14th SEP 2024 - Morning Daily News by Radio NUG

 


၂၀၂၄ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက  သဘာဝဘေးဒဏ် ကူညီကယ်ဆယ်ရေး ရန်ပုံငွေအစီအစဉ်မှာပါဝင်ဖို့ ဖိတ်ခေါ်  

📌 ၂။ ရမည်းသင်းမြို့နယ်မှာရေကြီး၍ ရွာလုံးကျွတ်ရေနစ်မြုပ်ကာ သေဆုံးသူနှစ်ရာကျော်ရှိတယ်လို့သတင်းထွက်ပေါ်

📌 ၃။ ဝမ်းတွင်းမြို့နယ်အရှေ့ပိုင်း စမုံမြစ်ရိုးတလျောက်ရေကြီးနေတဲ့ ရပ်/ရွာများမှာ သောက်သုံးရေ နှင့်စားစရာများ အရေးပေါ် လိုအပ်နေပြီးနှစ်ရက်ကျော်အထိ ရေမသောက်ရတဲ့လူများလည်းရှိနေ

📌 ၄။ အကြမ်းဖက်စစ်အုပ်စုရဲ့လူ့အခွင့်ရေးချိုးဖောက်မှုအမှုပေါင်းသိန်းနဲ့ချီကောက်ယူနိုင်ခဲ့

📌 ၅။ အာဏာရှင် စနစ်မှန်သမျှ တော်လှန်ရမှာက ယခုမျိုးဆက်ရဲ့ တာဝန်ဖြစ်လာတယ် လို့ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ပြော


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။တောင်ပိုင်းတိုင်းစစ်ဒေသနယ်မြေမှာ ဩဂုတ်လအတွင်း စစ်တပ်ဘက်မှ ၂၂၅ ဦးသေဆုံးခဲ့ပြီး စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှု ကြောင့် အရပ်သားပြည်သူ ၂၅ ဦး သေဆုံးခဲ့ရ

🚩 ၂။ နောင်ချိုရဲစခန်းနဲ့ လူနေရပ်ကွက်များကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၁၃ လုံးကြဲချတိုက်ခိုက် 

🚩 ၃။ သိန္နီခရိုင်က နန်ဘိုင်းကျေးရွာကို စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အရပ်သား ဦးသေဆုံးကာ ဦးဒဏ်ရာရ 

🚩 ၄။ စစ်တပ်ခိုင်းစေချက်အရ ဆိုင်းတောင်ရွာကအိမ်တွေကို မီးရှို့ဖျက်ဆီးနေသူများအား KIA ဖမ်းမိ

🚩 ၅။ မြောင် ကျောက်ရစ် ရဲစခန်းနဲ့ ရေကြောင်းကနေ စက်လှေတွေနဲ့ စစ်ကူလာတဲ့စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်တပ်ဘက် က ၁၇ ဦးသေဆုံးပြီး စက်လှေ စင်းနစ်မြုပ် 

🚩 ၆။ ရွှေပြည်သာ ၁၄ လမ်းဆုံက လုံခြုံရေးအစောင့်ဘန်ကာကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးနိုင်တယ်လို့ဆို

🚩 ၇။ ရခိုင်ဒေသ မြို့သိမ်းတိုက်ပွဲတွေမှာ ခိုးယူခံခဲ့ရတဲ့ ပြည်သူပိုင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာနဲ့ အသုံးအဆောင်ပစ္စည်းများကို AA က မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ရာဂိတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် ရေဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ တုံ့ပြန်ဆောင်ရွက်မည့် အစီအစဉ်များကိုအမျိုးသားညီညွတ်ရေးအစိုးရ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကညှိနှိုင်းအစည်းအဝေးကျင်းပ


စက်တင်ဘာလ၊၁၄ရက်


 စက်တင်ဘာလ ၁၄ ရက် (စနေနေ့)  မြန်မာစံတော်ချိန် နံနက် (၁၀) နာရီအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ  (Emergency Operation Coordination Committee - EOCC) မှ အစည်းအဝေးကျင်းပခဲ့ပြီး ရာဂိတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် ရေဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ တုံ့ပြန်ဆောင်ရွက်မည့် အစီအစဉ်များကို ဖော်ထုတ်ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


အစည်းအဝေးတွင် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော ရေဘေးအန္တရာယ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာလုပ်ငန်းအဖွဲ့အသီးသီး၏ လုပ်ကိုင်ဆောင်ရွက်ထားမှုများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို ကြိုတင်ရှောင်ရှားနိုင်ရေး အသိပညာပေးခြင်းနှင့် သတိပေးခြင်း ကိစ္စများ၊ ဘေးအန္တရယ်ကြုံတွေ့လာရသည့် အချိန်များတွင် အသက်အန္တရယ်ထိပါးဆုံးရှုံးမှု နည်းနိုင်သမျှနည်းရေးအတွက် ကူညီကယ်ဆယ်မှုကိစ္စများ၊ သဘာဝဘေးအန္တရာယ်များအတွင်း ကွဲကွာပျောက်ဆုံးသွားကြသည့် မိသားစုဝင်များ ပြန်လည်တွေ့ဆုံပေါင်းစည်းရေး ဆောင်ရွက်နိုင်မည့် ကိစ္စများ၊ ဘေးအန္တရာယ် ကျရောက်ပြီးကာလ ပြန်လည်ထူထောင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်သည့်ကိစ္စများ၊ အဆိုပါ ကိစ္စများအား ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာ၏ အကူအညီများ ထိရောက်စွာရရှိနိုင်ရေး ကိစ္စများ စသည်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


ဒါ့အပြင်လိုအပ်သော နောက်ဆက်တွဲ လုပ်ငန်းများကို အချိန်မဆိုင်းဘဲ ဆက်လက်လုပ်ကိုင်သွားကြရန်နှင့် သဘာဝဘေးအန္တရာယ်နှင့် လူကပြုလုပ်သော ဘေးအန္တရယ်များကို ရင်ဆိုင်နေရသည့် ပြည်သူလူထုတရပ်လုံးအား အစွမ်းကုန် ပံ့ပိုးကူညီဆောင်ရွက်သွားကြရန် တို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး၊ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုး၊ပြည်ထောင်စုဝန်ကြီးဒေါ်ခင်မမမျိုးနှင့်ဒုဝန်ကြီးများ၊အစိုးရတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ မိုးဆက်လက်ရွာသွန်းမှာဖြစ်တဲ့အတွက်မြန်မာပြည်အောက်ပိုင်းမြစ်ချောင်းအနီးနားနေထိုင်သူများနေအိမ်များလုံခြုံစွာပိတ်၍ရွှေ့ပြောင်းနေထိုင်ကြရန်တိုက်တွန်း


စက်တင်ဘာ၁၄ရက်


မိုးဆက်လက်ရွာသွန်းမှာဖြစ်တဲ့အတွက်မြန်မာပြည်အောက်ပိုင်းမြစ်ချောင်းအနီးနားနေထိုင်သူများနေအိမ်များလုံခြုံစွာပိတ်၍ရွှေ့ပြောင်းနေထိုင်ကြရန် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက  တိုက်တွန်းဆိုလိုက်ပါတယ်။


"အခုလက်ရှိမိုးလေဝသကလည်းလာမယ့်နှစ်ရက်တာကာလအတွင်းမှာလည်း မိုးကဆက်ရွာနိုင်တယ်။အဲဒီလိုဆက်ရွာနိုင်တဲ့အတွက်ကြောင့် အခုမြန်မာပြည်အလယ်ပိုင်းမှာရှိတဲ့ရေတွေကအောက်ဖက်ကိုလည်းဆက်လက်စီးဆင်းသွားမှာ ဖြစ်တဲ့အတွက်ကြောင့် မြစ်တွေနဲ့မြစ်လက်တက်နားနေထိုင်တဲ့ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့အိုးအိမ်တွေကိုလုံခြုံစွာပိတ်ထားခဲ့ပြီးတော့ တကယ်အခြေအနေတခုမှာတော့ ဒီအိမ်တွေကိုခေတ္တခဏစွန့်ခွာခဲ့ပြီးတော့ စိတ်ချရတဲ့ကုန်းမြင့်ဒေသကိုအားလုံးပြောင်းရွှေ့ကြဖို့လိုတယ်"လို့ဝန်ကြီးကဆိုပါတယ်။


စစ်ကောင်စီအနေနဲ့ စီမံခန့်မှုအပိုင်းမှာရော ကြိုတင်ပြင်ဆင်မှုအပိုင်းမှာပါ အားနည်းခဲ့လို့ ရေဘေးမှာပြည်သူများမသေသင့်ဘဲ သေဆုံးခဲ့ရတယ်လို့ ဝန်ကြီးကထပ်မံပြောဆိုထားပါတယ်။


"အခုလိုရေဘေးဆိုရင်မိုးကြီးလို့ဖြစ်တာတင်မဟုတ်ဘဲနဲ့ဆည်ကျိုးပေါက်လို့ဖြစ်တာတွေ၊ရေမထိန်းနိုင်လို့ရေပိုလွှဲတွေဖောက်ထုတ်ပေးရတယ်။ဒီလိုအခြေအနေမျိုးမှာ ပြည်သူတွေဟာအချိန်မီဒီလိုသတင်းတွေကိုသိရှိဖို့လိုပါတယ်။လွတ်မြောက်ရာနေရာတွေကိုလည်း ပြည်သူတွေကပြောင်းရွှေ့ဖို့လိုပါတယ်။သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်းပြောင်းရွှေ့ပေးဖို့လိုပါတယ်။အခုတော့ပြည်သူတွေက အချက်အလက်တွေမသိရှိဘဲ ဒုက္ခတွေကြားထဲအခက်အခဲအများကြီးကြုံတွေ့ရတယ်။မသေသင့်ဘဲ သေဆုံးခဲ့ရပါတယ်။စီမံခန့်မှုအပိုင်းမှာရောကြိုတင်ပြင်ဆင်မှုအပိုင်းမှာရောအားနည်းခဲ့တယ်။အခုလက်ရှိရေဘေးဆိုးဆိုးရွားရွားကြုံတွေ့ရတဲ့နေရာတွေကစစ်ကောင်စီစိုးမိုးထိန်းချုပ်နေရာတွေဖြစ်တယ်"လို့ဝန်ကြီးကပြောပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန အနေနဲ့နိုင်ငံတကာမိုးလေဝသ သတင်းအချက်အလက်များရယူပြီးထုတ်ပြန်ပေးခဲ့ကြောင်း၊သို့သော်လည်း စစ်ကောင်စီထံတွင်သာ မိုးလေဝသစောင့်ကြည့်ရေး ရေဒါများ၊မြစ်ရေအခြေအနေစောင့်ကြည့်မှုနဲ့ဆည်များကိုစောင့်ကြည့်သည့်မျှော်စင်စတဲ့အရာများကိုသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။



ထို့အပြင် လူသားစာနာဝန်ကြီးဌာနမှဆိုရှယ်မီဒီယာတွင်ဖော်ပြထားသောအသိပညာပေး အချက်အလက်များကိုလည်းဖတ်ရှုလိုက်နာပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။


========================


📌📌 ၃။ ကရင်နီပြည်မှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် စားနပ်ရိက္ခာ တကိုယ်သုံးပစ္စည်းနဲ့ သောက်သုံးရေ အရေးပေါ် လိုအပ်နေ


စက်တင်ဘာ၁၄ရက်


ကရင်နီပြည်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြိုခြင်းများ နေရာအနှံ့ဖြစ်ပေါ်နေတဲ့အတွက် ရေဘေးသင့်ပြည်သူတွေ စားနပ်ရိက္ခာ တကိုယ်သုံးပစ္စည်းနဲ့ သောက်သုံးရေများ အရေးပေါ် လိုအပ်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက ထုတ်ပြန်ပါတယ်။

လက်ရှိမှာ ယာယီရွှေ့ပြောင်းနေထိုင်ရသူ ၂သောင်း ၈ထောင် ၇ရာ ၃၅ ဦးအတွက် အခြေခံစားနပ်ရိက္ခာတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ နဲ့ အိမ်ထောင်စု ၅ထောင် ရာ ၄၇ စုအတွက် အရေးပေါ် လိုအပ်နေတဲ့ တကိုယ်သန့်ရှင်းရေးသုံးပစ္စည်းအပါအဝင် သောက်သုံးရေးများ လိုအပ်နေတာကြောင့် ပါဝင်လှူဒါန်းကြဖို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက နှိုးဆော်ထားပါတယ်။ 

ဖယ်ခုံမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် စစ်ရှောင်စခန်း ခု၊ လူဦးရေ ၂ထောင် ၆၀၀ ကျော် ရေဘေးသင့်နေတဲ့အပြင် တိကျိတ်ကျေးရွာမှာ တောင်ကျရေစီးဆင်းလာတဲ့အတွက် မြေပြိုပြီး လူ ဦးသေဆုံးခဲ့ကာ အိမ် ၂၅ လုံးခန့် ပျက်စီးခဲ့ရ တယ်လို့ သိရပါတယ်။ 

လွိုင်ကော်မြို့မှာတော့ အကြမ်းဖက်စစ်တပ်က မိုးဗြဲရေကာတာကရေတွေ ထပ်မံလွှတ်ချလိုက်တဲ့အတွက် လွိုင်ကော်မြို့နယ် အတွင်းက ကျေးရွာ ရွာနဲ့ စစ်ရှောင်စခန်းတခုက  လူဦးရေ ၅ထောင်ခန့် ရေလွှမ်းမိုးမှုခံနေရပြီး စိုက်ပျိုးထားတဲ့ လယ်ယာ စပါး ဧက ၃ထောင်ကျော် ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။ 

ထို့ပြင် ဒီးမော့ဆိုမြို့နယ်မှာ ယခုရက်ပိုင်းအတွင်း ရေဘေးသင့် ကျေးရွာနေပြည်သူတွေအပါအဝင် စစ်ရှောင်ပြည်သူ စုစုပေါင်း တသောင်းခန့်ရှိနေပြီး ရေကြီးရေလျှံတဲ့အတွက် စစ်ရှောင်စခန်း ခုရေလွှမ်းခံရတဲ့အတွက် အရေးပေါ် ရွှေ့ပြောင်း ယာယီနေရာချထားရကာ စပါးစိုက်ခင်းဧက တထောင်အပါအဝင် အခြား ကောက်ပဲသီးနှံ့နဲ့နှမ်းစိုက်ခင်းများ  ပျက်စီးဆုံးရှုံးခဲ့ ရတယ်လို့ သိရပါတယ်။ 

ဖရူဆိုမြို့နယ်မှာလည်း မိုးအဆက်မပြတ်ရွာတဲ့အတွက် ကျေးရွာတရွာမှာ မြေပြိုမှုဖြစ်ခဲ့ပြီး ကျေးရွာခန်းမဆောင်တဆောင်၊ စပါးကျီ တလုံးပျက်စီးကာ ကျေးရွာအတွင်း မြေအက်ကြောင်းများကြောင့် အိမ်ခြေ ၃၀ လူဦးရေ ၂၀၀ ခန့် အရေးပေါ် ပြောင်းရွှေ့ခဲ့ရတဲ့အပြင် လမ်းနဲ့တံတားများ ပြိုကျပျက်စီးသွားတာကြောင့် ဒေသပြည်သူများနဲ့စစ်ရှောင် တသောင်းခန့် သွားလာရေးအခက်အခဲများ ဖြစ်ပေါ်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားပါတယ်။ 

ရှားတောမြို့နယ် ခေါ်  ဆိုမိုပရေဆိုးလေးမြို့နယ်အတွင်းမှာလည်း ပွန်ချောင်းရေကြီးမှုကြောင့် စူးဖဲလော့၊ နော်ပလု၊ ပွန်ချောင်းနဲ့ စစ်ရှောင်စခန်တခု ရေလွှမ်းမိုးခဲ့ပြီး လူဦးရေ တထောင် ၃ရာ ၃၅ ဦးခန့် ရေဘေးသင့်ကာ နေအိမ်များအပါအဝင် ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


အခုလို ရေကြီးရေလျှံမှုတွေကြောင့် အခက်အခဲတွေ့နေရတဲ့ ပြည်သူများအတွက် အရေးပေါ် တဲဆောက်လုပ်နေထိုင်နိုင်ရန် မိုးကာ၊ ဝါးနဲ့ သွပ်ကြိုးများ လိုအပ်နေပြီး ပါဝင်လှူဒါန်းလိုသူများအနေနဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူ ထောင်ရေးဌာန တယ်လီဂရမ် နဲ့ Signal ဖုန်း +66955751317 တို့သို့ ဆက်သွယ်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် စက်တင်ဘာ ၁၃ ရက်နေ့  အထိ နွေဦးဘဏ် အသုံးပြုသူ မိသားစုဝင်များမှထောက်ပံ့လှူဒါန်းမှုကျပ် သိန်းပေါင်း ၄၅၀ ကျော် လက်ခံရရှိ


စက်တင်ဘာ၁၄ရက်


စက်တင်ဘာ၁၃ရက်မှာ နွေဦးဘဏ်ကရေဘေး စစ်ဘေးရှောင်နိုင်ရေး ရန်ပုံငွေကောက်ခံရရှိမှု စာရင်းများကို အခုလိုအသိပေးဖော်ပြပါတယ်။


လက်ရှိ ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် စက်တင်ဘာ ၁၃ ရက်နေ့ ညနေ မြန်မာချိန် နာရီ အထိ နွေဦးဘဏ် အသုံးပြုသူ မိသားစုဝင်များမှ စုပေါင်းမေတ္တာ ထက်သန်စွာ လှူဒါန်းကြသော လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ရန်ပုံငွေများကို ငွေကြေးစုံလင်စွာဖြင့် ပျမ်းမျှ ငွေကျပ် တန်ဖိုး ၄၅,၃၁၁,၂၆၃  ( ကျပ် သိန်းပေါင်း ၄၅၀ ကျော် ခန့် ) လက်ခံရရှိခဲ့ပါတယ်လို့ဖော်ပြပါတယ်။


၎င်း ရန်ပုံငွေများကို Ministry of Humanitarian Affairs and Disaster Management - NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန မှ တဆင့် မြေပြင်အဖွဲ့အစည်းများအထိ သင့်တော်သည့် လုပ်ငန်းစဥ်များအတိုင်း အမြန်ဆုံး ထောက်ကူနိုင်ဖို့ လွှဲပြောင်း ပို့ဆောင်ရန် ပြင်ဆင်လျက် ရှိတယ်လို့အတည်ပြုပါတယ်။


စက်တင်ဘာလ ၂၀ ရက်နေ့အထိ ရန်ပုံငွေ ကောက်ခံသွားမှာဖြစ်ပြီး နီးစပ်ရာ SDB အသုံးပြုသည့် မိတ်ဆွေများကိုလည်း ဆက်လက် တိုက်တွန်းနှိုးဆော်နိုင်ကြောင်း အသိပေးကြေညာထားပါတယ်။


========================


📌📌 ၅။ ရေဘေးသင့်စစ်ရှောင်စခန်းသို့သွားရောက်ရန် စက်လှေတစီးလိုအပ်မှု အဆိုတော်လင်းလင်းနှင့်သရုပ်ဆောင်ချစ်သုဝေတို့ဇနီးမောင်နှံကလှူဒါန်း


စက်တင်ဘာ၁၄ရက်


ရေဘေးသင့်စစ်ရှောင်စခန်းသို့သွားရောက်ရန် စက်လှေတစီးလိုအပ်မှု အဆိုတော်လင်းလင်းနှင့်သရုပ်ဆောင်ချစ်သုဝေတို့ဇနီးမောင်နှံကလှူဒါန်းခဲ့တယ်လို့ စက်တင်ဘာ၁၄ရက် နွေဦးဂုရုလေးများကအသိပေးဖော်ပြပါတယ်။


"ကိုလင်း နဲ့ မချစ်သု့ဝေ တို့က စက်လှေ တစ်စီး တာဝန်ယူလိုက်ပြီဗျ။ မနေ့က သိန်း၁၀၀ ကိုလည်း အရေးပေါ်လှူထားပေးပါတယ်"လို့ဆိုထားပါတယ်။


ပွန်းချောင်းစစ်ရှောင်စခန်း ,,, က ရေလွှမ်းနေတဲ့အတွက်သွားရောက်ရန်အခက်အခဲဖြစ်နေတာလို့ နွေဦးဂုရုလေးများကအသိပေးဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။တောင်ပိုင်းတိုင်းစစ်ဒေသနယ်မြေမှာ ဩဂုတ်လအတွင်း စစ်တပ်ဘက်မှ ၂၂၅ ဦးသေဆုံးခဲ့ပြီး စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှု ကြောင့် အရပ်သားပြည်သူ ၂၅ ဦး သေဆုံးခဲ့ရ


စက်တင်ဘာ၁၄ရက်


အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသနယ်မြေမှာ ဩဂုတ်လအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၂၂၅ ဦးသေဆုံးခဲ့ပြီး အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ ၂၅ ဦး သေဆုံးခဲ့ရတယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

သြဂုတ်လအတွင်း ထားဝယ်မြို့မှာ စစ်ကောင်စီရဲ့ နယ်စပ်ရေးရာဝန်ကြီးကားတန်းကို တိုက်ခိုက်မှု၊ တောင်ငူလေ တပ်စခန်း ဌာနချုပ်ကို "Rain of Fire" စစ်ဆင်ရေးအမည်နဲ့ တိုက်ခိုက်ခဲ့မှုအပါအဝင် အာဏာသိမ်းစစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲ ၇၇ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်တွေ အထိုင်ချတပ်စွဲထားတဲ့စခန်းများ၊ စစ်ကြောင်းများကို ဒရုန်းနဲ့တိုက်ခိုက်မှု ၇၆ ကြိမ် နဲ့အထက်၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ကြိမ်နဲ့အထက်၊ မိုင်းဆွဲတိုက်ခိုက်မှု ၁၃ ကြိမ်နဲ့အထက်၊ စစ်ကောင်စီ အတွက် အလုပ်လုပ်ပေးနေတဲ့ ထောက်တိုင်များကို ရှင်းလင်းတိုက်ခိုက်မှု ကြိမ်အပါအဝင် စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်မှု တွေ ဖော်ဆောင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။ 

ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂၅ ဦး သေဆုံးကာ ၁၇၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာအသက်ပေးလှူသွားခဲ့ကာ ၃၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ထို့ပြင် ပဲခူးတိုင်း ထန်းတပင်မြို့နယ်မှာ စစ်ကောင်စီတပ်ရရဲ့ ဒရုန်း စင်း၊ ဗုံးသီး လုံးကို သိမ်းဆည်းရရှိခဲ့သလို အခြား စစ်ဆင်ရေးတွေမှာလည်း လက်နက်ခဲယမ်းတွေနဲ့ စစ်ကောင်စီတပ်က ခိုးယူလာတဲ့ ငွေသားနဲ့ ဖုန်းတွေလည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း မင်းလှမြို့နယ် ဆားချောင်းကျေးရွာအနီးမှာလည်း စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးဒရုန်းတစင်းကို ပူးပေါင်း တပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်

အဆိုပါတိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့-ပကဖ များ LDF များ၊ မွန်ပြည်သစ်-AD ပူးပေါင်းတပ်ဖွဲ့များ၊ KNU-KNLA/KNDOနဲ့ မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များ၊ ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီအတွက် အလုပ်လုပ်ပေးသူ၊ အကြမ်းဖက်စစ်သားမိသားစုဝင်များ၊ လက်နက်ချအညံ့ခံသူများမဲ့ သုံ့ပန်းအဖြစ်  လက်ရဖမ်းဆီးရမိခဲ့သူများကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားပြီး စစ်ကောင်စီရဲ့ မတရားတဲ့အမိန့်တွေကိုဖီဆန်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ CDM သူရဲကောင်းများကိုလည်း ထိုက်ထိုက်တန်တန် ဆုချီးမြင့် တာတွေ ပြုလုပ်ပေးခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ရှုံးမဲမဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု ရွာလုံးကျွတ်မီးရှို့ခြင်း၊ လက်နက်ကြီးတွေနဲ့ ကျေးရွာ များအတွင်း ပစ်ခတ်တာတွေ နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေတာကြောင့် လူမမည်ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ အပြစ်မဲ့ပြည်သူ ၂၅ ဦးသေဆုံးခဲ့ရပြီး ၄၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် အတင်းအကျပ်စစ်မှုထမ်းစေဖို့နဲ့ မတရားဖမ်းဆီး ခေါ်ဆောင်ခံရသူအရေအတွက်ဟာ သြဂုတ်လအတွင်း ၅၉၈ ဦးထိရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ဆောင်နေတဲ့ စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေးနဲ့ ပဲခူးရိုးမ ထိုးဖောက်ရေး စစ်ရေးစီမံချက်များကို အထိရောက်ဆုံး ဖော်ဆောင်နိုင်ဖို့ စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ နောင်ချိုရဲစခန်းနဲ့ လူနေရပ်ကွက်များကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၁၃ လုံးကြဲချတိုက်ခိုက် 


စက်တင်ဘာ၁၄ရက်


တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို စစ်ကောင်စီက  လေကြောင်းကနေ ဗုံး ၁၃ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က  စက်တင်ဘာ ၁၃ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ စက်တင်ဘာ ၁၃ ရက် နေ့လည်ပိုင်းကစပြီး နောင်ချိုမြို့က အရပ်သားပြည်သူတွေကို ဦးတည် ကာ လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် နောင်ချိုရဲစခန်းဝင်းအတွင်းနဲ့ လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အအုံများ ထိခိုက်ပျက်စီခဲ့တယ်လို့ အသိပေးထားပေမယ့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိ၊မရှိကို ဖော်ပြမထားပါဘူး။

တောင်ခမ်းတိုက်ပွဲကနေပြန်လာတဲ့ တော်လှန်ရေးရဲဘော်တွေ နောင်ချိုမြို့ကို ရောက်ရှိလာချိန်မှာ ဒေသခံပြည်သူအချို့က  ကြိုဆိုကြတဲ့ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပြန့်နှံ့လာပြီးတဲ့နောက် စစ်တပ်ထောက်ခံသူတွေရဲ့ လှုံ့ဆော်မှုကြောင့် စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်လာတာပဲဖြစ်တယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။

နောင်ချိုမြို့နဲ့ မိုင် ၂၀ ခန့်ကွာဝေးတဲ့ တောင်ခမ်းကျေးရွာက စစ်ကောင်စီလက်အောက်ခံ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် အပါအဝင် အမြောက်တပ်ရင်းတွေကို တအာင်းတပ်မတော်-TNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ပြီလို့ နောင်ချို ဒေသခံတွေကပြောနေပေမယ့် TNLA ဘက်က ဒီနေ့ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းအထိ အသိပေးထုတ်ပြန်တာမရှိသေး ဘဲ စက်တင်ဘာ ၁၃ ရက် နာရီခွဲဝန်းကျင်အထိ အမတ -၃၅၄ တပ်စခန်းမှာ TNLA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ တွေ ဖြစ်ပွားနေဆဲလို့သာ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ သိန္နီခရိုင်က နန်ဘိုင်းကျေးရွာကို စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အရပ်သား ဦးသေဆုံးကာ ဦးဒဏ်ရာရ 


စက်တင်ဘာ၁၄ရက်


ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့နယ်နဲ့ဆက်စပ်နေတဲ့ သိန္နီခရိုင်ထဲက နန်ဘိုင်းကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့  ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ဦးသေဆုံးပြီး ဦးဒဏ်ရာရသွားတယ်လို့ MNDAA က ဒီနေ့မနက်မှာ ထုတ်ပြန် ပါတယ်။ 

မနေ့ စက်တင်ဘာ ၁၃ ရက် နာရီခန့်အချိန်မှာ စစ်ကောင်စီတပ်က သိန္နီခရိုင် သံလွင်လျင်ဟိုမြို့နယ် နန်ဘိုင်းရွာက လူနေအိမ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ရာ အပြစ်မဲ့ပြည်သူ  ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ဦးအနက် ၃ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ မနေ့ စက်တင်ဘာ ၁၃ ရက်နေ့ တရက်တည်းမှာပဲ ရှမ်းပြည်နယ်မြော်ပိုင်းက နောင်ချိုမြို့နယ်နဲ့ ကရင်ပြည်နယ်က မြဝတီမြို့နယ်တို့်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါသေးတယ်။ 

စစ်ကောင်စီဟာ မနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ကနေ မွန်းလွဲ နာရီ ခွဲအချိန်ထိ နောင်ချိုမြို့နယ်အတွင်းကို လေကြောင်းကနေ အကြိမ်ကြိမ် လာရောက်ညပီး ဗုံးသီး ၁၃ လုံး ကြဲချတိုက်ခိုက်ခဲ့အတွက် နောင်ချိုရဲစခန်းဝင်းနဲ့ လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အအုံများစွာ ထိခိုက်ပျက်စီသွားခဲ့တယ်လို့ TNLA ကလည်းထုတ်ပြန်ထားပါတယ်။ 

ထို့အတူ စက်တင်ဘာ ၁၃ ရက် နာရီခွဲခန့်အချိန်ကလည်း ကရင်ပြည်နယ် မြ၀တီမြို့နယ်ထဲက လေးကေ့ကော်မြို့သစ်နဲ့ ထီးမယ်ဝါးခီကျေးရွာကို စစ်တပ်က လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။


========================


🚩🚩 ၄။ စစ်တပ်ခိုင်းစေချက်အရ ဆိုင်းတောင်ရွာကအိမ်တွေကို မီးရှို့ဖျက်ဆီးနေသူများအား KIA ဖမ်းမိ


စက်တင်ဘာ၁၄ရက်


အကြမ်းဖက်စစ်တပ်ရဲ့ ခိုင်းစေချက်အရ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာက ပြည်သူပိုင်နေအိမ်များကို မီးရှိုဖျက်ဆီးနေသူတွေကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA က ဖမ်းမိထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

မနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ဆိုင်းတောင်ရွာ ရပ်ကွက် အတွင်း စစ်တပ်ရဲ့ခိုင်းစေ ချက်အရ ပြည်သူပိုင် နေအိမ်များကို မီးရှို့နေသူ ၂၃ ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်က ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ 

ကချင်ပြည်နယ်အတွင်းသတင်းတွေကိုဖော်ပြနေတဲ့ ဒေသတွင်းသတင်းဌာန 7 Stars News က အကြမ်းဖက်စစ်တပ်နဲ့ ရှမ်းနီ တပ်တွေပူးပေါင်းပြီး စက်တင်ဘာ ၁၂ နဲ့ ၁၃ ရက်နေ့တို့မှာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဘိန်းစား အယောက် ၅၀ ကျော်ကို အသုံးပြုပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေဆက်လုပ်နေဆဲလို့ ဖော်ပြထား ပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့ည ၁၀ နာရီခွဲခန့်ကစပြီး ဆိုင်းတောင်ရွာတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA KPDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စက်တင်ဘာ ၁၃ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၂ ရက်မှာ ဆိုင်းတောင်ရဲစခန်းကို သိမ်းယူခဲ့တာကြောင့် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဆိုင်းတောင်ရွာက ဒေသခံပြည်သူတွေရဲ့ နေအိမ်များကို မီးရှို့ဖျက်ဆီးနေတဲ့အပြင် လေကြောင်း တိုက်ခိုက်တာ ဖားကန့် တပ်မကုန်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ မြောင် ကျောက်ရစ် ရဲစခန်းနဲ့ ရေကြောင်းကနေ စက်လှေတွေနဲ့ စစ်ကူလာတဲ့စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်တပ်ဘက် က ၁၇ ဦးသေဆုံးပြီး စက်လှေ စင်းနစ်မြုပ် 


စက်တင်ဘာ၁၄ရက်


စစ်ကိုင်းတိုင်း မြောင်မြို့နယ်က ကျောက်ရစ်ရဲစခန်းနဲ့ ရေကြောင်းကနေ စက်လှေတွေနဲ့စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်ဘက်က ၁၇ ဦးသေဆုံးပြီး စက်လှေ ၂စင်းနစ်မြုပ်ခဲ့သွားတယ်လို့ စစ်ကိုင်းခရိုင် အမှတ် တပ်ရင်း - MSPDF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ရက် မနက်ပိုင်းကစပြီး မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာက အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲစခန်းကို တော်လှန်ရေးရဲဘော်တွေက စစ်ကြောင်း ကြောင်းခွဲပြီး လက်နက်ကြီး လက်နက်ငယ်တွေအပါအဝင် ဒရုန်း တွေနဲ့ တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ရက်နေ့ထိ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲဖြစ်ချိန်ကစပြီး ရေစကြိုမြို့ဘက်ခြမ်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေနဲ့ နေစဉ့် ပစ်ကူပေး တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ရက်နက်ပိုင်းနဲ့ စက်တင်ဘာ ရက်နေ့တို့မှာလည်း လေကြောင်းကနေ ပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ရက်နေ့မှာ ရေစကြိုမြို့က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ စက်လှေတွေနဲ့ကူးလာပြီး စစ်ကူပေးခဲ့ရာ မြောင်မြို့နယ်ဘက်ခြမ်းက မြစ်ကမ်းစပ်အရောက် အသင့်စောင့်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လက်နက်ကြီး၊ လက်နက်ငယ်၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စက်လှေ စင်းထိမှန်ပျက်စီးခဲ့ပြီး နစ်မြုပ်သွား တာလို့ သိရပါတယ်။ 

ထို့ပြင် စက်တင်ဘာ ရက်နေ့ ညနေ နာရီခန့်မှာလည်း ရေယာဉ် စင်းနဲ့ မုံရွာမြို့  အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ ကတက်လာတဲ့ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စခန်းသိမ်းခါနီးအချိန်မှာ  ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့  MSPDF တပ်ဖွဲ့က အသိပေးထားပါတယ်။

စခန်းသိမ်းခါနီးအချိန်မှာ ရေကြောင်းကလာတဲ့ စစ်ကူတွေနဲ့ လေကြောင်းစ်ကူတွေကြောင့် စခန်းမသိမ်းနိုင်ခဲ့ပေမယ့် ဒီတိုက်ပွဲမှာ စစ်သား ၁၇ ဦးသေပြီး ၃၀ ခန့် ဒဏ်ရာရသွားသလို တော်လှန်ရေးတပ်တွေဘက်က ရဲဘော်တဦးကျဆုံးခဲ့ရပြီး ၁ဝ ဦး မစိုးရိမ်ရတဲ့ဒဏ်ရာတွေရခဲ့တယ်လို့  စစ်ကိုင်းခရိုင် အမှတ် တပ်ရင်း - MSPDF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် တပ်ရင်း-MSPDF သွေးသောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကြောင်း တကြောင်း၊ မြင်းခြံခရိုင်အမှတ် တပ်ရင်းနဲ့ မြောင်ကျေးရွာတပ်ပေါင်းစုမှ စစ်ကြောင်းတကြောင်း မြင်းခြံပကဖနဲ့ မြင်းခြံ ခရိုင်အမှတ် တပ်ရင်း-27 တို့က စစ်ကြောင်းတကြောင်း၊ Drone တပ်ဖွဲ့တွေဖြစ်တဲ့ MyinGyan District Drone Strike - MDDS Sagaing District Drone Force - SDDF တို့နဲ့အတူ တော်လှန်ရေးမဟာမိတ် တပ်ဖွဲ့ တွေဖြစ်တဲ့ Chaung U People Defence Force-CHU PDF မြင်းခြံခရိုင်အမှတ် တပ်ရင်း၊ CDSOM MRF မြောင်မြို့ နယ် တိုက်နယ်ပကဖ အင်အားစု မိတ္ထီလာခရိုင်အမှတ် တပ်ရင်း မန္တလေးခရိုင်အမှတ် တပ်ရင်း၊ Burmese Guerrilla Force-BGF နဲ့ Myung Union Army တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၆။ ရွှေပြည်သာ ၁၄ လမ်းဆုံက လုံခြုံရေးအစောင့်ဘန်ကာကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးနိုင်တယ်လို့ဆို


စက်တင်ဘာ၁၄ရက်


ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ၁၄ လမ်းဆုံမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဘန်ကာအတွင်းက စစ်သားတွေ လုံခြုံရေးကင်းလဲချိန်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးနိုင်တယ်လို့ GOD'S HAND FORCES အဖွဲ့က ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ ၁၄ ရက်နေ့ မနက် နာရီ ၁၀ မိနစ်ခန့်အချိန်မှာ ရွှေပြည်သာမြို့နယ် ၁၄ လမ်းဆုံမှာရှိတဲ့ အကြမ်းဖက် စစ်တပ် ဘန်ကာအတွင်းက စစ်သားတွေနဲ့ ကားနဲ့ရောက်လာတဲ့အကြမ်းဖက်စစ်သားတွေ ဘန်ကာအပြင်မှာ ကင်းအပြောင်း အလဲပြုလုပ်နေစဉ် မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်သားတွေ ကင်းချိန်းနေချိန်မှာ တိုက်ခိုက်နိုင်ခဲ့တာဖြစ်တဲ့အတွက် အကြမ်းဖက်စစ်သား ဦး ပြင်းထန်ဒဏ်ရာတွေနဲ့ လဲကျသွားတဲ့အတွက် သေဆုံးဖို့ရာခိုင်နှုန်းများတယ်လို့ ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့က ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ M043 စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းဖြစ်ပြီး ကြိမ်မြောက် လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုလို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို God's Hand Forces-GHF ရဲ့ မြို့ပြမှာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ လုံးဝအုပ်ချုပ်ခွင့်မရစေ ရေးနဲ့ စစ်ကောင်စီထောက်တိုင်တွေကို ရိုက်ချိုးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး မြို့ပြပြောက် ကျား တပ်ဖွဲ့ဝင်တွေ ဘေးကင်းစွာနဲ့ပြန်လာနိုင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။ 

ဒါကြောင့် မိဘပြည်သူများအနေနဲ့ စစ်ကောင်စီနဲ့ပတ်သတ်တဲ့ ထောက်တိုင်များ လုပ်ငန်းဌာနများ စစ်ကောင်စီ အထိုင်ကင်း များ လှည့်ကင်းများကို ဝေးဝေးကနေ ရှောင်ရှားသွားလာကြဖို့ မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၇။ ရခိုင်ဒေသ မြို့သိမ်းတိုက်ပွဲတွေမှာ ခိုးယူခံခဲ့ရတဲ့ ပြည်သူပိုင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာနဲ့ အသုံးအဆောင်ပစ္စည်းများကို AA က မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ် 


စက်တင်ဘာ၁၄ရက်


ရခိုင်ဒေသ မြို့သိမ်းတိုက်ပွဲတွေမှာ ခိုးယူခံခဲ့ရတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာနဲ့ အသုံးအဆောင်ပစ္စည်း တွေကို AA က မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်နေပြီး အလွဲသုံးစားလုပ်သူတွေကို အပြစ်ပေးအရေးယူထားတယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။ 

ရခိုင့်တပ်တော်အနေနဲ့ ရခိုင်ပြည်က ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြို့အပြင် ချင်းပြည်နယ်က ပလက်ဝဒေသကို အပြီးသတ်သိမ်းပိုက်ရရှိထားခဲ့ပြီး ဆက် လက်သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ လက်ကျန်မြို့တွေထဲက မောင်တောမြို့ အပါအဝင် တောင်ကုတ်၊ ကျိန္တလီ၊ ဂွ၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တွေကိုလည်း တမြို့မကျန် အလုံးစုံသိမ်းပိုက်ရရှိနိုင်ရေး ထိုးစစ်တွေ ဆက်လက် ဆင်နွှဲနေတယ်လို့ AA က ပြောပါတယ်။  

မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း အစရှိတဲ့မြို့တွေက ဒေသခံပြည်သူတွေဟာ တိုက်ပွဲမဖြစ်ခင် ကတည်းက တိုက်ပွဲလွတ်ရာနယ်မြေတွေကို ကြိုတင်ရှောင်ရှားနိုင်ခဲ့တာကြောင့် အသက်အန္တရာယ်ဆုံးရှုံးမှု နည်းခဲ့တယ်လို့ လည်း အသိပေးထားပါတယ်။

အဲဒီမြို့တွေက ဒေသခံပြည်သူတွေအနေနဲ့ တိုက်ပွဲတွေကိုရှောင်နိုင်ခဲ့ပေမယ့် ၎င်းတို့ပိုင်ဆိုင်တဲ့ ဆိုင်ကယ်၊ ကား၊ မီးခံသေတ္တာ အစရှိတဲ့ လေးလံပြီး ရွှေ့ပြောင်းသယ်ယူလို့အဆင်မပြေတဲ့ ထုထည်ကြီးတဲ့ပစ္စည်းတွေ လုံခြုံရေးအရယူမသွားဘဲ အိမ်မှာ ဖွက်ထားခဲ့တဲ့ ရွှေ၊ ငွေ စတာတွေ ပျက်စီးဆုံးရှုံးခဲ့ရုံသာမက ပျောက်ဆုံးမှုများရှိခဲ့တာကို စိတ်မကောင်းဖွယ် ကြားသိရတယ် လို့ AA က ပြောပါတယ်။ 

အခုလို ဒေသခံပြည်သူအချို့ရဲ့ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာတွေ ပျောက်ဆုံးမှုရှိခဲ့တာကို ကာယကံရှင်တွေရဲ့ တိုင်ကြားချက်နဲ့ AA ထောက်လှမ်းရေးအဖွဲ့များရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ သိလာရတာကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက သေချာစုံစမ်းစစ်ဆေးပြီး ပြစ်မှုကျူးလွန်ခဲ့ကြောင်း ထင်ရှားတဲ့သူတွေကို ထိုက်တန်တဲ့ အပြစ်ပေးအရေးယူမှုတွေ လုပ်ထား တယ်လို့လည်း ဆိုပါတယ်။ 

ပြစ်မှုကျူးလွန်ခဲ့သူတွေ ခိုးယူထားတဲ့ပစ္စည်းတွေကိုလည်း ပိုင်ရှင်အစစ်အမှန်များထံ ပေးအပ်ထားခဲ့ပြီး မပြီးပြတ်သေးတဲ့ ပျောက်ဆုံးမှုများကို ဆက်လက်စစ်ဆေးနေဆဲလို့ ထပ်မံအသိပေးထားပါတယ်။  

ထို့အတူ ပိုင်ရှင်တွေ ဖွက်ထားခဲ့သော ရွှေ၊ ငွေ အစရှိတဲ့ အဖိုးတန်ပစ္စည်းတွေကို AA တပ်ဖွဲ့ဝင်တွေ သွားရောက်ရှာဖွေရာက တွေ့ရှိခဲ့ရင်လည်း ပိုင်ရှင်အစစ်အမှန်များလက်ထဲကို ကောင်းမွန်စွာပြန်လည်အပ်နှံပေးခဲ့တယ်လို့ သိရပါတယ်။

ကျိန္တလီမြို့ အမှတ် ရပ်ကွက်မှာရှိတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတခုက ဘုရားကျောင်းပိုင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ ပစ္စည်းတွေကို အသင်းတော်သူ အသင်းသားတွေ ဖွဲ့ထားခဲ့တာကို AA တပ်ဖွဲ့ဝင်တွေ ရှာဖွေတွေ့ရှိခဲ့တာကြောင့် တွေ့ရှိခဲ့တဲ့ ပစ္စည်းတွေအားလုံးကို ကာယကံရှင်များလက်ထဲ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အဖိုးတန်ပစ္စည်းများ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာတွေ တိုက်ပွဲတွေကြောင့် ရှာဖွေလို့ မရအောင် ပျက်စီးဆုံးရှုံးသွားတာမျိုးမဟုတ်ဘဲ အိမ်မှာသိမ်းထား ဖွက်ထားခဲ့တဲ့ပစ္စည်းတွေ ရှာမတွေ့ဘူးဆိုရင် သက်ဆိုင်ရာ ဒေသ၊ နယ်မြေ အုပ်ချုပ်ရေးမှူးတွေဆီမှာ မှန်မှန်ကန်ကန်သတင်းပေးပို့ကြဖို့ AA က တိုက်တွန်းထားပါတယ်။

ရခိုင့်တပ်တော်အနေနဲ့ တိုက်ပွဲများအတွင်း လိုက်နာကျင့်သုံးရမယ့် အာရက္ခစစ်သည်တော်ကျင့်ဝတ်များ၊ ပြည်သူလူထုနဲ့ ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရမယ့်ဝတ္တရားတွေ တိကျစွာပြဋ္ဌာန်းကာ လိုက်နာကျင့်သုံး ကြဖို့ အဆင့်ဆင့်ညွှန်ကြားထားပြီးဖြစ်ပေမယ့် AA တပ်ဖွဲ့ဝင်အချို့နဲ့ အုပ်ချုပ်ရေးဘက်က အကျင့်ပျက်ဝန်ထမ်းအချို့ဟာ လုပ်ပိုင်ခွင့်၊ အာဏာကို အလွဲသုံးစားလုပ်ပြီး ပြည်သူ့စည်းစိမ်ဥစ္စာတွေကို ယူသုံးတာတွေပြုလုပ်နေတဲ့ အကျင့်ပျက်ဝန်ထမ်း တိုင်းကိုလည်း ထိရောက်စွာအရေးယူမယ်လို့ AA က ကြေညာထားပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် “Department of Law Enforcement and Public Security -DLEPS”  ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာနကိုဖွဲ့စည်းကာ တပ်ဖွဲ့ဝင် အသစ်များခေါ်ယူပြီး ဌာနကို တိုးချဲ့ဖွဲစည်းသွားမှာဖြစ်တဲ့အပြင် ပြည်သူလူထုနဲ့ပူးပေါင်းပြီး ပိုမိုလုံခြုံစိတ်ချရတဲ့ အနေအထားမျိုး ရရှိလာစေဖို့အတွက်လည်း ယခုထက်ပိုပြီး အားစိုက်ကြိုးစားဆောင်ရွက်သွားမယ်လို့  ရခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment