၂၀၂၅ မေလ ၁၃ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၁၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာကစာသင်ကျောင်းကို စကစတိုက်ခိုက်မှုဖြစ်စဥ်နှင့်ပတ်သပ်ပြီး နိုင်ငံတကာဖွံဖြိုးရေးကွန်းဖရင့်တွင် သံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြားခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြန်မာစစ်ဘက်နဲ့  နိုင်ငံရေးဆိုင်ရာအရာရှိ၂၅ဦးအား ယာယီဖမ်းဆီးခြင်းနဲ့အာဂျင်တီးနားနိုင်ငံသို့ လွှဲပြောင်းပေးပို့ခြင်းအတွက်ကူညီရန် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီတောင်းဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီယာယီဖွဲ့စည်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ဒီပဲယင်းမြို့နယ်၊အိုးထိန်းတွင်းရွာရှိ စာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုတွင် ခွင့်လွှတ်စရာမရှိသောအကြမ်းဖက်မှုဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်သားငယ်ကိုထိန်လင်းပြောကြား


========================


၂၀၂၅ ခုနှစ် မေလ ၁၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာရှိ စာသင်ကျောင်းအား အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ခဲ့မှုဖြစ်စဉ် NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်

🚩၂။ "စစ်အုပ်စုဘက်ကလုပ်ဆောင်နေတဲ့ ဟန်ပြအပစ်အခတ်ရပ်စဲရေးကြေညာချက်တွေဟာ စည်းနှောင်မှုမရှိ၊ချိုးဖောက်ဖို့လွယ်ကူမယ့်အကြောင်းအချက်တွေကို ထည့်သွင်းထားတယ်"လို့ဆို

🚩၃။ အိုးထိန်းတွင်းရွာ ပြည်သူ့အခြေပြုစာသင်ကျောင်းကို စကစကလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်မှာ တိုက်ပွဲလည်း ဖြစ်ပွားခြင်းမရှိသလို စာသင်ကျောင်းအနီးတပ်စွဲထားခြင်းလည်းမရှိဘူးလို့ ဒီပဲယင်းPDFထုတ်ပြန်

🚩၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် AFCC-Mdy တို့ ပူးပေါင်း၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်နယ်မြေတွင်းရှိ စစ်ဘေးရှောင်စခန်းများအား သွားရောက်လှူဒါန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာကစာသင်ကျောင်းကို စကစတိုက်ခိုက်မှုဖြစ်စဥ်နှင့်ပတ်သပ်ပြီး နိုင်ငံတကာဖွံဖြိုးရေးကွန်းဖရင့်တွင် သံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြားခဲ့


မေလ ၁၃ရက်


စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်၊အိုးထိန်းတွင်းရွာကစာသင်ကျောင်းကို စကစတိုက်ခိုက်မှုဖြစ်စဥ်နှင့်ပတ်သပ်ပြီး နိုင်ငံတကာဖွံဖြိုးရေးကွန်းဖရင့်တွင် သံအမတ်ကြီးဦးကျော်မိုးထွန်းမှ ပြောကြားခဲ့ပါတယ်။

စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်တိုင် (၁၆) ဆိုင်ရာ၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းများအားမြှင့်တင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးသည့် ကွန်းဖရင့်တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောပါတယ်။


"စစ်အုပ်စုမှ နေ့စဉ် မဆင်မခြင် ကျူးလွန်နေသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲခြင်းတို့က အရပ်သားထိခိုက်နစ်နာမှုနှင့် အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုတို့ကို အလွန်အမင်းဖြစ်စေပြီး စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်တိုင်များအား အကောင်အထည်ဖော်ရန် တာဝန်ယူကြရသည့် အဆောက်အအုံများဖြစ်သော စာသင်ကျောင်းများနှင့် ဆေးရုံများအပေါ် အများဆုံး ထိခိုက်စေကြောင်း၊မတ်လ၁၂ရက် နံနက်တွင်ပင် စစ်အုပ်စုက စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာ ရှိ ကျောင်းတစ်ကျောင်းအပေါ် လေကြောင်းမှတဆင့် တိုက်ခိုက်ခဲ့ရာ ကျောင်းဆရာမ () ဦးနှင့် ကလေးငယ် (၂၀) ခန့် သေဆုံး၍ များစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ဤဖြစ်ရပ်သည် ဤတစ်ခုတည်း မဟုတ်ပါကြောင်း၊ တစ်ဖက်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး သည် ကျန်ခဲ့သော () ကျော်ကာလအတွင်းက ဖြစ်ပေါ်ခဲ့သည့် ပြင်းအား . ရှိသော ငလျင်ဒဏ် အပြင်းဆုံး ထိခိုက်ခံရသည့်ဒေသများအနက် ဒေသတစ်ခုဖြစ်ကြောင်း"သံအမတ်ကြီးက ပြောပါတယ်။

အချို့သောနိုင်ငံများအနေဖြင့် စစ်အုပ်စုအား ထောက်ပံ့ပေးနေကြောင်း၊ စစ်အုပ်စု အား ရုပ်ဝတ္ထုပစ္စည်းအားဖြင့် သော်လည်းကောင်း၊ စိတ်ဓာတ်အားဖြင့်သော်လည်းကောင်း ထောက်ပံ့ပေးခြင်းက ကလေးငယ်များ အပါအဝင် လူအများအပြားကို စစ်အုပ်စု က သတ်ဖြတ်နိုင်စေရန် ကူညီပေးရာ ရောက်နေကြောင်းသံအမတ်ကြီးကထပ်လောင်းပြောပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြန်မာစစ်ဘက်နဲ့  နိုင်ငံရေးဆိုင်ရာအရာရှိ၂၅ဦးအား ယာယီဖမ်းဆီးခြင်းနဲ့အာဂျင်တီးနားနိုင်ငံသို့ လွှဲပြောင်းပေးပို့ခြင်းအတွက်ကူညီရန် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီတောင်းဆို


မေလ ၁၃ရက်


မြန်မာစစ်ဘက်နဲ့  နိုင်ငံရေးဆိုင်ရာအရာရှိ၂၅ဦးအား ယာယီဖမ်းဆီးခြင်းနဲ့အာဂျင်တီးနားနိုင်ငံသို့ လွှဲပြောင်းပေးပို့ခြင်းအတွက်ကူညီရန် ကမ္ဘာတဝန်းရှိဥပဒေစိုးမိုးရေးအဖွဲ့အားတောင်းဆိုသည် red noticeများ ထုတ်ပြန်သင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီမှ မေလ၁၃ရက်မှာ တောင်းဆိုလိုက်ပါတယ်။

အာဂျင်တီးနားနိုင်ငံသည် အာဂျင်တီးနားတရားရုံး၏ဖမ်းဝရမ်းများတွင် အမည်ပါရှိသောအကြီးတန်းမြန်မာစစ်ဘက်နဲ့  နိုင်ငံရေးဆိုင်ရာအရာရှိ၂၅ဦးအား ယာယီဖမ်းဆီးခြင်းနဲ့အာဂျင်တီးနားနိုင်ငံသို့ လွှဲပြောင်းပေးပို့ခြင်းအတွက်ကူညီရန် ကမ္ဘာတဝန်းရှိဥပဒေစိုးမိုးရေးအဖွဲ့အားတောင်းဆိုသည် red noticeများထုတ်ပြန်ပေးရန် အင်တာပိုလ်Interpolအား ချက်ချင်းတောင်းဆိုသင့်တယ်လို့ ဖော်ပြပါတယ်။


ငလျင်များလှုပ်ခတ်ပြီး တစ်လအကြာတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အဖွဲ့၀င်နိုင်ငံတစ်နိုင်ငံချင်းစီပါဝင်သော နိုင်ငံတကာအသိုင်းအဝိုင်းသည် လက်ရှိ အရေးယူရန်ပျက်ကွက်သည့်အခြေအနေကို အဆုံးသတ်ရမှာဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီယာယီဖွဲ့စည်း


မေလ ၁၃ရက်

ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီယာယီဖွဲ့စည်းလိုက်ကြောင်းကို ၂၀၂၅ မေလ၁၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ကြေညာချက်အရ မည်သည့်ရိုဟင်ဂျာအဖွဲ့အစည်း၊တသီးပုဂ္ဂလများနဲ့မဆို ရိုဟင်ဂျာအရေးလက်တွဲဆောင်ရွက်မယ်လို့ အသိပေးဖော်ပြပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီသည် စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် မည်သည့်လှုပ်ရှားဆောင်ရွက်မှုမျိုးကိုမဆိုထောက်ခံပြီး ဖက်ဒရယ်နိုင်ငံတော်သစ်တည်ဆောက်ရာမှာ ပူးပေါင်းပါဝင်မယ်လို့ဆိုပါတယ်။


ရခိုင်ဒေအတွင်း တည်ငြိမ်ရေး၊လူမှုသဟဇာတ ဖြစ်ရေး၊ပြန်လည်ထူထောင်ရေး၊ဖွံဖြိုးရေးတို့ကိုလည်း အဖြေရှာသွားမယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ဒီပဲယင်းမြို့နယ်၊အိုးထိန်းတွင်းရွာရှိ စာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုတွင် ခွင့်လွှတ်စရာမရှိသောအကြမ်းဖက်မှုဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်သားငယ်ကိုထိန်လင်းပြောကြား


မေလ ၁၃ရက်


စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊အိုးထိန်းတွင်းရွာရှိစာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်မှုတွင် ခွင့်လွှတ်စရာမရှိသော အကြမ်းဖက်မှုဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်သားငယ် ကိုထိန်လင်းက ပြောကြားလိုက်ပါတယ်။

"စစ်ကိုင်းတိုင်းရှိ ကျောင်းတစ်ခုကို စစ်တပ်မှ လေကြောင်းဖြင့်ရက်ရက်စက်စက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပစ်မဲ့သည့် ကျောင်းသူ/ကျောင်းသားများနှင့် ဆရာ/ဆရာမများ သေကြေထိခိုက် ဒဏ်ရာရခဲ့သည့်အတွက် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါတယ်။ထိုမိသားစုများကြုံတွေ့ရသည့် ဒုက္ခများသည် စကားဖြင့်ဖော်ပြရန် မလုံလောက်နိုင်ပါ။ကလေးငယ်များ၏ စာသင်ကျောင်းကိုတမင်တကာ ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ မတရားသော ရက်စက်လွန်းသော ခွင့်လွှတ်စရာမရှိသော အကြမ်းဖက်မှုဖြစ်ပါတယ်။ အသက်ပေးခဲ့ရသည့်ကလေးငယ်များ ဆရာ၊ဆရာမများ ဒဏ်ရာရသူများအားလုံးအတွက် ထိခိုက်စွာ ခံစားရပါတယ်"လို့ပြောပါတယ်။


မြန်မာပြည်သူများနှင့်အတူ နာကျင်ကြေကွဲ ဝမ်းနည်းရတယ်လို့ ကိုထိန်လင်းက အသိပေးကြေညာထားပါတယ်။



အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩၁။ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာရှိ စာသင်ကျောင်းအား အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ခဲ့မှုဖြစ်စဉ် NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်


မေလ ၁၃ရက်


၂၀၂၅ ခုနှစ်၊ မေလ (၁၂) ရက်နေ့ နံနက် နာရီ ၃၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို ကလေးများ အတန်းတင်စာမေးပွဲဖြေဆိုရန်ပြင်ဆင်နေချိန်တွင် အကြမ်းဖက်စစ်အုပ်စု၏ မိတ္ထီလာရှမ်းတဲလေတပ်မှ တက်လာသော Jet Fighter ()စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ လူ့အခွင့်ရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

ထိုသို့ စာသင်ကျောင်းအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့်အတွက် Volunteer ဆရာမများ နှင့် Grade-2 မှ Grade-11 အတွင်းရှိ ကျောင်းသား/ ကျောင်းသူများ အပါအဝင် ပြည်သူ ၂၂ ဦး သေဆုံးခဲ့ပြီး ပြည်သူ အယောက် ၄၀ ကျော်(ဆက်လက်စုံစမ်းဆဲ) ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။


"ဒီပဲရင်းမြို့နယ်၊ အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုကနေ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းသူကျောင်းသားတွေအပါအဝင်လူပေါင်း(၂၀)ပွဲချင်းပြီးသေဆုံးခဲ့တယ်။ လူပေါင်း(၄၀)ကျော်လည်းဒဏ်ရာရရှိခဲ့တယ်။စစ်ပွဲတွေဖြစ်နေတဲ့ကြား ပညာကိုလိုလားလွန်းလို့ ရတဲ့နည်းနဲ့ ပညာသင်ကြားနေကြရတဲ့ကလေးသူငယ်တွေရဲ့အပြစ်လား။ပညာသင်ကြားနေတဲ့အပြစ်မဲ့ကလေးသူငယ်တွေကို ပစ်မှတ်ထားပြီးတော့ ရက်ရက်စက်စက်ဗုံးကြဲတိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့အပြစ်လား။ပြတ်ပြတ်သားသားသိရှိနားလည်ကြစေလိုပါတယ်"လို့ NUGလူ့အခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းကလည်းဆိုထားပါတယ်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို်ဖော်ပြပါတယ်။


========================


🚩🚩၂။ "စစ်အုပ်စုဘက်ကလုပ်ဆောင်နေတဲ့ ဟန်ပြအပစ်အခတ်ရပ်စဲရေးကြေညာချက်တွေဟာ စည်းနှောင်မှုမရှိ၊ချိုးဖောက်ဖို့လွယ်ကူမယ့်အကြောင်းအချက်တွေကို ထည့်သွင်းထားတယ်"လို့ဆို


မေလ ၁၃ရက်


"စစ်အုပ်စုဘက်ကလုပ်ဆောင်နေတဲ့ ဟန်ပြအပစ်အခတ်ရပ်စဲရေးကြေညာချက်တွေဟာ စည်းနှောင်မှုမရှိ၊ချိုးဖောက်ဖို့လွယ်ကူမယ့်အကြောင်းအချက်တွေကို ထည့်သွင်းထားတယ်"လို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဘုန်းလတ်ကဆိုပါတယ်။ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်  ၁၀/၂၀၂၅"မှာ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဘုန်းလတ်က ဆိုပါတယ်။

"စစ်အုပ်စုဘက်ကလုပ်ဆောင်နေတဲ့ ဟန်ပြအပစ်အခတ်ရပ်စဲရေးကြေညာချက်တွေဟာ စည်းနှောင်မှုမရှိ၊ချိုးဖောက်ဖို့လွယ်ကူမယ့်အကြောင်းအချက်တွေကို ထည့်သွင်းထားတာတွေကိုလည်း သတိပြုကြရမှာဖြစ်ပါတယ်။စစ်မှန်တဲ့အပစ်အခတ်ရပ်စဲမှုတွေမှာ ကျင့်ဝတ်၊စည်းကမ်းတွေ၊သဘောတူညီမှုတွေလိုအပ်မှာဖြစ်သလို အဲဒီကျင့်ဝတ်စည်းကမ်းတွေ သဘောတူညီချက်တွေကိုလိုက်နာခြင်းရှိ၊မရှိ သေချာစေဖို့နိုင်ငံတကာစောင့်ကြည့်လေ့လာမှုလည်း လိုအပ်မှာဖြစ်ပါတယ်။သဘောတူညီထားတဲ့ ကျင့်ဝတ်တွေကိုချိုးဖောက်ခဲ့မယ်ဆိုရင် ချိုးဖောက်သူတွေကိုဘယ်လိုအရေးယူမှာလဲဆိုတဲ့အရေးယူမှုတွေလည်း ပါဝင်ရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်နိုင်ငံတနိုင်ငံကဖိအားပေး၍ ငြိမ်းချမ်းရေးဆွေးနွေးသဘောတူညီချက်ရယူချင်းဟာလည်းတိုင်းရင်းသားအင်အားစုတွေအချင်းချင်းကြားသွေးကွဲမှုတွေ၊တင်းမာမှုတွေဖြစ်စေတယ်လို့ဆိုပါတယ်။


========================


🚩🚩၃။ အိုးထိန်းတွင်းရွာ ပြည်သူ့အခြေပြုစာသင်ကျောင်းကို စကစကလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်မှာ တိုက်ပွဲလည်း ဖြစ်ပွားခြင်းမရှိသလို စာသင်ကျောင်းအနီးတပ်စွဲထားခြင်းလည်းမရှိဘူးလို့ ဒီပဲယင်းPDFထုတ်ပြန်


မေလ ၁၃ရက်


၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့ နံနက် ၀၉း၃၅ ခန့်မှာ  အကြမ်းဖက်စစ်ကောင်စီဟာ အိုးထိန်းတွင်းရွာ ပြည်သူ့အခြေပြုကျောင်းကို ကျောင်းသားလူငယ်တွေ စာသင်နေတုန်းအချိန်မှာပဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒီပဲယင်းPDF ရွှေဘိုခရိုင်အမှတ် (၁၂) တပ်ရင်းက ဖော်ပြပါတယ်။


အဆိုပါ စာသင်ကျောင်းအတွင်းနဲ့ အနီးအနားပတ်ဝန်းကျင်မှာ မည်သည့်လက်နက်ကိုင်တပ်၊ အဖွဲ့မျှ အခြေချနေထိုင်ခြင်းမရှိသလို တိုက်ပွဲလည်းဖြစ်ပွားခြင်းမရှိဘဲ စာသင်ကြားနေတဲ့ ကလေးငယ်များကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်ခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားကလေးငယ်ပေါင်း ၂၀ ဦးနှင့် ကျောင်းဆရာမ ဦး၊ စုစုပေါင်း ၂၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ကျောင်းသားကလေးငယ်ပေါင်း အနည်းဆုံး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ 


"ရွှေဘိုခရိုင်အမှတ် (၁၂) တပ်ရင်းအနေနဲ့ စစ်ကောင်စီရဲ့ ဒီလူမဆန်တဲ့ လုပ်ရပ်ကို လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုအဖြစ် မှတ်တမ်းတင်ပြီး ကျူးလွန်သူများကို ထိရောက်စွာအရေးယူနိုင်ရေးနဲ့ ထိခိုက်ခံစားရသူကလေးငယ်များအတွက် တရားမျှတမှု ပြန်လည်ရရှိရေးတို့အတွက် နည်းလမ်းပေါင်းစုံနဲ့ မဆုတ်မနစ်ကြိုးစားသွားမှာဖြစ်တယ်"လို့ဆိုထားပါတယ်။


========================


🚩🚩၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် AFCC-Mdy တို့ ပူးပေါင်း၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်နယ်မြေတွင်းရှိ စစ်ဘေးရှောင်စခန်းများအား သွားရောက်လှူဒါန်း


မေလ ၁၃ရက်


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် AFCC-Mdy တို့ ပူးပေါင်း၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်နယ်မြေတွင်းရှိ စစ်ဘေးရှောင်စခန်းများအား သွားရောက်လှူဒါန်းခဲ့တယ်လို့မေလ၁၃ရက်မှာ သတင်းထုတ်ပြန်ထားသလို ထိန်းချုပ်နယ်မြေတွင်းရှိ စစ်ဘေးရှောင်စခန်းများအား သွားရောက်လှူဒါန်းသည့် မှတ်တမ်းပုံရိပ်များလို့ဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment