20th Jan 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨၁။ UK ဝန်ကြီးချုပ်ဟောင်းနဲ့ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတွေ့ဆုံခဲ့

📌 ⁨⁨၂။ မသန်စွမ်းကလေးငယ်များ၏ ပညာသင်ယူပိုင်ခွင့်ကို ချန်လပ်ထားခြင်း၊ငြင်းပယ်ခြင်း၊ လျစ်လျူရှုခြင်း မပြုသင့်ကြောင်း ယူနီဆတ်မြန်မာထုတ်ပြန်

📌 ⁨⁨၃။ နိုင်ငံတကာရှိ စစ်ကောင်စီအမှုထမ်းသံရုံးနဲ့သံအမတ်များ အလင်းဝင်ရောက်ဖို့ ကမ်ပိန်းလှုပ်ရှားရန် စီစဥ်မှုများရှိနေ

📌 ⁨⁨၄။ အာဆီယံမြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အသစ်အဖြစ် Othman Hashim ကို ခန့်အပ်


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ CDF - KKG အခြေခံစစ်သင်တန်းဆင်းပွဲ ဒု စစ်ဦးစီးချုပ် တက်ရောက်ခဲ့

🚩 ၂။⁨⁨ မင်းအောင်လှိုင်ကို စစ်ရေးနဲ့သာဆုံးဖြတ်ရမယ်ဆိုတာ အလွန်ရှင်းနေတာဖြစ်တယ်လို့သုံးသပ်

🚩 ၃။ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၄ ခုနှစ် တစ်နှစ်လုံးတွင် အမျိုးသမီး (၄၇၈) ဦး အသက်ဆုံးရှုံးခဲ့ရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨၁။ UK ဝန်ကြီးချုပ်ဟောင်းနဲ့ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတွေ့ဆုံခဲ့

===============

ဇန်နဝါရီ၂၀ရက်



UK ဝန်ကြီးချုပ်ဟောင်းနဲ့ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတို့ တွေ့ဆုံခဲ့တယ်လို့ ဇန်နဝါရီ၁၉ရက်မှာ ဝန်ကြီးဒေါက်တာဆာဆာက အသိပေးဆိုထားပါတယ်။

United Kingdom ၏ဝန်ကြီးချုပ်ဟောင်းLiz Truss, နဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဟောပြောချက်ကို တွေ့ ပြီး နားထောင်ရတာ ထူးခြားတဲ့ ဂုဏ်ယူစရာပါပဲလို့ဝ န်ကြီးကဆိုထားပါတယ်။

၂၀၂၅ခုနှစ်သို့ ခြေလှမ်းလာသည်နှင့်အမျှ မြန်မာနိုင်ငံ၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် အီတလီတို့အကြား ပိုမိုခိုင်မာသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးများနှင့် ပိုမိုကောင်းမွန်သော ထိတွေ့ဆက်ဆံမှုများ ရရှိပါစေကြောင်း ဝန်ကြီးကဆိုထားပါတယ်။


========================


📌📌 ⁨⁨၂။ မသန်စွမ်းကလေးငယ်များ၏ ပညာသင်ယူပိုင်ခွင့်ကို ချန်လပ်ထားခြင်း၊ငြင်းပယ်ခြင်း၊ လျစ်လျူရှုခြင်း မပြုသင့်ကြောင်း ယူနီဆတ်မြန်မာထုတ်ပြန်


ဇန်နဝါရီ၂၀ရက်


မသန်စွမ်းကလေးငယ်များကိုလည်း သက်တူ၊ရွယ်တူ ကလေးများနှင့်အတူတကွ ပညာသင်ယူပိုင်ခွင့်ကို ချန်လပ်ထားခြင်း၊ငြင်းပယ်ခြင်း၊ လျစ်လျူရှုခြင်း မပြုသင့်ကြောင်း ယူနီဆတ်မြန်မာမှ ဇန်နဝါရီ၂၀ရက်မှာ ထုတ်ပြန်လာပါတယ်။

"ပညာရေးသည်ကလေးတိုင်းရရှိရမည့်မွေးရာပါအခွင့်အရေးဖြစ်ပါတယ်။သန်စွမ်းခြင်း၊မသန်စွမ်းခြင်းနှင့် ကလေး များ၏အမျိုးမျိုးသောနောက်ခံအရာများနှင့်မသက်ဆိုင်ပါ။မွေးရာပါအခွင့်အရေးတစ်ရပ်ဖြစ်သောအသက်ရှင် သန်ခွင့်၊ဖွံ့ဖြိုးတိုးတက်ခွင့်၊ကာကွယ်စောင့်ရှောက်မှုရယူပိုင်ခွင့်နှင့်ပူးပေါင်းပါဝင်ခွင့်စသောအခွင့်အရေး များကို အကြားအာရုံမသန်စွမ်းသူများလည်းရရှိသင့်ပါတယ်။မွေးရာပါအခွင့်အရေးတစ်ခုဖြစ်သော သက်တူ၊ ရွယ်တူ ကလေးများနှင့်အတူတကွ ပညာသင်ယူပိုင်ခွင့်ကို ချန်လပ်ထားခြင်း၊ငြင်းပယ်ခြင်း၊ လျစ်လျူရှုခြင်း မပြုသင့်ပါ"လို့ဆိုပါတယ်။

ထို့ကြောင့် အကြားအာရုံမသန်စွမ်းသောသူများမှသင်ယူနိုင်သည့်နည်းလမ်းကိုရှာဖွေပြီးထိုနည်းလမ်းဖြင့်သင်ပေး နိုင် ရန်အတွက်ပံ့ပိုးဆောင်ရွက် ပေးရန်လိုအပ်တယ်လို့ဆိုပါတယ်။


အကြားအာရုံမသန်စွမ်းကလေးများတစ်ဦးတစ်ယောက်မကျန်လူတိုင်းအကျုံးဝင်ပညာရေးကို ရရှိအောင်ပံ့ပိုး ကူညီ ရန် အတွက် "အကြားအာရုံချို့ယွင်းသောကလေးများအတွက် လူတိုင်းအကျုံးဝင် ပညာရေး"Inclusive Education for Hearing Impairment အွန်လိုင်း သင်တန်းကိုအခမဲ့တက်ရောက်ရန်ယူနီဆတ်မြန်မာကကြေညာထားပါတယ်။


========================


📌📌 ⁨⁨၃။ နိုင်ငံတကာရှိ စစ်ကောင်စီအမှုထမ်းသံရုံးနဲ့သံအမတ်များ အလင်းဝင်ရောက်ဖို့ ကမ်ပိန်းလှုပ်ရှားရန် စီစဥ်မှုများရှိနေ


ဇန်နဝါရီ၂၀ရက်


နိုင်ငံတကာရှိ စစ်ကောင်စီအမှုထမ်းသံရုံးနဲ့သံအမတ်များ အလင်းဝင်ရောက်ဖို့ ကမ်ပိန်းလှုပ်ရှားရန်စီစဥ်မှုများရှိနေတယ်လို့ ဇန်နဝါရီ၂၀ရက်မှာ ပြည်ပရောက်တော်လှန်ရေးအင်အားစုထဲမှ မြန်မာတဦးက Radio NUGကိုပြောပါတယ်။" ဒီအတွက် public campaign လည်း လုပ်ဖို့ စီစဉ်သူတွေ ရှိပါတယ်"လို့ ၄င်းကဆိုပါတယ်။

လက်ရှိမှာ စကစရဲ့ အမှုတော်ထမ်းတဲ့သံအမတ်နဲ့သံရုံးများဟာ နိုင်ငံတကာရောက်မြန်မာအင်အားစုများကိုအကူအညီပေးခြင်းမရှိဘဲ စစ်ကောင်စီလမ်းညွှန်ချက်များအတိုင်းဆောင်ရွက်လျက်ရှိပါတယ်။

"စကစပြုတ်ကျရင် သံရုံးတွေဘယ်လိုပြန်ရယူမလဲဆိုတဲ့အရာက အဲဒါက ပြဿနာ အလျဉ်းမရှိပါဘူး။ သံရုံးအားလုံးက အစိုးရပိုင်မဟုတ်ဘဲ နိုင်ငံပိုင်သာဖြစ်တာမို့ အာဏာလက်လွတ်ဖြစ်သွားသူက အဲဒီသံရုံးကို ဥပဒေအရ ဆက်လက်သုံးစွဲနေထိုင်ခွင့် မရှိတော့လို့ပါ"လို့ တော်လှန်ရေးအင်အားစုဘက်က တဦးကလည်းသုံးသပ်ပြောပါတယ်။


========================


📌📌 ⁨⁨၄။ အာဆီယံမြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အသစ်အဖြစ် Othman Hashim ကို ခန့်အပ်


ဇန်နဝါရီ၂၀ရက်


အာဆီယံမြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အသစ်အဖြစ် Othman Hashimကို ခန့်အပ်လိုက်တယ်လို့သိရပါတယ်။အဆိုပါခန့်အပ်မှုအား Free Malaysia todayက ကိုးကားဖော်ပြပါတယ်။

မလေးရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က ဇန္နဝါရီ ၁၉ ရက်ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် Othmanအား ခန့်အပ်ကြောင်း ကြေညာခဲ့တာလို့သိရပါတယ်။

အာဆီယံဝန်ကြီးတွေက မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် Tan Sri Othman Hashim ကို ထောက်ခံပြီး သူ့ရဲ့လုပ်ပိုင်ခွင့်ကို ဖြည့်ဆည်းပေးရာမှာ ထောက်ခံကြောင်း ဖော်ပြခဲ့ပါတယ်။


 အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ CDF - KKG အခြေခံစစ်သင်တန်းဆင်းပွဲ ဒု စစ်ဦးစီးချုပ် တက်ရောက်ခဲ့


ဇန်နဝါရီ၂၀ရက်


CDF - KKG အခြေခံစစ်သင်တန်းဆင်းပွဲသို့ ဒု စစ်ဦးစီးချုပ် တက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

CDF - KKG တပ်ရင်း ( ) မှ လေ့ကျင့်သင်ကြားပေးခဲ့သော အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ( ) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် နေ့လည်ပိုင်းအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲဲ့ပါတယ်။သင်တန်းဆင်းပွဲ သို့ CDF - KKG ဒု စစ်ဦးစီးချုပ် တတ်ရောက်ခဲ့ပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များလည်း တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ သင်တန်းဆင်းပွဲတွင် စံပြဆု လက်ဖြောင့်ဆု ဇွဲဆုနှင့်စစ်ရေးပြ အလှဆုံးဆု အစရှိသည့် တစ်ဦးချင်း ထူးချွန်ဆုများကိုလည်း ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။


========================


🚩🚩 ၂။⁨⁨ မင်းအောင်လှိုင်ကို စစ်ရေးနဲ့သာဆုံးဖြတ်ရမယ်ဆိုတာ အလွန်ရှင်းနေတာဖြစ်တယ်လို့သုံးသပ်


ဇန်နဝါရီ၂၀ရက်


မင်းအောင်လှိုင်ကို စစ်ရေးနဲ့သာဆုံးဖြတ်ရမယ်ဆိုတာ အလွန်ရှင်းနေတာဖြစ်တယ်လို့ PDF Insightကသုံးသပ်ဆိုပါတယ်။

ဇန်နဝါရီလအတွင်း စစ်ရေးသုံးသပ်ချက်များကိုဖော်ပြနေတဲ့PDF Insightက သုံးသပ်ဖော်ပြပါတယ်။

"မင်းအောင်လှိုင်ဟာ သာမန်စစ်အာဏာသိမ်းဗိုလ်ချုပ်တယောက်မဟုတ်ပါဘူး။ စစ်တပ်ရဲ့ ဆိုးဝါးတဲ့ အမွေအားလုံးကို ဆက်ခံထားသူဖြစ်တဲ့အပြင် လူတဦးချင်း အငုံ့စိတ်တွေ၊ ဥာဏ်ပညာနုံနည်းမှုတွေ ပေါင်းထားတဲ့ အစုအဝေးတခုပါပဲ။ အဲဒီနေရာကို ဘယ်သူထိုင်ထိုင် ဒီအတိုင်းဖြစ်ဖို့များပါတယ်။ ဒီလိုလူသိုက်တွေကို ပြောင်းလဲလာဖို့က မဖြစ်နိုင်ပါဘူး။ စစ်ရေးနဲ့သာဆုံးဖြတ်ရမယ်ဆိုတာ အလွန်ရှင်းနေတာဖြစ်တယ်"လို့ဆိုပါတယ်။

လက်ရှိမှာတော်လှန်ရေးအင်အားစုများဟာ စစ်ရေးကို သင်ယူတဲ့အဆင့်ကျော်လွန်ခဲ့ပြီးEAO ခေါင်းဆောင်များရော NUG ယာယီသမ္မတ ကပါ အလွန်ရှင်းလင်းတဲ့ လမ်းကြောင်းတွေ ချပြထားပြီးဖြစ်တယ်လို့ဆိုပါတယ်။


========================


🚩🚩 ၃။ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၄ ခုနှစ် တစ်နှစ်လုံးတွင် အမျိုးသမီး (၄၇၈) ဦး အသက်ဆုံးရှုံးခဲ့ရ


ဇန်နဝါရီ၂၀ရက်


အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၄ ခုနှစ် တစ်နှစ်လုံးတွင် အမျိုးသမီး (၄၇၈) ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဇန်နဝါရီ၂၀ရက်မှာ မြန်မာ့အမျိုးသမီးသမဂ္ဂမှ ထုတ်ပြန်ဖော်ပြပါတယ်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ ယနေ့အထိ () နှစ်နီးပါးအတွင်း စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် ကျူးလွန်သောရာဇဝတ်မှုများအပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ဆက်လက်ကျုးလွန်နေခြင်းကြောင့် အမျိုးသမီးများသည်လည်း နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေခဲ့ရပြီး ၂၀၂၄ ခုနှစ် တစ်နှစ်လုံးတွင် အမျိုးသမီး (၄၇၈) ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂသည် ပဋိပက္ခကာလအတွင်း မြန်မာ့အမျိုးသမီးများ၏ ရဲရင့်မှုနှင့် ရှင်သန်မှုများသည် တရားမျှတမှုနှင့် တန်းတူညီမျှမှုအတွက် ထင်ဟပ်သော အသံတစ်ခုအဖြစ် ခိုင်မာစွာရပ်တည်လျက် ရှိပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်




#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment