19th SEP 2024 - Morning Daily News by Radio NUG

 

၂၀၂၄ စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မြန်မာပြည်နဲ့ မြန်မာပြည်သူလူထုရဲ့အကျိုးစီးပွားသာလျှင် NUG ရဲ့ အကျိုးစီးပွားဖြစ်တယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်ပြော

📌 ၂။ ရေဘေးသင့် ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာနှင့် ဆေးဝါးကုသခြင်း အကူအညီများ NUG မှ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

📌 ၃။ မြန်မာအတွက် အရေးပေါ်အကူအညီငွေ (.) မီလီယံ ကောက်ခံရရှိခဲ့ကြောင်း ဥရောပသမဂ္ဂက အသိပေး

📌 ၄။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အတားအဆီးမရှိ၊ အပြည့်အဝပေးနိုင်ဖို့ ခွင့်ပြုပေးရန် ကနေဒါသံရုံး (ရန်ကုန်) တောင်းဆို

📌 ၅။ နော်ဝေးနိုင်ငံက UNOPS ဘက်စုံရန်ပုံငွေယန္တရားအလှူရှင်များနှင့် ပူးပေါင်းကာ ရေဘေးသင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ (၅၀၀,၀၀၀) ကို ကနဦးအနေဖြင့် ထောက်ပံ့ခဲ့

📌 ၆။ WFP မှ ရေဘေးသင့်ပြည်သူ (သိန်းခန့်အထိအတွက် တစ်လစာ စားနပ်ရိက္ခာများကို တိုက်ရိုက် ဖြန့်ဝေ ထောက်ပံ့ပေးသွားမည်

📌 ၇။ အမှတ် () စစ်ဒေသခွဲရှိ ရဲဘော်များ စုပေါင်း၍ ရေဘေးသင့်ပြည်သူများအား ကူညီ

📌 ၈။ သန်းခေါင်စာရင်းကောက်ယူရန်အတွက် ရေဘေးသင့်ပြည်သူတွေကို နေရပ်အမြန်ပြန်ပို့ဖို့ စစ်ခေါင်းဆောင် ညွှန်ကြား


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စကစက ဖားကန့်မှာ ကြဲခဲ့တဲ့ လေယာဉ်ဗုံးဖိုးနဲ့ ဆီဖိုးပေါင်းရင် နေပြည်တော် ရေဘေးကယ်ဆယ်ရေးအတွက် လုံလောက်တဲ့ ပမာဏလို့ ဝန်ကြီး ဒေါက်တာတူးခေါင် ရှုတ်ချပြောကြား

🚩 ၂။ သီပေါတွင် စစ်ကောင်စီ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီး () ဦး ဒဏ်ရာရ

🚩 ၃။ အင်းစိန် ရွာမအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

🚩 ၄။ ဒီပဲယင်း မြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာ () ခုကို တပြိုင်နက် တိုက်ခိုက်

🚩 ၅။ မိတ္တီလာမြို့နယ်က ရဲကင်းကို ဖောက်ခွဲတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ မြန်မာပြည်နဲ့ မြန်မာပြည်သူလူထုရဲ့အကျိုးစီးပွားသာလျှင် NUG ရဲ့ အကျိုးစီးပွားဖြစ်တယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်ပြော


မြန်မာပြည်နဲ့ မြန်မာပြည်သူလူထုရဲ့အကျိုးစီးပွားသာလျှင် NUGရဲ့ အကျိုးစီးပွားဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က PVTV နဲ့ သီးသန့်တွေ့ဆုံမေးမြန်းချက်မှာ ပြောကြားခဲ့ပါတယ်။

"ကျွန်မတို့ရဲ့တိုင်းပြည်၊ ကျွန်မတို့ ပြည်သူလူထုရဲ့ အကျိုးစီးပွားသာလျှင် NUG ရဲ့ အကျိုးစီးပွားဖြစ်တယ်။ ဘယ်သူဘယ်ဝါရဲ့ ကြိုးကိုင်တဲ့ ရုပ်သေးအဖြစ် ခံမယ့်သူတွေ မဟုတ်ဘူးဆိုတာကိုတော့ တဖွဖွပြောနေရတဲ့ အနေအထားရှိတယ်" လို့ ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးအပေါ် တရုတ်သံရုံးက ထုတ်ပြန်တဲ့စာအပေါ် သက်ရောက်မှုကိုလည်း အများကြီး စိတ်မပူဘူးလို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ ရေဘေးသင့် ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာနှင့် ဆေးဝါးကုသခြင်း အကူအညီများ NUG မှ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ


ရေဘေးသင့် ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာနှင့် ဆေးဝါးကုသခြင်း အကူအညီများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက စက်တင်ဘာ (၁၈) ရက်မှာ ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် ရေကြီးရေလျှံဒေသများရှိ ဒေသခံပြည်သူများကို ကူညီကယ်ဆယ်ခြင်း၊ ဘေးကင်းသည့်နေရာများသို့ အရေးပေါ်ရွေ့ပြောင်းပေးခြင်း၊ စားနပ်ရိက္ခာနှင့်လူသုံးကုန် ပစ္စည်းများပံ့ပိုးခြင်း လုပ်ငန်းများကို မြေပြင်ရှိ မြို့နယ်တာဝန်ခံများမှတဆင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိတယ်လို့ အတည်ပြုဆိုထားပါတယ်။

လက်ရှိရေဘေးသင့်ဒေသများတွင် ဒေသခံပြည်သူများ အရေးပေါ်လူသားချင်းစာနာမှု အကူအညီများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အချိန်မီရရှိနိုင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ပကဖအဖွဲ့၊ ပကဖအဖွဲ့၊ ကျန်းမာရေးတာဝန်ခံများနှင့် လူသားစာနာတာဝန်ခံများက ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ပေးလျက်‌ရှိတယ်လို့သိရပါတယ်။

ဝန်ကြီးဌာနအနေနှင့်တိုက်ရိုက်ကူညီ ပြည်သူဆီ၊ လူသားစာနာနှင့်အတူ ဆောင်ရွက်မည်" အစီအစဉ်မှတဆင့် ဝန်ကြီးဌာနသို့ ပေးပို့လှူဒါန်းကြသည့်  အလှူငွေများကို ရေဘေးသင့် ပြည်သူများထံသို့ သက်ဆိုင်ရာတာဝန်ခံ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ထောက်ပံ့ပေးလျက်ရှိပါကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ မြန်မာအတွက် အရေးပေါ်အကူအညီငွေ (.) မီလီယံ ကောက်ခံရရှိခဲ့ကြောင်း ဥရောပသမဂ္ဂက အသိပေး


မြန်မာအတွက် အရေးပေါ်အကူအညီငွေ (.) မီလီယံ ကောက်ခံရရှိခဲ့ပြီး ထောက်ပံ့ပေးရန် အသင့်ဖြစ်နေပြီလို့ ဥရောပသမဂ္ဂ (ရန်ကုန်) က စက်တင်ဘာလ (၁၈) ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်မှာ ယာယီတိုက်ဖွန်းမုန်တိုင်း၏ နောက်ဆက်တွဲ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခံစားရသော မြန်မာပြည်သူပြည်သားများအတွက် ဝမ်းနည်းကြောင်း ဥရောပသမဂ္ဂက ဆိုပါတယ်။

ဒါ့အပြင် ထိခိုက်ခံစားရသူများ အပါအဝင် မိသားစုဝင်များအားလုံးနှင့် အတူရှိနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက်မှုအတွက် EU သည် အရေးပေါ်အကူအညီငွေ . မီလီယံ ကောက်ခံရရှိခဲ့ပြီး ထောက်ပံ့ပေးရန် အသင့်ဖြစ်နေပြီလို့ ဆိုထားပါတယ်။


========================


📌📌 ၄။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အတားအဆီးမရှိ၊ အပြည့်အဝပေးနိုင်ဖို့ ခွင့်ပြုပေးရန် ကနေဒါသံရုံး (ရန်ကုန်) တောင်းဆို


လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အတားအဆီးမရှိ၊ အပြည့်အဝပေးနိုင်ဖို့ ခွင့်ပြုပေးရန် တောင်းဆိုကြောင်း ကနေဒါသံရုံး (ရန်ကုန်) က စက်တင်ဘာ (၁၈) ရက်မှာ တရားဝင်ထုတ်ပြန်ပါတယ်။

ပြင်းထန်သော ရေကြီးမှုများကြောင့် အသက်ဆုံးရှုံးမှု အများအပြား ဖြစ်ပွားခဲ့ခြင်း၊ လူနေအိမ်များ၊ အဆောက်အဦများနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ပျက်စီးဆုံးရှုံးစေခဲ့ခြင်းများအတွက် ကနေဒါနိုင်ငံက များစွာ ဝမ်းနည်းကြေကွဲမိပါတယ်။ ဤဖြစ်ရပ်ကြောင့် ထိခိုက်ခံစားရသူများအားလုံးအတွက် စာနာဆုတောင်းပေးလျက် ရှိတယ်လို့ ဖော်ပြပါတယ်။

ထို့အပြင် နိုင်ငံတစ်ဝန်း ထိခိုက်ခံစားရသည့် ပြည်သူလူထုကို အဓိကကျသော လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးနိုင်ရန် ကနေဒါနိုင်ငံက မိတ်ဖက်များကို ကူညီပံ့ပိုးပေးလျက် ရှိပြီးလူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အတားအဆီးမရှိ၊ အပြည့်အဝပေးနိုင်ဖို့ ခွင့်ပြုပေးရန် စစ်အာဏာရှင်အဖွဲ့အစည်းကိုလည်း ထပ်မံတောင်းဆိုလိုက်တယ်လို့ ဖော်ပြပါရှိပါတယ်။


========================


📌📌 ၅။ နော်ဝေးနိုင်ငံက UNOPS ဘက်စုံရန်ပုံငွေယန္တရားအလှူရှင်များနှင့် ပူးပေါင်းကာ ရေဘေးသင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ (၅၀၀,၀၀၀) ကို ကနဦးအနေဖြင့် ထောက်ပံ့ခဲ့


နော်ဝေးနိုင်ငံက UNOPS ဘက်စုံရန်ပုံငွေယန္တရားအလှူရှင်များနှင့် ပူးပေါင်းကာ ရေဘေးသင့်ရပ်ရွာများ၌ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ (၅၀၀,၀၀၀) ကို ကနဦးအနေဖြင့် ထောက်ပံ့ခဲ့တယ်လို့ နော်ဝေးသံရုံး (ရန်ကုန်) က စက်တင်ဘာ (၁၈) ရက်မှာ ထုတ်ပြန်ပါတယ်။

ဤထောက်ပံ့မှုတွင် အမိုးအကာ၊ အစားအစာ၊ ရေသန့်၊ အခြေခံဆေးဝါးများနှင့် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများပါဝင်ပြီး နော်ဝေးကြက်ခြေနီအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှတဆင့် အသုံးအဆောင်ပစ္စည်းများ၊ ကျန်းမာရေးအတွက် ငွေသားနှင့် အစားအသောက် ပါဆယ်ထုပ်များကို ဖြန့်ဝေပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင် လတ်တလောကြုံတွေ့နေရသော ရေကြီးရေလျှံမှုများကြောင့် နေအိမ်များ၊ သက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် ချစ်ခင်ရသူများအပါအဝင် ပျက်ဆီးဆုံးရှုံးမှုများအတွက် လွန်စွာဝမ်းနည်းကြေကွဲရပြီး ရေဘေးသင့်ပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၆။ WFP မှ ရေဘေးသင့်ပြည်သူ (သိန်းခန့်အထိအတွက် တစ်လစာ စားနပ်ရိက္ခာများကို တိုက်ရိုက် ဖြန့်ဝေ ထောက်ပံ့ပေးသွားမည်


အရေးပေါ်စားနပ်ရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ရေဘေးသင့်ပြည်သူ (သိန်းခန့်အထိအတွက် ဆန်၊ အားဖြည့်ဘီစကစ်များနှင့် အာဟာရ အထောက်အပံ့များ ပါဝင်သည့် တစ်လစာ စားနပ်ရိက္ခာများကို တိုက်ရိုက် ဖြန့်ဝေ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း WFPမှ သတင်းထုတ်ပြန်ပါတယ်။

တစ်ချိန်တည်းတွင် WFP ဝန်ထမ်းအဖွဲ့များသည် သီးနှံစိုက်ပျိုးရေး၊ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာ လက်လှမ်းမီရရှိရေးတို့အပေါ် ရေဘေး၏ အကျိုးသက်ရောက်မှု အခြေအနေများကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အကဲဖြတ်လေ့လာလျက်ရှိတယ်လို့ ဆိုထားပါတယ်။

စက်တင်ဘာ (၁၁) ရက်နေ့က မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့သည့် စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးကြီးမှုများ၊ ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ကြုံတွေ့ခဲ့ရကြောင်း၊ ရေလွှမ်းမိုးမှုများကြောင့် လက်ရှိအချိန်အထိ လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ကြရပြီး နိုင်ငံတစ်ဝန်းတွင် အနည်းဆုံး လူပေါင်း ၆၃၁,၀၀၀ ခန့် ဘေးသင့်ခဲ့ကြရကြောင်း ဖော်ပြထားပါတယ်။

စူပါတိုင်ဖွန်း ရာဂီကြောင့်ဖြစ်ခဲ့တဲ့ ဒီရေ‌ဘေးဟာ  မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးရေဘေးပါပဲ။ နိုင်ငံရဲ့ နေရာအတော်များများမှာ ရေလွှမ်းမိုးခံနေရပြီး တချို့နေရာတွေမှာဆိုရင် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအဖြစ် ရေလွှမ်းမိုးတာကို ကြုံတွေ့ရတာ ဖြစ်ပါတယ်။ဟု WFP  မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Sheela Matthew က ပြောပါတယ်။

ဒီရေဘေးရဲ့ စားနပ်ရိက္ခာဖူလုံမှုအပေါ် သက်ရောက်မှုက အင်မတန် ပြင်းထန်ဆိုးရွားလှပါတယ်။ ရေကြီးမှုတွေ မဖြစ်ပွားခင် သြဂုတ်လမှာကတည်းက မြန်မာနိုင်ငံမှာ လူဦးရေပေါင်း (၁၃) သန်းကျော်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုကို ကြုံတွေ့နေရတာပါ။ အခုလို တိုးပွားလာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်မတို့ဝန်ထမ်းအဖွဲ့တွေဟာ အချိန်နဲ့တပြေးညီ လုပ်ဆောင်နေကြပါတယ်။ဟု ၎င်းက ထပ်လောင်းပြောဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံလျက်ရှိသည့် ဒေသများရှိ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ရန် ရေဘေးတုံ့ပြန်မှုလုပ်ငန်းတစ်ရပ်ကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယခုသီတင်းပတ်တွင် စတင်သွားမည်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

WFP Program က ရေဘေးသင့်နယ်မြေတွေကို အကူအညီတွေ ပေးပို့တဲ့နေရာမှာ NUG နဲ့ မဟာမိတ်စိုးမိုးနယ်မြေတွေကို ဖြတ်သန်းသယ်ဆောင်တာ အဆိုပါနယ်မြေတွေက ဒုက္ခသင့် ပြည်သူတွေကိုပါ အကူအညီတိုက်ရိုက်ပေးမယ်ဆိုတာမျိုးတွေရဲ့ အစီအစဉ်တွေ ရှိ/မရှိကိုတော့ မသိရသေးပါဘူး။


========================


📌📌 ၇။ အမှတ် () စစ်ဒေသခွဲရှိ ရဲဘော်များ စုပေါင်း၍ ရေဘေးသင့်ပြည်သူများအား ကူညီ


တောင်ပိုင်းစစ်ဒေသ၊ အမှတ် () စစ်ဒေသခွဲ၊ ဧရာဝတီ၊ အမှတ် () တပ်ရင်း၊ တောင်ငူခရိုင် တပ်ရင်း (၃၅၀၂) နှင့်  ပဲခူးခရိုင်တပ်ရင်းများရှိ တပ်ရင်းရဲဘော်များနှင့် ဒေသခံများ ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့်ရေနှင့် စားနပ်ရိက္ခာများ ဝေမျှပေးခြင်းနှင့် ကူညီ‌ကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း တောင်ပိုင်းစစ်ဒေသမှ သတင်းထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း ထန်းတပင်မြို့နယ်အပါအဝင် ဒေသ‌အတော်များများတွင် ရေမကျသေးဘဲ 

ပြည်သူမှ ပြည်သူသို့ ကူညီကယ်ဆယ်ရေးများ၊‌ စားနပ်ရိက္ခာထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသော်လည်း အစားအသောက်၊ သောက်ရေနှင့်ဆေးဝါးများ များစွာ လိုအပ်လျက်ရှိကြောင်း ဖော်ပြထားပါတယ်။


========================


📌📌 ၈။ သန်းခေါင်စာရင်းကောက်ယူရန်အတွက် ရေဘေးသင့်ပြည်သူတွေကို နေရပ်အမြန်ပြန်ပို့ဖို့ စစ်ခေါင်းဆောင် ညွှန်ကြား


စက်တင်ဘာ (၁၇) ရက်က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးမှာ ရာဂီမုန်တိုင်းရဲ့ အရှိန်ကြောင့် သတိပေးထုတ်ပြန်မှုတွေ ဆောင်ရွက်ခဲ့ပေမယ့် အချိန်တိုအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး နိုင်ငံတစ်ဝန်း ပျက်စီးဆုံးရှုံးမှုတွေ ကြီးမားသွားလိမ့်မယ်လို့ မမျှော်လင့်ထားကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 

ကြိုတင်အသိပေးပြင်ဆင်မှုတွေ နောက်ကျခဲ့မှုနှင့် ကျေးရွာတွေမှာ မိုးကြီးပြီး ဆည်တွေမှာ ရေအားမနိုင်တော့လို့ အရေးပေါ် ရေပိုလွှဲကနေ ရေတွေ စွန့်ထုတ်ခဲ့ရတဲ့ ကိစ္စရပ်တွေမှာ ကြိုတင်အသိမပေးခဲ့မှုအပေါ်လည်း စစ်ခေါင်းဆောင် ဝန်ခံခဲ့ခြင်း မရှိပါဘူး။

သန်းခေါင်စာရင်းကောက်ယူရေးအတွက် အချိန်မီအောင် လာမယ့် သတင်းနှစ်ပတ်ခန့်အတွင်း ရေဘေးရှောင်ပြည်သူတွေကို နေရပ်ကို အမြန်ဆုံးပြန်လည်ပို့ဆောင်စေဖို့ မင်းအောင်လှိုင်က ညွှန်ကြားထားတယ်လို့လည်း သတင်းရရှိပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေး နှင့် ခါးရှဲလ်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ စကစက ဖားကန့်မှာ ကြဲခဲ့တဲ့ လေယာဉ်ဗုံးဖိုးနဲ့ ဆီဖိုးပေါင်းရင် နေပြည်တော် ရေဘေးကယ်ဆယ်ရေးအတွက် လုံလောက်တဲ့ ပမာဏလို့ ဝန်ကြီး ဒေါက်တာတူးခေါင် ရှုတ်ချပြောကြား


စကစက ဖားကန့်မှာ ကြဲခဲ့တဲ့ လေယာဉ်ဗုံးဖိုးနဲ့ ဆီဖိုးပေါင်းရင် နေပြည်တော် ရေဘေးကယ်ဆယ်ရေးအတွက် လုံလောက်တဲ့ပမာဏလို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ဆိုရှယ်မီဒီယာမှာ စက်တင်ဘာ (၁၈) ရက်က ရှုတ်ချပြောကြားခဲ့ပါတယ်။

"မနေ့က တရက်ထဲ ဖားကန့်မှာ ကြဲခဲ့တဲ့ လေယာဉ်ဗုံးဖိုးနဲ့ ဆီဖိုးပေါင်းရင် နေပြည်တော် ရေဘေးကယ်ဆယ်ရေးအတွက်ကောင်းကောင်းလုံလောက်တယ်"လို့ ဝန်ကြီးက ဆိုပါတယ်။

စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှုကြောင့် နေပြည်တော်တပ်ကုန်းအပါအဝင် နေရာဒေသအနှံတွင် အရပ်သားပြည်သူများ သေဆုံးမှုအများအပြား ရှိခဲ့ပါတယ်။


========================


🚩🚩 ၂။ သီပေါတွင် စစ်ကောင်စီ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီး () ဦး ဒဏ်ရာရ


ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအောင်းတပ်မတော် TNLA တပ်မဟာ ထိန်းချုပ်နယ်မြေ၊ သီပေါမြို့တွင် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် အမျိုးသမီး () ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကား တစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ (၁၇) ရက်၊ ညနေ () နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က သီပေါမြို့ အတွင်းကို လက်နက်ကြီး များဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့တာကြောင့် အုပ်ကျင်းရပ်ကွက်၊ ဘုရားကြီး ကျောင်းအတွင်း ကျရောက် ပေါက်ကွဲ ခဲ့ပြီး အသက် (၆၀) အရွယ် အမျိုးသမီး တစ်ဦးဒဏ်ရာရခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီက Y-12 စစ်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပန်းတိမ်တောင် (မြောက်) ရပ်ကွက်၊ ဝက်ဝံဈေးအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ကာ ဈေးရောင်းနေတဲ့ အသက် (၁၄) နှစ်အရွယ် အမျိုးသမီး တစ်ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အလားတူ () နာရီ ဝန်းကျင်မှာလည်း စစ်ကောင်စီက Jet Fighter ဖြင့် ဗုံး () လုံး၊ () နာရီ ခွဲမှာလည်း Y-12 ဖြင့် ဗုံးသီး (၆၀) နီးပါး ကြဲချခဲ့ရာ အများစုမှာ လူနေရပ်ကွက်များ အပေါ်မှာ ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ PSLF/TNLA က အသိပေး ထားပါတယ်။


========================


🚩🚩 ၃။ အင်းစိန် ရွာမအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်


ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်ရှိ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးအား ပြင်းအားမြင့် လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၁၈ ရက် နေ့လည် နာရီ ၁၀ မိနစ် ဝန်းကျင်မှာ Yangon Army (YA) နဲ့ အနောက်ပိုင်း ခရိုင် ပကဖ အဖွဲ့တို့ပူးပေါင်းပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးနဲ့ နောက်လိုက်အချို့ ပြင်းပြင်းထန်ထန် ထိခိုက်နိုင်တယ်လို့ YA က ဆိုပါတယ်။

ဆက်လက်ပြီး စစ်ကောင်စီအလိုကျ ပြည်သူကို မျိုးစုံဖိနှိပ်အနိုင်ကျင့်နေတဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို အားပေးအားမြှောက်ပြုနေတဲ့ အုပ်ချုပ်ရေးမှူးများကို ထိထိရောက်ရောက် တိုက်ခိုက်သွားမယ်လို့လည်း Yangon Army (YA) က  အသိပေးထားပါတယ်။


========================


🚩🚩 ၄။ ဒီပဲယင်း မြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာ () ခုကို တပြိုင်နက် တိုက်ခိုက်

  

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားတဲ့ နေရာ () ခုကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF) က သတင်းထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာလ (၁၇) ရက်နေ့မှာ ဒီပဲယင်းမြို့ပေါ်က ကံပြားရွာ ပုပ္ပါရုံဘုန်းကြီးကျောင်း၊ ဇွဲတိုက်၊ ရွှေဇာလီ ဘုရား၊ ..က စာသင်ကျောင်း၊ ကုန်းသာဦးဘုရား စတဲ့ စစ်ကောင်စီအထိုင်ချ နေရာ () နေရာကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုအတွင်း ပုပ္ပာရုံကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ အင်အား ၂၀ ခန့်ဟာ အထိခိုက်များစွာ ဖြင့် ဆုတ်ခွာထွက်ပြေး ခဲ့ကြတဲ့အပြင် ရွှေဇာလီကုန်းပေါ်က စစ်ကောင်စီ တပ်သားများလည်း (၄၀) မမ တိုက်ရိုက် ထိမှန်ခဲ့တာကြောင့် ဒဏ်ရာရခဲ့ကာ စာသင်ကျောင်းဘက်ကို ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force (FRF) ဒီပဲယင်းမြို့နယ် .က. (တိုက်နယ် - ) နဲ့  Burmese Guerrilla Force (GBF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက် မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ မိတ္တီလာမြို့နယ်က ရဲကင်းကို ဖောက်ခွဲတိုက်ခိုက်


မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက်၊ သံလမ်းအနီးက ရဲကင်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် () ဦး သေဆုံးခဲ့ပြီး () ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ထီလာပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ (၁၇) ရက် မနက် () နာရီ အချိန်မှာ နန်းတော်ကုန်း လမ်းနဲ့ ကန်ပတ်လမ်း လမ်းဆုံရှိ ရထား လမ်းဘေးက ရဲကင်းစခန်းကို  မိတ္ထီလာမြို့နယ် ပကဖ နဲ့ မိတ္ထီလာခရိုင် တပ်ရင်း () တို့က  ဗုံးခွဲတိုက်ခိုက်ခဲ့တာပါ။ 

အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ () ဦး သေဆုံးခဲ့ပြီး ရဲနဲ့ စစ်တပ်လိုလားတဲ့ အုပ်ချုပ်ရေးမှူး () ဦးခန့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ ကာကွယ်‌ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မိတ္တီလာမြို့ကို ပိတ်ဆို့ စစ်ဆေးမှုများ ဂိတ်ချစစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 

အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ (၁၆) ရက်နေ့ () နာရီ ဝန်းကျင်ကလည်း မိတ္ထီလာ မြို့မရဲစခန်းရှေ့မှာ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ထိခိုက်ဒဏ်ရာ ရတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေး နှင့် ခါးရှဲလ်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment