31st Jan 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨၁။⁨⁨ (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့သို့ ကာကွယ်ရေးဝန်ကြီးဌာနမှသဝဏ်လွှာပေးပို့

📌 ⁨⁨⁨⁨⁨၂။ မြန်မာပြည်သူတွေနဲ့ မြန်မာပြည်ရဲ့ အနာဂတ်ကို ကယ်တင်ပေးကြဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို သံအမတ်ကြီးဦးကျော်မိုးထွန်းတောင်းဆို

📌 ⁨⁨⁨⁨⁨၃။ ရွေးကောက်ပွဲကျင်းပပြီး စစ်တပ်ကကြီးစိုးနိုင်အောင် ကြိုးပမ်းနေတာကို ဆန့်ကျင်ရမယ်လို့ KNU ဥက္ကဋ္ဌ ပြော

📌 ⁨⁨⁨⁨⁨၄။ စစ်စည်းကမ်းကောင်း မွန်တဲ့တပ် ကသာ လူထုအတွက် အောင်ပွဲကို အမြန်ဆုံး ဆွတ်ခူးနိုင်မှာဖြစ်တယ်လို့ဆို

📌 ⁨⁨⁨⁨⁨၅။ မြန်မာပြည်စစ်အာဏာသိမ်းခြင်း နှစ်ပြည့် အီတလီနိုင်ငံမီလန်မှာ မြန်မာအင်အားစုများဆန္ဒပြမည်


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။မြိုင်နယ်အနောက်ခြမ်းက အောင်ဆန်းတက္ကသိုလ်ကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကျောင်းသူတဦးသေဆုံးပြီး ဦး ဒဏ်ရာရ

🚩 ၂။ (၇၆) နှစ်မြောက်ကရင့်တော်လှန်ရေးနေ့အခမ်းအနားကျင်းပရာ စစ်ရေးပြကွင်းကို စစ်တပ်က ကာမီကာဇေဒရုန်း ၂စင်းနဲ့ တိုက်ခိုက် 

🚩၃။ ယောကာကွယ်ရေး ဒရုန်းတပ်ခွဲစခန်း လေကြောင်းတိုက်ခိုက်ခံရပြီး အကျဉ်းသားတဦး ဒဏ်ရာရ 

🚩 ၄။ အကြမ်းဖက်စစ်ကောင်စီမှ တောင်သာမြို့ဇရပ်ကြီးရွာ အထက အနီး လေကြောင်းတိုက်ခိုက်မှု ပေါင် ၅၀၀ ဗုံးသီးချရာ အဆောက်အဦးအချို့ပျက်စီး

🚩 ၅။ဆိပ်ဖြူနယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ပြည်သူပိုင်အိမ်တွေကို ဖျက်ဆီးခဲ့တာကြောင့် ဆိုင်ကယ် ၂စီးနဲ့ ကားဝပ်ရှော့ မီးလောင်ပျက်စီး

🚩 ၆။ မြောက်ဥက္ကလာပမြို့နယ် ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်မှု ဦးဒဏ်ရာရ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================




📌📌 ⁨⁨⁨⁨⁨၁။⁨⁨ (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့သို့ ကာကွယ်ရေးဝန်ကြီးဌာနမှသဝဏ်လွှာပေးပို့


ဇန်နဝါရီ (၃၁) ရက်နေ့


ဇန်နဝါရီ၃၁ရက် ယနေ့ ကျရောက်သည့် (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့သို့ သဝဏ်လွှာ ပေးပို့ခွင့် ရသည့် အတွက် အထူး ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြအပ်တယ်လို့ ကွယ်ရေးဝန်ကြီးဌာနသဝဏ်လွှာပေးပို့ခဲ့ပါတယ်။

 ကရင့်တော်လှန်ရေးအတွက် ဘဝနှင့်အသက်ကို ရင်းနှီးပေးဆပ်ခဲ့သော ကရင့်အာဇာနည် ညီအကို၊ မောင်နှမများကို မှတ်တမ်းတင် အလေးပြု ဦးညွှတ်အပ်ပြီး ယနေ့ မြန်မာ့နွေဦးတော်လှန်ရေးတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) သည် ဘဝတူတော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲညီညွတ်စွာ ရှေ့တန်းမှ ဦးဆောင် ပါဝင်နေသည်ကို လေးစား အသိအမှတ် ပြုအပ်တယ်လို့ဆိုပါတယ်။

 အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကရင်ညီကိုမောင်နှမများ အပါအဝင် တနိုင်ငံလုံးရှိ လူမျိုးစုံ သွေးချင်းညီကိုမောင်နှမအားလုံးနှင့်  စည်းလုံးညီညွတ်စွာ  စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းများတွင် လက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုရင်း မင်္ဂလာရှိသော နေ့မြတ်တွင် သဝဏ်လွှာကို ညီရင်းအကို စိတ်ဓာတ်ဖြင့် ပေးပို့အပ်တယ်လို့ဖော်ပြထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၂။ မြန်မာပြည်သူတွေနဲ့ မြန်မာပြည်ရဲ့ အနာဂတ်ကို ကယ်တင်ပေးကြဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို သံအမတ်ကြီးဦးကျော်မိုးထွန်းတောင်းဆို


ဇန်နဝါရီ၃၁ရက်


ဇန်နဝါရီ၃၀ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးပွဲတရပ်ကျင်းပအပြီး သတင်းစာရှင်းလင်းပွဲမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းမှ အခုလိုတောင်းဆိုလိုက်ပါတယ်။

 "မြန်မာပြည်သူတွေနဲ့ မြန်မာပြည်ရဲ့ အနာဂတ်ကို ကယ်တင်ပေးကြဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျနော်ထပ်မံ တောင်းဆိုချင်ပါတယ်။ စစ်ကောင်စီ စီစဥ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံပါနဲ့။ စစ်ကောင်စီ လက်ထဲ လက်နက်တွေ မရရှိအောင် ပိတ်ပင်တားဆီးပေးပါ"လို့သံအမတ်ကြီးကပြောပါတယ်။

ဒါ့အပြင်လေယာဥ်ဆီနဲ့ အရပ်ဘက် စစ်ဘက် နှစ်မျိုးသုံးနိုင်တဲ့ ပစ္စည်းတွေ စစ်ကောင်စီထံမရောက်အောင် တားမြစ်ပေးဖို့ကို သံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် လက်ထောက် အမြဲတမ်းကိုယ်စားလှယ် James Kariuki နဲ့အတူ ပူးတွဲ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၃။ ရွေးကောက်ပွဲကျင်းပပြီး စစ်တပ်ကကြီးစိုးနိုင်အောင် ကြိုးပမ်းနေတာကို ဆန့်ကျင်ရမယ်လို့ KNU ဥက္ကဋ္ဌ ပြော


ဇန်နဝါရီ၃၁ရက်


အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပပြီး စစ်တပ်ကကြီးစိုးနိုင်အောင် ကြိုးပမ်းနေတာကို ဆန့်ကျင် ရမယ်လို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ပြည်သူလူထုဒုက္ခဆင်းရဲတွင်းရောက်နေတာ ဆန့်ကျင်တွန်းလှန်သူတွေများလာတာတွေကို ဂရုမ စိုက်ဘဲ နည်းမှန်လမ်းမှန်ဖြေရှင်းတာမရှိတဲ့အပြင် စစ်တပ်က အမြဲတမ်းကြီးစိုးနိုင်အောင် ကြိုးပမ်းနေတာတွေကို ဆန့်ကျင် ဖို့ KNU ဥက္ကဋ္ဌ က ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။

စစ်အာဏာရှင်တွေဟာ မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ် တည်ဆောက်လိုစိတ်မရှိတဲ့အပြင်  အာဏာနဲ့ အကျိုးစီးပွားကို နည်းနည်းမှ အထိမခံဘဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆက်လက်ကိုင်စွဲနေဆဲလို့ အသိပေး ထားပါတယ်။

အာဏာကို ခိုင်ခိုင်မာမာနဲ့ ရေရှည်ချုပ်ကိုင်နိုင်ဖို့ တနိုင်ငံလုံး ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာဟာ နိုင်ငံတကာ အမြင်မှာ တရားဝင်အစိုးရအနေနဲ့ အသိအမှတ်ပြုခံရနိုင်ဖို့အတွက်လို့ ဆိုပါတယ်။

ဒီလိုပြင်ဆင် ဆောင်ရွက်နေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်တံ့နေဖို့နဲ့ စစ်တပ်ကြီးစိုးမှု အမြဲတမ်းရရှိနေဖို့ ဖြစ်ပါတယ်။ ဒါကို ကျနော်တို့ လက်မခံပါဘူး။ ကျနော်တို့အားလုံး အတူတကွဆန့်ကျင်ရမှာ ဖြစ်ပါတယ်လို့ KNU ဥက္ကဋ္ဌက ပြောပါတယ်။

လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲ ဆင်နွှဲ နေကြပြီဖြစ်တဲ့အတွက် စစ်ပွဲတွေဟာ မြို့ကြီးပြကြီးတွေအပါအဝင် နိုင်ငံတနံတလျားမှာ ဖြစ်ပွားနေတယ်လို့လည်း အသိပေးသွားပါတယ်။

စစ်အာဏာရှင်တွေက သူတို့အာဏာတည်မြဲရေးအတွက် လုပ်ဆောင်နေပေမယ့် အောင်ခြေအဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တွေသာမက အရာရှိတွေပါ စစ်မြေပြင်မှာ သုံ့ပန်းအဖြစ် လက်ရဖမ်းဆီးခံနေရပြီး တိုက်ပွဲဝင်လို့စိတ် ပျောက်ဆုံးနေချိန်ပဲ ဖြစ်ပါတယ်။ 

ဒီနေ့ ဇန်နဝါရီ ၃၁ ရက်ဟာ ကရင်အမျိုးသားတော်လှန်ရေး ၇၆ နှစ်မြောက်တဲ့နေ့ ဖြစ်ပြီး နှစ်ပေါင်း ၃ဝ ကျော်ကြာမှ မာနယ်ပလောမှာ ကရင်အမျိုးသားတော်လှန်ရေးနေ့ ကျင်းပနိုင်ခဲ့တာလို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၄။ စစ်စည်းကမ်းကောင်း မွန်တဲ့တပ် ကသာ လူထုအတွက် အောင်ပွဲကို အမြန်ဆုံး ဆွတ်ခူးနိုင်မှာဖြစ်တယ်လို့ဆို


ဇန်နဝါရီ၃၁ရက်


စစ်စည်းကမ်းကောင်း မွန်တဲ့တပ် ကသာ လူထုအတွက် အောင်ပွဲကို အမြန်ဆုံး ဆွတ်ခူးနိုင်မှာဖြစ်တယ်လို့ ဇန်နဝါရီ၃၁ရက်မှာ စစ်ရေးသတင်းများကိုသုံးသပ်ဖော်ပြနေတဲ့ PDF Insight ကဆိုပါတယ်။

"အခုဆို ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖတွေ ဖွဲ့စည်းထူထောင်တာ နှစ်ကြာလာပြီးတဲ့နောက်မှာ လေ့ကျင့်သား ပြည့်ဝပြီး စစ်ပုံကျတဲ့ တပ်တွေ အဖြစ် ပုံပေါ်လာပြီဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း ကျစ်လစ်ပြီး တပ်ဆင်ထောက်ပံ့မှုကောင်းမွန်တဲ့ PDF တွေကို အလုံးအရင်းနဲ့ မွေးထုတ်ပေးဖို့လိုအပ်သလို လေ့ကျင့်သားပြည့်ဝပြီး စစ်စည်းကမ်းကောင်း မွန်တဲ့တပ် ကသာ လူထုအတွက် အောင်ပွဲကို အမြန်ဆုံး ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။လက်ရှိမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အင်အားသိန်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၅။ မြန်မာပြည်စစ်အာဏာသိမ်းခြင်း နှစ်ပြည့် အီတလီနိုင်ငံမီလန်မှာ မြန်မာအင်အားစုများဆန္ဒပြမည်


ဇန်နဝါရီ၃၁ရက်


မြန်မာပြည်စစ်အာဏာသိမ်းခြင်း နှစ်ပြည့် အီတလီနိုင်ငံမီလန်မှာ မြန်မာအင်အားစုများဆန္ဒပြမယ်လို့သိရပါတယ်။စစ်အာဏာသိမ်းခြင်း နှစ်ကြာလည်း သွေးမအေးသော  မြန်မာ့လူထု နွေဦးတော်လှန်ရေးသည် အာဏာရှင်စနစ် ကျဆုံးသည်ထိ ဆက်လက်တော်လှန်ကြမယ်လို့အီတလီရောက်မြန်မာအင်အားစုကဆိုပါတယ်။

ဖေဖော်ဝါရီ၁ရက်  မီလန်မြို့Via Santa Sofia 13 သို့ အီတလီရှိ မြန်မာပြည်ဖွားမိသားစုများ လာရောက်ကြရန်ဖိတ်ခေါ်ထားပါတယ်။


 အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩 ၁။မြိုင်နယ်အနောက်ခြမ်းက အောင်ဆန်းတက္ကသိုလ်ကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကျောင်းသူတဦးသေဆုံးပြီး ဦး ဒဏ်ရာရ


ဇန်နဝါရီ၃၁ရက်


မကွေးတိုင်း မြိုင်မြို့နယ်အနောက်ခြမ်းမှာရှိတဲ့ အောင်ဆန်းတက္ကသိုလ်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခဲ့တာကြောင့် ကျောင်းသူတဦးသေဆုံးပြီး ကျောင်းသားတွေအပါအဝင် ဦးဒဏ်ရာရသွားတယ်လို့ ဒေသတွင်း သတင်းက ဆိုပါတယ်။ 

ဇန်နဝါရီလ ၃ဝ ရက်မနက်အစောပိုင်းဖြစ်တဲ့ ၁၂ နာရီခွဲအကျော်မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ စင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ဦး ဒဏ်ရာရသွားတတယ်လို့ We Love Myaing က ဖော်ပြထားပါတယ်။

ဒါ့အပြင် မကွေးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာ စင်းနဲ့ တ့တားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာ တစင်း စုစုပေါင်း ဂျက်ဖိုက်တာ စင်းကလည်း အောင်ဆန်းတက္ကသိုလ်ကို အဲဒီနေ့ ညနေ နာရီခွဲအချိန်မှာ လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့တဲ့အတွက် CDM ကျောင်းသူတဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ၂၉ ရက်နေ့ ညသန်ခေါင်ယံအချိန်က တိုက်ခိုက်ခံရမှုမှာ  ကျောင်းသူတဦး၊ ကျောင်းသားတဦးနဲ့ စျေးသည်၂ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၅နာရီခွဲအချိန် တိုက်ခိုက်ခံရမှုမှာ ဂန့်ဂေါမြို့နယ်ကနေ ကျောင်းလာ တက်တဲ့ ကျောင်းသူတဦးသေဆုံးခဲ့ပြီး ကျောင်းသူတဦးနဲ့ကျောင်းဆရာတဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ Myaing Intelligence Group က ရဲဘော်မြိုင်ကြီးကလည်း ဒေသတွင်းသတင်းတွေကို ပြောထားပါတယ်။

ဒီနေ့ ဇန်နဝါရီ ၃၁ ရက် မနက် ၁၀ နာရီလောက်မှာလည်း စစ်ကောင်စီဘက်က ကင်းထောက်ဒရုန်းတွေ တက္ကသိုလ်ဘက်ကို ဆက်တိုက်ဝဲနေသလို မြိုင်နယ်အရှေ့ခြမ်းနဲ့ ပုခုက္ကူမြို့ဘက်ကနေလည်း မြိုင်နယ်ထဲကို အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုး နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ (၇၆) နှစ်မြောက်ကရင့်တော်လှန်ရေးနေ့အခမ်းအနားကျင်းပရာ စစ်ရေးပြကွင်းကို စစ်တပ်က ကာမီကာဇေဒရုန်း ၂စင်းနဲ့ တိုက်ခိုက် 


ဇန်နဝါရီ၃၁ရက်


ကရင်အမျိုးသားအစည်းအရုံး- KNU ဗဟို ဌာနချုပ်ရှိရာ တပ်မဟာ မှာရှိတဲ့ စစ်ရေးပြကွင်းမှာကျင်းပနေတဲ့  ၇၆ နှစ် မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို အကြမ်းဖက်စစ်တပ် ကာမီကာဇေဒရုန်း စင်းနဲ့ လာရောက် တိုက်ခိုက်ခဲ့ တယ်လို့ KNU သတင်းရင်းမြစ်တွေနဲ့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဒီနေ့ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းမှာ KNU ဌာနချုပ်ရှိ စစ်ရေးပြကွင်းကို ကာမီကာဇေဒရုန်း စင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ စစ်လောဘီချန်နယ်တွေကလည်း ဖော်ပြခဲ့ကြပါတယ်။

ကရင်းသတင်းဌာနတခုဖြစ်တဲ့ Karen Information Center- KIC က ကရင်အမျိုးသားအစည်းအရုံး- KNU ဗဟို ဌာနချုပ် စစ်ရေးပြကွင်းအနီး ဒီနေ့ မနက် နာရီခွဲကျော်မှာ ကာမီကာဇေ အသေခံဒရုန်း စင်းနဲ့ တိုက်ခိုက်ခံရပြီး အရပ်သားတဦး ဒဏ်ရာရသွားတယ်လို့ အသိပေးထားပါတယ်။

အခုလို တိုက်ခိုက်ခံလိုက်ရတဲ့အတွက် အဆောက်အအုံတခုနဲ့ ကားတစီးပျက်စီးကာ လူတဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါ တယ်။ 

ဒီနေ့ ကျရောက်တဲ့ ၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးအခမ်းအနားကို မကြာသေးခင်က ပြန်လည်သိမ်းပိုက်ရရှိထားတဲ့ မာနယ်ပလောမှာ ကျင်းပခဲ့တာဖြစ်ပြီး KNU စစ်ဘက်နဲ့ အရပ်ဘက် ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါဟာ KNU အနေနဲ့ မာနယ်ပလောမှာ နှစ်ပေါင်း ၃ဝ ကြာမှ ကရင့်တော်လှန်ရေးအခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပ နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားတွေကို လုံခြုံရေးအခြေအနေပေါ် မူတည်ပြီး သက်ဆိုင်ရာ နေရာအသီးသီးမှာလည်း ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။


========================


🚩🚩၃။ ယောကာကွယ်ရေး ဒရုန်းတပ်ခွဲစခန်း လေကြောင်းတိုက်ခိုက်ခံရပြီး အကျဉ်းသားတဦး ဒဏ်ရာရ 


ဇန်နဝါရီ၃၁ရက်


မကွေးတိုင်း ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ်-YDF ရဲ့ ဒရုန်းတပ်ခွဲစခန်းတခုကို စစ်ကောင်စီက လေကြောင်း ကနေ တိုက်ခိုက်တဲ့အတွက် အကျဉ်းသားတဦး ပြင်းထန်ဒဏ်ရာရပြီး စစ်သုံးပစ္စည်းအချို့ပျက်စီးသွားတယ်လို့ YDF က မနေ့ ဇန်နဝါရီ ၃၀ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၉ ရက် နာရီကျော်အချိန်မှာ ယောကာကွယ်ရေးတပ် - YDF ဒရုန်းတပ်ခွဲစခန်းတခုကို နေပြည်တော် အေလာ လေတပ်ကတက်လာတဲ့ ဂျက်တိုက်လေယာဉ်က ပေါင် ၂၅၀ ဗုံးတလုံး ကြဲချခဲ့ပြီး ၁၂ နာရီ ၁၅မိနစ်ခန့်မှာ နောက်ထပ် ပေါင် ၂၅၀ ဗုံး လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒရုန်းတပ်စခန်းမှာရှိတဲ့ စစ်သုံးပစ္စည်းအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ အသိပေးထားပေ မယ့် အသေးစိတ်အချက်အလက်တွေကိုတော့ အသိပေးဖော်ပြမထားပါဘူး။

ဒီတိုက်ခိုက်မှုမှာ ဘုရားအလှုငွေပုံး ဖောက်ထွင်းမှုကြောင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသားတဦး ပြင်းထန်ဒဏ်ရာရ သွားတယ်လို့လည်း သိရပါတယ်။ 

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်တာမရှိဘဲ ဂန့်ဂေါမြို့နယ်အခြေစိုက် YDF စခန်းနေရာကို လေကြောင်းကနေ တိုက်ခိုက်လာတာ ဖြစ်တဲ့အတွက် ယောနယ်အတွင်းက ပြည်သူလူထုအနေနဲ့လည်း လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက်ကြဖို့ YDF က အသိပေးထားပြီး ကတုတ်ကျင်းတွေတူးထားဖို့ လုံခြုံမယ့်နေရာတွေကို ကြိုတင်ရှာဖွေထားကြဖို့ သတိပေးထားပါတယ်။

စစ်အာဏာရှင်အဆက်ဆက် အာဏာမစွန့်လွှတ်ရရေး ပြည်သူများအပေါ် ရက်စက်ယုတ်မာကြဖို့ လက်တွန့်နေမှာမဟုတ်တဲ့ အတွက် တော်လှန်ရေးအဖွဲ့တွေရဲ့ သတိပေးချက်တွေကို အလေးထားလိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

ယောဒေသကာကွယ်ရေးတပ် YDF အနေနဲ့ စစ်ရှိန်မြှင့်တင်ပြီး မကြာမီ တိုက်ပွဲတွေ ဖော်ဆောင်သွားမယ်လို့ ဇန်နဝါရီ ၂၉ ရက်နေ့က အသိပေးချက် ထုတ်ပြန်ထားပြီး တန်ဖိုးကြီးပစ္စည်းတွေကို သေချာစွာသိမ်းထားဖို့နဲ့ စစ်ဆင်ရေးကာလအတွင်း အခက်အခဲတွေမကြုံစေဖို့ ရိက္ခာနဲ့ ဆေးဝါးတွေ ကြိုတင်ပြင်ဆင်ထားကြဖို့လည်း အသိပေးထားပါတယ်။

YDF ဟာ ချင်းညီနောင်၊ ရခိုင့်တပ်တော် AA တို့နဲ့အတူ ချင်းပြည်နယ်အတွင်းက မြို့သိမ်းတိုက်ပွဲတွေမှာပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖြစ်ပါတယ်။


========================


🚩🚩 ၄။ အကြမ်းဖက်စစ်ကောင်စီမှ တောင်သာမြို့ဇရပ်ကြီးရွာ အထက အနီး လေကြောင်းတိုက်ခိုက်မှု ပေါင် ၅၀၀ ဗုံးသီးချရာ အဆောက်အဦးအချို့ပျက်စီး


ဇန်နဝါရီ၃၁ရက်


ဇန်နဝါရီ၃၀ရက်ည ၉နာရီ၅၈မိနစ်ခန့်၌ အကြမ်းဖက်စစ်ကောင်စီမှ တောင်သာမြို့ဇရပ်ကြီးရွာ အထကအနီး လေကြောင်းတိုက်ခိုက်မှု ပေါင် ၅၀၀ ဗုံးသီးချရာ အဆောက်အဦးအချို့ပျက်ဆီး၊ ဆိတ်တစ်ကောင်သေ၊ ပြည်သူထိခိုက်မှုမရှိခဲ့ကြောင်း လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာကအတည်ပြုထားပါတယ်။

သို့ဖြစ်၍ ပြည်သူများဂရုစိုက်နေထိုင်ကြရန်နဲ့ ပုန်းခိုကျင်းစနစ်တကျတူးထားကြဖို့၊လေယာဉ်သံ အချက်ပေးစနစ်ကျင့်သုံးကြဖို့နှိုးဆော်ထားပါတယ်။


========================


 🚩🚩 ၅။ဆိပ်ဖြူနယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ပြည်သူပိုင်အိမ်တွေကို ဖျက်ဆီးခဲ့တာကြောင့် ဆိုင်ကယ် ၂စီးနဲ့ ကားဝပ်ရှော့ မီးလောင်ပျက်စီး


ဇန်နဝါရီ၃၁ရက်


မကွေးတိုင်း ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် ရွှေဘိုးကျွန်း‌ကျေးရွာစာသင်‌ကျောင်းမှာ စခန်းချရပ်နေတဲ့ အင်အား ၄၀‌ ဦးပါ စစ်ကြောင်းဟာ ပြည်သူပိုင်အိမ်တွေကို ဖျက်ဆီးခဲ့တာကြောင့် ဆိုင်ကယ် ၂စီးနဲ့ ကားဝပ်ရှော့ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မနေ့ ဇန်နဝါရီ ၃ဝ ရက်နေ့မှာ ကျောက်ကြီး‌နဲ့ ညောင်ဂွေးဝကျေးရွာတို့ကို စစ်ကြောင်းထိုး ဝင်ရောက် လာခဲ့ပြီး ညောင်ဂွေး၀ကျေးရွာက ပြည်သူပိုင်ဈေးဆိုင်တွေနဲ့ လူနေအိမ်တွေကို ၀င်ရောက်မွှေနှောက်ဖျက်ဆီးကာ ဆိုင်ကယ် ၂စီးနဲ့ ကားဝပ်ရှော့တခုကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

ကျောက်ကြီး‌နဲ့ ညောင်ဂွေးဝကျေးရွာတို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းစစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ညောင်ဂွေးဝကျေးရွာ တောင်ဘက် ဘုရားကုန်းအနီးမှာ ထိတွေ့ပစ်ခတ်မှုရှိခဲ့တယ်လို့လည်း သိရပါတယ်။  

ညောင်ဂွေး၀ကျေးရွာက ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးသွားတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ တောင်ဖြူရွာနဲ့ ရှားတော ရွာတို့ကိုဖြတ်ပြီး ညနေပိုင်းမှာ ကပစ ၂၂ ဂိတ်ထဲကို ၀င်သွားတယ်လို့လည်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က အသိပေးထားပါတယ်။

အဲဒီစစ်ကြောင်းဟာ ရွာတွေထဲမ၀င်ခင် သေနတ်တွေပစ်ဖောက်တာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အဲဒီကျေးရွာတွေက အရပ်သားပြည်သူ ၇၀၀၀ ကျော် ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ မြောက်ဥက္ကလာပမြို့နယ် ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်မှု ဦးဒဏ်ရာရ 


ဇန်နဝါရီ၃၁ရက်


ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ထဲက ပြည်သူပိုင် မီးတားကွင်းမြေကွက်တွေအပါအဝင် ချောင်းကမ်းပါးနဲ့ ဆက်စပ် နေတဲ့ မြေကွက်တွေကို အကြမ်းဖက်စစ်တပ်ပေါင်းပြီး အရောင်းအဝယ်လုပ်နေတဲ့ ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ ဦး ဒဏ်ရာရသွားတယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ပေါင်းပြီး ပြည်သူပိုင် မြေကွက်တွေကိုရောင်းစားနေတယ်လို့ ဒေသနေပြည်သူတွေက တိုင်ကြားတာ တွေ များလာတဲ့အတွက် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ ညပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

လက်ပစ်ဗုံးရော၊ အဝေးထိန်းမိုင်းနဲ့ပါ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် ဦး ထိခိုက်ဒဏ်ရာရသွားပြီး နောက်ဆက်တွဲ အခြေအနေကို ဆက်လက်စုံစမ်းနေတယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

မီးတာမြေနဲ့ ချောင်းအင်းကမ်းစပ် မြေကွက်တွေဟာ ပြည်သူပိုင်မြေနေရာဖြစ်တဲ့အတွက် တော်လှန်ရေးအလွန်ကာလမှာ ပြန်လည်သိမ်းဆည်းသွားမှာဖြစ်တယ်လို့ လက်ဝယ်ထားရှိသူတွေကို မြောက်ဥက္ကလာ ပကဖ က အသိပေးထားပါတယ်။

ရန်ကုန်တိုင်း စစ်ဒေသမှူး တပ်မ နည်းဗျူဟာ က ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းဝင်း၊ မြောက်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ချမ်းမြေ့ဝင်းတို့ကို ကျပ် သိန်း ၁၀၀ စီပေးပြီး မြောက်ဥက္ကလာပ မြို့နယ် ရပ်ကွက်ဥက္ကဋ္ဌ အောင်မြင့်ကျော်နဲ့အဖွဲ့က ရောင်းချနေလို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution




Share:

Related Posts:

No comments:

Post a Comment