28th Feb 2025 - Morning Daily News by Radio NUG

 


၂၀၂၅ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ချင်းပြည် (Chinland) ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့အကြား ချင်းအမျိုးသားညီညွတ်ရေးသဘောတူညီချက်များ ရရှိခဲ့ခြင်းအပေါ် ကြိုဆိုဂုဏ်ပြုကြောင်း NUG သဝဏ်လွှာပေးပို့

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးကျင်းပပြုလုပ်

📌 ၃။ CRPH နှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) တို့ တွေ့ဆုံဆွေးနွေး

📌 ၄။ မင်းတပ်မြို့ပေါ်နှင့် အနီးအနားက ကျေးရွာများမှ ခွေးနဲ့ ကြောင်များကို ခွေးရူးပြန်ကာကွယ်ဆေး ထိုးနှံပေး


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ထိုင်း - မြန်မာ နယ်စပ်က ခလရ (၃၁) ပူလူတူ စခန်း နဲ့ BGF (၁၀၁၃) တပ်စခန်းများတွင် တိုက်ပွဲများ ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်နေ

🚩 ၂။ စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် လမ်းကြောင်းအတွက် စစ်ကိုင်းမြို့ဝင် ဆိုင်းဘုတ်အနီးမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီ တပ်သား ဦးကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဦး သေဆုံး

🚩 ၃။ ရွှေဘိုအနောက်ခြမ်းက သီးလုံးပြည်သူ့စစ် ဘန်ကာကင်းစခန်း တစ်ခုကို အနီးကပ် ခြုံခိုတိုက်ခိုက်

🚩 ၄။ ချောက်မြို့နယ် အမှတ် ပြည်ထောင်စု လမ်းမကြီးတွင် ရဲစခန်းမှူး မင်းမင်းစိုး လိုက်ပါလာသော အိမ်စီးကား အစစ်အဆေး မခံဘဲ လှည့်ပြေး၍ ပစ်ခတ်

🚩 ၅။ သဲကုန်းမြို့နယ် ဆရာအတတ်သင် ()လမ်းရှိ အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်အား တိုက်ခိုက်ရာ စကစတပ်သား ၄ဦး သေဆုံး

🚩 ၆။ သရက်ချောင်းတွင် စစ်ကောင်စီ တပ်နဲ့ တိုက်ပွဲ ၁၀ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၃၄ ဦး သေဆုံး

🚩 ၇။ ကြာအင်းဆိပ်ကြီးမြို့နယ် ပန်းအောင်ရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်မှ လေကြောင်းကနေ တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ချင်းပြည် (Chinland) ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့အကြား ချင်းအမျိုးသားညီညွတ်ရေးသဘောတူညီချက်များ ရရှိခဲ့ခြင်းအပေါ် ကြိုဆိုဂုဏ်ပြုကြောင်း NUG သဝဏ်လွှာပေးပို့


ဖေဖော်ဝါရီ ၂၇ 

Radio NUG 


၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ချင်းပြည်သူတစ်ရပ်လုံး၏ ရေရှည်အနာဂတ် အကျိုးကို မျှော်ရည်လျက် ချင်းအမျိုးသားနိုင်ငံရေး ဦးဆောင်အဖွဲ့များဖြစ်ကြသည့် ချင်းပြည်  (Chinland) ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့အကြား သဘောတူညီချက်များ ရယူနိုင်ခဲ့ပြီး ချင်းပြည်သူတစ်ရပ်လုံးကို လွှမ်းခြုံကိုယ်စားပြုမည့်ချင်းအမျိုးသားကောင်စီဟူသော ကောင်စီတစ်ရပ် တည်ထောင်ရန်အတွက် သဘောတူညီမှု ရရှိခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရက လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။


ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းရန် သဘောတူညီခဲ့ကြခြင်းမှာလည်း ချင်းအမျိုးသားတစ်ရပ်လုံးနှင့် အနာဂတ်ပြည်ထောင်စုအတွက် အတိုင်းထက် အလွန် ဝမ်းမြောက်ဖွယ်ဖြစ်ပါကြောင်း ထပ်လောင်းအသိအမှတ်ပြု ဖော်ပြထားပါတယ်။


အယူအဆ၊ သဘောထားကွဲလွဲခဲ့မှုများ ရှိခဲ့သော်လည်း ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း အဖြေရှာခဲ့သည့် ချင်းနိုင်ငံရေးဦးဆောင်အဖွဲ့နှစ်ခု၏ နိုင်ငံရေးသဘောထားကြီးမှုသည် ပြည်သူ့နွေဦး တော်လှန်ရေးတွင် ပါဝင်နေသော တော်လှန်ရေးအင်အားစုများအတွက် ဒီမိုကရေစီအလေ့ အကျင့်ကောင်းအဖြစ် အလေးအနက် စံပြုထိုက်ဖွယ် ဖြစ်တယ်လို့ ဆိုထားပါတယ်။


 နွေဦးတော်လှန်ရေးစတင်သည့် အချိန်မှစ၍ ချင်းလူမျိုးများသည် မတရားစစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေးအတွက် စွန့်လွှတ်ပေးဆပ်မှုများစွာ၊ အနစ်နာခံမှုများစွာဖြင့် တော်လှန်တိုက်ပွဲဝင်နေကြသည်ကို လေးစားဂုဏ်ယူဖွယ်ရာ တွေ့မြင်ရပြီးဖြစ်ပါသည်။ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ်ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းစေမည့် အဆုံးသတ်တော်လှန်ရေးကို ဆင်နွှဲရာ၌ တော်လှန်ရေးအင်အားစုများအကြား၊ လူမျိုးစုများအကြား နားလည်ယုံကြည်မှု၊ သဘောထားကြီးမှုနှင့် အားကောင်းသည့် စုစည်းညီညွတ်မှုများ ခိုင်မာစွာ တည်ရှိနေရန် လိုအပ်သည်ဟု ယုံကြည်ပါသည်။

ယခုကဲ့သို့  ချင်းအမျိုးသားနိုင်ငံရေးဦးဆောင်အဖွဲ့များ စည်းလုံးညီညွတ်စွာ ပေါင်းစည်းပြီးချင်းအမျိုးသားကောင်စီအုတ်မြစ်အား ခိုင်မာမြဲမြံစွာ ချမှတ်နိုင်ခဲ့မှုမှအစပြု၍ ချင်းပြည်သူ တစ်ရပ်လုံးအတွက် တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ကွဲပြားစုံလင်မှုအပေါ် လက်ခံနိုင်မှု စသည်တို့အား အခြေခံသည့် ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်နိုင်သည့်တိုင်အောင် အတူတကွ လက်တွဲချီတက်ရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စိတ်အားထက်သန်မှု အပြည့်ဖြင့် မျှော်ရည်မှန်းလျက် ဤသဝဏ်လွှာအား ပေးပို့အပ်တယ်လို့ ရေးသားထားပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးကျင်းပပြုလုပ်


ဖေဖော်ဝါရီ ၂၇ 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (/၂၀၂၅) ကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ မနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (/၂၀၂၅)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နေ့လယ်  (၁၃:၄၅)နာရီအချိန်တွင်အောင်မြင်စွာ ရပ်နားခဲ့ပါတယ်။


========================


📌📌 ၃။ CRPH နှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) တို့ တွေ့ဆုံဆွေးနွေး


ဖေဖော်ဝါရီ ၂၇ 

Radio NUG 


ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (ASEAN Parliamentarians for Human Rights - APHR) ဥက္ကဋ္ဌ Hon. Mercy Chriesty Barends နှင့် ပူးတွဲ ဥက္ကဋ္ဌ Hon. Charles Santiago နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPHမှ သတင်းထုတ်ပြန်ထားပါတယ်။


() နာရီကျော်ကြာ တွေ့ဆုံမှုတွင် တော်လှန်ရေးကာလ၏ လွှတ်တော်လုပ်ငန်းစဉ်များ၊ သတ္တမအကြိမ် ကြားကာလ ပြည်ထောင်စုလွှတ်တော် ကျင်းပပြီးစီးမှုအပါအဝင် တော်လှန်ရေးကာလ နိုင်ငံရေးသဘောတူညီချက် ပူးတွဲထုတ်ပြန်မှုများ၊ တော်လှန်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ အာဆီယံဘုံသဘောတူညီချက် () ချက်နှင့် ပတ်သက်သည့် လက်ရှိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် မလေးရှားနိုင်ငံ၏ အခန်းကဏ္ဍများအပေါ် ချဉ်းကပ်ဆောင်ရွက်သင့်သည့် အချက်များအား အမြင်ဖလှယ်ဆွေးနွေးခဲ့ကြပြီး အာဆီယံနိုင်ငံလွှတ်တော်များနှင့် ဒေသတွင်း လွှတ်တော်ကိုယ်စားလှယ်များ အချင်းချင်း ပူးတွဲဆောင်ရွက်နိုင်မည့် အလားအလာများ အမြင်ဖလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။


တွေ့ဆုံပွဲတွင် CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်၊ CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီအဖွဲ့ဝင်များဖြစ်သော ဦးစည်သူမောင်နှင့် ဦးအာကာမျိုးထက်တို့က ပါဝင်ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားပါတယ်။


========================


📌📌 ၄။ မင်းတပ်မြို့ပေါ်နှင့် အနီးအနားက ကျေးရွာများမှ ခွေးနဲ့ ကြောင်များကို ခွေးရူးပြန်ကာကွယ်ဆေး ထိုးနှံပေး


ဖေဖော်ဝါရီ ၂၇ 

Radio NUG 


ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်ကျေးရွာများက အိမ်မွေးခွေးနှင့် ကြောင်များကို မွေးမြူရေးနှင့် ကုသရေးဌာနမှ ခွေးရူးပြန်ကာကွယ်ဆေး လိုက်လံထိုးနှံခြင်းနှင့် ပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်းတို့ ပြီးစီးပြီဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။ 


မင်းတပ်မြို့ကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်ပြီးနောက် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် ပြန်လည်နေထိုင်မည့် ပြည်သူများ ဘေးအန္တရာယ်ကင်းစေရေးအတွက် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ ထိုင်း - မြန်မာ နယ်စပ်က ခလရ (၃၁) ပူလူတူ စခန်း နဲ့ BGF (၁၀၁၃) တပ်စခန်းများတွင် တိုက်ပွဲများ ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်နေ


ဖေဖော်ဝါရီ ၂၇ ရက်၊  

Radio NUG


ထိုင်း-မြန်မာ နယ်စပ်က စစ်ကောင်စီရဲ့ ခမရ (၃၁) တပ်ရင်း ပူလူတူ စခန်းနဲ့ BGF ၁၀၁၃ တပ်စခန်းများကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းက‌နေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်း ရင်းမြစ်များထံကနေ သိရပါတယ်။


ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညပိုင်းမှ စတင်ကာ KNLA ပူးပေါင်းတပ်များက ပူလူတူ စစ်စခန်းကို Drone များဖြင့် စတင် ဗုံးကြဲခဲ့ကာ တိုက်ပွဲစတင်ခဲ့ပြီး နောက်တနေ့ မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံး ကြိမ် လာရောက်ကြဲချခဲ့တယ်လို့ ဆိုပါတယ်။


အလားတူ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက် နာရီ ခန့်မှာလည်း စစ်ကောင်စီနဲ့ BGF တပ်များ အထိုင်ချထားတဲ့ ၁၀၁၃ တပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက ကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


နယ်စပ်အနီး လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ထိုင်းတော်ဝင် လေတပ်က F-16 ကင်းလှည့် လေယာဉ်ကို စေလွှတ်ခဲ့ပြီး ကင်းလှည့်မှုများ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၁၀၀ ဦး ထက်မနည်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ထိုင်းစစ်တပ်က တိမ်းရှောင်လာသူတွေကို အကူအညီ ပေးထားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် လမ်းကြောင်းအတွက် စစ်ကိုင်းမြို့ဝင် ဆိုင်းဘုတ်အနီးမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီ တပ်သား ဦးကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဦး သေဆုံး


ဖေဖော်ဝါရီ ၂၇ ရက်၊  

Radio NUG


စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ပါဝင်တဲ့ စစ်ကောင်စီ ယာဉ်တန်းသွားလာရန် စစ်ကိုင်းမြို့ဝင် ဆိုင်းဘုတ်အနီးမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီ တပ်သား ဦးကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဦးထိ သေဆုံးခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။


ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ နာရီခွဲ အချိန်မှာ စစ်ကိုင်း - မုံရွာ - ရွှေဘို လမ်းပိုင်း စစ်ကိုင်းမြို့ဝင် ဆိုင်းဘုတ်အနီးမှာ လမ်းကြောင်းလုံခြုံရေး ယူထားတဲ့ စစ်ကောင်စီတပ်သား ဦးကို ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ဦး နေရာမှာပဲ သေဆုံးသွားခဲ့ပြီး ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက် သွားခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီဘက်မှ စစ်ကူများရောက်လာသလို စစ်ကိုင်းတက္ကသိုလ်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားများမှလည်း လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ခတ်နေတာကြောင့် အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ ဆိုပါတယ်။


စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် အနီးနား ကျေးရွာများက အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ရွှေဘိုအနောက်ခြမ်းက သီးလုံးပြည်သူ့စစ် ဘန်ကာကင်းစခန်း တစ်ခုကို အနီးကပ် ခြုံခိုတိုက်ခိုက်


ဖေဖော်ဝါရီ ၂၇ ရက်၊  

Radio NUG


စစ်ကိုင်းတိုင်း၊ ရွှေဘိုအနောက်ခြမ်း၊ သီးလုံးကျေးရွာ ပြည်သူ့စစ် ဘန်ကာ ကင်းစခန်း တစ်ခုကို အနီးကပ် ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့နယ်၊ ပြည်သူ့လုံခြုံရေး တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက် နာရီခန့်မှာ သီးလုံး ပြည်သူ့စစ်များ ကင်းစခန်း ဘန်ကာမှာ စုဝေးနေတယ်လို့ သတင်းရတာကြောင့် RPG နဲ့ လက်နက်ငယ်များဖြင့် အနီးကပ် ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


စစ်ကောင်စီ တပ်သားများနဲ့ သီးလုံးရွာနဲ့ ဇီးဖြူကုန်း ရွာတို့က ပျူစောထီးများက နှမစားရစ် ကျေးရွာကို ဝင်ရောက်ပစ်ခတ် မီးရှို့ဖျက်ဆီး နေချိန်မှာ တန်ပြန်တိုက်စစ်အနေဖြင့် သီးလုံးပျူရွာကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးများ ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ အထိခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


ယခုစစ်ဆင်ရေးကို Shwebo Crocodile Shwebo Federal Army ဒေါင်းစစ်သည်၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ ချောက်မြို့နယ် အမှတ် ပြည်ထောင်စု လမ်းမကြီးတွင် ရဲစခန်းမှူး မင်းမင်းစိုး လိုက်ပါလာသော အိမ်စီးကား အစစ်အဆေး မခံဘဲ လှည့်ပြေး၍ ပစ်ခတ်


ဖေဖော်ဝါရီ ၂၇ 

Radio NUG 


ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ချောက်မြို့နယ်ရှိ အမှတ် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ဗျူဟာမြောက် စစ်ဆင်ရေးတစ်ခုအဖြစ် တော်လှန်ရေး တပ်ဖွဲ့များက လမ်းပိုင်းလုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း Chauk Guerrilla Force မှ သတင်းထုတ်ပြန်ထားပါတယ်။


စစ်ဆေးမှုများ ပြုလုပ်နေစဉ် ချောက်မြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး မင်းမင်းစိုးနှင့် ရေနံမြေ ရဲတပ်သား  ဦးတို့ မောင်းနှင်လာသော အိမ်စီးကား စီးသည် စစ်ဆေးမှု မခံယူဘဲ လှည့်ပြေး၍ တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုရှိနိုင်တယ်လို့ သိရပါတယ်။


အဆိုပါ လမ်းပိုင်း စစ်ဆေးမှုကို Chauk Guerrilla Force ( C.G.F) နှင့် ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ချောက်ပကဖ ) မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။


========================


🚩🚩 ၅။ သဲကုန်းမြို့နယ် ဆရာအတတ်သင် ()လမ်းရှိ အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်အား တိုက်ခိုက်ရာ စကစတပ်သား ၄ဦး သေဆုံး


ဖေဖော်ဝါရီ ၂၇

 Radio NUG 

ဖေဖော်ဝါရီလ ၂၇ရက်နေ့ နံနက် (၁၁)နာရီအချိန်တွင် ပြည်ခရိုင် သဲကုန်းမြို့နယ် တည်သီးပင်ရပ်ကွက် ဆရာအတတ်သင် ()လမ်းရှိ အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်  ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ()နှင့် တပ်ခွဲ() ရဲဘော်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


တိုက်ပွဲဖြစ်ပွါးချိန် (၁၀)မိနစ်ခန့် ကြာခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များဘက်မှ ()ဦး သေဆုံးသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များမှာ အထိအခိုက် အန္တရာယ်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ စစ်ရေးအရှိန်မြှင့်တင်လာပြီ ဖြစ်ပါသောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူတကွနေထိုင်ခြင်း၊ လမ်းပြခြင်း၊ ကား၊ ဆိုင်ကယ်တို့ကို ငှားရမ်းခြင်းများ မပြုလုပ်ကြပါရန် အသိပေးထားပါတယ်။


========================


🚩🚩 ၆။ သရက်ချောင်းတွင် စစ်ကောင်စီ တပ်နဲ့ တိုက်ပွဲ ၁၀ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၃၄ ဦး သေဆုံး


ဖေဖော်ဝါရီ ၂၇ ရက်၊  

Radio NUG


တနင်္သာရီတိုင်း၊ သရက်ချောင်း မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၁၀ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၄ ဦး သေဆုံးခဲ့ကာ ၁၂ ဦး ထက်မနည်း ဒဏ်ရာရခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှလည်း ရဲဘော် ဦး လက်နက်ကြီးထိမှန် ကျဆုံးခဲ့ကာ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


အဆိုပါတိုက်ပွဲများကို ထားဝယ်ခရိုင် တပ်ပေါင်းစုအဖွဲ့ဝင်၊ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ - ပကဖ၊ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ထားဝယ်လူငယ် လက်ရုံးတပ်၊ ဒေါင်းမင်းစစ်ဆင်ရေး အဖွဲ့၊ ထားဝယ်နဂါး တပ်ခွဲ () ထားဝယ်ခရိုင် အမှတ် () တပ်ရင်း (T1) ထားဝယ်ခရိုင် အမှတ် () တပ်ရင်း (T5) နဲ့ ဒရုန်း တပ်ဖွဲ့များက ပူပေါင်းဆောင်ရွက်ခဲ့တာပါ။


တိုက်ပွဲများအတွင်း စစ်ကောင်စီ ထံမှ MA 1 သေနတ် လက်၊ G 3 သေနတ် လက်၊ RPG တလက် နဲ့ အခြားစစ်သုံး ပစ္စည်းများကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ အသိပေး ထားပါတယ်။


========================


🚩🚩 ၇။ ကြာအင်းဆိပ်ကြီးမြို့နယ် ပန်းအောင်ရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်မှ လေကြောင်းကနေ တိုက်ခိုက်


ဖေဖော်ဝါရီ ၂၇ 

Radio NUG 


ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ် နာရီဝန်းကျင်က MIG-29 နဲ့ Y-12 အမျိုးအစားလေယာဥ် အသုံးပြုပြီး ကြာအင်းဆိပ်ကြီးမြို့နယ် ပန်းအောင်ကျေးရွာက ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး၂ ကြိမ် ကြဲချခဲ့တာကြောင့် ဘုန်းတော်ကြီး ပါးနဲ့ ဒေသခံ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


ဥပုသ်နေ့ ဘုန်းတော်ကြီးကျောင်းအတွင်း သီလဆောက်တည်ကြသူ ဒေသခံတွေ ရှိနေချိန်မှာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး အနီးအနားမှာ တိုက်ပွဲ ဖြစ်ပွားမှုလည်း မရှိဘူးလို့ သိရပါတယ်။


လေကြောင်း တိုက်ခိုက်မှုကြောင့် အိမ်ခြေ ၇၀၀ ကျော်ရှိတဲ့ ပန်းအောင်ကျေးရွာခံအများစုဟာ ဘေးလွတ်ရာ ချက်ချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment