5th Apr 2025 - Evening Daily News by Radio NUG

 

၂၀၂၅ ဧပြီလ ၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨၁။ ငလျင်ဒဏ်ကြောင့် အိုးဘိုအကျဥ်းထောင်တွင်း ကျဆုံးခဲ့သည့် နိုင်ငံရေးအကျဥ်းသူများ၏စာရင်းအား အသိပေးထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨⁨၂။⁨⁨⁨⁨ စစ်အုပ်စုက ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေမှာ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံတွေအားလုံး ကြံရာပါအဖြစ်ပတ်သက်နေတယ် လို့ Justice For Myanmar ပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨၃။ ထိုင်းနိုင်ငံဟာ မြန်မာစစ်အုပ်စုအတွက် အရေးပါတဲ့ စစ်လက်နက်ထောက်ပံ့နေတဲ့နိုင်ငံဖြစ်တယ်လို့ JFM ပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨၄။ ထိုင်းနိုင်ငံက ဆန္ဒပြပွဲတွေမှပါဝင်မယ့် မြန်မာတွေ တိုက်ခိုက်ခံရမှုတွေနဲ့ ကြုံရနိုင်တာကြောင့် ဂရုစိုက်ကြဖို့ Milk Tea Alliance Thailand သတိပေး  


========================


၂၀၂၅ ခုနှစ် ဧပြီလ ၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးနှင့် ငလျင်ဘေးဒဏ်သတင်းကောက်နုတ်ချက်များ


🚩၁။⁨⁨⁨ အင်အားပြင်းငလျင်ဘေးသင့်နေချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင် ၆၈ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ NUG ပြော 

🚩 ⁨⁨၂။စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အင်းတော်မြို့မဘုန်းကြီးကျောင်း ပျက်စီးကာ  ဦးသေဆုံးပြီး ဦးဒဏ်ရာရ 

🚩 ⁨⁨၃။⁩ ⁨ဗန်းမော်တိုက်ပွဲမှာ အလင်းဝင်လာတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက် KIA ထုတ်ပြန်

🚩 ⁨⁨၄။ညီနောင်မဟာမိတ် ဖွဲ့က တဖက်သတ် အပစ်ရပ်ထားချိန်မှာ စစ်တပ်က ထိုးစစ်ဆင်လာတဲ့အတွက် နောင်ချိုမှာ တိုက်ပွဲဖြစ် 

🚩 ⁨⁨၅။ စစ်ကောင်စီအတွက် စားအုံးဆီ ပိဿာ ၅ထောင်ကျော်သယ်လာတဲ့ကားကို ဖမ်းဆီးရမိ 

🚩၆။မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အချက် ချက်ပါတဲ့ ဒေသန္တရအမိန့်ထုတ်  


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨၁။ ငလျင်ဒဏ်ကြောင့် အိုးဘိုအကျဥ်းထောင်တွင်း ကျဆုံးခဲ့သည့် နိုင်ငံရေးအကျဥ်းသူများ၏စာရင်းအား အသိပေးထုတ်ပြန်


  ဧပြီလ ၅ရက်


မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင်()နှင့် အဆောင်()တို့ ပြိုကျခဲ့သည့်အတွက် အဆိုပါအဆောင်များတွင် မတရားဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသူများထဲမှ အောက်‌ဖော်ပြပါနိုင်ငံရေးအကျဉ်းသူများ အသက်ဆုံးရှုံးခဲ့ကြရပါသည်။

() မမိုးသူဇာခိုင်

()ဒေါ်လဲ့လဲ့စိုး 

()ဒေါ်ခင်အုန်းရွှေ 

() မကေကေဝင်း 

()မပပဝင်း 

()မဖူးဝေဝေ တို့သည် အသက်ဆုံးရှုံးခဲ့ကြောင်း PPNM အ‌နေဖြင့် စုံစမ်းအတည်ပြု သိရှိထားပါသည်။

ငလျင်ကြောင့် အိုးဘိုထောင်တွင် အနည်းဆုံး လူ(၁၂)ဦးသေဆုံးမှုရှိကြောင်း သတင်းအချက်အလက် ရရှိမှုအပေါ်မှုတည်၍ PPNM အနေဖြင့် စုံစမ်းအတည်ပြုခဲ့ရာ အထက်ဖော်ပြပါ နိုင်ငံရေးအကျဉ်းသူ ()ဦး ပါဝင်ခဲ့ကြောင်းသိရှိရမှုအား မိဘပြည်သူများနှင့်မိသားစုဝင်များသို့ အသိပေးအပ်ပါသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ထုတ်ပြန်ထားပါသည်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၂။⁨⁨⁨⁨ စစ်အုပ်စုက ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေမှာ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံတွေအားလုံး ကြံရာပါအဖြစ်ပတ်သက်နေတယ် လို့ Justice For Myanmar ပြော


  ဧပြီလ ၅ရက်


မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘင်းမ်စတက် အစည်းအဝေး တက်ရောက်ခွင့်ပြုခဲ့တဲ့ ထိုင်းနိုင်ငံအပါအဝင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေအားလုံးဟာ စစ်အုပ်စုက ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါအဖြစ် ပါဝင်ပတ်သက် နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Justice For Myanmar – JFM က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပြုခဲ့ပြီး စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ပတ်သက်ခဲ့ကြတဲ့ ထိုင်းအစိုးရ၊ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ - BIMSTEC နဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ဆုံးဖြတ်ချက်ကိုလည်း  Justice For Myanmar က ကန့်ကွက်ရှုတ်ချထားပါတယ်။

ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာနိုင်ငံတို့နဲ့အတူ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာစစ်တပ်ကို လက်နက်၊ ဆက်စပ်ပစ္စည်းနဲ့ ငွေကြေး ထောက်ပံ့ပေးနေပြီး မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေကြ‌တယ်လို့ JFM က ဆိုပါ တယ်။ 

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံတွေအောက်မှာ ရုပ်အလောင်း တွေ များစွာကျန်ရှိနေသေးပြီး အကြီးအကျယ်ပျက်စီးနေချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘင်းမ်စတက်ထိပ်သီး ညီလာခံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

စစ်အုပ်စုဟာ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် လူသားစာနာမှုအကူအညီတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပိတ်ပင် တားမြစ်ခဲ့တဲ့အပြင် ငလျင်ဘေးသင့်ဒေသတွေအပါအဝင် နေရာအများအပြားကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက် လုပ်နေတယ်လို့ Justice For Myanmar အဖွဲ့က ထောက်ပြထားပါတယ်။

ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေဟာ  ၂၀၂၂ ခုနှစ်မှာ မြန်မာစစ်အုပ်စုကို ရာဇဝတ်မှုဆိုင်ရာ အကူအညီပေးရေး သဘောတူညီ ချက်မှာ လက်မှတ်ရေးထိုးခွင့်ပြုခဲ့တာဟာ သတင်းအချက်အလက်မျှဝေခြင်း၊ ရှာဖွေဖမ်းဆီးခြင်း၊ အဖမ်းခံထားရသူတွေရဲ့ သက်သေခံချက်ရရှိစေရေး သို့မဟုတ် စုံစမ်းစစ်ဆေးမှုတွေအတွက် အထောက်အကူဖြစ်စေခဲ့တယ်လို့ JFM ကဆိုပါတယ်။

ဒါဟာ စစ်အုပ်စုအတွက် ထောက်လှမ်းရေး သတင်းအချက်အလက်တွေ စစ်ဘက် ရဲဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ မှာ အထောက်အကူဖြစ်စေခဲ့ပြီး စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ပေး အရေးယူခံရခြင်းကနေကင်းလွတ်ခွင့်ရစေတယ်လို့ JFM ကအသိပေးထားပါတယ်။  

ဒါ့အပြင် ထိုင်းအပါအဝင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါအဖြစ် ပတ်သက်နေတာတွေကိုလည်း JFM က အတိအလင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၃။ ထိုင်းနိုင်ငံဟာ မြန်မာစစ်အုပ်စုအတွက် အရေးပါတဲ့ စစ်လက်နက်ထောက်ပံ့နေတဲ့နိုင်ငံဖြစ်တယ်လို့ JFM ပြော


  ဧပြီလ ၅ရက်


ထိုင်းနိုင်ငံဟာ စစ်အုပ်စုအတွက် အရေးပါသော စစ်လက်နက်ရောင်းချထောက်ပံ့တဲ့ နိုင်ငံတခုဖြစ်ပြီး ထိုင်းအစိုးရဟာ စစ်အုပ်စုက ကျူးလွန်တဲ့ ရာဇဝတ်မှုကြီးတွေအတွက် ငွေကြေးဖြည့်တင်းပေးနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Justice For Myanmar – JFM က ပြောဆိုလိုက်ပါတယ်။

ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာစစ်တပ်ကကျူးလွန်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာအနေနဲ့ ပါဝင်ပတ်သက်နေတာတွေ ပိုပြီးနက်ရှိုင်းလာတာနဲ့ပတ်သက်လို့ အခုလို ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာအရ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီတွေဟာ ၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်းမှာ မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၁၂၀ တန်ဖိုးရှိတဲ့ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းများကို ရောင်းချပေးပို့ခဲ့တယ်လို့ ထောက်ပြထားပါတယ်။   

ထိုင်းနိုင်ငံရဲ့ အများပိုင်ရေနံကုမ္ပဏီကြီးဖြစ်တဲ့ PTT Exploration and Production Public Company Limited - PTTEP ဆိုရင် မြန်မာနိုင်ငံအတွင်း အရေးပါတဲ့ ကမ်းလွန်သဘာဝဓါတ်ငွေ့စီမံကိန်းတွေ လုပ်ကိုင်နေပြီး သဘာဝဓာတ်ငွေ့ ရောင်းချ တာကတဆင့် စစ်အုပ်စုကို နိုင်ငံခြားငွေ ရှာဖွေပေးနေတယ်လို့ ဆိုပါတယ်။

ဒီလုပ်ရပ်ဟာ ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်အုပ်စုကကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုတွေမှာ တိုက်ရိုက်ပတ်သက်စေတယ်လို့ JFM က ဝေဖန်ထားပါတယ်။

ထို့အတူ အိန္ဒိယနိုင်ငံဆိုရင်လည်း ရုရှား၊ တရုတ်တို့နဲ့အပြိုင် မြန်မာစစ်အုပ်စုကို စစ်လက်နက်နဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ အဓိကရောင်းချထောက်ပံ့နေတဲ့ နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။ 

ရရှိထားတဲ့ ကုန်သွင်းကုန်ထုတ်မှတ်တမ်းတွေအ‌ပေါ်အခြေခံပြီး ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံပိုင်စစ်လက်နက်ကုမ္ပဏီတွေ က မြန်မာစစ်အုပ်စုကို စစ်လက်နက် ရောင်းချပေးပို့နေတာတွေ လျော့နည်းသွားတာမရှိဘဲ ဆက်လက်ပို့ဆောင်နေတယ်ဆို တာ တွေရတယ်လို့ Justice For Myanmar က အတည်ပြုထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံတွေကအစိုးရတွေ နိုင်ငံတကာအဖွဲ့တွေအနေနဲ့ စစ်အုပ်စုနဲ့ ကြံရာပါပတ်သက်နေတာ တွေကို အဆုံးသတ်ဖို့လိုအပ်နေပြီး မြန်မာပြည်သူတွေရဲ့ အသက်တွေကို ဦးစားပေးဖို့ အလွန်အရေးကြီးပါတယ်လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရတနာမောင်က ပြောကြားထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၄။ ထိုင်းနိုင်ငံက ဆန္ဒပြပွဲတွေမှပါဝင်မယ့် မြန်မာတွေ တိုက်ခိုက်ခံရမှုတွေနဲ့ ကြုံရနိုင်တာကြောင့် ဂရုစိုက်ကြဖို့ Milk Tea Alliance Thailand သတိပေး  


  ဧပြီလ ၅ရက်


ထိုင်းနိုင်ငံက ဆန္ဒပြပွဲတွေမှာပါဝင်မယ့်  မြန်မာတွေအနေနဲ့ တိုက်ခိုက်ခံရမှုတွေနဲ့ကြုံရနိုင်တာကြောင့် ဂရုစိုက်ကြဖို့ Milk Tea Alliance Thailand - MTAT က ဒီနေ့ ဧပြီ ၅ရက်မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ လူပေါင်း ထောင်ကျော်ကို သတ်ဖြတ်ထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်မှု အပေါ် ထိုင်းတက္ကသိုလ်ကျောင်းသားတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန့် ကန့်ကွက်ဆန္ဒပြနေတာတွေအတွက်  ထိုင်ရောက် မြန်မာတွေကို MTAT က အသိပေး နှိုးဆော်လိုက်တာဖြစ်ပါတယ်။

ဆန္ဒပြပွဲနဲ့ ဆန္ဒပြပွဲပြီးတဲ့နောက် အမျိုးသားရေးဝါဒကြီးသူတွေရဲ့ တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ခံရနိုင်ခြေရှိတဲ့အပြင် အစိုးရအာဏာပိုင်တွေရဲ့ တိုက်ခိုက်တာတွေလည်း ရှိလာနိုင်လို့ MTAT က ဆိုပါ တယ်။

ဒါ့အပြင် ဖမ်းဆီးခံရပါက မြန်မာနိုင်ငံကိုပြန်ပို့နိုင်သလို ပြန်မပို့ပါကလည်း အထောက်အထားအစုံရှိတဲ့တိုင် အာမခံအတွက် ခက်ခဲနိုင်တယ်လို့ အသိပေးထားပါတယ်။

စာရွက်စာတမ်း မှန်ကန်တဲ့သူတွေလည်း လက်ရှိရထားတဲ့ အခွင့်အရေးတွေကို ထိုင်းအာဏာပိုင်တွေက ဖျက်သိမ်းတာ သို့မဟုတ် အနာဂတ်တွင် စာရွက်စာတမ်းအသစ် မှတ်ပုံတင်တာ ဒါမှမဟုတ် သက်တမ်းတိုး လုပ်ငန်းစဉ်တွေမှာ အခက်အခဲ တွေ ဖြစ်ပေါ်နိုင်တယ်လို့ MTAT ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MTAT အနေနဲ့ အကူအညီပေးနိုင်တာတွေမှာလည်း ကန့်သတ်ချက်တွေရှိနေပြီး ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်သူတွေကို ထိုင်းအာဏာပိုင်တွေက စောင့်ကြည့်နေမှာဖြစ်တဲ့အတွက် ဘယ်လှုပ်ရှားမှုမှာမဆို မိမိတို့အန္တရာယ်ကို သေချာစွာသတိပြု လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးကတည်းက မြန်မာပြည်သူ ၆ထောင် ကျော်ကို သတ်ဖြတ်ကာ အရပ်သား ၂သောင်းကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်းနဲ့ သေဒဏ်အမိန့်ကို အသက်သွင်းခဲ့ ခဲ့တာကြောင့် ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် သန်းခွဲကျော်ရှိလာပြီဆိုပြီး ထိုင်းတက္ကသိုလ်ကျောင်းသားတွေနဲ့ လူမှုအဖွဲ့ အစည်းတွေက ရေးသားကန့်ကွက်နေကြပါတယ်။

Milk Tea Alliance Thailand ဟာ ထိုင်းတက္ကသိုလ်က ကျောင်းသား လူငယ်တွေဖြင့် စုဖွဲ့ထားတဲ့အဖွဲ့ဖြစ်ပြီး မြန်မာစစ်တပ် က အာဏာသိမ်းလိုက်တာကြောင့် ပြည်သူလူထု အကျပ်အတည်းဖြစ်လာမှု၊ ဖမ်းဆီးသတ်ဖြတ်နေမှု စတဲ့ အကြောင်းတွေ ထိုင်းနိုင်ငံသားတွေသိရှိစေဖို့ လုပ်ဆောင်နေတဲ့အဖွဲ့လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩၁။⁨⁨⁨ အင်အားပြင်းငလျင်ဘေးသင့်နေချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင် ၆၈ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ NUG ပြော 


  ဧပြီလ ၅ရက်


အင်အားပြင်း ငလျင်ကြောင့် အရပ်သားပြည်သူတွေ ငလျင်ဘေးဘေးသင့်နေချိန်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင် ၆၈ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ဧပြီ ရက်မှာ ထုတ်ပြန်ပြော ဆိုလိုက်ပါတယ်။

ငလျင်ဘေးသင့်နေချိန်မှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူတွေအပေါ် လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုအခြေအနေကို ထုတ်ပြန်လာတာဖြစ်ပါတယ်။

မတ်လ ၂၈ ရက်နေ့ကဖြစ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်ဘေးဒဏ်ကို ကြုံတွေ့နေရပြီးနောက်ပိုင်း တပတ် အတွင်း အကြမ်းဖက်စစ်အုပ်စုဟာ လေကြောင်းအပါအဝင် လက်နက်ကြီးနဲ့ တိုက်ခိုက်တာ စုစုပေါင်း ၆၃ ကြိမ် လုပ်ခဲ့ပြီး ကလေးငယ်တဦးနဲ့ အမျိုးသမီး ၁၅ ဦးအပါအဝင် အရပ်သားပြည်သူ ၆၈ ဦး အသက်ဆုံးရှုံးခဲ့ရတာလို့ ဆိုပါတယ်။

 

ဒီတိုက်ခိုက်မှုတွေမှာ ငလျင်ဘေးဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်းအတွင်း တိုက်ခိုက်မှု ၁၃ ကြိမ်နဲ့ မန္တလေး တိုင်းအတွင်း ကြိမ် ပါဝင်တယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨⁨၂။စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အင်းတော်မြို့မဘုန်းကြီးကျောင်း ပျက်စီးကာ  ဦးသေဆုံးပြီး ဦးဒဏ်ရာရ 


  ဧပြီလ ၅ရက်


အကြမ်းဖက်စစ်ကောင်စီတပ်က အင်းတော်မြို့မ ဘုန်းကြီးကျောင်းကို လေယာဉ်နဲ့  ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ဦးသေဆုံးပြီး ဦးဒဏ်ရာရကာ ဘုန်းကြီးကျောင်းပျက်စီးသွားတယ်လို့ Indaw Revolution-IR က ထုတ်ပြန်ပါတယ်။ 

မိတ္ထီလာလေတပ်စခန်းကတပ်လာတဲ့ တိုက်လေယာဉ် စင်းဟာ ဧပြီလ ရက် နေ့လည် ၁၂ နာရီကနေ နာရီအတွင်း ဗုံး လုံး ကြဲချခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီဗုံးတွေ အင်းတော်မြို့မဘုန်းကြီးကျောင်းပေါ် ကြဲချခဲ့တာကြောင့် အင်းတော်မြို့ မြို့မဘုန်းကြီးကျောင်း၊ ဆွမ်းစားဆောင်၊ ဓမ္မာရုံတို့ မီးလောင်ခဲ့ပြီး ရပ်တော်မူရုပ်ပွားတော်၊ မြို့တော်ခန်းမ၊ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်း ပျက်စီးခဲ့တဲ့အပြင် ဘုန်းကြီး ကျောင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့အတူ ရှိနေတဲ့ အရပ်သား ပြည်သူ ၂ဦးသေဆုံးခဲ့ပြီး ၈ဦး ဒဏ်ရာရခဲ့တာလို့ သိရပါ တယ်။ 

အင်းတော်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတာလို့ စစ်ရေးသတင်းရင်းမြစ်ကလည်း ပြောပါတယ်။ 

စစ်ကောင်စီအနေနဲ့ မြို့ပေါ်က ပြည်သူတွေ ငလျင်ဒဏ် အလူးအလဲခံနေရချိန်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက် မလုပ်ဘဲ အရပ်သားပြည်သူတွေရှိတဲ့နေရာတွေကို လေကြောင်းကနေတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်နေတယ်လို့ အင်းတော်ဒေသသတင်းရင်းမြစ် Indaw Revolution-IR က ပြောပါတယ်။

 ငလျင်ဘေးမှာ စစ်တပ်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ ပြည်သူလူထုအပေါ် စေတနာမရှိတာ အချိန်မီ ကူညီ‌ကယ်‌ဆယ်ရေး လုပ်ငန်းတွေ မလုပ်နိုင်တာတွေကြောင့် မသေသင့်ဘဲ သေခဲ့ရတဲ့သူတွေရှိနေတယ်လို့လည်း အသိပေးထားပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီက ဧပြီ ရက်နေ့ကနေ ဧပြီလ ၂၂ ရက်နေ့အထိ ရက်ပေါင်း ၂၀  အပစ်အခတ်ရပ်စဲထားမယ်လို့  ကြေညာထားပေမယ့် လက်တွေ့မှာတော့ တနိုင်ငံလုံးအနှံ့ ထိုးစစ်တွေဆင်နွှဲကာ လေကြောင်းတိုက်ခိုက်တွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ပြောဆိုထားပါတယ်။


========================


🚩🚩 ⁨⁨၃။⁩ ⁨ဗန်းမော်တိုက်ပွဲမှာ အလင်းဝင်လာတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက် KIA ထုတ်ပြန်


  ဧပြီလ ၅ရက်


ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သားတွေထဲမှာ စစ်တပ်က နည်းမျိုးစုံနဲ့ အဓမ္မ စုဆောင်းထားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေလည်းပါဝင်နေရာ ဖမ်းမိစစ်သုံ့ပန်းတွေရဲ့ထွက်ဆိုချက်ကို ကချင်လွတ်လပ်ရေး တပ်မတော် - KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဗန်းမော်တိုက်ပွဲမှာ အလင်းဝင်လာတဲ့ တပ်သားစည်သူအောင်၊ တပ်သား အောင်မိုးသက်တို့ရဲ့ ထွက်ဆိုချက်ကို ဖော်ပြခဲ့ရာ ၁ဝ တန်းကျောင်းသားနဲ့ အလုပ်ရှာသူတို့ဟာ စစ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရသူတွေဖြစ်တယ်လို့ ကာယကံရှင်တွေက ထွက်ဆိုထားပါတယ်။

တပ်သား အောင်မိုးသက်ဟာ ၁ဝ တန်းကျောင်းသားဖြစ်ပြီး စာမေးပွဲဖြေနေဆကြာလ ကျူရှင်က ပြန်လာချိန် ၁၀ နာရီ   ကျော်မှာ ဖမ်းဆီးခံရပြီး ရှေ့တန်းရောက်လာတာလို့ သိရပါတယ်။

ပြည်သူ့စစ်အဖွဲ့တွေ စစ်မတိုက်ရဘူးလို့ စစ်ကောင်စီဘက်က ပြောပေမယ့် ရှေ့တန်းစစ်မြေပြင်ကို စေလွှတ်ခံရတယ်လို့ လည်း ထွက်ဆိုထားကြပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေ ဆုတ်ခွာချိန်မှာ ကျန်ရစ်ခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်နေ့မှာ KIA တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကို သွားပြီး အလင်းဝင်ခဲ့တာလို့ တပ်သား အောင်မိုးသက်က ပြောပါတယ်။ 

တပ်သားစည်သူအောင်ကလည်း အလုပ်ရှာချိန်မှာ လူ၂ ဦးက အလုပ်ပေးမယ်ပြောပြီး ရန်ကုန် ဝါယာလက်စုဆောင်းရေး တပ်မှာ တပ်သားစုဆောင်းခံရတာလို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ အလင်းဝင်သူတွေကို သတ်ပစ်တယ်လို့ စစ်ကောင်စီဘက်ကပြောထားတာကြောင့် အလင်းဝင် ရမှာကို ကြောက်ခဲ့ရတယ်လို့ တပ်သား စည်သူအောင်က ရှင်းပြထားပါတယ်။

 အလင်းဝင်လာချိန်မှာ ဒီဘက်အဖွဲ့အစည်းတွေက တက်နိုင်သလောက် ဆေးဝါးထောက်ပံ့တာ ကြောသားရင်သားမခွဲခြားဘဲ တပြေးညီ ဆက်ဆံတာကို တွေ့ရတယ်လို့လည်း သူက အသိပေးထားပါတယ်။

အလင်းဝင်လာတဲ့ တပ်သားတွေဟာ လက်နက်ခဲယမ်း၊ ကျည်နဲ့ ဗုံးသီးတွေ ပါလာခဲ့ကြတယ်လို့ ကာယကံရှင်တွေက ထွက်ဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်တော်လှန်ရေး အင်အားစုတွေက ပြည်သူ့စစ်မှုထမ်း တပ်သားသစ်များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ရတဲ့နည်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ကာ အလင်းဝင်ကြဖို့ တိုက်တွန်းထား ပါတယ်။


========================


🚩🚩 ⁨⁨၄။ညီနောင်မဟာမိတ် ဖွဲ့က တဖက်သတ် အပစ်ရပ်ထားချိန်မှာ စစ်တပ်က ထိုးစစ်ဆင်လာတဲ့အတွက် နောင်ချိုမှာ တိုက်ပွဲဖြစ်  


  ဧပြီလ ၅ရက်


ငလျင်ဒဏ်သင့်ပြည်သူတွေကို ထိရောက်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ပေးနိုင်ဖို့ ညီနောင်မဟာမိတ် ဖွဲ့က တဖက်သတ် အပစ်ရပ်ထားချိန်မှာ စစ်တပ်က ထိုးစစ်ဆင်လာတဲ့အတွက် နောင်ချိုမြို့နယ်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ TNLA က ပြောပါတယ်။

အကြမ်းဖက် စစ်တပ်ဟာ စစ်ကား စီးနဲ့ လူအင်အားဖြည့်တင်းပြီး အင်တောဘက်ကနေ ကျောက်ဂူ၊ တောင်ချေ၊ အမတ - ၉၀၂ ဘက်ကို ဧပြီလ ရက် နေ့လည် ၁၂ နာရီ၀န်းကျင်မှာ စစ်ကူအင်အားဖြည့်တင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို အင်အားဖြည့်တင်းပြီး မနေ့ ဧပြီ ရက် မနက် ၁ဝ နာရီခန့်မှာ ထိုးစစ်ဆင်လာတဲ့အတွက် အကြမ်းဖက်စစ်တပ်နဲ့ တအာင်းတပ်မတော် PSLF/TNLA တို့ အမတ ၉၀၂ အနီးမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ သပိတ်ကျင်းမြို့နယ် မိုင်ဘက်ကိုလည်း ဂျက်ဖိုက်တာနဲ့ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီဟာ ဧပြီလ ရက်ကနေ ၂၂ ရက်နေ့ထိ အပစ်ရပ်ထားမယ်လို့ ကြေညာခဲ့ပြီး နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်လို့ ထုတ်ပြန်ကြေညာထားပေမယ့် ထိုးစစ်ဆင်တာတွေ လေကြောင်းတိုက်ခိုက်တာတွေ  နေ့စဉ် ပြုလုပ်နေလို့ TNLA က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ⁨⁨၅။ စစ်ကောင်စီအတွက် စားအုံးဆီ ပိဿာ ၅ထောင်ကျော်သယ်လာတဲ့ကားကို ဖမ်းဆီးရမိ 


  ဧပြီလ ၅ရက်


ရေစကြိုမြို့မှာရှိတဲ့ ရုံးပေါင်းစုံ အခြေစိုက်ကနေ စစ်ကောင်စီတပ်အတွက် ခွဲတမ်းဖြစ်တဲ့ စားအုံးဆီ ပိဿာ ၅ထောင်ကျော် တင်ဆောင်လာတဲ့ကားကို သိမ်းဆည်းရရှိထားတယ်လို့ Southern YSO PDF က ဒီနေ့ ဧပြီ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ပခုက္ကူ- ရေစကြိုလမ်းပိုင်းတနေရာမှာ စစ်ကောင်စီအတွက် ခွဲတမ်းအဖြစ် စားအုံးဆီပေပါ အလုံး ၅၀ ပိဿချိန် ၅၅၀၀ တင် ဆောင်လာတဲ့ကားကို ဧပြီလ ရက်နေ့ ညနေ နာရီ အချိန်မှာ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။  

စစ်ကောင်စီဟာ ရေစကြိုမြို့မှာ ဆီရောင်းချခွင့်၊သယ်ယူခွင့်တွေပိတ်ပင်ထားပြီး စစ်အုပ်စုက လက်ဝါးကြီးအုပ် ရယူထားတဲ့ ဈေးကွက်ကို ခွဲတမ်းဆီလို့ ခေါ်တယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ သက်သာချောင်ချိရေးခေါင်းစဉ်တပ်ပြီး သမဝါယမခေတ်ကလို စားဆီဝယ်ယူခွင့်ကတ်တွေထုတ်ပေးကာ သူတို့နဲ့ နီးစပ်တဲ့ ပြည်သူတွေနဲ့ ဆက်စပ်ပတ်သတ်နေသူတွေ ဝန်ထမ်းတွေကို တအိမ်တပိဿနှုန်း ရောင်းချပေးတယ်လို့ လည်း သိရပါတယ်။ခွဲတမ်းဆီကို တလ ကြိမ် ခန့်ထုတ်ယူပြီး စစ်တပ်လက်ဝေခံတွေက ဆီဈေးကွက်ကို ကိုင်တွယ်ထားတာ ကြာနေပြီလို့ Southern YSO PDF က ဆိုပါတယ်။ 

အခုဖမ်းဆီးရမိတဲ့ စားအုံးဆီသယ် ခြောက်ဘီးကားဟာ စစ်တပ်ခွဲတမ်းဆီတွေကို ပခုက္ကူမြို့ကနေ ရေစကြိုမြို့ဘက် အကြိမ် ကြိမ်သယ်ဆောင်ခဲ့သလို စစ်တပ်အတွက် ရိက္ခာဆန်တွေကိုလည်း ပခုက္ကူကနေ ရေစကြိုဘက် သယ်ဆောင်ပေးနေတဲ့ ကားဖြစ်တာကြောင့် အချိန် လခန့် စောင့်ကြည့်လေ့လာခဲ့ပြီးမှ ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။လက်ရှိမှာ ကားပေါ်က ဆီပေပါ အလုံး ၅၀ ကို သိမ်းဆည်းပြီး ကားကိုလဲ တော်လှန်ရေးလုပ်ငန်းတွေမှာ အသုံးပြုမှာဖြစ်ကာ ကားဒရိုင်ဘာနဲ့ ကားနောက်လိုက်ကို ပြန်လွှတ်ပေးမယ်လို့ သိရပါတယ်။  

အခုသိမ်းဆည်းရမိတဲ့ပစ္စည်းတွေထဲမှာ ပြည်သူပိုင်ပစ္စည်းတွေပါမယ်ဆိုရင် ပိုင်ရှင်တွေအနေနဲ့ Southern YSO PDF ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ဆက်သွယ်မေးမြန်းတယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၆။မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အချက် ချက်ပါတဲ့ ဒေသန္တရအမိန့်ထုတ်  


  ဧပြီလ ၅ရက်


မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အချက် ချက်ပါတဲ့ ဒေသန္တရအမိန့်တစောင် ထုတ်ပြန်ထားပါတယ်။မင်းတပ်မြို့နယ်အတွင်း နေထိုင်ကြတဲ့ ပြည်သူလူထုသိရှိလိုက်နာနိုင်စေဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၃ဝ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ဌာနဆိုင်ရာမြေနေရာတွေမှာ နေအိမ် ဆောက်လုပ်နေထိုင်တာ၊ အစိုးရအဆောက်အုံတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းအိမ်ယာတွေမှာ နေထိုင်တာမျိုး မလုပ်ကြဖို့ သတိပေးထားပါတယ်။ 

 ဒါ့အပြင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ဌာနဆိုင်ရာ အဆောက်အအုံတွေထဲဝင်ရောက်ပြီး ဌာနဆိုင်ရာ ပစ္စည်းတွေ ခိုးယူတာ စာရွက်စာတမ်းတွေ ဖျက်စီးတာမျိုး မလုပ်ဖို့ တားမြစ်ထားပါတယ်။ ထို့အတူ သစ်တောကြိုးဝိုင်းအတွင်း သစ်ထုတ်လုပ်ခြင်း၊ နေအိမ်ဆောက်လုပ်ခြင်း၊ တောင်ယာခုတ်ထွင်ခြင်း၊ ဥယျာဉ်ခြံတွေ  လုပ်ကိုင်တာမျိုးမလုပ်ဖို့၊ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ခွင့်ပြုချက်မရဘဲ ကျေးရွာတွေအတွင်း အိမ်သစ်ဆောက်တာ၊ အိမ်ဆောက် ဖို့ သစ်ထုတ်တာတွေ မလုပ်ဖို့လည်း ပါဝင်ပါတယ်။ 

မင်းတပ်မြို့ဟာ စစ်ကောင်စီလက်ချက်ကြောင့် မီးလောင်ပျက်စီးခဲ့ရတာဖြစ်ပေမယ့် ထိခိုက်ဆုံးရှုံးသွားသူတွေအနေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ခွင့်ပြုချက်နဲ့ နေအိမ်ဆောက်လုပ်ခွင့်၊ ပျဉ်နဲ့ အိမ်ဆောက်ပစ္စည်းသယ်ယူခွင့်တင်ပြကြဖို့ တိုက်တွန်း ထားပါတယ်။ 


ဒါ့အပြင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခွင့်ပြုချက်မရဘဲ ကျေးရွာရွှေ့ပြောင်းတာ ကျေးရွာသစ်တည်ထောင်တာတွေ မလုပ်ဖို့ ဒေသန္တရအမိန့် ထုတ်ပြန်ထားပြီး လိုက်နာဆောင်ရွက်တာမရှိရင် တည်ဆဲဥပဒေအတိုင်း အရေးယူမယ်လို့ အသိပေး ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment