09 Mar 2025 - (Ethnic language program-CHO_MΓΌn) by Radio NUG


πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၅ မတ်α€œ ( ၉ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား



πŸ“ŒπŸ“Œ ၁။ မင်းတပ်α€™ြို့ ပြα€”်α€œα€Š်ထူထောင်α€›ေး α€œုပ်ဆောင်

 

မင်းတပ်α€™ြို့တွင်း ပြα€Š်α€žူတွေ ပြα€”်α€œα€Š်ဝင်α€›ောα€€်α€”ေထိုင်တဲ့ချိα€”် ထဆင်ပြေချော့α€™ွေ့α€…ေα€–ို့ α€œုပ်ဆောင်α€”ေα€α€š်α€œို့ မင်းတပ်α€™ြို့α€”α€š်ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့α€€ မတ်α€œ ၆ α€›α€€်α€”ေ့α€€ ထုတ်ပြα€”်ပါα€α€š်။

 

မင်းတပ်α€™ြို့ထတွင်း ပြα€Š်α€žူα€™ျား ပြα€”်α€œα€Š်α€”ေထိုင်α€”ိုင်α€–ို့ α€™ြို့α€”α€š်ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့ထနေα€”ဲ့ α€œα€™်းပန်းဆက်α€žွα€š်α€›ေး၊ α€žောα€€်α€žုံးα€›ေပေးဝေα€”ိုင်α€›ေး ထဓိα€€α€œုပ်ဆောင်α€”ေα€α€š်α€œို့ ထုတ်ပြα€”်ချα€€်α€™ှာ α€–ော်ပြပါα€α€š်။

 

ပြα€Š်α€žူတွေ α€”ေထိုင်α€”ိုင်α€–ို့ ထထူးα€žα€–ြင့် α€œူ၊ α€™ော်တော်α€šာဉ်α€žွားα€œာတာ ထဆင်ပြေထောင် α€œα€™်းα€œုပ်တာ၊ α€”ောα€€်ပြီး α€›ေα€žွα€š်တန်းတာပေါ့၊ α€œှောင်α€€α€”်တိုင်းα€™ှာ α€›ေပြα€”်α€–ြα€Š့်α€”ေတာ α€–ြα€…်ပါα€α€š်။α€œို့ မင်းတပ်α€™ြို့α€”α€š် ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့ တာဝန်α€›ှိα€žူကပြောα€€ြောင်း The Mindat Postα€€ α€–ော်ပြပါα€α€š်။

 

မင်းတပ်α€™ြို့ပေါ်α€™ှာ α€…α€…်α€€ောင်α€…ီထောင်ခဲ့တဲ့ α€™ိုင်းα€‘α€œုံးα€›ေ ၁၀၀၀ ဝန်းα€€ျင်α€€ို α€›ှင်းα€œα€„်းထားပြီးα€–ြα€…်α€α€š်α€œို့α€œα€Š်း ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မင်းတပ် ပြα€”်α€€ြားα€›ေးတာဝန်α€›ှိα€žူကပြောα€€ြောင်း The Mindat Post α€€ α€›ေးα€žားထားပါα€α€š်။

 

မင်းတပ်α€™ြို့ထဲ ထရပ်α€žားပြα€Š်α€žူတွေα€€ို α€›α€€်α€žα€္တပတ်α€™ှာ ၂ α€›α€€် ဝင်ခွင့်ပြုα€™α€š်α€œို့ α€™ြို့α€”α€š်ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့α€€ ၂၀၂၅ ခုα€”ှα€…် α€–ေα€–ော်ဝါα€›ီ ၉ α€›α€€်α€”ေ့ စတင် α€€ြေα€Šာခဲ့တာပါ။

 

α€™ြို့ထဲ ပြα€”်α€œα€Š်α€”ေထိုင်α€™α€š့် ပြα€Š်α€žူတွေ α€œိုα€€်α€”ာα€–ို့ထချα€€် ၁၂ ချα€€်α€”ဲ့ α€€ုα€”်α€…α€Š်တင်ဆောင်ပြီး α€™ြို့α€–ြတ်α€žα€”်းα€™α€š့် α€šာဉ်α€™ောင်းတွေ α€œိုα€€်α€”ာα€–ို့ ထချα€€် ၉ ချα€€်α€€ိုα€œα€Š်း ထုတ်ပြα€”်ထားပါα€α€š်။

 

မင်းတပ်α€™ြို့α€žိα€™်းတိုα€€်ပွဲα€™ှာချင်းα€Šီα€”ောင်α€”ဲ့ထတူ ထာα€›α€€္ခတပ်တော် - AA α€šောα€€ာα€€ွα€š်α€›ေးတပ် - YDF α€šောတပ်တော် - YA α€”ဲ့ α€™ုံα€›ွာခရိုင် PDF တပ်ရင်း ၃ တို့ α€›α€€်ပေါင်း ၄၀ α€€ျော်α€€ြာ တိုα€€်ပွဲဝင်ခဲ့ပြီး ၂၀၂၄ α€’ီဇင်α€˜ာ ၂၁ α€›α€€်α€”ေ့α€™ှာ α€™ြို့တခုα€œုံး ထပြα€Š့်ထဝ ထိα€”်းချုပ်α€”ိုင်ခဲ့ခြင်း α€–ြα€…်ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂။ α€…α€…်α€žα€„်တန်းဆင်းပွဲα€”ဲ့ α€œα€€်α€”α€€်တပ်ဆင်α€™ှု CDF α€€α€”်ပက်α€œα€€် ပြုα€œုပ်

 

α€œေးα€œα€€ျော်α€€ြာα€™ြင့်တဲ့ α€…α€…်α€•α€Šာα€žα€„်တန်းထပတ်စဉ် (၁) ဆင်းပွဲα€”ဲ့ထတူ α€œα€€်α€”α€€်တပ်ဆင်ခြင်းထခမ်းထနား ပြုα€œုပ်ခဲ့α€α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - α€€α€”်ပက်α€œα€€်α€€ မတ် ၁ α€›α€€်α€”ေ့ α€€ြေα€Šာပါα€α€š်။

 

ထဲα€’ီထခမ်းထနားα€€ို α€–ေα€–ော်ဝါα€›ီα€œ α‚αˆα€›α€€်α€€ ပြုα€œုပ်ခဲ့တာ α€–ြα€…်ပါα€α€š်။

 

α€€ျင်‌‌α€’ွေးα€™ြို့၊ α€€α€”်ပက်α€œα€€်α€™ြို့α€”α€š်ထပါထဝင် ချင်းပြα€Š်တောင်ပိုင်းတစ်ခုα€œုံး α€œွတ်α€™ြောα€€်α€”ိုင်ခဲ့ပြီα€–ြα€…်α€œို့ α€…α€…်α€˜ေးα€›ှောင်ပြα€Š်α€žူတွေ α€”ေရပ်ပြα€”်α€œα€Š်ထခြေချတဲ့ထချိα€”်α€™ှာ ပြα€Š်α€žူα€œူထုα€€ို α€”ွေးထွေးα€œုံခြုံα€…ွာ ထပြα€Š့်ထဝ ထကာα€€ွα€š်ပေးα€žွားα€™α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - α€€α€”်ပက်α€œα€€်α€›ဲ့ ထုတ်ပြα€”်ချα€€်α€™ှာ α€–ော်ပြပါα€α€š်။

 

α€œα€€်α€”α€€်တပ်ဆင်α€›ေးထစီစဉ်ပြုα€œုပ်α€”ိုင်ထောင် α€€ူα€Šီပေးα€€ြတဲ့ α€›α€€္ခိုင်ထမျိုးα€žားထဖွဲ့ချုပ်/ ထာα€›α€€္ခတပ်‌တော် (ULA/AA)α€”ဲ့ ပြα€Š်တွင်းပြα€Š်ပ ထောα€€်ပို့ပြα€Š်α€žူထားα€œုံးα€€ို ထထူးα€€ျေးဇူးတင်α€›ှိα€α€š်α€œို့α€œα€Š်း ဆိုပါα€α€š်။

 

α€€α€”်ပက်α€œα€€်α€™ြို့α€”α€š်၊ α€€ျင်α€’ွေးα€™ြို့α€€ို α€™ြို့α€žိα€™်းα€…α€…်ဆင်α€›ေးထဖြα€…် ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (α€€α€”်ပက်α€œα€€်) α€”ဲ့ထတူ CDF, PDF ပူးပေါင်းတပ်α€€ ၂၀၂၃ α€’ီဇင်α€˜ာ ၂၂ α€›α€€်α€”ေ့ စတင်ပြီး ၂ α€œα€€ျော်α€€ြာ α€–ော်ဆောင်ခဲ့ပါα€α€š်။

 

၂၀၂၄ မတ်α€œ ၇ α€›α€€်α€”ေ့α€™ှာတော့ချင်းα€Šီα€”ောင်α€…α€…်ဆင်α€›ေးထဖြα€…် ထပ်α€™ံα€€ြေα€Šာခဲ့ပြီး α€€ျင်α€’ွေးα€™ြို့α€€ို α€‘α€œုံးα€…ုံ ထိα€”်းချုပ်α€œိုα€€်α€€ြောင်းချင်းα€Šီα€”ောင်α€€ ၂၀၂၄ ဧပြီ ၂၇ α€›α€€်α€”ေ့ ထုတ်ပြα€”်ပါα€α€š်။ 

 

α€€α€”်ပက်α€œα€€်α€™ြို့ပေါ်α€™ှာတော့ α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင်တွေ တပ်α€…ွဲα€”ေα€›ာα€‘α€žီးα€žီးα€€α€”ေ စခန်းα€…ွα€”့်ထွα€€်ပြေးα€œို့ α€…α€…်ဆင်α€›ေးထောင်α€™ြင်α€α€š်α€œို့ချင်းα€Šီα€”ောင်α€€ ၂၀၂၄ α€’ီဇင်α€˜ာ ၂၃ α€›α€€်α€”ေ့ ထုတ်ပြα€”်ပါα€α€š်။ 

 

========================

 

πŸ“ŒπŸ“Œ ၃။ α€šောα€’ေα€žα€‘α€ြေα€…ိုα€€် တော်α€œှα€”်α€›ေးထင်ထားα€…ု ၃ ခု တပ်တခုထဖြα€…်ပေါင်းα€…α€Š်း

 

တပ်α€–ွဲ့α€–ျα€€်α€žိα€™်းα€€ြောင်း α€€ြေα€Šာခဲ့တဲ့ α€šောပြα€Š်α€žူ့α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - YPDF α€”ဲ့ α€šောတပ်တော် - YA ထကြား တပ်တစ်ခုα€α€Š်းထဖြα€…် ထတူα€α€Š်ဆောα€€် တိုα€€်ပွဲဝင်α€™α€š်α€œို့ ထုတ်ပြα€”်α€œာပါα€α€š်။

 

α€…α€…်ထာဏာα€›ှင်α€€ို ထိထိα€›ောα€€်α€›ောα€€် ထိုးα€”ှα€€်တိုα€€်ခိုα€€်α€–ို့ ထင်ထားတစ်ခုα€–ြα€…်α€α€š်α€œို့α€œα€Š်း ထုတ်ပြα€”်ချα€€်α€™ှာ α€–ော်ပြထားပါα€α€š်။

 

α€šောα€’ေα€žα€•ြα€Š်α€žူ့α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - YPDF α€€ို ၂၀၂၅ မတ်α€œ ၂ α€›α€€်α€”ေ့α€€ α€–ျα€€်α€žိα€™်းα€€ြောင်း α€€ြေα€Šာခဲ့တာα€–ြα€…်ပြီး မတ်α€œ ၃ရက်α€”ေ့α€™ှာ α€šောတပ်တော် - YA α€”ဲ့ ပူးပေါင်းα€™α€š့်ထကြောင်း ထုတ်ပြα€”်ချα€€် ထွα€€်α€œာတာ α€–ြα€…်ပါα€α€š်။ 

 

ပြီးခဲ့တဲ့ α€–ေα€–ော်ဝါα€›ီα€”ှောင်းပိုင်းα€€α€œα€Š်း NUG – MoD α€œα€€်ထောα€€်ခံထဖြα€…်α€€ ရပ်α€”ားပြီး α€šောα€’ေα€žα€”ဲ့ α€™ြα€”်α€™ာတစ်α€”ိုင်ငံα€œုံး α€œွတ်α€™ြောα€€်တဲ့ထထိ Yaw – Army α€™ှာ ဆက်α€œα€€် တာဝန်ထမ်းဆောင်α€™α€š်α€œို့ α€šောထခြေα€…ိုα€€်တော်α€œှα€”်α€›ေးထင်ထားα€…ု တခုα€–ြα€…်တဲ့ PDF – GANGAW ဂန့်ဂေါခရိုင်တပ်ရင်းထမှတ် (၁၂) α€€ α€€ြေα€Šာပါα€α€š်။

 

Yaw – Army α€Ÿာ α€™α€€ွေးတိုင်း၊ α€šောα€’ေα€žα€‘α€ြေα€…ိုα€€် တော်α€œှα€”်α€›ေးထင်ထားα€…ုα€–ြα€…်ပြီး α€€α€”်ပက်α€œα€€်၊ မတူပီ၊ မင်းတပ်α€™ြို့α€žိα€™်းချင်းα€Šီα€”ောင်α€…α€…်ဆင်α€›ေးတွေα€™ှာ ပါဝင်ခဲ့ပါα€α€š်။




#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment