12th Dec 2024 - Evning Daily News by Radio NUG

၂၀၂၄ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨၁။ သယံဇာတများ အလေအလွင့် မဖြစ်စေဖို့နဲ့စနစ်တကျ ထုတ်ယူသုံးစွဲကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်းပြောကြား

📌 ⁨⁨⁨⁨၂။ အညာဒေသမှာ စိုက်ပျိုးမြေများ မဆုံးရှုံးရလေအောင် လယ်ယာ ပြန်လည်ဖေါ်ထုတ်ရေးကိုအားပေးသင့်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ပြောကြား

📌 ⁨⁨⁨⁨၃။ မြန်မာပြည်မှာ စစ်အာဏာရှင်ကျဆုံးမှုက မလွဲမသွေဖြစ်လာမယ်လို့ဆို

📌 ⁨⁨⁨⁨⁨၄။ နိုင်ငံတဝန်းက တိုက်ပွဲတွေနဲ့ ရေကြီးမှုတွေကြောင့် မြန်မာ့စီးပွားရေး ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိလို့ ကမ္ဘာ့ဘဏ် ခန့်မှန်း

📌 ⁨⁨⁨⁨၅။ ဖာပွန်ခရိုင်၊ တပ်မဟာ()နယ်မြေ၊ ဒွယ်လိုးမြို့နယ်ရှိ တောင်သုံးလုံးစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁၁ ရက်နေ့တွင် အပြီးသတ် သိမ်းယူ


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ဇီးကုန်းမှာ လူငယ်တွေကို ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ဦးသေဆုံး

🚩 ၂။ ရေနံချောင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့သတင်း ထောက်လှမ်းနေတဲ့ ရဲ ၂ဦးကို ပစ်ခတ်ရှင်းလင်း

🚩 ၃။ဇေယျဝတီမြို့အနီးက စစ်တပ်ကင်းပုန်းတွေကို ဖြူးပကဖ ပစ်ခတ်ရှင်းလင်း

🚩၄။တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တောင်ငူ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်

🚩 ၅။ ဖလမ်းနဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေတဲ့အတွက် လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးဖို့ CNDF ဖိတ်ခေါ်

🚩 ၆။လူထုတော်လှန်ရေးမှာ ပြန်လည်ပူးပေါင်းပါဝင်ဖို့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO/PNA ကို PNFC နဲ့ PNLO ဖိတ်ခေါ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨၁။ သယံဇာတများ အလေအလွင့် မဖြစ်စေဖို့နဲ့စနစ်တကျ ထုတ်ယူသုံးစွဲကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်းပြောကြား


ဒီဇင်ဘာ၁၂ရက်


သယံဇာတများ အလေအလွင့် မဖြစ်စေဖို့နဲ့စနစ်တကျ ထုတ်ယူသုံးစွဲကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောပါတယ်။

သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁၀ /၂၀၂၄) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။

"သယံဇာတလုပ်ငန်းများ ဆောင်ရွက်တဲ့နေရာမှာ မူဝါဒနဲ့ ကိုက်ညီမှုရှိစေရေးနှင့် သယံဇာတများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးတို့ကို ဒေသခံအဖွဲ့အစည်းများနှင့် လက်တွဲညီညီ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြဖို့ကို အလေးအနက်ထား မှာကြားလိုပါကြောင်း၊ ကြားကာလတွင် သယံဇာတစီမံ ခန့်ခွဲမှုကိစ္စရပ်သည် အလွန်အရေးပါတာကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ သယံဇာတကို သေချာ စီမံခန့်ခွဲဖို့ အရေးကြီးလှပြီး တဖက်မှာလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စရပ်များကို အလေးထားရသလို မြေပြင်တွင် ဒေသခံပြည်သူလူထုစားဝတ်နေရေး အဆင်ပြေစေဖို့အတွက်ကိုလည်း အထူးအလေးထား ဂရုစိုက်ရမှာ ဖြစ်ပါကြောင်း၊ ပို၍အရေးကြီးတာက သယံဇာတများ အလေအလွင့် မဖြစ်စေဖို့၊ စနစ်တကျ ထုတ်ယူသုံးစွဲကြဖို့ လိုအပ်ပြီး မြေပြင်မှာ သယံဇာတအပေါ် မိမိတို့ စီမံခန့်ခွဲရမည့်စနစ်တွေကို သေချာခိုင်မာအောင် စီစဉ်ထားဖို့ လိုအပ်မှာဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။

လက်ရှိမှာ ဖက်ဒရယ်သယံဇာတမူဝါဒရေးဆွဲရေးကော်မတီကလည်း  ဖက်ဒရယ်သယံဇာတမူဝါဒ မူကြမ်းများကို ကဏ္ဍအလိုက် ရေးဆွဲလျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨၂။ အညာဒေသမှာ စိုက်ပျိုးမြေများ မဆုံးရှုံးရလေအောင် လယ်ယာ ပြန်လည်ဖေါ်ထုတ်ရေးကိုအားပေးသင့်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ပြောကြား


ဒီဇင်ဘာ၁၂ရက်


အညာဒေသမှာ စိုက်ပျိုးမြေများ မဆုံးရှုံးရလေအောင် လယ်ယာပြန်လည်ဖေါ်ထုတ်ရေးကိုအားပေးသင့်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ကဒီဇင်ဘာ၁၂ရက်မှာ အသိပေးပြောကြားထားပါတယ်။

"တနိုင်တပိုင်ရွှေလုပ်ကွက်များကို လယ်ကွက်ပြန်ဖေါ်ထားတာဖြစ်ပါတယ်။နွေဦးတော်လှန်ရေး စဖြစ်ကတည်းက အညာပြည်သူတွေ ဒုက္ခမျိုးစုံခံစားရတဲ့အထဲမှာ အလုပ်အကိုင်အခွင့်အလမ်း ပျောက်ဆုံးတဲ့ ပြဿနာ ကြီးကြီးမားမားရှိနေတာလဲ တခုအပါအဝင်ဖြစ်ပါတယ်။မိသားစု စားဝတ်နေရေးအတွက်ရှိတဲ့ ယာမြေတွေ ထုခွဲ ရောင်းစားရင်း အသက်ဆက်ကြသလို တဖက်မှာ စားဝတ်နေရေးအတွက် ကြုံရာ ကျဘမ်း အလုပ်ရှာရင်း သဘာဝ သယံဇာတ အပေါ် အလွန်အကျွံမှီခိုလာရတဲ့ ပြဿနာဟာလဲ အလွန်ကြီးမားပါတယ်။ထို့ကြောင့် ပြည်သူများရဲ့အခက်အခဲကြား အလွန်အကျွံမဖြစ်ရလေအောင်တဖက်က ထိန်းကျောင်းနေရသလို၊ အရမ်းကြီး ထိန်းချုပ်တာမျိုးလဲ လုပ်မရပါဘူး။ဆန်ရေစပါးပေါကြွယ်ဝခဲ့တဲ့ အညာဒေသမှာ စိုက်ပျိုးမြေများ မဆုံးရှုံးရလေအောင် လယ်ယာ ပြန်လည်ဖေါ်ထုတ်ရေးဟာလဲ အရေးကြီးလှပါတယ်။ကျနော်တို့ အားလုံး အခက်အခဲများကို ကျော်လွှားရင်း မှားနေတဲ့ခေတ်ကာလကို ပြန်လည်တည့်မတ်နိုင်မှာပါ"လို့ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ဟာမကြာသေးမီကစစ်ကိုင်းတိုင်းရှိ ထိန်းချုပ်နယ်မြေများသို့ကွင်းဆင်းခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨၃။ မြန်မာပြည်မှာ စစ်အာဏာရှင်ကျဆုံးမှုက မလွဲမသွေဖြစ်လာမယ်လို့ဆို


ဒီဇင်ဘာ၁၂ရက်


မြန်မာပြည်မှာ စစ်အာဏာရှင်ကျဆုံးမှုကမလွဲမသွေဖြစ်လာမယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်ဇော်က ဒီဇင်ဘာလအတွင်းတွေ့ဆုံမေးမြန်းခန်းတခုမှာ ဆိုခဲ့ပါတယ်။

"ကျနော်တို့ဆီမှာ ပြည်ပကနေဘယ်သူမှ ကူညီပေးတာမဟုတ်ဘဲနဲ့ ပြည်သူလူထုရဲ့တော်လှန်စစ်ကြောင့်စစ်အာဏာရှင်တွေကျရှုံးနေတာ ဒါဟာလည်းနှစ်နှစ်သုံးနှစ်တာ ကာလအတွင်းမှာ မြို့ပေါင်း၉၀လောက် လွတ်မြောက်အောင်တိုက်နိုင်ပြီ၊ နယ်မြေတွေရဲ့တစ်ဝက်ကျော်ကျော် ၆၀ရာခိုင်နှုန်းက တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်အဝရှိနေတယ်၊ အခက်အခဲစိန်ခေါ်မှုတွေရှိနေမယ်။အကြမ်းဖက်စစ်ကောင်စီကို အားပေးနေတဲ့ နိုင်ငံတွေရှိနေမယ်။ ဒါပေမယ့် ဘာပြနေလဲဆိုတော့ ဆီးရီးယားတစ်ခုတည်းတင်မဟုတ်ပါဘူး။အာဏာရှင်တွေကို ကြည့်လိုက်ပါ တစ်ချိန်မှာ ကြမ်းတမ်းရက်စက်တဲ့ အာဏာရှင်တွေရဲ့နိဂုံးကဘယ်ဖြစ်လိုဖြစ်သွားသလဲ မြင်ပါလိမ့်မယ်၊ မြန်မာပြည်မှာ စစ်အာဏာရှင်ကျဆုံးမှုကလည်း မလွဲမသွေဖြစ်လာမယ်"လို့ဆိုပါတယ်။

လက်ရှိမှာစကစဟာရခိုင်ပြည်နယ်မှာမြို့အများစုကိုလက်လွှတ်ဆုံးရှုံးထားရပြီး အာရက္ခတပ်တော်ဟာစကစရဲ့ဗိုလ်မှူးချုပ်အဆင့်အထိ စစ်သုံ့ပန်းများကိုဖမ်းဆီးရမိထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၄။ နိုင်ငံတဝန်းက တိုက်ပွဲတွေနဲ့ ရေကြီးမှုတွေကြောင့် မြန်မာ့စီးပွားရေး ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိလို့ ကမ္ဘာ့ဘဏ် ခန့်မှန်း


ဒီဇင်ဘာလ ၁၂ရက်

မြန်မာနိုင်ငံတဝန်းဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ ရေကြီးမှုတွေအပါအဝင် ငွေကြေးဖောင်းပွမှု မြင့်မားနေတာတွေကြောင့် မြန်မာ့စီးပွားရေးဟာ ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်ပါတယ်။  

ကမ္ဘာ့ဘဏ်အနေနဲ့ ဇွန်လထုတ်အစီရင်ခံစာမှာ မြန်မာ့စီးပွားရေးဟာ ရာခိုင်နှုန်း တိုးလာမယ်လို့ ခန့်မှန်းခဲ့ပြီး ဆင်းရဲမွဲတေ မှုနဲ့ အကြမ်းဖက်မှုများ တိုးလာမမယ်လို့သတိပေးခဲ့ပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ ရေကြီးမှုတွ်ကြောင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ မြန်မာ့စီးပွားရေးဟာ ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိတယ်လို့ အသိပေးလာတာဖြစ်ပါတယ်။ 

မြန်မာ့စီးပွားရေးဟာ အကြပ်အတည်း စိန်ခေါ်မှုမျိုးစုံ ရိုက်ခတ်မှုနဲ့ ရင်ဆိုင်နေရပြီး ပဋိပက္ခဖြစ်ပွားနေတာ ငွေကြေးဖောင်း ပွမှုနှုန်းမြင့်မားတာ၊ သွင်းကုန်လုပ်ငန်းတွေမှာ ကန့်သတ်ချက်များရှိနေတာနဲ့ မုတ်သုံမိုးကြောင့်ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှု တွေကြောင့် စီးပွားရေးလုပ်ငန်းများနဲ့ အိမ်ထောင်စုများရဲ့ လူမှုစီးပွားဘဝအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုဖြစ်စေခဲ့တယ်လို့ လတ်တလော ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့နိုင်ငံ စီးပွားရေးစောင့်ကြည့် အစီရင်ခံစာက ဆိုပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်နေမှုဟာ မြင့်မားနေဆဲဖြစ်တာကြောင့် လူနေမှုဘဝနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း တွေ ဆိုးရွားစွာထိခိုက်စေခြင်း၊ ထုတ်လုပ်မှုနဲ့ထောက်ပံ့ရေးကွင်းဆက် ပျက်စီးနေခြင်းတို့ဟာ မြန်မာ့စီးပွားရေးအလားအလာ ကို မသေချာမရေရာမှုတွေ မြင့်တက်လာစေတယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စက်တင်ဘာလက တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်း Yagi မုန်တိုင်းကြောင့် လယ်ယာထွက်ကုန်တွေ ကျဆင်းသွားနိုင် ပြီး ကုန်ထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုကဏ္ဍတွေမှာလည်း ကုန်ကြမ်းပြတ်တောက်မှု၊ သွင်းအားစုများနဲ့ လျှပ်စစ်ဓာတ်အား မရရှိ မှုတွေကြောင့် ပြည်တွင်းဝယ်လိုအား နည်းပါးနေတယ်လို့လည်း ဖော်ပြထားပါတယ်။ 

ဒါဟာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ မြန်မာနိုင်ငံ ကထွက်ခွာသွားတာနဲ့ စစ်အအဏာရှင်တွေပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူခဲ့တာတွေကြောင့် မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ဆယ်စုနှစ်တခုစာလောက် ရပ်တန့်သွားခဲ့တာပဲဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨၅။ ဖာပွန်ခရိုင်၊ တပ်မဟာ()နယ်မြေ၊ ဒွယ်လိုးမြို့နယ်ရှိ တောင်သုံးလုံးစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁၁ ရက်နေ့တွင် အပြီးသတ် သိမ်းယူ


ဒီဇင်ဘာ၁၂ရက်


ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ တပ်မဟာ()နယ်မြေ၊ ဒွယ်လိုးမြို့နယ်ရှိ တောင်သုံးလုံးစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁၁ ရက်နေ့တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ကြောင်းကို ဒီဇင်ဘာ၁၂ရက်မှာ Force for Federal Democracy-FFDကအတည်ပြုဆိုထားပါတယ်။"Christmas အကြိုလက်ဆောင် တောင်သုံးလုံး SOLD OUT "လို့ဆိုထားပါတယ်။

တောင်းသုံးလုံးစခန်းကို KNLA စစ်ဆင်ရေးမှူးနှစ်ဦးက စစ်နည်းဗျူဟာပိုင်း ကွပ်ကဲပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ရက်အတွင်း ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် နာရီတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲတွင်စကစဘက်က ၁၆ ဦး သေဆုံးခဲ့ကာ ၁၂၀(မမ) လက်နက်ကြီး တစ်လက်၊ ၂၁ သေနတ် လက်၊ ၆၀(မမ)လက်နက်ကြီး လက်၊ ဇီးရိုးပွိုင့် လက်နက်ငယ် လက်၊ ငဂျင်းမှီး လက်၊ ဂျာမန်စက်ကြီး စုံ နှင့် မီးစက် လုံးတို့အား သိမ်းဆည်းရမိခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================



🚩🚩 ၁။ဇီးကုန်းမှာ လူငယ်တွေကို ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ဦးသေဆုံး


ဒီဇင်ဘာလ ၁၂ရက်။


ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင် ဇီးကုန်းမြို့နယ်မှာ လူငယ်တွေကိုပေါ်တာဆွဲဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေပါတဲ့အဖွဲ့ စောင့်ကြိုတိုက်ခိုက်ခံရပြီး ဦးသေဆုံးသွားတယ်လို့ ဒေသတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ 

ဇီးကုန်းမြို့နယ် မီးကောက်ပင်အုပ်စု ဒိုးနွယ်ရွာကလူငယ်တွေကိုပေါ်တာဆွဲဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဘော်ဘင်ရွာ ပျူစောထီးအဖွဲ့တွေပါတဲ့ ဆိုင်ကယ်ယာဉ်တန်းကို သာယာဝတီခရိုင် တပ်ရင်း၃၈ဝ၁ တပ်ခွဲ၃ နတ်စစ်သည်တပ်ဖွဲ့ နဲ့ BTZM GBK PDF - ပဲခူးရိုးမအခြေပြုတပ်ဖွဲ့က ရဲဘော်တွေ ဒီဇင်ဘာ ၁၁ ရက် မနက် ၁၀ နာရီခန့်မှာ ရှေ့ထွက်မိုင်းတွေနဲ့ စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပြီး စစ်ကောင်စီဘက်က တဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာ ရသူ ဦးရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒဏ်ရာရသူ ဦးထဲက ၂ဦးဟာ ဆေးရုံမှာ ထပ်မံသေဆုံးသွားခဲ့ပြီး ကျန်၂ဦးကတော့ ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဘက်က လူငယ်တွေကို ပေါ်တာဆွဲဖို့လာမယ်ဆိုတာသတင်းရတဲ့အတွက် တော်လှန်ရေးအင်အားစုတွေက ရှေ့ထွက်မိုင်းတွေ ကြိုတင်ပြင်ဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။

ဘော်ဘင်ရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဇီးကုန်းမြို့နယ်အပိုင် ပဲခူးရိုးမအစပ်မှာရှိတဲ့ ကံကြီး၊ ရွာချောင်၊ မီးကောက်ပင်၊ ဒိုးနွယ်၊ ခတ်ချိုကွင်း စတဲ့ကျေးရွာတွေမှာ ဆက်ကြေးကောက်နေပြီး ဆက်ကြေးမပေးတဲ့ရွာတွေမှာ ပေါ်တာဆွဲနေတဲ့အတွက် ဒေသခံလူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသနေသူတွေက ဆိုပါတယ်။

အခုတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း၃၈ဝ၁ တပ်ခွဲ၃ နတ်စစ်သည်တပ်ဖွဲ့ နဲ့ BTZM GBK PDF-ပဲခူးရိုးမအခြေပြု တပ်ဖွဲ့တို့ ပူးပေါင်းခုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ ဘေးကင်းတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ရေနံချောင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့သတင်း ထောက်လှမ်းနေတဲ့ ရဲ ၂ဦးကို ပစ်ခတ်ရှင်းလင်း


ဒီဇင်ဘာလ ၁၂ရက်။


မကွေးတိုင်း  ရေနံချောင်းမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့သတင်း လိုက်လံထောက်လှမ်းနေတဲ့ ရဲဒုတပ်ကြပ် ၂ဦးကို ဖမ်းဆီးရာမှာ ပြန်လည်ခုခံတဲ့အတွက် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ People's Defence Force-Yenangyaung YNG-PDF က ပြောပါတယ်။ 

ရေနံချောင်းမြို့နယ် လက်မှတ်ကုန်းနယ်မြေရဲစခန်းက ရဲဒုတပ်ကြပ်အောင်ဒင်နဲ့ ဒုတပ်ကြပ်မြတ်စိုးနိုင်တို့ဟာ အရပ်ဝတ်တွေ နဲ့ အရပ်သားအသွင်ယူကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ သတင်းတွေ လိုက်လံထောက်လှမ်းနေတယ်လို့ သတင်းရတဲ့ အတွက် ဒီဇင်ဘာ ၁၁ ရက် နေ့လည် ၁၁ နာရီခန့်မှာ ကာကွယ်ရေးအဖွဲ့တွေ ကြိုတင်စောင့်ပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

သူတို့၂ ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မကျည်းတိုင်း-ဖိုးကိုးလမ်းပေါ်မှာ ဖမ်းဆီးတာဖြစ်ပြီး ဆိုင်ကယ်ရပ်မပေးဘဲ လက်ပစ်ဗုံးနဲ့ ပြန်လည်ခုခံဖို့ ကြိုးစားလာတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခံရပြီး အခင်းဖြစ်နေရာမှာတင် သေဆုံးသွားတယ်လို့ အသိပေးထားပါတယ်။

သူတို့ဆီကနေ လက်ပစ်ဗုံးတွေနဲ့ ဖုန်း လုံးအပြင် စာရွက်စာတမ်းတွေနဲ့ လွယ်ကြိုပါတဲ့အိတ်တလုံး သည်းဆည်းရရှိခဲ့တယ် လို့ ဓာတ်ပုံမှတ်တမ်းအရ သိရပါတယ်။ 

ဒီဖမ်းဆီးမှုကို People's Defence Force-Yenangyaung (YNG-PDF) Tamar Myay Special Coloum နဲ့ Midland Dolphin's Coloum တို့ ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၃။ဇေယျဝတီမြို့အနီးက စစ်တပ်ကင်းပုန်းတွေကို ဖြူးပကဖ ပစ်ခတ်ရှင်းလင်း


ဒီဇင်ဘာလ ၁၂ရက်။


ပဲခူးတိုင်း ဖြူးမြိုနယ် ဇေယျဝတီမြို့အရှေ့ဘက် လေးအိမ်စုကျေးရွာအနီးမှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PhyuTownship People's Defense Organization ဖြူးမြို့နယ်-ပကဖ က ပြောပါတယ်။

ဖြူးမြို့နယ် ဇေယျဝတီမြို့အရှေ့ဘက် လေးအိမ်စုကျေးရွာ အနောက်ဘက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ်နေတာကို ဖြူးမြို့နယ် ပကဖ ရဲဘော်တွေက ဒီဇင်ဘာ ၁၀ ရက် နာရီ ၄၀ မိနစ်ခန့်မှာ တိုက်ခိုက်ရှင်းလင်း ခဲ့တာလို့ သိရပါတယ်။

အခုလိုတိုက်ခိုက်ခံလိုက်ရတာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ချောင်းရိုးအတိုင်း ခင်ဝိုင်းရွာဘက်ကို ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ 

တပ်ပျက်ပြီးထွက်ပြေးသွားတဲ့ စစ်သားတွေကို ဖြူးမြိုနယ် ပကဖရဲဘော်တွေက ကျွန်းတောကုန်းရွာလမ်းထိပ် ဇရပ်အထိ လိုက်လံပစ်ခတ်တိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 

လက်ရှိအချိန်မှာ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တဲ့အတွက် စစ်တပ်ဘက်က ထိခိုက် သေဆုံးမှုကို စုံစမ်းနေဆဲလို့ ဖြူးမြို့နယ်-ပကဖ က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၄။တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တောင်ငူ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်


ဒီဇင်ဘာလ ၁၂ရက်။


ပဲခူးတိုင် တောင်ငူမြို့နယ်မှာရှိတဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ Brave Warriors for Myanmar BWM အဖွဲ့က ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။

တောင်ငူမြို့က တောင်ပိုင်းတိုင်း စစ်ဌာနချုပ် -တပခ ကို မနေ့ ဒီဇင်ဘာ ၁၁ ရက် ၁၁ နာရီခန့်မှာ ၁၀၇ မမ ရှော့တိုက်ဒုန်း လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ လုံး အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဆိုပါတယ်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ် မြောက်ဘက်ခြမ်းဒေသတွေအပါအဝင် ဒီနယ်မြေတွေနဲ့ ထိစပ်နေတဲ့နေရာတွေမှာရှိတဲ့ တော်လှန်ရေးအင်အားစုများအပြင် အပြစ်မဲ့ အရပ်သားပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို အမိန့်ပေးကွပ်ကဲနေတဲ့ တိုင်းစစ်ဌာနချုပ်တခုဖြစ်တဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

တိုင်းစစ်ဌာနချုပ်တွေကို တိုက်ရိုက်တိုက်ခိုက်ခြင်းဟာ ပင်မစစ်ဌာနချုပ်နဲ့အတူ ဌာနချုပ်အောက်မှာရှိတဲ့တပ်တွေလဲပြိုပြီး အင်အားချည့်နဲ့စေဖို့ ရန်ရည်ရွယ်တိုက်ခိုက်ခဲ့တာလို့လည်း ထပ်ပြီးအသိပေးထားပါသေးတယ်။ 

တိုင်းစစ်ဌာနချုပ်ကိုတိုက်ခိုက်နေချိန်မှာပဲ တောင်ငူမြို့အခြေစိုက် ကေတုမတီ လေတပ်စခန်းအတွင်းကိုလည်း ၁၀၇ မမ ရှော့တိုက်ဒုန်း လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံး အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိ၇ပါတယ်။

တောင်ငူလေတပ်စခန်းဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် လေတပ်ပြိုလဲရေးမစ်ရှင်တခုအဖြစ် တိုက်ခိုက်ခဲ့တာလို့ BWM အဖွဲ့ က ထုတ်ပြန်ထားပါတယ်။

စစ်ရှုံးကောင်စီဟာ တိုက်ခိုက်ရေးအတွက် လေတပ်ကို အစွမ်းကုန် တိုးမြှင့်အသုံးချနေတဲ့အတွက် တော်လှန်ရေးအင်အားစု များအနေနဲ့ လေတပ်ပြိုဖို့အရေး ပိုမိုကြိုးပမ်းလုပ်ဆောင်ကြဖို့လည်း BWM အဖွဲ့က  တိုက်တွန်းထားပါတယ်။

ဒီစစ်ဆင်ရေး ခုကို Brave Warriors for Myanmar-BWM အဖွဲ့ ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Forces -MKCDF Anti-Coup People’s Liberation Force -ACPLF နဲ့ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ရှုံးကောင်စီရဲ့ ထိခိုက်သေးဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေကို အသေးစိတ်သိရအောင် ဆက်လက်စုံစမ်းနေတယ်လို့  အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ ဖလမ်းနဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေတဲ့အတွက် လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးဖို့ CNDF ဖိတ်ခေါ်


ဒီဇင်ဘာလ ၁၂ရက်။


ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေဆင်နွှဲနေတဲ့ ဖလမ်းနဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲ အလုံးစုံအောင်မြင်မှုရရှိရေး လိုအပ်နေတဲ့ လက်နက်၊ ခဲယမ်းနဲ့ ကျည် ထောက်ပံ့ပေးဖို့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF က ဖိတ်ခေါ်ထား ပါတယ်။

ဖလမ်းနှင့်မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို နိုဝင်ဘာ ၉ရက်က စတင်ခဲ့ရာ လက်ရှိမှာ တလပြည့်ပြီးချိန်မှာ အောင်မြင်မှုအချို့ ရရှိထားသလို မနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ CNDF အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက အသိပေးပါတယ်။ 

အဖက်ဖက်ကကျဆုံးနေတဲ့ အကြမ်းဖက်စကစတပ်ကလည်း လေကြောင်းကရော မစ်ဇိုင်းတွေနဲ့ပါ တောက်လျှောက် စစ်ကူ ပေးနေတဲ့အတွက် အလုံးစုံအောင်မြင်နိုင်ဖို့ ပြည်သူတွေရဲ့ ရပ်တည်ပေးမှု၊ ဆုတောင်းပေးမှုနဲ့ လက်နက်ခဲယမ်း၊ ကျည်တွေ ထောက်ပံ့မှု လိုအပ်နေပါတယ်။ တတ်နိုင်သလောက် ပါဝင်အားဖြည့်ပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်လို့ CNDF အထွေထွေ အတွင်းရေးမှူးက ပြောပါတယ်။

မတူပီမြို့သိမ်းတိုက်ပွဲနဲ့ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွေမှာ အောင်မြင်မှုရထားတဲ့ ချင်းညီနောင်ဟာ ဖလမ်းနဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေချိန် ချင်းအမျိုးသားတပ်မတော် -CAN နဲ့ ချင်းဒေသကာကွယ်ရေးတပ်-CDF တွေ စုပေါင်းထားတဲ့ ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရတပ်တွေက ဟားခါးနဲ့ထန်တလန်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေရာ နိုဝင်ဘာ ၂၂ ကနေ ဒီဇင်ဘာလဆန်းအထိ စစ်ကောင်စီတပ်စခန်း ခု သိမ်းပိုက်ထားတယ်လို့ စစ်ရေး မှတ်တမ်းတွေအရ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ ချင်းတော်လှန်ရေးတပ်တွေဆင်နွှဲနေတဲ့ ဖလမ်းနဲ့မင်းတပ်မြို့သိမ်းတိုက်ပွဲတွေမှာ မြေပြင်ကနေ စစ်ကူ အင်အား ဖြည့်တင်းနိုင်ခြင်းမတဲ့အတွက် လေကြောင်းပစ်ကူတွေ အလွန်အကျွံအသုံးပြုခုခံနေတာကြောင့် ပြည်သူပိုင်အိမ်  မီးလောင်ပျက်စီးခဲ့ရသလို အရပ်သားပြည်သူသေဆုံးမှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။လူထုတော်လှန်ရေးမှာ ပြန်လည်ပူးပေါင်းပါဝင်ဖို့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO/PNA ကို PNFC နဲ့ PNLO ဖိတ်ခေါ်


ဒီဇင်ဘာလ ၁၂ရက်။


လူထုတော်လှန်ရေးမှာ ပြန်လည်ပူးပေါင်းပါဝင်ဆင်နွှဲဖို့ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO/PNA ကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - PNFC နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO တို့က ပူးတွဲကြေညာ ချက်တစောင်ထုတ်ပြန်ပြီး ဖိတ်ခေါ်ထားပါတယ်။

ဒီဇင်ဘာ ၁၁ရက်နေ့ကကျရောက်တဲ့ ၇၅ နှစ်မြောက် ပအိုဝ်းတော်လှန်ရေးနေ့ ကြေညာချက်ကို PNFC နဲ့ PNLO တို့ ပူးတွဲ ထုတ်ပြန်ခဲ့ရာမှာ ပအိုဝ်းလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ စစ်ကောင်စီလက်အောက်ခံ PNO/PNA ကို အခုလို တိုက်တွန်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ပြည်ထောင်စုအရေးဟာ ပအိုဝ်းအရေးဖြစ်ပြီး ပအိုဝ်းအရေးသည် ပြည်ထောင်စုအရေးဖြစ်သည် ဆိုတဲ့ ခံယူချက်နဲ့အညီ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ပြည်သူလူထု တရပ်လုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို စုပေါင်းထူထောင်ကြမယ်လို့ ဖော်ပြထားပါတယ်။

PNO/PNA စတင်ဖွဲ့စည်းစဥ်က စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေး စတဲ့ မူတွေနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်တဲ့အတွက် အဲဒီမူတွေကို ပြန်လည်ကိုင်စွဲဖို့ PNFC နဲ့ PNLO တို့က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ 

စစ်ကောင်စီဟာ PNO အသွင်ပြောင်း ပြည်သူ့စစ်အဖွဲ့ကို လုပ်ပိုင်ခွင့်တွေပေးပြီး စစ်အာဏာရှင်စနစ် မပြုတ်ကျရေးအတွက် အသုံးချနေတာတွေ ရှိနေချိန်မှာ အခုလို တိုက်တွန်းနေတာလည်းဖြစ်ပါတယ်။ 

လက်ရှိမှာ PNO ပြည်သူ့စစ်အဖွဲ့ဟာ စစ်ကောင်စီနဲ့ပေါင်းပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- PNLA နယ်မြေဘက် ထိုးစစ်ဆင်နေတာကြောင့် ဆီဆိုင်နဲ့ မောက်မယ်ဒေသမှာ တိုက်ပွဲတွေ ဖြစ်နေတာရှိပါတယ်။

PNFC နဲ့ PNLO အနေနဲ့ ပအိုဝ်းပြည်သူတွေအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံက ပြည်သူလူထုကို ကာကွယ်ရမှာဖြစ် ပြီး ပအိုဝ်းအမျိုးသားအချင်းချင်းကြားနဲ့ တိုင်းရင်းသားအချင်းချင်းကြားက လက်နက်ကိုင်ပဋိပက္ခတွေကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ညှိနှိုင်းအဖြေရှာဖို့ အတတ်နိုင်ဆုံး ကျင့်သုံးနေတယ်လို့လည်း အသိပေးပါတယ်။

စစ်အုပ်စုဟာ ပအိုဝ်းအချင်းချင်းကြား ပဋိပက္ခဖြစ်စေရေး၊ ပအိုဝ်းနဲ့အခြားတိုင်းရင်းသားတွေကြား လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခဖြစ်စေရေး နည်းလမ်းပေါင်းစုံနဲ့ သပ်လျှိုဖြိုခွဲနေတာကြောင့် မိမိကိုယ်ကို မိမိခုခံကာကွယ်ပိုင်ခွင့်မူကို အခိုင်အမာ ကျင့်သုံးသွားမှာဖြစ်ပြီး ပအိုဝ်းအချင်းချင်းအကြားပဋိပက္ခမဖြစ်စေရေး PNO/PNA ဘက်က ပူးပေါင်းဆောင်ရွက်ပေးဖို့ လည်း ပန်ကြားထားပါတယ်။

ဒါကြောင့် ပအိုဝ်းအမျိုးသမီးနဲ့လူငယ်အဖွဲ့အစည်းများအပါအဝင် ပအိုဝ်းအရပ်ဖက်အဖွဲ့အစည်းများ၊ ပအိုဝ်းနိုင်ငံရေး အင်အားစုများ၊ ပအိုဝ်းစာပေယဉ်ကျေးမှုအသင်းအဖွဲ့များအပါအဝင် ပအိုဝ်းပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ PNLO နဲ့ PNFC တို့က တိုက်တွန်းထားပါတယ်။


⁨⁩ ⁨အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment