10th Apr 2025 - Evening Daily News by Radio NUG

၂၀၂၅ ဧပြီလ ၁၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၁။ NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ် H.E Igor Driesmansတို့ တွေ့ဆုံ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၂။⁨⁨ စစ်တပ်မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး စီမံချက် မရှိတာကြောင့် ပြည်သူအချို့ အသက်ဆုံးရှုံးခဲ့ရ တယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မြန်မာပြည်သူလူထုကစစ်တပ်လက်အောက်မှာဒုက္ခရောက်နေပြီး တရားမျှတမှုအတွက်ကူညီပေးဖို့ဒုဝန်ကြီးဒေါ်အိသဉ္ဇာမောင်သတင်းစကားပါး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ငလျင်ဘေးသင့် ပြည်သူများအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အမေရိကန် ဆန်ဖရန်စစ္စကိုမှာကျင်းပတဲ့ ရန်ပုံငွေပွဲကနေ အမေရိကန်ဒေါ်လာ ( ၈၀,၀၀၀)ကို မတည်နိုင်ခဲ့တယ်လို့ ကိုထိန်လင်းအသိပေး


========================


၂၀၂၅ ခုနှစ် ဧပြီလ ၁၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ လေယာဉ်ဗုံးထိမှန်ကျဆုံးခဲ့တဲ့ မိုးကုတ်ပကဖ ရဲဘော်() ဦးအတွက် ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်က ဝမ်းနည်းဂုဏ်ပြုလွှာပေးပို့ခဲ့

🚩၂။ ကယန်းတိုင်းရင်းသားတို့မျော်လင့်နေတဲ့ နိုင်ငံရေးရည်မှန်းချက်အတိုင်း ရှိနေမယ်လို့ KNDF ပြော

🚩 ⁨⁨⁨၃။ ရခိုင့်တပ်တော်လို အောင်မြင်မှုတွေရရှိနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ မန္တလေး PDF ပြော

🚩၄။၁၀၂၇ စစ်ဆင်ရေး စီမံချက်လှိုင်းလုံးတွေနဲ့အတူ တော်လှန်ရေးအောင်ပွဲရောက်တဲ့အထိ စည်းလုံးညီညွတ်မယ်လို့ MNDAA နဲ့   TNLA ပြော

🚩၅။ စစ်ကိုင်းမြို့နယ်တွင် သင်္ကြန်ကာလအတွင်းရေကစားမဏ္ဍပ်နဲ့လူစုလူဝေးမပြုလုပ်ကြရန် စစ်ကိုင်းပအဖကြေညာ

🚩၆။ငလျင်သင့်ဒေသတွေကို လေကြောင်းကနေတိုက်ခိုက်နေတဲ့ စစ်တပ်လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ရန်ကုန်လူထုသပိတ် ဆန္ဒပြ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၁။ NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ် H.E Igor Driesmansတို့ တွေ့ဆုံ


ဧပြီ၁၀ရက်


NUGနိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အထူး ကိုယ်စားလှယ် H.E Igor Driesmansတို့တွေ့ဆုံခဲ့တယ်လို့ အာဆီယံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ် H.E Igor DriesmansကXမှာ ရေးသားထားပါတယ်။

"ဒေါ်ဇင်မာအောင်NUGနှင့် မြန်မာနိုင်ငံငလျင်လှုပ်ခတ်ပြီးနောက် အလေးအနက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။ EUက မြေပြင်ရှိ လုပ်ဖော်ကိုင်ဖက်များမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးနေပါတယ်"လို့ ဆိုထားပါတယ်။

ခက်ခဲတဲ့ကာလမှာ မြန်မာပြည်သူတွေအတွက် ပံ့ပိုးကူညီမှုနဲ့ စည်းလုံးညီညွတ်မှုကို အထူးပဲ ကျေးဇူးတင်ရှိတယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကလည်း ဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၂။⁨⁨ စစ်တပ်မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး စီမံချက် မရှိတာကြောင့် ပြည်သူအချို့ အသက်ဆုံးရှုံးခဲ့ရ တယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော 


ဧပြီ၁၀ရက်


၅၈ ကြိမ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မရှင် အစည်းအဝေးကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ဧ‌ပြီလ ရက်ကနေ ၁၁ ရက်နေ့အထိ ကျင်းပလျက်ရှိရာ ဧပြီလ ရက်နေ့ကကျင်းပတဲ့ အစည်းအဝေးမှာ သံအမတ်ကြီး  ဦးကျော်မျိုးထွန်းက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

နိုင်ငံတနိုင်ငံမှာ ကျန်းမာသောဘဝများနဲ့ အသက်အရွယ်အားလုံးအတွက် ကောင်းမွန်သော လူမှုဘဝတို့ ရရှိစေရေးမှာ ကောင်းမွန်သော စီမံအုပ်ချုပ်မှုက အလွန်အရေးပါတဲ့အချက်ဖြစ်တယ်လို့ သ့အမတ်ကြီးက ဆိုပါတယ်။ 

စစ်တပ်ရဲ့  အာဏာသိမ်းမှုကြောင့် ပြည်သူလူထုရဲ့ အနာဂတ်နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ ကြီးလေးတဲ့ သက်ရောက်မှုတွေရှိခဲ့ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့တဲ့ အရပ်သားအစိုးရလက်ထက်က ဖော်ဆောင်နိုင်ခဲ့တဲ့ တိုးတက်မှုတွေအားလုံး ပြောင်းပြန်အခြေအနေကို ရောက်ရှိခဲ့တယ်လို့ အသိပေးထားပါတယ်။ 

ပြည်တွင်းတရားဥပဒေစိုးမိုးမှုနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုလို လုပ်ငန်းစဉ်တွေ လုံးဝဥဿုံ ဆိတ်သုဉ်း ခဲ့တာကြောင့် မြန်မာနိုင်ငံ ရိုက်ခတ်ခဲ့တဲ့ဖျက်အားပြင်း ငလျင်ဒဏ်ကို မြန်မာပြည်သူတွေ ကြုံတွေ့နေရတာဟာ လက်ငင်း သာဓကပဲလို့ ထောက်ပြထားပါတယ်။ 

စစ်တပ်မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး စီမံချက် မရှိတာကြောင့် ပြည်သူအချို့ အသက်ဆုံးရှုံးခဲ့ရတဲ့ အပြင် စစ်တပ်အနေနဲ့ ကန့်သတ်ချက်တွေ အမျိုးမျိုးထားရှိတာကြောင့် ငလျင်ဒဏ်သင့် ဒေသက ထိခိုက်နစ်နာသူတွေဆီ အရေးပေါ် လူသားစာနာ အကူအညီတွေ အချိန်မီ ထိရောက်စွာ ပို့ဆောင်ပေးနိုင်တာမျိုး မရှိခဲ့ဘူးလို့လည်း အသိပေးထားပါ တယ်။

ဒါဟာ စစ်တပ်အနေနဲ့ ပဋိပက္ခဖြစ်ပွားရာ နေရာဒေသတွေက ငလျင်ဘေးဒဏ်သင့်ပြည်သူတွေဆီ အရေးပေါ် လူသား စာနာအကူအညီတွေ မရောက်ရှိစေဖို့ ရည်ရွယ်ချက်ရှိရှိ တားမြစ်နေတာလို့ မှတ်ယူနိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ငလျင်ဒဏ်သင့်နေရာတွေအပါအဝင် အရပ်သားပြည်သူတွေအပေါ် မဆင်မခြင် လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နေတယ်လို့လည်း ဆက်လက်ပြောကြားထားပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ငလျင်ဘေးဒဏ်သင့်ဒေသက ထိခိုက်နစ်နာသူတွေအတွက် ပြန်လည်ထူထောင်ရေး ဆိုင်ရာလုပ်ငန်းတွေ အဆက်မပြတ်ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ 

ဒီလို အရေးပေါ် အနေအထားမှာ မြန်မာနိုင်ငံရဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ဆိုရင် စစ်အာဏာရှင်စနစ်နဲ့ စစ်အာဏာသိမ်းမှု အပြီး တိုင် ချုပ်ငြိမ်းရပ်တန့်ခြင်းက အဓိကသော့ချက် ဖြစ်တာကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို အလေးထား နားထောင်ပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်ပေးဖို့ ပြည်သူလူထုရဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ကြိုးပမ်းမှုမှာ ဝိုင်းဝန်းကူညီပေးဖို့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်နိုင်ရေး ပံ့ပိုးပေးဖို့နဲ့ အထူးသ ဖြင့် ဒီလုပ်ဆောင်ချက်တွေအတွက် ထိရောက်တဲ့ အရေးယူမှုတွေချမှတ်ပေးဖို့ ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မျိုးထွန်း တောင်းဆိုခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မြန်မာပြည်သူလူထုကစစ်တပ်လက်အောက်မှာဒုက္ခရောက်နေပြီး တရားမျှတမှုအတွက်ကူညီပေးဖို့ဒုဝန်ကြီးဒေါ်အိသဉ္ဇာမောင်သတင်းစကားပါး


ဧပြီ၁၀ရက်


မြန်မာပြည်သူလူထုကစစ်တပ်လက်အောက်မှာဒုက္ခရောက်နေပြီး တရားမျှတမှုအတွက်ကူညီပေးဖို့ ဒုဝန်ကြီးဒေါ်အိသဉ္ဇာမောင်က ရုပ်သံနဲ့တကွ ဆိုလိုက်ပါတယ်။

"နာဂစ်မုန်တိုင်းကြားကပဲ၂၀၀၈အခြေခံဥပဒေကို အတင်းအဓမ္မအသက်သွင်းခဲ့သလိုမျိုးငလျင်ဒဏ်ကြောင့် ပြည်သူတွေဒုက္ခရောက်နေချိန်မှာ သကြ်န်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်၊တိုင်းပြည်ကိုတည်ငြိမ်ဟန်ပြ လူထုကိုသကြ်န်ပွဲနဲ့အာရုံလွဲ ပြီး ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်ဖို့ကြံစည်နေပါတယ်။သကြ်န်ပွဲ မဖြစ်ဖြစ်အောင်လုပ်ဖို့လည်းစကစကသူ့ကိုထောက်ခံတဲ့ တပ်ပိုင်အနုပညာရှင်တွေနဲ့ကြိုတင်ကြံစည်ပြီးသားဖြစ်ပါလိမ့်မယ်။စစ်ကောင်စီဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ။အမှန်တရားကပျောက်ကွယ်မသွားပါဘူး။

မြန်မာပြည်သူလူထုကစစ်တပ်လက်အောက်မှာဒုက္ခရောက်နေတာကြာပါပြီ။ဒါကိုမျက်နှာမလွှဲပါနဲ့။မြန်မာနိုင်ငံကိုအမှန်တရားနဲ့ တရားမျှတမှုအတွက်ကူညီပေးဖို့သတင်းစကားပါးလိုက်ပါ့ရစေ"လို့ ဒုဝန်ကြီးကဆိုပါတယ်။

လက်ရှိမှာအကြမ်းဖက်စစ်တပ်ဟာနိုင်ငံတကာရဲ့အစိုးရအဖြစ်အသိအမှတ်ပြုမှုနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ကျူးလွန်မှုများကို ကွယ်ပျောက်သွားဖို့ လုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ငလျင်ဘေးသင့် ပြည်သူများအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိ


ဧပြီ၁၀ရက်


အမျိုးသားညီညွတ်ရေးအစိုးရသည် သက်ဆိုင်ရာဝန်ကြီးဌာနလိုက် ငလျင်ဘေးသင့် ပြည်သူများအတွက် ငလျင်စတင်ဖြစ်ပွားပြီးသည့် အချိန်မှစ၍ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့်လည်း ပြည်တွင်းရှိ သဘာဝဘေး (ငလျင်ဘေး) ဒဏ်ကြောင့်  ထိခိုက်ခံစားရသည့် ပြည်သူများအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးနှင့် အထောက်အပံ့များ၊ ပြည်လည်ထူထောင်ရေး လုပ်ငန်းများကို လည်းကောင်း၊ ပြည်ပရှိ ငလျင်ဘေးဒဏ်သင့်  မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် လိုအပ်သည် ကူညီပံ့ပိုးများနှင့် အားပေးနှစ်သိမ့်မှုများကိုလည်းကောင်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်လှူဒါန်းမှုများဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အမေရိကန် ဆန်ဖရန်စစ္စကိုမှာကျင်းပတဲ့ ရန်ပုံငွေပွဲကနေ အမေရိကန်ဒေါ်လာ ( ၈၀,၀၀၀)ကို မတည်နိုင်ခဲ့တယ်လို့ ကိုထိန်လင်းအသိပေး


ဧပြီ၁၀ရက်


အမေရိကန် ဆန်ဖရန်စစ္စကိုမှာကျင်းပတဲ့ ရန်ပုံငွေပွဲကနေ အမေရိကန်ဒေါ်လာ ( ၈၀,၀၀၀)ကို မတည်နိုင်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်သားငယ်ကိုထိန်လင်းက အသိပေးဆိုထားပါတယ်။

"ဧပြီ ရက်နေ့မှာ  ဆန်ဖရန်စစ္စကိုမှာရှိတဲ့ တရားမျှတမှုကို လိုလားပြီး ပြင်းပြတဲ့ စိတ်ဆန္ဒ၊ သတိရအောက်မေ့ခြင်းတို့နဲ့ ကျွန်တော်တို့ရဲ့ မြန်မာပြည်သူတွေအပေါ်ထားရှိတဲ့ ပန်းတိုင်တူ၊ ရင်ဘတ်ချင်းတူညီတဲ့ မြန်မာနွယ်ဖွား မိသားစုများနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့ ဒီနေ့ ရန်ပုံငွေပွဲကနေ လေလံပွဲကျင်းပခဲ့ပြီး ရန်ပုံငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ( ၈၀,၀၀၀) ကို မတည်နိုင်ခဲ့တယ်။ ရရှိတဲ့ ဒီရန်ပုံငွေများကို လူသားချင်းစာနာမှုဆိုင်ရာပံ့ပိုးမှုတွေအနေနဲ့ လတ်တလော ငလျင်ဒဏ်မှ လွတ်မြောက်လာသူတွေ၊ စစ်အစိုးရရဲ့ အကြမ်းဖက်ဖိနှိပ်ခံရသူများပြန်လည်ထူထောင်ရေးမှာ ထိရောက်စွာ အသုံးချသွားပါမယ်"လို့ဆိုပါတယ်။

လက်ရှိမှာကိုထိန်လင်းရဲ့ Aid to Burma အဖွဲ့အစည်းကနေ  လိုအပ်တဲ့ မြန်မာပြည်သူပြည်သားတွေအတွက် အသက်ကယ်ဆယ်ပေးနိုင်ဖို့ အရေးပေါ် စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဘက်ဆိုင်ရာအကူအညီများ ထောက်ပံ့ပေးပို့နေပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ လေယာဉ်ဗုံးထိမှန်ကျဆုံးခဲ့တဲ့ မိုးကုတ်ပကဖ ရဲဘော်() ဦးအတွက် ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်က ဝမ်းနည်းဂုဏ်ပြုလွှာပေးပို့ခဲ့


ဧပြီ၁၀ရက်


လေယာဉ်ဗုံးထိမှန်ကာ ကျဆုံးခဲ့တဲ့ ပကဖ ရဲဘော် ()ဦးကို မိုးကုတ်မြို့နယ် ပကဖက အမိန့်ပြန်တမ်းထုတ်ခဲ့တယ်လို့ ပကအသံကဖော်ပြပါတယ်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် () မိုင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရတဲ့ မိုးကုတ်မြို့နယ်ပကဖ ရဲဘော်ပိုင်ကြီး (၃၁) နှစ်နဲ့ ရဲဘော် စွယ်စုံ (၂၈) နှစ်တို့၏ ရဲဝင့်စွာ စွန့်လွှတ်ပေးဆပ်မှုအား လေးစားဦးညွှတ်ဂုဏ်ပြုကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်က ဝမ်းနည်းဂုဏ်ပြုလွှာ ပေးပို့ခဲ့ပါတယ်။


သပိတ်ကျဉ်းမြို့နယ်၊ () မိုင်ရွာရှိ စစ်ကောင်စီတပ်ကို TNLA မိုးကုတ်ဗျူဟာ၊ MDY PDF နဲ့အတူ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်လျက်ရှိပါတယ်။


========================


🚩🚩၂။ ကယန်းတိုင်းရင်းသားတို့မျော်လင့်နေတဲ့ နိုင်ငံရေးရည်မှန်းချက်အတိုင်း ရှိနေမယ်လို့ KNDF ပြော


ဧပြီ၁၀ရက်


ကယန်းတိုင်းရင်းသားလူမျိုးတရပ်လုံး မျော်မှန်းထားတဲ့ နိုင်ငံရေးရည်မှန်းချက်အတိုင်း ရှိနေမယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 

ဒီနေ့ ဧပြီ ၁ဝ ရက်မှာ ကျရောက်တဲ့ငွေရတု ကယန်းအမျိုးသားနေ့အတွက်ပေးပို့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေး တပ် KNDF ရဲ့ သဝဏ်လွှာမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

စစ်အာဏာရှင်အဆက်ဆက်ရဲ့ ဗဟိုချုပ်ကိုင်မှု စနစ်ဆိုးကို ကယန်းလူမျိုးတွေဟာလည်း အခြားတိုင်းရင်းသားတွေနည်းတူ နှစ်ပေါင်းများစွာ ကြုံတွေ့ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒီစနစ်ဆိုးကို နှစ်ပေါင်းများစွာ တွေ့ကြုံခံစားခဲ့ရပေမယ့် ကယန်းလူထုတရပ်လုံးနဲ့ ကယန်းလူငယ်တွေ အမျိုးသမီးတွေ အသင်းအဖွဲ့တွေဟာ ကယန်းအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ယသ်ကျေးမှုအမွေအနှစ်တွေကို ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်နိုင်ခဲ့ကြတယ်လို့ အသိပေးထားပါတယ်။

ကယန်းလူမျိုးတို့ရဲ့ ဒုတိယအကြိမ်မြောက် ကယန်းညီလာခံကချမှတ်ထားတဲ့ သဘောတူညီချက်တွေအတိုင်း KNDF ဘက်က နိုင်ငံရေးမူဝါဒတခုထည့်သွင်းပြီး မိမိတို့မျော်မှန်းထားတဲ့ နိုင်ငံရေးပန်းတိုင်ကို ဆက်ပြီး အတူ လျောက်လှမ်း သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာလည်း ကယန်းလူမျိုးတွေအပါအဝင် ကရင်နီပြည်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ လက်တွဲပြီး စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ကတိသစ္စာနဲ့ အသက်ပေါင်းများစွာ ပေးဆပ်ပြီး သမိုင်းပေးတာဝန်တရပ်အနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းနေတယ်လို့ ထပ်မံ အသိပေးထားပါတယ်။


========================


🚩🚩 ⁨⁨⁨၃။ ရခိုင့်တပ်တော်လို အောင်မြင်မှုတွေရရှိနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ မန္တလေး PDF ပြော


ဧပြီ၁၀ရက်


ရခိုင့်တပ်တော်ရဲ့ တိကျပြတ်သားတဲ့ လေ့ကျင့်မှု၊ စနစ်ကျတဲ့စုဖွဲ့မှုနဲ့ ရဲဝံ့သောတိုက်စွမ်းရည်တို့ကို လေးစားအတုယူပြီး အာရက္ခတပ်တော်ကဲ့သို့ အောင်မြင်မှုတွေရရှိနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ မန္တလေး PDF က ပြောကြားလိုက်ပါတယ်။

ရခိုင့်တပ်တော် AA ဖွဲ့စည်းတည်ထောင်မှု ၁၆ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး - MDY PDF က သဝဏ်လွှာပေးပို့ခဲ့ရာမှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ 

ရခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် - ULA/AA ဟာ ရခိုင်ပြည်သူတွေနဲ့လက်တွဲပြီး အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေကို အရှိန်အဟုန်နဲ့ ဆင်နွှဲပြီး တိုက်ပွဲဝင်နေတာကြောင့် စစ်ရေးစာမျက်နှာမှာတင်မက သံခင်းတမန်ခင်းစာမျက်နှာ နဲ့ အုပ်ချုပ်ရေးစာမျက်နှာတွေမှာပါ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့ကို ဂုဏ်ယူဖွယ် တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။

 ULA/AA အောင်မြင်မှုတွေဟာ ရခိုင်ဒေသတွင်းမှာရှိတဲ့ ပြည်သူ ပြည်သားတွေအတွက်သာမက စစ်အာဏာရှင်နဲ့တကွ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး တိုက်ပွဲဝင်နေကြတဲ့ မြန်မာနိုင်ငံတဝှမ်းလုံးက ရဟန်းရှင်လူပြည်သူများအတွက်ပါ ကြီးမားတဲ့စိတ်ခွန်အား ဖြစ်ပေါ်စေပြီး အခြေအနေကောင်းတွေကိုပါ တဆက်တစပ်တည်း ဖန်တီးပေးနေတယ်လို့လည်း ရခိုင့်တပ်တော်ထံပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မန္တလေး- PDF အနေနဲ့ ULA/AA ရဲ့ တိကျပြတ်သားတဲ့ လေ့ကျင့်မှု၊ စနစ်ကျတဲ့စုဖွဲ့မှုနဲ့ ရဲဝံ့တဲ့တိုက်စွမ်းရည်တို့ကို လေးစားအတုယူပြီး အာရက္ခတပ်တော်လို အောင်မြင်မှုတွေရရှိနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် တိုင်းပြည်နဲ့ပြည်သူလူထုကို အဆိုးကျော့သံသရာမှာ ကြိမ်ဖန်များစွာ ကျရောက်စေခဲ့တဲ့ ဘုံရန်သူတွေကို မျက်မှောက်ခေတ်ကာလမှာ အပြီးတိုင်ချုပ်ငြိမ်းစေဖို့ ကြိုးပမ်းဆောင်ရွက်ကြရာမှာ ရခိုင့်တပ်တော်နဲ့အတူ လက်တွဲညီညီနဲ့ ဆက်လက်တိုက်ပွဲဝင်နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း မန္တလေး PDF က AA ထံ သဝဏ်လွှာပေးပို့ထားပါတယ်။


========================


🚩🚩၄။၁၀၂၇ စစ်ဆင်ရေး စီမံချက်လှိုင်းလုံးတွေနဲ့အတူ တော်လှန်ရေးအောင်ပွဲရောက်တဲ့အထိ စည်းလုံးညီညွတ်မယ်လို့ MNDAA နဲ့   TNLA ပြော


ဧပြီ၁၀ရက်


ညီနောင်မဟာမိတ် ဖွဲ့ဟာ အခက်အခဲတွေနဲ့ ဖိအားပေါင်းစုံကို နည်းလမ်းမျိုးစုံကို စုစည်းညီညွတ်စွာ အတူတကွ ဖြတ်ကျော်ပြီး ၁၀၂၇ စစ်ဆင်ရေးစီမံချက်လှိုင်းလုံးတွေနဲ့အတူ တော်လှန်ရေးအောင်ပွဲရောက်တဲ့အထိ ခိုင်မာသော ညီနောင်မဟာမိတ်စိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်ကြမယ်လို့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ 

ဒီနေ့ ဧပြီလ ၁ဝ ရက်မှာကျရောက်တဲ့ ရခိုင့်တပ်တော် AA ဖွဲ့စည်းတည်ထောင်မှု ၁၆ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် နေ့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ရာမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

အမျိုးသားလွတ်မြောက်ရေးအတွက် ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးရှည်ကြီးမှာ ရခိုင်လူမျိုးတွေရဲ့ အာရက္ခအိမ်မက် ကို မရပ်မနားကြိုးပမ်း အကောင်အထည်ဖော်ခဲ့ကြတဲ့ အာရက္ခအာဇာနည်ရဲဘော်များ၊ တပ်ဖွဲ့ဝင်များနဲ့ နည်းလမ်းပေါင်းစုံက နေ ပေးဆပ်ပါဝင်နေကြတဲ့ ရခိုင်လူမျိုးအားလုံးကို အထူးလေးစားဂုဏ်ယူတယ်လို့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။

ရခိုင်လူမျိုးတွေရဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ ရခိုင်သားတွေလက်ထဲ မကြာမီအချိန်မှာ မလွဲမသွေရောက်ရှိလာတော့မယ်လို့ လည်း အသိပေးထားပါတယ်။

စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ပြီး မြန်မာပြည်သူလူထုနဲ့ကိုက်ညီတဲ့ နိုင်ငံရေးစနစ်တခုကို ထူထောင်နိုင်ဖို့  မြန်မာနိုင်ငံ တဝန်းလုံးမှာရှိတဲ့ တော်လှန်ရေးနယ်မြေဒေသအသီးသီးမှာ ရခိုင့်တပ်တော်က တပ်ဖွဲ့ဝင်တွေရှိနေပြီး တော်လှန်ရေးအလုပ် တွေကို လက်တွေ့ကျကျ အရှိန်အဟုန်နဲ့ ဖော်ဆောင်နေတာဟာ မြန်မာပြည်သူတရပ်လုံးအတွက် အားတက်ဂုဏ်ယူဖွယ် ဖြစ်တယ်လို့လည်း သဝဏ်လွှာက ဆိုပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့အတူပါဝင်ခဲ့တဲ့ မဟာမိတ်တပ်ဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေ အကောင် အထည်ဖော်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အာဏာရှင်တိုက်ဖျက်ရေးအတွက် အကောင်းဆုံးအစပြုရာ စစ်ဆင်ရေး ဖြစ်လာခဲ့ပြီး တော်လှန်ပြည်သူတွေရဲ့ထောက်ခံမှုနဲ့အတူ တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မယ်ခြေလှမ်းလည်း ဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


========================


🚩🚩၅။ စစ်ကိုင်းမြို့နယ်တွင် သင်္ကြန်ကာလအတွင်းရေကစားမဏ္ဍပ်နဲ့လူစုလူဝေးမပြုလုပ်ကြရန် စစ်ကိုင်းပအဖကြေညာ


ဧပြီ၁၀ရက်


စစ်ကိုင်းမြို့နယ်တွင် သင်္ကြန်ကာလအတွင်းရေကစားမဏ္ဍပ်နဲ့လူစုလူဝေးမပြုလုပ်ကြရန် စစ်ကိုင်းပအဖမှ ကြေညာလိုက်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုအပါအဝင် ငလျင်ဘေးဒဏ်ကိုပါ မြန်မာပြည်သူလူထုကခံစားနေရတဲ့အချိန်ကာလဖြစ်တယ်လို့ဆိုပါတယ်။သို့ဖြစ်၍ စစ်ကိုင်းမြို့နယ်အတွင်းရေသဘင်ခုံများ၊ဆောင်းဘောက်များဖွင့်၍လူစုလူဝေးမပြုလုပ်ကြဘဲ ကုသိုလ်ကောင်းမှု ပြုကာဆုတောင်းမေတ္တာပို့သဖို့ စစ်ကိုင်းပအဖကတိုက်တွန်းမေတ္တာရပ်ထားပါတယ်။


========================


🚩🚩၆။ငလျင်သင့်ဒေသတွေကို လေကြောင်းကနေတိုက်ခိုက်နေတဲ့ စစ်တပ်လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ရန်ကုန်လူထုသပိတ် ဆန္ဒပြ


ဧပြီ၁၀ရက်


ငလျင်ဒဏ်သင့်ဒေသတွေကို လေကြောင်းကနေတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မြို့လယ်အပါအဝင် နေရာအများအပြားမှာ စာတန်းတွေချိတ်ဆွဲပြီး ဆန္ဒပြခဲ့တယ်လို့ ရန်ကုန် လူထုသပိတ်က အသိပေးထားပါတယ်။

"MILITARY AIRSTRIKE IS THE REAL FUCKING DISASTER" "MILITARY AIRSTRIKE IS REAL FAULT" စတဲ့ စာသားတွေကို ရန်ကုန်မြို့လယ်၊ လှည်းတန်းလမ်းမ စသည့် လူစည်ကားရာနေရာတွေမှာချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကျရောက်တာကြောင့် နောက်ဆက်တွဲပျက်စီးဆုံးရှုံးမှုတွေ ခံစားနေရတဲ့ ခိုကိုးရာမဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံရေးအတွက် ကယ်ဆယ်ကူညီပေးမှုမရှိတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အသက်အန္တရာယ်ခြိမ်းခြောက်တွေ အကြိမ်ကြိမ်ပြုလုပ်နေတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အစိုးရကို ဆန့်ကျင်တော်လှန် တိုက်ထုတ်ကြဖို့ ရန်ကုန်လူထုသပိတ်က တပ်လှန့်နှိုးဆော် ထားပါတယ်။

သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူတွေ အသက်အိုးအိမ်ဆုံးရှုံးရတာထက် ပြည်သူလူထုအပေါ် စိတ်ကောင်းစေတနာ မရှိတဲ့ မှားယွင်းတဲ့ စစ်အုပ်ချုပ်ရေးစနစ်ကြောင့် ပြည်သူတွေပိုပြီးဒုက္ခရောက်ခဲ့ကြရပြီး တိုင်းပြည်အတွက် သဘာဝဘေး ကာကွယ်ပြင်ဆင်မှုတွေ မလုပ်ပေးတဲ့အပြင် ပြည်သူကိုဗုံးကြဲပြီး လူသတ်တဲ့ အလုပ်သာလုပ်ပြီး ကယ်ဆယ်ရေးလုပ်နေတဲ့ လူမှုရေးအဖွဲ့တွေကို တားဆီးကန့်သက်မှုတွေလုပ်ခဲ့တာကြောင့် မနှောင့်နှေးသင့်ပဲ နှောင့်နှေးခဲ့ရပြီး အသက်တွေပိုဆုံးရှုံးခဲ့ရ တယ်လို့ ရန်ကုန် လူထုသပိတ်က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution


 

Share:

No comments:

Post a Comment