယ်လို့ Data for Myanmar က ခန့်မှန်းထားပါတယ်။

စစ်အာဏာသိမ်းကာလ နှစ်ကျော်အတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား စစ်ရေးပြင်းထန်လာခဲ့ရာမှာ လက်နက်ကိုင်ခုခံတော်လှန်စစ်အားကောင်းတဲ့နယ်မြေတွေကို စစ်ကောင်စီနဲ့လက်အောက်ခံအဖွဲ့အစည်းတွေက အရပ်သား တွေနေထိုင်ရာအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းတွေဟာ မြို့သိမ်းတိုက်ပွဲဆင်နွှဲတဲ့ မြို့ရွာဒေသတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာတွေအပါအဝင် လက်နက်ကြီး၊ လေကြောင်းနဲ့ စစ်သင်္ဘောတွေက ပစ်ခတ်တာတွေ ကြောင့် အရပ်သားနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတာလို့လည်း ဆက်လက်အသိပေးထားပါတယ်။ 

စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ၂၀၂၁ ခုနှစ်မှာ အရပ်သားနေအိမ် ၂ထောင့်တရာ ၁၁ လုံး၊ ၂၀၂၂ ခုနှစ်မှာ ၄သောင်း ၆ထောင့် ၈ရာ ၅၆ လုံး၊ ၂၀၂၃ ခုနှစ်မှာ ၃သောင်း တထောင် ၄ရာ ၈၄ လုံးနဲ့  ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ၂သောင်း တထောင် ၁၂ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar မှတ်တမ်းတွေအရ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ အာဏာလက်လွှတ်ရဖို့နီးကပ်လာတဲ့ စစ်ခေါင်းဆောင်တွေရဲ့အမိန့်ကို ငြင်းဆန်ဖို့ လေသူရဲများကို ညီနောင် ၃ဖွဲ့ တိုက်တွန်း


စက်တင်ဘာ၁၁ရက်


အကြမ်းဖက်လုပ်ရပ်မျိုးစုံကို နေ့စဉ်နဲ့အမျှ ပုံစံအမျိုးမျိုးနဲ့ လက်ရဲဇက်ရဲကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေရဲ့ အမိန့်ကို ငြင်းဆန်ကြဖို့ လေသူရဲတွေကို ညီနောင်မဟာမိတ် ဖွဲ့က တိုက်တွန်းပြောဆိုလိုက်ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုအပေါ် လေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်နေတဲ့ မှတ်တမ်းတွေကို တရုတ် အပါအဝင် နိုင်ငံတကာထံပေးပို့သွားမယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ရာမှာ အခုလိုထည့်သွင်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်တွေရဲ့အမိန့်နဲ့ တာဝန်ပေးခြင်းခံရတဲ့ လေသူရဲတွေအနေနဲ့ အခုလို အကြမ်းဖက်တိုက်ခိုက်မှုမျိုးတွေမှာ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ကြဖို့ ညီနောင်သုံးဖွဲ့က တိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်။

အာဏာလက်လွှတ်ရဖို့ နီးကပ်လာနေပြီဖြစ်တဲ့ စစ်ကောင်စီက လေကြောင်းကနေ ပြည်သူလူထုကို တိုက်ခိုက်သတ်ဖြတ် နေတာတွေအပါအဝင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်တွေကို မှတ်တမ်းတင်ထားရှိပြီး အိမ်နီးနားချင်းနိုင်ငံများ အကြမ်းဖက်တိုက်ခိုက်မှုကို မလိုလားတဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများထံပေးပို့သွားမယ်လို့ ကိုးကန့်တပ်မတော်-MNDAA တအာင်းတပ်မတော်-TNLA ရခိုင့်တပ်တော်-AA တို့ က ပူးတွဲထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ညီနောင် ဖွဲ့ဟာ အကြမ်းဖက်စစ်ကောင်စီကို စစ်ရှုံးကောင်စီဆိုပြီး သုံးနှုန်းထားတာကိုလည်း ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ဒီအသုံးအနှုန်းကို မြန်မာစာနဲ့ဖော်ပြထားတဲ့ ထုတ်ပြန်ချက်မှာသာမက အင်္ဂလိပ်စာနဲ့ ထုတ်ပြန်ရာမှာလဲ "The terrorist junta, which is facing defeat across Myanmar" ဆိုပြီး သုံးနှုန်းသွားတဲ့အတွက် ဒီအချက်ဟာ စစ်ရှုံးကောင်စီအနေနဲ့ တော်လှန်ရေးတပ်တွေကို ဘယ်တော့မှ ပြန်ပြီး မလှန်နိုင်တော့ဘူဆိုတာ တိကျသေချာနေတဲ့အတွက် ညီနောင် ဖွဲ့အနေနဲ့ အခုလို သုံနှုန်းလိုက်တာလို့ စစ်ရေးလေ့လာနေသူတွေက မှတ်ချက်ပြုပြောဆိုနေကြပါတယ်။

မြန်မာနိုင်ငံအနှံ့ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ၎င်းတို့ရဲ့ တပ်ရင်းဌာနချုပ်များ၊ မြို့ရွာများ နေ့စဉ်နီးပါး လက်လွတ်ဆုံးရှုံးနေ တဲ့အတွက် ညီနောင်သုံးဖွဲ့အပါအဝင် အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ မြို့၊ရွာ တွေက အပြစ်မဲ့ အရပ်သားပြည်သူလူထု ရှိရာနေရာများ လူနေထူထပ်တဲ့နေရာများ စစ်ရှုံးပြီး စွန့်လွှတ်ခဲ့ရတဲ့ ၎င်းတို့ရဲ့ စခန်းဟောင်းတွေကို လေကြောင်းကနေ အငြိုးကြီးစွာ တိုက်ခိုက်လာချိန်မှာ ညီနောင် ဖွဲ့ ပူးတွဲထုတ်ပြန်လာတာကြောင့် အခုလို ပြောဆိုနေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံအနှံ့က အပြစ်မဲ့ ကလေး၊ လူကြီး၊ ကိုယ်ဝန်ဆောင် စတဲ့ အရပ်သားတွေအပါအဝင် ညီနောင်သုံးဖွဲ့ထံမှာ စစ်သုံ့ပမ်းအဖြစ်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင်တွေပါ သေဆုံးဒဏ်ရာရမှုတွေ ရှိလာတဲ့လို့ ညီနောင် ဖွဲ့က အသိပေးထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက် သေဆုံး ဒဏ်ရာရသူများရဲ့ မိသားစု၊ ဆွေမျိုးများနဲ့ ထပ်တူ ဝမ်းနည်းကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါကြောင့် အကြမ်းဖက်လုပ်ရပ်တွေကို လက်ရဲဇက်ရဲကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေရဲ့ အမိန့်ပေးစေခိုင်းတာကို ခံနေရ တဲ့ လေသူရဲများအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုမျိုးတွေမှာ ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ကြဖို့ ညီနောင်သုံးဖွဲ့က တိုက်တွန်းထားပြီး မြန်မာတနိုင်ငံလုံးက ပြည်သူတရပ်လုံးအနေနဲ့လည်း စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကို သတိထား ကြဖို့နဲ့ အာဏာရူးစစ်ကောင်စီရဲ့လုပ်ရပ်တွေကို သတိထားစောင့်ကြည့်ဖို့ တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၂။ မောင်တောအခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ-နခခ ကို စစ်တပ်က လေယာဉ်နဲ့ဗုံးမှုမှာ စစ်ကောင်စီဘက်တော်သား ၅၀ ကျော်သေဆုံးပြီး များစွာဒဏ်ရာရ  


စက်တင်ဘာ၁၁ရက်


ရခိုင်ပြည်အတွင်း ရခိုင့်တပ်တော် AA သိမ်းပိုက်ထားတဲ့ မောင်တောမြို့  မိုင်အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ-နခခ ကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမှာ စစ်သုံ့ပန်းတွေအပါအဝင် ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ ဘက်တော်သား ၅၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတဲ့ မှတ်တမ်းကို AA က ဒီနေ့ စက်တင်ဘာ ၁၁ မှာ ထုတ်ပြန်ပါတယ်။  

စစ်သုံပန်းတွေနဲ့ အခြားအကျဉ်းသားတွေကို ခေတ္တထိန်းသိမ်းထားတဲ့ မောင်တော မြို့  မိုင် နခခ- စခန်းကို အကြမ်းဖက် စစ်ကောင်စီက စက်တင်ဘာ ရက်နေ့ နာရီခွဲခန့်အချိန်မှာ ဂျက်တိုက်လေယာဉ် စင်းနဲ့ ၂ကြိမ်တိုင် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီသင်တန်းဆင်း လက်နက်ကိုင်တွေနဲ့ စစ်တပ်လက်ကိုင်တုတ်တွေပါ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ကို ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်လာတာဖြစ်ပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ မောင်တောမြိုသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံပန်းများ၊ ARSA RSO အကြမ်းဖက် မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲဝင်များ၊အကြမ်းဖက်စစ်ကောင်စီသင်တန်းဆင်း မွတ်ဆလင်အကြမ်းဖက်လက်နက်ကိုင်များ နဲ့ စစ်ကောင်စီ လက်ကိုင်တုတ်များ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် စစ်တပ်က လေ့ကျင့်ပေးထားတဲ့ သတင်းပေးများ၊ ULA/AA အဖွဲအစည်းနဲ့ ရခိုင့်အမျိုးသားတော်လှန်ရေးကို နှောင့်ယှက်ဖျက်ဆီးဖို့ ကြိုးစားအားထုတ်နေတာကြောင့် ဖမ်းဆီးစစ်ဆေးနေသောသူများ၊စစ်တပ်လက်အောက်ခံ ALP နဲ့ ဆက်စပ်နေသူများ၊ သံသယအမျိုးမျိုးကြောင့် စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးထားတဲ့သူအချို့ အပါအဝင် အကျဉ်းသား စုစုပေါင်း ၅၀ ကျော်ဟာ ဒီအကျဉ်းစခန်းနေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပြီး မြောက်မြားစွာ ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ထိုအတူ ပြင်းထန်ဒဏ်ရာဖြင့် အသက်အန္တရာယ်စိုးရိမ်ရသူများစွာရှိနေပြီး အသက်မသေဘဲကျန်ခဲ့တဲ့ ဒဏ်ရာရသူတွေကို ရခိုင့်တပ်တော်က ဆေးကုသမှုပေးနေတာကို ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီဟာ နခခ- ကို မတိုက်ခိုက်မီ နာရီ ၂၀ မိနစ်နဲ့ နာရီ ၂၃ မိနစ်တို့မှာလည်း မောင်တောမြို့ မိုင်နဲ့ ဝေသာလီရွာအတွင်းက UN အဆောက်အအုံကို ဂျက်လေယာဉ်တစင်းနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်ခဲ့တဲ့ နခခ စခန်းကို ရခိုင့်တပ်တော်က အခုနှစ် ဇူလိုင် ရက်နေ့ကပဲ အပြီးသတ်သိမ်းပိုက်ရရှိထားတဲ့ စခန်းတခုဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ လက်ရှိအချိန်မှာ လူနေထူထပ်တဲ့နေရာတွေ၊ ဆေးရုံ၊ စာသင်ကျောင်း၊ စျေး၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ လူနေအဆောက်အအုံကြီးများ၊ အစိုးရအဆက်ဆက်အသုံးပြုခဲ့တဲ့ ဌာနဆိုင်ရာ အဆောက်အအုံ များ အပါအဝင် ၎င်းတို စွန့်လွှတ်ခဲ့ရတဲ့ စခန်းတွေပါမကျန် ဗုံးကြဲတိုက်ခိုက်တာတွေ ယခင်ထက်ပိုပြီး ခပ်စိပ်စိပ် လုပ်ဆောင်နေတာကြောင့် အဲဒီနေရာတွေကို သတိထားသွားလာကြဖို့ လေကြောင်းအန္တရာယ်ကို ပိုမိုသတိထားကြဖို့နဲ့ မိုင်းအန္တရာယ်ကိုလည်း သတိထားကြဖို့ ရခိုင့်တပ်တော်က သတိပေးထားပါတယ်။


========================


🚩🚩 ၃။ မြင်းခြံနယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်တွေတိုက်ခိုက်ခဲ့ရာ စစ်သားတဦးသေဆုံးပြီး သေနတ်တလက်ရရှိ


စက်တင်ဘာ၁၁ရက်


မန္တလေးတိုင်း မြင်းခြံမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ၂ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သားတဦး သေဆုံးပြီး သေနတ်တလက်သိမ်းဆည်းရရှိခဲ့တယ်လို့ Myingyan Black Tiger-MBTတပ်ဖွဲ့က ပြောပါတယ်။

မြင်းခြံမြို့နယ်မြောက်ခြမ်း Myingyan Black Tiger -MBT တပ်ဖွဲ့ စစ်ကြောင်း- နယ်မြေအတွင်းကို စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာ ရက်ညကတကြိမ်၊ စက်တင်ဘာ ၁၀ ရက်မှာ တကြိမ် လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် MBT နဲ့ မဟာမိတ် တပ်တွေက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ Myingyan Black Tiger-MBT တပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ အရပ်သားပြည်သူတွေရဲ့ကားကိုချောဆွဲပြီး တော်လှန်ရေးတပ်တွေကို အလစ်အငိုက် လာရောက် တိုက်ခိုက်တာလို့ သိရပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့က ထပ်မံထိုးစစ်ဆင်လာရာမှာ အသင့်ထောင်ထားတဲ့တိုက်မိုင်းတွေထိပြီး စစ်သားတဦးသေဆုံးကာ ထိခိုက်မှုအချို့ရှိသွားတာကြောင့် ပြန်လည်ဆုတ်ခွာသွားတယ်လို့ အသိပေးထားပါတယ်။ 

ထိတွေ့တိုက်ပွဲဖြစ်ပြီးတဲ့နောက် နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ G-3 သေနတ် တလက်နဲ့ 7 ပွိုင့် 62 ကျည် ၁၂တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် - တပ်ရင်း Myingyan Black Tiger -MBT နဲ့အတူ Myingyan Eagle Defense Force -MEDFနဲ့ Popa Guerilla Force -PGF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Myingyan Black Tiger-MBT တပ်ဖွဲ့ဟာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး -MDSO မှာပါဝင်တိုက်ခိုက်နေတဲ့အဖွဲ့တခုဖြစ်ပြီး စစ်ကောင်စီစခန်းတွေကို ဆက်လက်ဖိအားပေးတိုက်ခိုက်နိုင်ဖို့ End Point Project မှာ ပါဝင်ကူညီထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၄။ ထိုင်းနိုင်ငံမှာအဖမ်းခံရပြီး စစ်ကောင်စီထံလွှဲပြောင်းခံရတဲ့ လူငယ် ၃ဝခန့်ဟာ အစောင့်စစ်သား ဦးကိုသတ်ပြီး သေနတ် လက်နဲ့အတူ ထွက်ပြေးလွတ်မြောက် 


စက်တင်ဘာ၁၁ရက်


ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရပြီးတဲ့နောက် စစ်ကောင်စီထံလွှဲပြောင်းခံရတဲ့ လူငယ် ၃ဝ ခန့်ဟာ ဖမ်းဆီးခေါ်ဆောင်လာတဲ့ အစောင့်စစ်သား ဦးကိုသတ်ပြီး သေနတ် လက်နဲ့အတူ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

စစ်ကောင်စီတပ်အတွက် တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခံထားရတဲ့လူငယ်အမျိုးသား ၂၉ ဦးဟာ မြိတ်မြို့ ကနေ ပလောက်မြို့အခြေစိုက် တိုင်းဗဟို-၁၂ ကို ရေလမ်းခရီးကနေပို့ဆောင်ချိန် လမ်းမှာ စစ်ကောင်စီ တပ်သားတွေကို ခုခံပြီး ထွက်ပြေးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး The Tanintharyi Times က ဖော်ပြပါတယ်။

ထိုင်းနိုင်ငံကနေ လွှဲပြောင်းပေးလိုက်တဲ့ လူငယ်အမျိုးသားတွေကို စစ်ကောင်စီက နေရပ်ပြန်မလွှတ်ဘဲ စစ်သားအဖြစ် စစ်မှု ထမ်းစေဖို့  စက်တင်ဘာလ ရက်နေ့က စက်လှေ စီးနဲ့ ကော့သောင်းကနေ မြိတ် မြိတ်မြို့ကနေတဆင့် ပလောက်မြို့ အခြေစိုက် အမှတ် ၁၂ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းကို အဓမ္မဖမ်းဆီးခေါ်ဆောင်လာချိန်မှာ စစ်လှေတစီးပေါ် မှာပါတဲ့ လူငယ်တွေက အဲဒီလှေပေါ်က အစောင့်စစ်သားတွေကို ရေထဲတွန်းချပြီး ထွက်ပြောလာကြတာလို့ သိရပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူ ၂၉ ဦးထဲက ၂၇ ဦးဟာ KNU လက်အောက်မှာရှိတဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တပ်ရင်း တပ်ခွဲ ၅ထံ ရောက်ရှိလာတယ်လို့ KNU ထားဝယ်ခရိုင်အတွင်းရေးမှူးကလည်း အတည်ပြုပါတယ်။  

အဲဒီလူငယ် ၂၇ ဦးအနက် ၂၂ ဦးဟာ လက်နက်ကိုင်တော်လှန်ရေးမှာပါဝင်လာမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။  

အကြမ်းဖက်စစ်ကောင်စီဟာ အတင်းအကြပ် စစ်သားသစ်တွေစုဆောင်းပြီး စစ်မှုထမ်းခိုင်းနေချိန်မှာ ထိုင်းအာဏာပိုင်တွေ အနေနဲ့ တရားမဝင်ရောက်ရှိလာတဲ့ မြန်မာလူငယ်တွေကိုဖမ်းဆီးပြီး စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းတာတွေ ဆက်တိုက် လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။


========================


🚩🚩 ၅။ ကလေး PDF ထံ လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲဒုတပ်ကြပ်ကို ကျပ် ၅၅သိန်း ချီးမြင့်


စက်တင်ဘာ၁၁ရက်


စစ်ကိုင်းတိုင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်-၁၁ တပ်ရင်းထံ လက်နက်နဲ့တွက် အလင်းဝင်လာတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲ ဒုတပ်ကြပ်တဦးကို ဂုဏ်ပြုငွေ ကျပ် ၅၅ သိန်း ချီးမြင့်ခဲ့တယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ စက်တင်ဘာ ၁၁ မှာ ထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့သူဟာ တန့်ဆည်မြို့မရဲစခန်းက ဒုတပ်ကြပ်တဦးဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနကပေးတဲ့ ထောက်ပံ့ငွေ ကျပ် ၅၅ သိန်းကို MinKin People’s Defence Force က တဆင့်လွှဲပြောင်း ပေးအပ် ခဲ့တာလို့ သိရပါတယ်။

ဒီ ရဲဒုတပ်ကြပ်ဟာ ကလေးခရိုင် အမှတ်-၁၁ တပ်ရင်းထံကို G3 တလက်၊ ကျည်ဘောက်တခု လက်ထိပ်တခု၊ ဗုံးတလုံး၊ ကျည် ၁၇၃ တောင့်ကျော်ယူဆောင်ကာ သြဂုတ်လကတည်းက အလင်းဝင်ခဲ့တာလို့လည်း အသိပေးထားပါတယ်။

အဲဒီ ရဲဒုတပ်ကြပ် အကြမ်းဖက်စစ်ကောင်စီလက်အောက်ကနေ ထွက်ပြေးခိုလှုံနိုင်ဖို့ Freedom Revolution Force တန့်ဆည် PDF နယ်မြေခံ ပကဖ တို့က ကူ့ညီခေါ်ထုတ်ပေးခဲ့တာဖြစ်‌ပြီး လက်ရှိမှာ လုံခြုံတဲ့နေရာကို ပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာတာဝန်ဖမ်းဆောင်နေတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်အားလုံးကို ပြည်သူ့ဘက်  ကူးပြောင်းခိုလှုံကြဖို့ MinKin People’s Defence Force က အသိပေး ဖိတ်ခေါ်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment