10th Feb 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨၁။ အမေရိကန် အောက်လွှတ်တော်အမတ် Jefferson Shreve နှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာ တွေ့ဆုံ

📌 ⁨⁨⁨⁨⁨⁨၂။ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် ဝန်ကြီးဌာနအကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့မှ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့်တွေ့ဆုံ

📌 ⁨⁨⁨⁨⁨⁨၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် နွေဦးဘဏ်(Spring Development Bank)မှ တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေး

📌 ⁨⁨⁨⁨⁨⁨၄။ SUU 80 Birthday Campaign ရဲ့ အထူးအစီအစဉ်တစ်ခုအနေဖြင့် ကင်မ်မှ ပြက္ခဒိန်များကို အခမဲ့ မဲဖေါက်ပေးမည့်အစီအစဉ်တခုပါဝင်မည်

📌 ⁨⁨⁨⁨⁨⁨၅။ ကလေးသူငယ် . သန်းအပါအဝင် လူဦးရေ ၁၉. သန်းကျော်ဟာ အကူအညီတွေလိုအပ်နေတယ်လို့ UNICEF Myanmarထုတ်ပြန်


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဖြန့်ဝေတဲ့ စစ်သည်တော်ကျင့်ဝတ်စည်းကမ်း(CoC) လက်ကမ်းစာစောင်တွေကို ထပ်ဆင့်ဖြန့်ဝေ

🚩 ၂။ မိုးကုတ်မြို့ အနောက်ပိုင်းကို စကစလေတပ်ကလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့၍ဒေသခံ ဦးသေဆုံးကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့

🚩 ၃။ မင်းတပ်မြို့နယ်အတွင်းပြည်သူများပြန်လည်နေထိုင်ရန်ခွင့်ပြုပေးလျက်ရှိ

🚩 ၄။ ၂၀၂၅ ဇန်နဝါရီလမှာ ပြည်သူ့ရင်ခွင် (People's Embrace) အဖွဲ့ကို ဆက်သွယ်လာကြ၍ စစ်မှုထမ်းသစ်၃၁ယောက်ကို ခေါ်ထုတ်နိုင်ခဲ့ပြီးလက်နက်၁၅လက်ပါလာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨၁။ အမေရိကန် အောက်လွှတ်တော်အမတ် Jefferson Shreve နှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာ တွေ့ဆုံ


ဖေဖော်ဝါရီ၁၀ရက်


အမေရိကန် အောက်လွှတ်တော်အမတ် Jefferson Shreveနှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတို့ တွေ့ဆုံခဲ့တယ်လို့ ဖေဖော်ဝါရီ၁၀ရက်မှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာက အသိပေးဆိုထားပါတယ်။

"Capitol Hill မှာ US Congressional Burma Caucus ရဲ့ နောက်ဆုံးအဖွဲ့ဝင် ကွန်ဂရက်လွှတ်တော်အမတ် Jefferson Shreve နဲ့ တွေ့ဆုံရတာ ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်အတွက် ၎င်း၏ ကတိကဝတ်ပြုမှုကို အထူးပင်ကျေးဇူးတင်ရှိပြီး လုံခြုံရေး၊ ခိုင်ခံ့မှုနှင့် သာယာဝပြောရေးဆိုင်ရာ အမေရိကန်ပြည်ထောင်စု၏ အဓိကအခြေခံမူများနှင့် ညီညွတ်သော မြန်မာနိုင်ငံရှိ ငြိမ်းချမ်းပြီး သာယာဝပြောသော ဖက်ဒရယ်ဒီမိုကရေစီလမ်းပြမြေပုံအတွက် အမေရိကန်၏ ပံ့ပိုးကူညီမှုဆိုင်ရာ မဟာဗျူဟာလမ်းပြမြေပုံအတွက် နောက်ထပ်ဆွေးနွေးမှုများကို စောင့်မျှော်နေပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။

လာမည့်အစည်းအဝေးများတွင်၊ ငြိမ်းချမ်းပြီး သာယာဝပြောသော ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ဆီသို့ မြန်မာနိုင်ငံလမ်းပြမြေပုံကို မည်ကဲ့သို့ပံ့ပိုးပေးမည်ဆိုသည့် မဟာဗျူဟာမြောက် ဆွေးနွေးမှုများကို စောင့်မျှော်နေတယ်လို့ ဝန်ကြီးကဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၂။ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် ဝန်ကြီးဌာနအကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့မှ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့်တွေ့ဆုံ


ဖေဖော်ဝါရီ၁၀ရက်


ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် ဝန်ကြီးဌာနအကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့်တွေ့ဆုံခဲ့ပါတယ်။ဖေဖော်ဝါရီ၉ရက် ဂျပန်နိူင်ငံတိုကျိုမြို့မှာ တွေ့ဆုံပွဲကိုကျင်းပခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့်ဝန်ကြီးဌာနအကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့မှ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့်တွေ့ဆုံရာမှာ ဝန်ကြီးဌာနဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး လူထုသိရှိလိုတဲ့အချက်များကိုလည်း ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် စစ်ဘေးရှောင်မိခင်နှင့်ကလေးများအတွက် လူသားချင်းစာနာစိတ်ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန (MOWYCA) ထံ ဂျပန်ယန်းငွေ သုံးသောင်း ( ယန်း ၃၀၀၀၀) ပေးအပ်လှူဒါန်းခဲ့တယ်လို့လည်း ဖေဖော်ဝါရီ၁၀ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ အနှံ့အပြားတွင် စစ်အာဏာရှင်၏နှိပ်စက်မှုကြောင့် ဒုက္ခမျိုးစုံကြုံတွေ့နေရသော စစ်ဘေးရှောင်မိခင်နှင့်ကလေးများ အတွက် လူသားချင်းစာနာစိတ်ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန (MOWYCA) ထံ ဂျပန်ယန်းငွေ သုံးသောင်း ( ယန်း ၃၀၀၀၀) ပေးအပ်လှူဒါန်းပေးပါသော Federation of Workers Union of the Burmese Citizens in Japan -FWUBC မိသားစုအား အထူးပင်ကျေးဇူးတင်ရှိတယ်လို့ဖော်ပြပါတယ်။

အလှူငွေအားပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးကလက်ခံခဲ့ပြီး FWUBC မိသားစု အဖွဲ့ဝင်များအားလုံးလည်း ဘေးကင်းကျန်းမာပြီး နိုင်ငံ့အကျိုး ပြည်သူ့အကျိုး ကို ဒီထက်မက ဆထက်ထမ်းပိုး ဆက်လက် ဆောင်ရွက်နိုင်ပါစေကြောင်း MOWYCA မှ ဆုမွန်ကောင်းတောင်းဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် နွေဦးဘဏ်(Spring Development Bank)မှ တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေး


ဖေဖော်ဝါရီ၁၀ရက်


 စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် နွေဦးဘဏ်(Spring Development Bank)မှ တာဝန်ရှိသူတို့သည် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ()ရက်နေ့၊(၁၀း၀၀)နာရီအချိန်တွင် Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ 

အစည်းအဝေးပွဲတွင် နွေဦးဘဏ်(Spring Development Bank) တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကာ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌမှ နုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး  နွေဦးဘဏ် (Spring Development Bank) တာဝန်ရှိသူတစ်ဦးက ဘဏ်ဝန်ဆောင်မှု လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

ထို့နောက်တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များမှလည်း နွေဦးဘဏ်(Spring Development Bank) ဘဏ်ဝန်ဆောင်မှု လုပ်ငန်းစဉ်များဆိုင်ရာ  အမြင်သဘောထားများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပြီး အစည်းအဝေးအားအောင်မြင်စွာ ရုတ်သိမ်းခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၄။ SUU 80 Birthday Campaign ရဲ့ အထူးအစီအစဉ်တစ်ခုအနေဖြင့် ကင်မ်မှ ပြက္ခဒိန်များကို အခမဲ့ မဲဖေါက်ပေးမည့်အစီအစဉ်တခုပါဝင်မည်


ဖေဖော်ဝါရီ၁၀ရက်


SUU 80 Birthday Campaign ရဲ့ အထူးအစီအစဉ်တစ်ခုအနေဖြင့် ကင်မ်မှ ပြက္ခဒိန်များကို အခမဲ့ မဲဖေါက်ပေးမည့်အစီအစဉ်တခုပါဝင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ၁၀ရက်မှာ ကမ်ပိန်းဖေ့စ်ဘုတ်စာမျက်နှာက အသိပေးဖော်ပြ ထားပါတယ်။

"SUU 80 Birthday Campaign ရဲ့ အထူးအစီအစဉ်တစ်ခုအနေနှင့် ကင်မ်မှ ပြက္ခဒိန်များကို အခမဲ့ မဲဖေါက်ပေးမည့်အစီအစဉ်လေးတစ်ခုလည်းပါတယ်ဆိုတာလေးကို အသိပေးလိုပါတယ်။ ဖေဖေါ်ဝါရီလထဲမှာမဲဖေါက်ပေးမှာဖြစ်ပါတယ်။ဘယ်လို ပါဝင်ရမယ်ဆိုတာလေးကိုသိရဖို့ ကမ်ပိန်း page လေးကို follow လုပ်ပေးထားကြပါ"လို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ အသက်ရှစ်ဆယ်ပြည့်အမှတ်တရပြက္ခဒိန်များကို ဖေဖော်ဝါရီ၁၃ရက်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ စတင်ရောင်းချပေးမှာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၅။ ကလေးသူငယ် . သန်းအပါအဝင် လူဦးရေ ၁၉. သန်းကျော်ဟာ အကူအညီတွေလိုအပ်နေတယ်လို့ UNICEF Myanmarထုတ်ပြန်


ဖေဖော်ဝါရီ၁၀ရက်


ကလေးသူငယ် . သန်း အပါအဝင် လူဦးရေ ၁၉. သန်းကျော်ဟာ အကူအညီတွေလိုအပ်နေတယ်လို့ ဖေဖော်ဝါရီ၁၀ရက်မှာ UNICEF Myanmarက အသိပေးဖော်ပြပါတယ်။

"၂၀၂၅ သည် မြန်မာ့ကလေးငယ်များအတွက် အရေးကြီးသောနှစ်တစ်နှစ်ဖြစ်ပါတယ်။ ကလေးသူငယ် . သန်း အပါအဝင် လူဦးရေ ၁၉. သန်းကျော်ဟာ အကူအညီတွေလိုအပ်နေသောကြောင့် အရေးပေါ်နှင့် စဉ်ဆက်မပြတ်ဆောင်ရွက်မှုများပြုလုပ်ရန် အလွန်ပင် အရေးကြီးနေပါပြီ"လို့ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရှိ ကလေးငယ်၅သန်းနီးပါးဟာ ပညာသင်ကြားခွင့်ဆုံးရှုံးနေရပြီး ကလေးငယ်၅သိန်းကျော်ဟာ ပြင်းထန်အာဟာရချို့တဲ့မှုနဲ့ရင်ဆိုင်နေရတယ်လို့ဖော်ပြပါတယ်။



 အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================




🚩🚩 ၁။⁨⁨ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဖြန့်ဝေတဲ့ စစ်သည်တော်ကျင့်ဝတ်စည်းကမ်း(CoC) လက်ကမ်းစာစောင်တွေကို ထပ်ဆင့်ဖြန့်ဝေ


ဖေဖော်ဝါရီ၁၀ရက်


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဖြန့်ဝေတဲ့ စစ်သည်တော်ကျင့်ဝတ်စည်းကမ်း(CoC) လက်ကမ်းစာစောင်တွေကို ထပ်ဆင့်ဖြန့်ဝေခဲ့တယ်လို့ ဖေဖော်ဝါရီ၁၀ရက်မှာ NUGလူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းကဆိုရှယ်မီဒီယာမှတစ်ဆင့် ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဖြန့်ဝေတဲ့ စစ်သည်တော်ကျင့်ဝတ်စည်းကမ်း(CoC) လက်ကမ်းစာစောင်တွေကို ထပ်ဆင့်ဖြန့်ဝေ ဟောပြောနေကြတဲ့ 96 soldiers PDF များလို့ဖော်ပြပါတယ်။


========================


🚩🚩 ၂။ မိုးကုတ်မြို့ အနောက်ပိုင်းကို စကစလေတပ်ကလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့၍ဒေသခံ ဦးသေဆုံးကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့


ဖေဖော်ဝါရီ၁၀


မိုးကုတ်မြို့ အနောက်ပိုင်းကို ဗုံးအလုံးရေ ၃၀ နီးပါး စကစလေတပ်က လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံ ဦးသေဆုံးကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ၁၀ရက် မနက်အစောပိုင်း (Y-12) လေယာဥ်ဖြင့် (မိုးကုတ်မြို့ အနောက်ပိုင်း)ကို ဗုံးအလုံးရေ ၃၀ နီးပါးလာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တာလို့သတင်းရရှိပါတယ်။

ဖြစ်စဥ်တွင် ဒေသခံ ပြည်သူ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရရှိကာ နေအိမ် လုံး ထိခိုက် မီးလောင်ပျက်စီးခဲ့ပါတယ်။

တအာင်းပြည်၊ တပ်မဟာ()နယ်မြေ၊ မိုးကုတ်မြို့နယ်  ယနေ့နံနက် ()နာရီအချိန် ဖေဖော်ဝါရီလ(၁၀)ရက်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးလာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့TNLAကလည်းအတည်ပြုသတင်းထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ မင်းတပ်မြို့နယ်အတွင်းပြည်သူများပြန်လည်နေထိုင်ရန်ခွင့်ပြုပေးလျက်ရှိ


မင်းတပ်မြို့နယ်အတွင်း ပြည်သူများပြန်လည်နေထိုင်ရန် ခွင့်ပြုပေးလျက်ရှိတယ်လို့ ဖေဖော်ဝါရီလအတွင်း CDFမင်းတပ်နဲ့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေညာထားပါတယ်။

ပြန်လည်ဝင်ရောက်နေထိုင်မည့်ပြည်သူများအနေနဲ့မြို့/တိုက်နယ်အုပ်ချုပ်ရေးမှူး (သို့) ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (သို့) ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်လိုအပ်မှာဖြစ်တယ်လို့ သိရပါတယ်။

မြို့တွင်းပြန်လည်နေထိုင်မည့်သူများ လိုက်နာရန်စည်းကမ်းချက်များကိုလည်း ထုတ်ပြန်ထားပြီး အပတ်စဉ် အင်္ဂါနေ့ နှင့် ကြာသပတေးနေ့တိုင်းတွင် ပြည်သူများအနေဖြင့် မနက် () နာရီမှ ညနေ () နာရီအတွင်း မြို့တွင်း၊ မြို့ပြင် ဝင်ထွက်သွားလာခွင့် ရှိမှာဖြစ်ပါတယ်။

ကုန်စည်သယ်ယူပို့ဆောင်သည့် ကုန်တင်ကားများအနေဖြင့် အင်္ဂါနေ့ နှင့် ကြာသပတေးနေ့များမှအပ ကျန်နေ့ရက်များတွင် မနက် () နာရီမှ ညနေ () နာရီအတွင်း မြို့ကို ဖြတ်သန်းသွားလာခွင့် ရှိမှာဖြစ်တယ်လို့သိရပါတယ်။


========================


🚩🚩 ၄။ ၂၀၂၅ ဇန်နဝါရီလမှာ ပြည်သူ့ရင်ခွင် (People's Embrace) အဖွဲ့ကို ဆက်သွယ်လာကြ၍ စစ်မှုထမ်းသစ်၃၁ယောက်ကို ခေါ်ထုတ်နိုင်ခဲ့ပြီးလက်နက်၁၅လက်ပါလာ


ဖေဖော်ဝါရီ၁၀ရက်


၂၀၂၅ ဇန်နဝါရီလမှာ ပြည်သူ့ရင်ခွင် (People's Embrace) အဖွဲ့ကို ဆက်သွယ်လာကြ၍ စစ်မှုထမ်းသစ်၃၁ယောက်ကို ခေါ်ထုတ်နိုင်ခဲ့ပြီး လက်နက်၁၅လက်ပါလာခဲ့တယ်လို့ ဖေဖော်ဝါရီလအတွင်း ပြည်သူ့ရင်ခွင် - People's Embraceက အသိပေးထုတ်ပြန်ပါတယ်။

"စစ်မှုထမ်းထဲပါသွားရင် ထွက်ပြေးပါ။ပြီးရင် ပြည်သူ့ရင်ခွင် - People's Embraceကို ဆက်သွယ်ပါ။၂၀၂၅ ဇန်နဝါရီလမှာ ပြည်သူ့ရင်ခွင် (People's Embrace) အဖွဲ့ကို ဆက်သွယ်လာကြပြီး၃၁ယောက် ခေါ်ထုတ်နိုင်ခဲ့တဲ့အရေအတွက် ဖြစ်ပါတယ်၊ အားလုံးက စစ်မှုထမ်းထဲ ပါသွားသူတွေပါ။၃၁ယောက်ဆိုတာ ပါသွားသူအရေအတွက်နဲ့ယှဉ်ရင် မပြောပလောက်ပေမဲ့ ဒီ၃၁ယောက်မှာလည်း အသက်နဲ့ မဟုတ်လား"လို့ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ထဲရောက်နေသူ မည်သူမဆို ပြည်သူ့ရင်ခွင် (People's Embrace) ကို ဆက်သွယ်နိုင်ပြီးTelegram - http://t.me/MyanmarPeople (@MyanmarPeople)ကိုဆက်သွယ်နိုင်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်




#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment