25th NOV 2024 - Morning Daily News by Radio NUG

၂၀၂၄ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်အုပ်စုအား ILO ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၃၃ နှင့်အညီ အရေးယူရန် ဆုံးဖြတ်ခဲ့မှုအပေါ် NUG သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ ကြိုဆို

📌 ၂။ ဒူးပလာယာခရိုင် ကော်သူးလေ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန နှစ် ၅၀ ပြည့်နှင့် ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနား ကျင်းပ

📌 ၃။ ရန်ကုန်တွင် ပျူစောထီးတက္ကစီကား ငှားစီးမိသည့် ပန်းတနော်မှ ခရီးသွား လူငယ် ဦး ပေါ်တာအဆွဲခံရ

📌 ၄။ ပင်လည်ဘူးတောင်ခြမ်းက စစ်ရှောင်တွေကို (ဒုတိယအကြိမ်) ငွေသားထောက်ပံ့လှူဒါန်း

📌 ၅။ အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေကို ရေဦးမြို့နယ် ပသုံးလုံးအဖွဲ့ ထောက်ပံ့

📌 ၆။ တောင်ကိုရီးယားတွင် မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချ လမ်းလျှောက်ချီတက် ဆန္ဒပြပွဲ ပြုလုပ်


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဝက်လက် ရဲစခန်းနဲ့ စစ်ကောင်စီ ဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

🚩 ၂။ ဆိပ်ဖြူတွင် စစ်ကား စီးကို မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဦးသေဆုံး

🚩 ၃။ ယင်းမာပင် စုပေါင်းရုံးကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

🚩 ၄။ စလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေါင်းညီနောင်စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့

🚩 ၅။ ကြို့ပင်ကောက်တွင် စစ်တပ်သတင်းပေး ပျူသင်တန်းဆင်းတဦးကို  ပစ်ခတ်ရှင်းလင်း

🚩 ၆။ ပေါင်မြို့နယ်က လူငယ် ၂ဝ ဦးကို စစ်မှုထမ်းအတွက် ဖမ်းဆီး

🚩 ၇။ ကျန်ဖိုင်မြို့ရှိ CDM စစ်သား၊ ရဲများအား လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် စစ်ဥပဒေဆိုင်ရာများ ပညာပေးဆွေးနွေး

🚩 ၈။ ထားဝယ်ခရိုင်မှ ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့များ တပ်ပေါင်းစု ဖွဲ့စည်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================



📌📌 ၁။ စစ်အုပ်စုအား ILO ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၃၃ နှင့်အညီ အရေးယူရန် ဆုံးဖြတ်ခဲ့မှုအပေါ် NUG သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ ကြိုဆို


နိုဝင်ဘာ ၂၄ 

Radio NUG 


လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စုဝေးတောင်းဆိုခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇ (၁၉၄၈)နှင့် အဓမ္မလုပ်အားခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် ၂၉ (၁၉၃၀) ကို ချိုးဖောက်မှုများ)အတွက် ILO စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တင်သွင်းခဲ့သည့် အစီရင်ခံစာပါ တိုက်တွန်းချက်များကို မြန်မာစစ်အုပ်စုအနေဖြင့် လိုက်နာရန် ပျက်ကွက်ပြီး ဆက်လက်ကျူးလွန်နေမှုများနှင့် စပ်လျဉ်း၍ ၃၅၂ ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့ (ILO Governing Body) အစည်းအဝေးက ILO အနေဖြင့် နည်းပညာရပ်ဆိုင်ရာ ပံ့ပိုးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မပြုရန်နှင့် စစ်အုပ်စုအား ILO ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၃၃ နှင့်အညီ အရေးယူရန် ဆုံးဖြတ်ခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဝမ်းမြောက်စွာကြိုဆိုကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


အကြမ်းဖက်စစ်အုပ်စုအား ထိရောက်သည့် အပြစ်ပေးအရေးယူမှုများ အမြန်ဆုံးပြုလုပ်နိုင်ရေး သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်သည့် သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည့် ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ILO သုံးပွင့်ဆိုင်ယန္တရား၌ တရားဝင် ပူးပေါင်းဆောင်ရွက်ခွင့် ရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


သို့ဖြစ်ပါ၍ အဖွဲ့ဝင်နိုင်ငံများ၏ အခြေခံအလုပ်သမားအခွင့်အရေးကို အစဉ်အလေးထားသော ILO အဖွဲ့နှင့် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ဒီမိုကရေစီရေး လိုလားသော  ILO  အဖွဲ့ဝင် နိုင်ငံများ၊ နိုင်ငံတကာအလုပ်သမားသမဂ္ဂများနှင့် အလုပ်ရှင်အဖွဲ့အစည်းများအနေဖြင့် မြန်မာ ပြည်သူများ ဆုံးရှုံးလျက်ရှိသည့်  အခြေခံအလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးများကို အမြန်ဆုံး ပြန်လည်ဆောင်ကျဉ်းပေးနိုင်ရေးအတွက်  မြန်မာပြည်သူများကို အမှန်တကယ် ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့နှင့် လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားပါတယ်။


========================


📌📌 ၂။ ဒူးပလာယာခရိုင် ကော်သူးလေ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန နှစ် ၅၀ ပြည့်နှင့် ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနား ကျင်းပ


နိုဝင်ဘာ ၂၄ 

Radio NUG 


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနမှ ဦးဆောင်၍ ကော်သူးလေ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန နှစ် ၅၀ ပြည့်နှင့် ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနားအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ကျေးရွာများ၊ ဌာနများမှ တက်ရောက်သော လူဦးရေ စုစုပေါင်း (၁၂၀) ဝန်းကျင်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ အခမ်းအနားသည် ငါးလုပ်ငန်းဆိုင်ရာဗဟုသုတနှင့် ရိုးရာဓလေ့ငါးဖမ်းခြင်းနှင့် ပတ်သက်သော ကောင်းကျိုးများအား ပိုမိုသိရှိစေရန်၊ လူထုနှင့် ဌာနများအနေဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနကို ပိုမိုသိရှိလာစေရန်၊ ဌာနလုပ်ငန်းများအား ချပြ၍  ဌာနများ အချင်းချင်း ရင်းနှီးမှု/ ပူးပေါင်းဆောင်ရွက်မှု၊ ဌာနနှင့် လူထုပူးပေါင်း ဆောင်ရွက်မှုတို့ အားကောင်းလာစေရန် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါအခမ်းအနားသို့ ခရိုင်ဥက္ကဋ္ဌ ပဒိုစောလစ္စတန် နှင့် ဗဟို မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနမှူး ပဒိုမန်းကနေဒီ တို့မှ တက်ရောက်အားပေး၍ ကော်သူးလေမွေးမြူရေးနှင့် ရေလုပ်ငန်းဌာန (နို့တကော၊ ဝင်းရေး၊ ကော့ကရိတ်၊ ခရိုင်) ကရင်လူငယ်အစည်းအရုံး (KYO) ကရင်အမျိုးသမီးအစည်းအရုံး (KWO) ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာဆိုင်ရာလှုပ်ရှားမှုကွန်ရက် (KESAN)၊သစ်တောဌာန၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဌာန၊ လယ်ယာဌာန၊ ကျန်းမာရေးဌာန၊ ကရင်အမျိုးသား ရဲတပ်ဖွဲ့ (KNPF) ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာ ကော်မတီ (CIDKP) ကော်သူးလေအလုပ်သမား သမဂ္ဂ (FTUK) ဒေသနှင့်ကျေးရွာ အုပ်စုမှူး/ဥက္ကဋ္ဌများနှင့် ပြည်သူလူထုများ တက်ရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ ရန်ကုန်တွင် ပျူစောထီးတက္ကစီကား ငှားစီးမိသည့် ပန်းတနော်မှ ခရီးသွား လူငယ် ဦး ပေါ်တာအဆွဲခံရ


နိုဝင်ဘာ ၂၄

Radio NUG 


နိုဝင်ဘာလ ဒုတိယအပတ်တွင် ပန်းတနော်မြို့နယ် ဗောဓိကုန်းကျေးရွာမှ လူငယ် ဦးသည် ရန်ကုန်မြို့သို့ သွားရောက်ခဲ့ကြပြီး ကားငှားစီးခဲ့ရာတွင် ပျူစောထီးယာဉ်မောင်း၏ တက္ကစီကို ငှားရမ်းမိခဲ့ကာ ယာဉ်မောင်းက လိုရာခရီးမပို့ဘဲ အကြမ်းဖက်စစ်တပ်၏ စစ်သားစုဆောင်းရေးတပ်အတွင်းသို့  ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။


လူငယ် ဦး၏ မိသားစုဝင်များက ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရ၍ စစ်တပ်အတွင်းမှ ပြန်လည်ထုတ်ရန် ကြိုးပမ်းသော်လည်း မရခဲ့ဘဲ တောင်တွင်းကြီးမြို့ရှိ စစ်တပ်သင်တန်းကျောင်းသို့  ပို့ဆောင်ခံလိုက်ရပြီဖြစ်တယ်လို့ သိရပါတယ်။


လူငယ် ဦးတွင် တစ်ဦးမှာ ဆေးအောင်၍ ရေတပ်တွင် အမှုထမ်းရမည်ဖြစ်ပြီး ကျန်လူငယ် ဦးကို မည်သည့် တပ်ရင်းသို့ ပို့ဆောင်မည်ကို မသိရှိရသေးဘူးလို့ သိရပါတယ်။


========================


📌📌 ၄။ ပင်လည်ဘူးတောင်ခြမ်းက စစ်ရှောင်တွေကို (ဒုတိယအကြိမ်) ငွေသားထောက်ပံ့လှူဒါန်း


နိုဝင်ဘာ ၂၄

Radio NUG 


ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ် တောင်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု (၁၀၀) အတွက် ဒုတိယအကြိမ် ငွေသား ထောက်ပံ့ပေးခဲ့ကြောင်း ပြည်သူမှ ပြည်သူသို့မှ သတင်းထုတ်ပြန်ထားပါတယ်။


အိမ်ထောင်တစ်စုလျှင် ငွေသား (၁၀,၀၀၀/-) တစ်သောင်းကျပ်နှုန်း ထောက်ပံ့ ကူညီခဲ့ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်ရေးရာ အသိပညာပေး၊ လူ့အခွင့်ရေးရာများ အသိပေးဆွေးနွေးပေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေကို ရေဦးမြို့နယ် ပသုံးလုံးအဖွဲ့ ထောက်ပံ့


နိုဝင်ဘာ ၂၄ 

Radio NUG 


ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ လက်ပါးစေ ပျူစောထီး အကြမ်းဖက်စစ်ကြောင်းတို့ မီးရှို့ဖျက်ဆီးသွားခဲ့တဲ့ ကျေးရွာတွေကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ လုံခြုံရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပြည်သူတွေနဲ့အတူ စုပေါင်းပြီး သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။


မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာ ရွာက အိမ်ခြေ ၁၈၂ အိမ်အတွက် ဆန်အိတ် ၁၈၂ အိတ်၊ ပဲဆီ ၉၀ ပိဿာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင် ၃၆၄ အိတ်ကို နိုဝင်ဘာ ၂၃ ရက် မနေ့က သွားရောက်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက အဲဒီမီးဘေးသင့်ကျေးရွာတွေကို နိုဝင်ဘာ ၁၇ ရက်မှာ စစ်ကြောင်းထိုး၊ မီးရှို့ ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ တောင်ကိုရီးယားတွင် မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချ လမ်းလျှောက်ချီတက် ဆန္ဒပြပွဲ ပြုလုပ်


နိုဝင်ဘာ ၂၄ 

Radio NUG 


နိုဝင်ဘာလ ၂၄ရက်နေ့တွင် မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချ လမ်းလျှောက်ချီတက်ဆန္ဒပြပွဲ တောင်ကိုရီးယားတွင် ပြုလုပ်ခဲ့ကြောင်း MFDMCမှ သတင်းထုတ်ပြန်ထားပါတယ်။


တောင်ကိုရီးယား စံတော်ချိန် နံနက် ၁၁ နာရီမှ ညနေ နာရီအထိ တောင်ကိုရီးယားနိုင်ငံရောက် MFDMC နှင့် နွေဦးတော်လှန်ရေး သပိတ်အင်အားစု တောင်ကိုရီးယားရှိ မြန်မာနိုင်ငံသားများ၊ မြန်မာ့ဒီမိုကရေစီအရေးအားပေးထောက်ခံသော ကိုရီးယား နိုင်ငံရေး၊ ဘာသာရေးအဖွဲ့အစည်းများက  ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး  ဆိုးလ်မြို့ ဆိုးလ်ဘူတာရှေ့မှ တရုတ်သံရုံးအထိ လမ်းလျှောက်ချီတက်ဆန္ဒပြကြကာ လူဦးရေ ၂၀၀ အထက် တက်ရောက်ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။


ထို့အပြင် မွန်းလွဲ ၁၂ နာရီ ၃၀ မှ မွန်းလွဲ နာရီအထိ တောင်ကိုရီးယားနိုင်ငံရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြကာ တရုတ်သံရုံးအား အိတ်ဖွင့်ပေးစာများ ထုတ်ပြန်ကြေညာချက်များ ပေးပို့ခဲ့ကြပြီး တောင်ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ သဘောထားများ တောင်းဆိုချက်များအပြင် မြန်မာပြည်တွင်းရှိ သပိတ်ခေါင်းဆောင်များနှင့် မြန်မာပြည်သူများ၏ သဘောထားထုတ်ပြန်ကြေငြာချက်များ တောင်းဆိုချက်များကို တရုတ်သံရုံးသို့ စုစည်းပေးပို့ခဲ့တယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================




🚩🚩 ၁။ ဝက်လက် ရဲစခန်းနဲ့ စစ်ကောင်စီ ဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်


နိုဝင်ဘာ ၂၄ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်က စစ်ကောင်စီ တပ်စွဲထားရာ ရဲစခန်းနဲ့ စစ်ဆေးရေး ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဇာမဏီ ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ၂၄ ရက်နေ့မှာ အဆိုပါ ဝက်လက် ရဲစခန်းနဲ့ စစ်ကောင်စီ ဂိတ်ကို ၆၀ မမ လေးလုံးနဲ့ ၈၁ မမ လေးလုံး ကြဲချတိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတို့က လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဝက်လက် - သစ်စိမ့် လမ်းပိုင်းကို ဖြတ်သန်းခွင့် ပိတ်ချခဲ့တယ်လို့ သိရပါတယ်။


ယခု စစ်ဆင်ရေးကို ဇာမဏီ ဒရုန်းတပ်ဖွဲ့နဲ့ ဝက်လက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ ဆိပ်ဖြူတွင် စစ်ကား စီးကို မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဦးသေဆုံး


နိုဝင်ဘာ ၂၄ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ကပစ ၂၂ ကနေ ဆိပ်ဖြူမြို့ကို ထွက်လာတဲ့ စစ်ကား () စီးကို ၁၀ မိုင်လမ်းဆုံနဲ့ ဆိပ်ဖြူကြားမှာ မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Yenanthar Column က သတင်းထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ၂၃ ရက်၊ ညနေ နာရီ ၅၅ မိနစ်တွင် အဆိုပါ စစ်ကား () စီးကို အနီးကပ် မိုင်းဆွဲပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် မီတာ ၁၀၀ အကွာမှ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်မှ ဦး သေဆုံးပြီး အထိအခိုက်များခဲ့တယ်လို့ သိရကာ ပူပေါင်း တပ်ဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


ယခု တိုက်ခိုက်မှုကို Yenanthar Column ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်း ဆိပ်ဖြူဘာမထီ တပ်ခွဲ () တပ်ခွဲ () ဆိပ်ဖြူမြို့နယ် ပကဖ  အနောက်ပိုင်းဇုန် () မကွေးတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက် ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၃။ ယင်းမာပင် စုပေါင်းရုံးကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်


နိုဝင်ဘာ ၂၄ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြို့နယ်တွင် စစ်ကောင်စီ တပ်စွဲထားရာ စုပေါင်းရုံး ပေါ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်သူရိန် NPDF yinmarbim က ထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာ ၂၄ ရက်နေ့ မနက် နာရီမှာ ယင်းမာပင်စုပေါင်းရုံးကို Fix wing ဒရုန်းများဖြင့် Air Drop Boom အလုံး ၂၀ ကျော် ကြဲချခဲ့ပြီး ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။


၎င်းတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် Drone တပ်ဖွဲ့၊ ယင်းမာပင်ခရိုင် ဗျူဟာ (၄၇) National People Defence Force - Yinmarbin (NPDF) SBDF တောသားကြီး အာဠာဝက Local PDF မဟာမိတ် ပူပေါင်းအဖွဲ့တို့က ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ စလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေါင်းညီနောင်စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့


နိုဝင်ဘာ ၂၄ ရက်၊ 

Radio NUG


မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဒေါင်းညီနောင် စစ်ကြောင်းနဲ့ စစ်ကောင်စီကင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ၂၃ ရက်နေ့ ညမှာ စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ ညမစ်ရှင်အနေဖြင့် ဝင်ရောက်တိုက်ခိုက်ဖို့ ချဉ်းကပ်ခဲ့ရာ တာဝါတိုင်ကုန်းမှာ ကင်းယူထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့နဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


အနီးကပ် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ G3 , G4 လက်နက်ကြီး၊ စက်ကလေးများနဲ့ မနားတမ်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု မိနစ် ၄၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း ဒေါင်းညီနောင် မြို့ပြပြောက်ကျား အဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၅။ ကြို့ပင်ကောက်တွင် စစ်တပ်သတင်းပေး ပျူသင်တန်းဆင်းတဦးကို  ပစ်ခတ်ရှင်းလင်း


နိုဝင်ဘာ ၂၄ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက် မြို့နယ်၊ ဒေါင်းလူးရွာ အနီးတွင် စစ်တပ် သတင်းပေး၊ ပျူစောထီး သင်တန်းဆင်း တဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီvခရိုင်၊ တပ်ရင်း (၃၈၀၂) တပ်ခွဲ () က ထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ၂၃ ရက်နေ့၊ နေ့လည် နာရီ ၁၅ မိနစ် အချိန်မှာ ကြို့ပင်ကောက်မြို့ နဂါးနီလမ်းမှာ နေထိုင်တဲ့ စစ်တပ် သတင်းပေး ထွန်းမင်းစိုး ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။


ထွန်းမင်းစိုးဟာ ပျူစောထီး သင်တန်း အပတ်စဉ် () တက်ရောက်ထားသူ ဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ပြည်သူများရဲ့ ဆိုင်ကယ်များကို ဖမ်းဆီးပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းကို အဓိက လုပ်ဆောင်နေပြီး သူတောင်းစားပုံစံ၊ အမှိုက်ကောက် သမားပုံစံဖြင့် အသွင်ယူထောက်လှမ်းကာ စစ်တပ်အား သတင်းပြန်ပေးနေသူ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို တောင်ပိုင်းတိုင်း စစ်ဒေသ အမှတ် () စစ်ဒေသခွဲ၊ သာယာဝတီခရိုင်၊ တပ်ရင်း (၃၈ဝ၂) တပ်ခွဲ () Dragon Brothers (GBK - PDF) ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၆။ ပေါင်မြို့နယ်က လူငယ် ၂ဝ ဦးကို စစ်မှုထမ်းအတွက် ဖမ်းဆီး


နိုဝင်ဘာ ၂၄ 

Radio NUG 


ပေါင်မြို့နယ်က လူငယ်အယောက် ၂ဝ ကို စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်တွေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က နိုဝင်ဘာ ၂၂ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။


ပေါင်မြို့နယ် ဇင်ယော်ကျေးရွာက လူငယ် အယောက် ၂ဝ ကို နိုဝင်ဘာ ၁၉ ရက်နေ့ ၁ဝ နာရီကျော်လောက်မှာ ဝင်ရောက်ဖမ်းဆီးသွားပြီး ဖမ်းခေါ်ခံရသူတွေဟာ ကျောက်ထုတ်လုပ်ရေး အလုပ်သမားတွေ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။


ဖမ်းခေါ်ခံရသူတွေကို မုတ္တမနယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပြီး ရက်ပိုင်းအတွင်း စစ်သင်တန်းပို့မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။


အခုလို အစုအပြုံလိုက် ဖမ်းဆီးခံရတဲ့ သတင်းကြောင့် လူငယ်အတော်များများ စိုးရိမ်နေကြသည့်အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်မှုမထမ်းချင်လို့ ရှောင်တိမ်းဖို့ ကြိုးစားတဲ့ လူငယ်နှစ်ဦးကို မုတ္တမနယ်မြေရဲစခန်းမှာ စစ်ကောင်စီက အမှုဖွင့်ထားတယ်လို့လည်း ဆိုပါတယ်။


========================


🚩🚩 ၇။ ကျန်ဖိုင်မြို့ရှိ CDM စစ်သား၊ ရဲများအား လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် စစ်ဥပဒေဆိုင်ရာများ ပညာပေးဆွေးနွေး


နိုဝင်ဘာ ၂၄ 

Radio NUG 


မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်မြို့မှာ ရောက်ရှိနေထိုင်တဲ့ CDM စစ်သား၊ ရဲ အယောက် ၂၀ နှင့်အတူ လူ့အခွင့်အရေး၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) အသွင်ကူးပြောင်းကာလတရားမျှတရေး စတဲ့ခေါင်းစဉ်များကို ပြည်သူ့ပန်းတိုင်မှ ကိုကောင်းသူဝင်း (CDM ဗိုလ်ကြီး) ဦးဆောင်ကာ ပေါင်းစည်းလမ်း ပညာပေးသင်တန်းအစီအစဉ်အနေဖြင့် ၂၀၂၄၊ နိုဝင်ဘာလ ရက်နေ့မှ ရက်နေ့ အထိ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း ပြည်သူ့ပန်းတိုင်မှ သတင်းထုတ်ပြန်ထားပါတယ်။


CDM စစ်သားနှင့်ရဲများက သိရှိလိုတာများကို မေးမြန်းပြီး ကြုံတွေ့ခဲ့ရတဲ့ စစ်ကောင်စီတပ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများကို ထုတ်ဖော် ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


စစ်ကောင်စီတပ်မှ အောက်ခြေစစ်သားအများစုအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာများ၊ စစ်အတွင်းလိုက်နာရမည့် ဥပဒေသများ၊ ဂျီနီဗာကွန်ဗင်ရှင်းသဘောတူမှုများ စသည်တို့ကို သိရှိမှုအားနည်းတဲ့အတွက် အသိပညာဗဟုသုတများပေးခြင်းဖြင့် စစ်တပ်မှ ချိုးဖောက်ခဲ့သည့် စစ်ရာဇဝတ်မှုများကို ကိုယ်တိုင်ပါဝင်ဖော်ထုတ်ကူညီနိုင်ရန် ရည်ရွယ်ပြီး ပြည်သူ့ပန်းတိုင်က ပညာပေးအစီအစဉ်များကို လုပ်ဆောင်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။


သင်တန်းတက်ရောက်ခဲသည့် CDM စစ်သားနှင့် ရဲများသည် ရပ်ရွာအကျိုးပြုလုပ်ငန်းအနေနှင့် နိုဝင်ဘာ ရက်နေ့က New Champai ရှိ သုသာန်သို့ သွားရောက်ကာ မြက်ရှင်းခြင်း၊ အမှိုက်ကောက်ခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်းများ လုပ်ဆောင်ပေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၈။ ထားဝယ်ခရိုင်မှ ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့များ တပ်ပေါင်းစု ဖွဲ့စည်း


နိုဝင်ဘာ ၂၄ ရက်၊ 

Radio NUG


အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်က ပြည်သူ့ကာကွယ်ရေး  တပ်မတော်၊ ထားဝယ်ခရိုင် အမှတ် () တပ်ရင်း၊ အမှတ် () တပ်ရင်း နှင့် ထားဝယ်မြို့နယ်၊ လောင်းလုံမြို့နယ်၊ ရေဖြူမြို့နယ်၊ သရက်ချောင်း မြို့နယ်တို့က ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) များ ပူးပေါင်းပြီး ထားဝယ်ခရိုင် တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။


ထားဝယ်ခရိုင် အတွင်းရှိ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ အားလုံးနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန်၊ အမိန့် တခုတည်းအောက်မှာ ပူးပေါင်း တိုက်ပွဲဝင်နိုင်ရန်နဲ့ ဘုံရန်သူကို စုပေါင်းအားနဲ့ တွန်းလှန်တိုက်ခိုက်နိုင်ရန် တူညီသော ဘုံရည်မှန်းချက်ဖြင့် အောက်တိုဘာလ ၂၈ ရက်နေ့မှာ စတင်ဖွဲ့စည်း ခဲ့တာလို့ ဆိုပါတယ်။


ထားဝယ်ခရိုင် တပ်ပေါင်းစုကို ဒေသတွင်းက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ၊ Local PDF အဖွဲ့များ၊ ထောက်ပို့အင်အားစုများ၊ နိုင်ငံရေး အင်အားစုများ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် အင်အားစုများ၊ သတင်း မီဒီယာ ကွန်ယက်များ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်၊ အပြန်အလှန် ယုံကြည်မှု၊ လေးစားမှုတို့နဲ့ ဖေးမကူညီ ထိန်းကျောင်းပြီး စည်းလုံးညီညွတ်စွာဖြင့် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းနိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment