11th SEP 2024 - Morning Daily News by Radio NUG

 


၂၀၂၄ စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးရေး ယန္တရား၏ အစီရင်ခံစာ တင်ပြမှုအပေါ် NUGလူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာနကြိုဆို

📌 ၂။ ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုအပါအဝင် တောက်လျှောက်တောင်းဆိုမှုတွေ ရှိတယ်လို့ အလုပ်သမားဒုဝန်ကြီးအသိပေးဆို

📌 ၃။ စစ်ကောင်စီ ဝန်ထမ်းကို လက်ခံတွေ့ဆုံသည့် ဒေသန္တရအမတ်များကို ကိုရီးယားနိုင်ငံ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အဖွဲ့ချုပ် အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၁၀၆ ခုက ကန့်ကွက်ရှုတ်ချ

📌 ၄။ ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ စစ်တပ်က ဆောင်ရွက်နေတယ်လို့ ရက်အတွင်း လူပေါင်း ၉၃ ဦးကို လေကြောင်းဖြင့် ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ မင်းအောင်လှိုင်က  ICRC ဥက္ကဋ္ဌ ကို ပြောဆို

📌 ၅။ကြားကာလတရား ဥပဒေစိုးမိုးရေးဆိုင်ရာ  ကြိုးပမ်းဆောင်ရွက်ချက်များခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ KIA နှင့် PDF ကို တိုက်ခိုက်ချေမှုန်းရန် ဇခုန်တိန့်ယိန်း အမိန့်ပေးမှု မထုတ်ပြန်သင့်သော စစ်မိန့်ဟု KIO ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် မှတ်ချက်ပေး

🚩 ၂။ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအပြီး၊မြို့ပေါ်သို့ ထပ်တိုးအင်အားဖြည့် အထိုင်ပြန်ချထားသည့် အကြမ်းဖက်စကစတပ်များက အရပ်သားနေအိမ်များ၂၀ ကျော်ကို မီးရှို့ဖျက်ဆီး

🚩 ၃။ ရေစကြိုမြို့မရဲစခန်းမှ မိုင်းရှင်းထွက်လာတဲ့ စကစတပ်ဖွဲ့များကို တိုက်ခိုက်

🚩 ၄။ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် AA ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အခြား အကျဉ်းသားအမြောက်အမြား သေဆုံး

🚩 ၅။ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသောနေရာကို အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁၇)ဦး သေဆုံး

🚩 ၆။ ဆိုင်းတောင်တိုက်ပွဲမှာ အပြစ်မဲ့အရပ်သား ပြည်သူတွေဖမ်းဆီး ပစ်သတ်ခံနေရ

🚩 ၇။ တပ်ခွဲအတွင်း မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ လေ့လာသိရှိမှု စစ်ဆေးခြင်း စာမေးပွဲ (ပထမအကြိမ်) ပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးရေး ယန္တရား၏ အစီရင်ခံစာ တင်ပြမှုအပေါ် NUGလူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာနကြိုဆို


စက်တင်ဘာလ ၁၀ရက်။

Radio NUG

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောနိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ယန္တရား၏ အစီရင်ခံစာ တင်ပြမှုအပေါ် NUGလူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာနက ကြိုဆိုလိုက်ပါတယ်။


စက်တင်ဘာ၁၀ရက် NUGလူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာနကတရားဝင်အသိပေးထုတ်ပြန်ပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးရေး ယန္တရား၏ အကြီးအကဲ မစ္စတာနစ်ကိုလက် ကိုမီဂျန်နှင့် အပြန်အလှန် တုံ့ပြန်ဆွေးနွေးခြင်းနှင့် လူ့အခွင့်အရေး ကောင်စီသို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးရေး ယန္တရား၏ နောက်ဆုံးအစီရင်ခံစာကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံက ကြိုဆို အပ်တယ်လို့ဖော်ပြပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးရေး ယန္တရား အစီရင်ခံစာ အရ ချင်း၊ ကချင်၊ ကရင်နီ၊ ကရင်နှင့် ရှမ်းပြည်နယ်ရှိ အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများတွင် အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းမှ မဆင်မခြင် ဗုံးကြဲ တိုက်ခိုက်မှုများအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မှုနေမှုမှာ ပိုမိုထင်ရှား ပေါ်လွင်ပြီး အတင့်ရဲစွာ ကျူးလွန်နေသည်ဟု ဖော်ပြထားပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက အကျဉ်းသားများအား ရှော့တိုက်ခြင်း၊ လည်ပင်းညှစ်ခြင်း၊ လက်သည်းများကို ပလာယာဖြင့် ဆွဲထုတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုများ အပါအဝင် ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်လျက်ရှိတယ်လို့ ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတကာတရားရုံး၊ နိုင်ငံတကာ ရာဇ၀တ် တရားရုံးနှင့် အာဂျင်တီးနားနိုင်ငံရှိ လက်ရှိတရားစွဲဆိုမှုများတွင် ပံ့ပိုးကူညီမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်မှုများ ပြုလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးရေး ယန္တရား၏ ကတိကဝတ်ပြုမှုကို ထောက်ခံအပ်တယ်လို့ဖော်ပြပါတယ်။


ထို့အပြင် မစ္စတာကိုမီဂျန်နှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးယန္တရားအဖွဲ့က မြန်မာပြည်သူများ အတွက် တရားမျှတမှုကို သေချာပေါက် ရရှိစေရန်အတွက် အင်တိုက်အားတိုက် ကြိုးပမ်း အားထုတ်ပေးမှုများအတွက် ကျေးဇူးတင်ရှိအပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုအပါအဝင် တောက်လျှောက်တောင်းဆိုမှုတွေ ရှိတယ်လို့ အလုပ်သမားဒုဝန်ကြီးအသိပေးဆို


စက်တင်ဘာလ ၁၀ရက်။

Radio NUG

စက်တင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုအပါအဝင် တောက်လျှောက်တောင်းဆိုမှုတွေ ရှိတယ်လို့ အလုပ်သမားဒုဝန်ကြီး ဦးကျော်နီက အသိပေးဆိုပါတယ်။


"ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် ကျွန်တော်တို့ဘက်ကတော့ ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ တောက်လျှောက်တောင်းဆိုမှုတွေ ရှိတယ်။ အရင်ရွေးကောက်ပွဲမတိုင်ခင် အစိုးရကတည်းက ပြီးတော့ ကြားမှာ တက်သွားတဲ့ အစိုးရတွေနဲ့ ကျွန်တော်တို့ဘက်က ညှိနှိုင်းအကြောင်းကြားစာတွေနဲ့ အလုပ်သမားတွေအတွက် လိုအပ်ချက်တွေ၊ အခက်အခဲတွေ ထိုင်းအစိုးရအနေနဲ့ ပြုပြင်ဆောင်ရွက်သင့်တဲ့ ကိစ္စတွေကို ညှိနှိုင်းဆွေးနွေးတာတွေ လုပ်နေပါတယ်။ တွေ့ဆုံဆွေးနွေးမှုအနေနဲ့ကတော့ အခြားသောနည်းတွေပေါ့။ အခြားသော ပလက်ဖောင်းတွေကနေ ကြားခံပြီး ခုနကလိုပဲ လိုအပ်တဲ့ အလုပ်သမားအခြေအနေတွေကို ညှိနှိုင်းတောင်းဆိုမှုတွေ ရှိနေပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ NUG အလုပ်သမားဝန်ကြီးဌာနအနေနဲ့ တိုင်ကြားရေးယန္တရား ဖွင့်လှစ်ထားရှိပြီး အလုပ်သမားရေးရာကိစ္စရပ်များကို ကူညီပေးလျက်ရှိပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီ ဝန်ထမ်းကို လက်ခံတွေ့ဆုံသည့် ဒေသန္တရအမတ်များကို ကိုရီးယားနိုင်ငံ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အဖွဲ့ချုပ် အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၁၀၆ ခုက ကန့်ကွက်ရှုတ်ချ


စက်တင်ဘာလ ၁၀ရက်။ 

Radio NUG

ကိုရီးယားနိုင်ငံ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အဖွဲ့ချုပ် အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၁၀၆ ခုက ဂွန်းဆန်မြို့ ဥပဒေပြုကောင်စီကို မြန်မာပြည် အာဏာသိမ်းစစ်တပ် လက်အောက်ခံ အကြီးတန်းဝန်ထမ်းများအား လက်ခံတွေ့ဆုံသည့်အတွက် စက်တင်ဘာလ ၁၀ရက်နေ့မှာ ကန့်ကွက် ရှုတ်ချလိုက်ကြောင်း ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ပါတယ်။


တပြိုင်နက်တည်းမှာပင် ဂျောင်ဘုပြည်နယ် အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၁၃-ခုကလည်း အလားတူ ကန့်ကွက်စာကိုထုတ်ပြန်တယ်လို့ ဖော်ပြထားပါတယ်။


လွန်ခဲ့သည့် -နှစ်က အာဏာသိမ်းစစ်တပ်ကို ရှုတ်ချခဲ့သော ဂွန်းဆန်မြို့ ဥပဒေပြုကောင်စီက ယခုအခါ စစ်တပ်လက်အောက်ခံ ဝန်ထမ်းများနှင့် အတူယှဉ်တွဲ ဓာတ်ပုံရိုက်ခြင်းမှာ လွဲချော်မှု ဖြစ်နေပြီး ထိုသို့ လုပ်ဆောင်ခြင်းသည် စစ်ကောင်စီကို ထောက်ခံရာ ရောက်နေသည်ဟု ကန့်ကွက်စာတွင် ဖော်ပြထားပါတယ်။


ကန့်ကွက်စာတွင် ကိုရီးယားနေ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် ကိုရီးယားပြည်သူများကို ပြန်လည်တောင်းပန်ရန် ဂွန်းဆန်မြို့ ဥပဒေပြုကောင်စီကို တောင်းဆိုထားပါတယ်။


ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့် မြန်မာတော်လှန်ရေး အဖွဲ့အစည်း ၁၉ ခုတို့၏ ကန့်ကွက်စာကို ဂွန်းဆန်မြို့ ဥပဒေပြုကောင်စီ ဥက္ကဋ္ဌထံသို့ သီးခြား ပေးပို့ထားပြီး ဖြစ်ကြောင်း သိရပါတယ်။


၎င်းစာကို သက်ဆိုင်ရာ အစိုးရနှင့် လွှတ်တော်သို့လည်း ပေးပို့ပြီး ဖြစ်သည်ဟု ကိုယ်စားလှယ်ရုံးမှ ထုတ်ပြန်ထားပါတယ်။


ကိုရီးယားနိုင်ငံ၊ ဂျောင်းဘုပြည်နယ်၊ အထူးအုပ်ချုပ်ရေးဒေသ၊ ဂွန်းဆန်းမြို့ဥပဒေပြုကောင်စီ-ဥက္ကဋ္ဌ ဂင်အူမင်သည် ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က ဂွန်းဆန်းကောင်စီရုံးတွင် စစ်ကောင်စီလက်အောက်ခံ သံအမတ် ဦးသန့်စင်နှင့် စစ်သံမှူးတို့ အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်ပါတယ်။


အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာသံအမတ်နှင့် မြန်မာစစ်သံမှူး၊ ဂွန်းဆန်းမြို့ကောင်စီ-ဥက္ကဋ္ဌ ဂင်အူမင်၊ စီးပွားရေးနှင့် ဆောက်လုပ်ရေကော်မတီ-ဥက္ကဋ္ဌ ဂျီဟဲဂျွန်၊ ကောင်စီဝင် ဘတ်ဂယောင်းထဲ အပါအဝင် ဘုန်းတော်ကြီး ဟဲယွန်းတို့ တက်ရောက်ကြပါတယ်။


တွေ့ဆုံပွဲတွင် ကိုရီးယား မြန်မာနှစ်နိုင်ငံကြား ခင်မင်ရင်းနှီးမှု ရေရှည်တည်တံ့ မြှင့်တင်စေရေး နှစ်ဘက်အမြင်များနှင့် ယဉ်ကျေးမှု နှီးနှောဖလှယ်ရေးများကို ဆွေးနွေးခဲ့ကြသည်ဟု သတင်းထုတ်ပြန်ထားပါတယ်။


၂၀၂၃ နိုဝင်ဘာလကလည်း စစ်ကောင်စီ အကြီးတန်းဝန်ထမ်းကို ဆုပေးအပ်ခဲ့သည့် ကိုရီးယားစီးပွားရေးအဖွဲ့အစည်းသည် မြန်မာနှင့် ကိုရီးယား ပြည်သူများ၏ ကန့်ကွက်မှုကြောင့် ဆုပေးပြီး တပတ်အကြာတွင် ပြန်လည် ရုတ်သိမ်းခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၄။ ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ စစ်တပ်က ဆောင်ရွက်နေတယ်လို့ ရက်အတွင်း လူပေါင်း ၉၃ ဦးကို လေကြောင်းဖြင့် ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ မင်းအောင်လှိုင်က  ICRC ဥက္ကဋ္ဌ ကို ပြောဆို


စက်တင်ဘာလ ၁၀ရက်။ 

Radio NUG

ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ စစ်တပ်က ဆောင်ရွက်နေတယ်လို့ ရက်အတွင်း လူပေါင်း ၉၃ ဦးကို လေကြောင်းဖြင့် ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ မင်းအောင်လှိုင်က ICRC ဥက္ကဋ္ဌ Ms. Mirijana Spoiljarc Egger နှင့် နေပြည်တော်တွင်  စက်တင်ဘာလ ၉ရက်နေ့ တွေ့ဆုံစဉ်က ပြောင်လိမ်ပြောဆိုခဲ့ပါတယ်။


ICRC အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရာတွင် မသက်ဆိုင်သူများထံသို့ မရောက်ရှိစေရေး စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။ 


အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာလ ရက်နေ့မှ စက်တင်ဘာ ရက်နေ့အထိ ရက်အတွင်း လူပေါင်း ၉၃ ဦးကို လေကြောင်းဖြင့် ဗုံးကြဲ၍ သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၅။ကြားကာလတရား ဥပဒေစိုးမိုးရေးဆိုင်ရာ  ကြိုးပမ်းဆောင်ရွက်ချက်များခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်


စက်တင်ဘာလ ၁၀ရက်။ 

Radio NUG

ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန (MOHAI) အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ( MOWYCA) တရားရေးဝန်ကြီးဌာန ( MOJ )နှင့် မဟာဗျူဟာမြောက်ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးယူနစ်( SCPRU )တို့မှကြားကာလတရားဥပဒေစိုးမိုးရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်သွားမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်ပါတယ်။


သတင်းစာရှင်းလင်းပွဲကို PVTV Radio NUG DVB Red Peacock Mizzima People's Spring D Day Channel ခေတ်သစ် နွေဦးအသံ သံလွင်တိုင်မ်းနဲ့ ဒီလမ်း ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေကနေ တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ပြီး စက်တင်ဘာလ(၁၁)ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် ( ) နာရီတွင် NUG Zoom Platformဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ KIA နှင့် PDF ကို တိုက်ခိုက်ချေမှုန်းရန် ဇခုန်တိန့်ယိန်း အမိန့်ပေးမှု မထုတ်ပြန်သင့်သော စစ်မိန့်ဟု KIO ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် မှတ်ချက်ပေး


စက်တင်ဘာလ ၁၀ရက်။ 

Radio NUG

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဇခုန်တိန့်ယိန်းက KIA နှင့် PDF ကို တိုက်ခိုက်ချေမှုန်းရန် အမိန့်ပေးမှုမှာ မထုတ်ပြန်သင့်သည့် စစ်မိန့်ဖြစ်ကြောင်း KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က စက်တင်ဘာလ ၁၀ရက်နေ့မှာ လူမှုကွန်ရက်တွင် မှတ်ချက်ပြုထားပါတယ်။


ကချင်ပြည်နယ် အထူးဒေသ ဥက္ကဋ္ဌ ဇခုန်တိန့်ယိန်းက ၂၀၂၄ ခုနှစ်၊ ဇွန်လ ရက်နေ့စွဲဖြင့် KIA နှင့် PDF ကို တိုက်ခိုက်ချေမှုန်းရန် စစ်မိန့်ကို ထုတ်ပြန်ခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ BGF နယ်ခြားစောင့်တပ်ဖွဲ့ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃တပ်ဖွဲ့များနှင့် ဒေသ လက်နက်ကိုင် ပြည်သူ့စစ်ရဲဘော်များအနေဖြင့် KIAနှင့် PDFများကို ရှေ့နောက်ပိတ်ပြီး တိုက်ခိုက်ချေမှုန်းကြရန်နင့် ပြန်လည်ထွက်ခွာခွင့်မပေးကြရန် ဇခုန်တိန့်ယိန်း လက်မှတ်ရေးထိုးထားသော အဆိုပါ အမိန့်ကိုမထုတ်ပြန်သင့်သော စစ်မိန့်ဟု  ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က မှတ်ချက်ပြုရေးသားထားခြင်း ဖြစ်ပါတယ်။


ကချင်ပြည်နယ်တစ်ဝန်းရှိ စစ်ကောင်စီတပ်စခန်းများ၊ ပြည်သူ့စစ်စခန်းများ၊ နယ်ခြားစောင့်တပ်စခန်းများကို KIA PDF တပ်များက စစ်ဆင်ရေးဖြင့် တိုက်ခိုက်သိမ်းပိုက်လျက်ရှိပြီး စစ်တပ်စခန်းရာကျော်အထိ အများအပြား တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအပြီး၊မြို့ပေါ်သို့ ထပ်တိုးအင်အားဖြည့် အထိုင်ပြန်ချထားသည့် အကြမ်းဖက်စကစတပ်များက အရပ်သားနေအိမ်များ၂၀ ကျော်ကို မီးရှို့ဖျက်ဆီး


စက်တင်ဘာလ ၁၀ရက်။

Radio NUG

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအပြီး၊ မြို့ပေါ်သို့ ထပ်တိုးအင်အားဖြည့် အထိုင်ပြန်ချထားသည့် အကြမ်းဖက်စကစတပ်များက အရပ်သားနေအိမ်များ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်လို့ စက်တင်ဘာ၁၀ရက်မှာ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအတည်ပြုဆိုထားပါတယ်။


ထိုသို့ မီးရှို့ဖျက်ဆီးရာ ဒီပဲယင်းမြို့ ကံပြားကျေးရွာကိုလည်း ပထမအကြိမ် နေအိမ်အဆောက်အဦး(၁၈)လုံး၊ ဒုတိယအကြိမ်အဖြစ် နေအိမ်()လုံးကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ ကံပြားကျေးရွာတွင် စုစုပေါင်းနေအိမ်(၂၅)လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြို့နယ်ပအဖမှ သိရှိရပါတယ်။


========================


🚩🚩 ၃။ ရေစကြိုမြို့မရဲစခန်းမှ မိုင်းရှင်းထွက်လာတဲ့ စကစတပ်ဖွဲ့များကို တိုက်ခိုက်


စက်တင်ဘာလ ၁၀ရက်။ 

Radio NUG

စက်တင်ဘာလ(၁၀)ရက်နေ့ ညနေ ၃နာရီအချိန်ခန့်တွင် ပခုက္ကူမှ ထွက်လာသော စစ်ကား ၃စီးအား ကြည့်ကန်ကျေးရွာနှင့် ကံသစ်ကျေးရွာကြားအရောက်တွင် ပြည်သူ့ကာကွယ်ရေး ရဲဘော်များမှ ပေပါမိုင်းများဖြင့် အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြို မြို့နယ်မှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါတိုက်ခိုက်မှုကြောင့် ကားတစ်စီး ထိမှန်ပျက်စီးသွားပြီး စစ်သား ၃ဦး ထိခိုက်ဒဏ်ရာရှိသွားပြီး အဆိုပါ ကား ၃စီးမှာ ရေစကြို ခလရ ၂၅၈ ထဲသို့ ဝင်ရောက်သွားကြောင်း သိရပါတယ်။


အလားတူ စက်တင်ဘာလ()ရက် နံနက် ၁၀နာရီခန့်တွင် ရေစကြိုမြို့မရဲစခန်းမှ မိုင်းရှင်းလင်းရန်ထွက်လာသော စကစတပ်သား ၁၀ဦးခန့်အား ဘက်စုံကွေ့နားအရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များမှ အသင့်စောင့်ဆိုင်း၍ အနီးကပ် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါတိုက်ခိုက်မှုကြောင့် စကစတပ်သား ၂ဦးမှာ နေရာမှာတင် မှောက်သွားပြီး နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် စကစတပ်သားများမှာ မြို့မရဲစခန်းထဲသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် AA ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အခြား အကျဉ်းသားအမြောက်အမြား သေဆုံး


စက်တင်ဘာလ ၁၀ရက်။ 

Radio NUG

စက်တင်ဘာလ ()ရက်၊ ()နာရီ (၃၀)မိနစ်ခန့်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းမှ ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် နှစ်ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မောင်တောမြို့၊ လေးမိုင် (နခခ-) စခန်း၌ ခေတ္တထိန်းသိမ်းထားသော စစ်သုံ့ပန်း၊ အရပ်သား အကျဉ်းသားများထဲမှ--

() မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများ၊ 

() ARSA RSO အကြမ်းဖက် မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ 

() ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသင်တန်းဆင်း မူဆလင်အကြမ်းဖက်လက်နက်ကိုင်များ၊ 

() ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ 

() ၎င်းတို့လေ့ကျင့်ထားသော သတင်းပေးများ၊ 

() ULA/AA အဖွဲ့အစည်းနှင့် ရက္ခိုင့်အမျိုးသားတော်လှန်ရေးကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးရန် ကြိုးစားအားထုတ်၍ ဖမ်းဆီးစစ်ဆေးနေသောသူများ၊ 

() ALP နှင့် ဆက်စပ်နေသောသူများ

() သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသော သူအချို့အပါအဝင် 

စုစုပေါင်း အကျဉ်းသား (၅၀)ကျော် အဆိုပါ အကျဉ်းစခန်းနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကာ မြောက်မြားစွာ ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် AAမှ သတင်းထုတ်ပြန်ပါတယ်။


ထို့အတူ ပြင်းထန်ဒဏ်ရာဖြင့် အသက်အန္တရာယ်စိုးရိမ်ရသူများစွာ ရှိနေဆဲလို့ သိရပါတယ်။


ထို့အပြင် အကြမ်းဖက် စစ်ကောင်စီသည် နခခ ()အား ပစ်ခတ်တိုက်ခိုက်မှု မတိုင်ခင် ()နာရီ (၂၀)မိနစ်နှင့် ()နာရီ (၂၃)မိနစ်တို့တွင်လည်း မောင်တောမြို့၊ ()မိုင်နှင့် ဝေသာလီ ရွာအတွင်းရှိ UN အဆောက်အအုံတို့အား လေကြောင်းမှ ဂျက်လေယာဉ် ()စီးဖြင့် ဦးစွာလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခဲ့သော စခန်းသည် ၎င်းတို့၏ စခန်းဟောင်းဖြစ်ပြီး အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ()ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိထားသော စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။


လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခင်ကထက် ပိုမို ခပ်စိပ်စိပ်လုပ်ဆောင်လျက်ရှိပြီး လူနေထူထပ်သော နေရာများ၊ ဆေးရုံ၊ စာသင်ကျောင်း၊ စျေး၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ လူနေအဆောက်အဦးကြီး၊ အစိုးရအဆက်ဆက်လက်ထက် အသုံးပြုခဲ့သော ဌာနဆိုင်ရာ အဆောက်အအုံများ အပါအဝင် ၎င်းတို့ စွန့်လွှတ်ခဲ့ရသော စခန်းများပါမကျန် ဗုံးကြဲ တိုက်ခိုက်လျက်ရှိသောကြောင့် အဆိုပါနေရာများတွင် သတိထားသွားလာကြရန်၊ လေကြောင်းအန္တရာယ်ကို ပိုမိုသတိထားကြရန်နှင့် မိုင်းအန္တရာယ်ကိုလည်း သတိထားကြပါရန် သတိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသောနေရာကို အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁၇)ဦး သေဆုံး


စက်တင်ဘာလ ၁၀ရက်။ 

Radio NUG

စက်တင်ဘာလ ()ရက်၊ ညနေ ()နာရီ (၅၀)မိနစ်နှင့် (၅၅)မိနစ်တို့တွင် အကြမ်းဖက်စစ်ကောင်စီမှ ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသော နေရာတစ်နေရာအား ဂျက်တိုက်လေယာဉ်ဖြင့် ()ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် စုစုပေါင်း (၁၇) ဦး သေဆုံးခဲ့ပြီး အလတ်စား၊ အပြင်းစား၊ စိုးရိမ်ရ ဒဏ်ရာရရှိသူ စုစုပေါင်း (၁၀) ဦးအထိရှိခဲ့ကြောင်း အာရက္ခတပ်တော် AAမှ သတင်းထုတ်ပြန်ပါတယ်။


သေဆုံးသွားသူများမှာ စစ်ကောင်စီ၏ သုံ့ပန်းများထဲမှ ကျန်းမာရေးဆိုးဝါး၍ ဆေးကုသရန် လိုအပ်လျက်ရှိသော အရာရှိကြီးတချို့၊ စစ်ကောင်စီ၏ သတင်းပေးများနှင့် AA သတင်းများကို စစ်ကောင်စီထံ ပေးပို့နေသည်ဟူသော သံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသူတချို့၊ ပြစ်ဒဏ်ကျခံနေရသူတချို့ အကျဉ်းစခန်း ထိန်းသိမ်းရေး တာဝန်ရှိသူတချို့၊ ကျန်းမာရေးဝန်ထမ်းတချို့နှင့် အနီးပတ်ဝန်းကျင်ရှိ အရပ်သားပြည်သူ၊ ကလေးတချို့ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


စက်တင်ဘာလ ()ရက်နေ့ကလည်း စစ်တွေမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် (၁၂)ရဲတပ်ရင်းနှင့် ပွိုင့်ရေတပ်စခန်းတို့မှ ပေါက်တောမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်အချို့ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


စစ်ရှုံး ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံတဝန်း တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော မြို့ရွာများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ အစရှိသည့် နေရာများအား တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများမှာ အစုလိုက်အပြုံလိုက် သေဆုံးသောဖြစ်စဉ်များ မြန်မာနိုင်ငံအနှံ့ နေ့စဉ်ရက်ဆက် ဖြစ်ပျက်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ဆိုင်းတောင်တိုက်ပွဲမှာ အပြစ်မဲ့အရပ်သား ပြည်သူတွေဖမ်းဆီး ပစ်သတ်ခံနေရ


စက်တင်ဘာလ ၁၀ရက်။ 

Radio NUG

ဖားကန့် ဆိုင်းတောင်ကျေးရွာမှာ ဖြစ်နေတဲ့ တိုက်ပွဲအတွင်း အရပ်သားပြည်သူတစ်ချို့ ဖမ်းဆီးပစ်သတ်ခံနေရပြီး သေဆုံးမှုထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော်KIAနဲ့ ပြည်သူ့ကာကွယ်ရေး PDFတွေလည်း ပါဝင်တယ်လို့ ကချင်သတင်းအရင်းအမြစ်တွေဆီမှ သိရပါတယ်။


စက်တင်ဘာလ၆ရက်နေ့ ညတွင် ဆိုင်းတောင်ကျေးရွာထဲစစ်တပ်က ဝင်ရောက် စစ်ကြောင်းထိုးလာရာကနေ နှစ်ဖက်အပြန်အလှန် ပိတ်ဆို့ပြီး နေ့စဉ်ရက်ဆက် တိုက်ခိုက်နေကြတာဖြစ်တယ်လို့သိရပါတယ်။


တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဟာ ဆိုင်းတောင်ကျေးရွာရပ်ကွက်()မှာ ရှိတဲ့ Lucky Men Hotelတဝိုက်မှာဖြစ်ပြီး နှစ်ဖက်စစ်တပ်က ဆိုင်းတောင်နဲ့ယူမာလမ်း အဝင်အထွက်လမ်းတွေ ပိတ်ဆို့ကာအပြန်အလှန်ပစ်ခတ်နေကြတာ ဖြစ်ပါတယ်။


စက်တင်ဘာလ၇ရက် မနက်ပိုင်း၁နာရီဝန်းကျင် Lucky Men Hotelထဲမှာရှိနေတဲ့ KIAနဲ့PDFတပ်တွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း၃ကြောင်းနဲ့ ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ခဲ့တာကြောင့် စတင်လာတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။


စစ်ကောင်စီတပ်ဟာ ဟိုတယ်ထဲဝင်ရောက်စီးနင်းခဲ့တဲ့ စက်တင်ဘာလ၇ရက်နေ့မနက်မှာ ဟိုတယ်ထဲရှိနေတဲ့အရပ်သားတစ်ချို့၊ PDFနဲ့KIAတပ်ဖွဲ့ဝင်တစ်ချို့ အပါအဝင်၁၀ဦးကျော်ကို ဖမ်းဆီးသွားတဲ့အပြင် ဟိုတယ်ထဲမှာလည်း၇ဦးကို သေနတ်နဲ့ပစ်သတ်သွားတယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်ဘက်က Lucky Men Hotelက ဖမ်းဆီးသွားတဲ့၁၀ဦးကို ကြိုးတုတ်ပြီးနေပူလှန်းတာတွေ၊ ရိုက်နက်တာတွေ လုပ်ဆောင်နေပြီးတော့ လမ်းပိတ်ထားတဲ့နေရာမှာ လမ်းပေါ်သွားလာတဲ့ပြည်သူတွေလည်း သေနတ်ပစ်သတ်တာတွေလည်း ရှိနေပြီးအရပ်သား ပြည်သူတစ်ချို့လမ်းပေါ် သေဆုံးနေတာတွေလည်းရှိတယ်လို့သိရပါတယ်။


ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းတွေကိုလည်း KIAကရွာပတ်ပတ်လည် ထပ်မံပိတ်ဆို့ တိုက်ခိုက်နေတာကြောင့် ဖားကန့်ဆိုင်းတောင်ရွာမှာ စက်တင်ဘာလ၁၀ရက်နေ့အထိနှစ်ဖက်တပ် အပြန်အလှန်တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။


စက်တင်ဘာလ၉ရက်နေ့ကစပြီး ဆိုင်းတောင်နဲ့ ယူမာကျေးရွာမှာရှိကြတဲ့ပြည်သူတွေ အားလုံးကို KIAပူးပေါင်းတပ်တွေက တိမ်းရှောင်ကြဖို့ ပြောဆိုထားတယ်လို့သိရပါတယ်။


စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ ဆိုင်းတောင်ကျေးရွာဘက်ကို လက်နက်ကြီးပစ်ခတ်နေတာကြောင့် နေအိမ်တစ်ချို့ လက်နက်ကြီးကျပေါက်ကွဲပြီး မီးလောင်ပျက်စီးတာတွေနေ့တိုင်း ရှိနေတယ်လို့ သိရပါတယ်။


စက်တင်ဘာလ၉ရက်နေ့မှာ PCGအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးယွပ်ဇော်ခေါင်ကိုယ်တိုင်သွားရောက်ညှိနှိုင်းမှုမှာ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ဦးယွပ်ဇော်ခေါင်ရဲ့ ပေါင်တစ်ဖက်ခြမ်းမှာ လက်နက်ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။


========================


🚩🚩 ၇။ တပ်ခွဲအတွင်း မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ လေ့လာသိရှိမှု စစ်ဆေးခြင်း စာမေးပွဲ (ပထမအကြိမ်) ပြုလုပ်


စက်တင်ဘာလ ၁၀ရက်။ 

Radio NUG

စက်တင်ဘာလ ၉ရက်မှာ တောင်ပိုင်းတိုင်း စစ်ဒေသ အမှတ်(၃၁)ဗျူဟာစစ်ကြောင်း လက်အောက်ခံ တပ်ခွဲတွင် တပ်ခွဲအတွင်း မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ လေ့လာသိရှိမှု စစ်ဆေးခြင်း စာမေးပွဲ (ပထအကြိမ်) ပြုလုပ်ခဲ့ကြောင်း Southern Eagle PDFမှ သတင်းထုတ်ပြန်ပါတယ်။


စာမေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ ရဲဘော်များအနေဖြင့် တိုက်ခိုက်ရေးစွမ်းရည် ပြည့်ဝယုံတွင်မက လက်ရုံးရည် နှလုံးရည်ပာ ပြည့်ဝစေဖို့ဖြစ်ပြီး ပြည်သူ့စစ်သားကောင်းများ ဖြစ်လာစေရန်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment