မန္တလေးမြိုရှိ ငလျှင်ကြောင့် ပြိုကျသွားပြီးသရက်ကင်းလှေကားကြီးသာကျန်ရစ်ခဲ့သော ရွှေကျောင်းတော်ကြီးအားတွေ့ရစဥ်...

 

ငလျင်ကြောင့် ပျက်စီးသွားတဲ့ ဘုရားစေတီ၊ ရှေးအဆောက်အအုံများ ပြုပြင်တည်ဆောက်ဖို့အရေး မရေမရာဖြစ်နေပြီး တန်ဖိုးတွေ မပျောက်ပျက်အောင် ရှင်းလင်းပြင်ဆင်တည်ဆောက်ဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြ 

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် ပင်းယ၊ အင်းဝ၊ စစ်ကိုင်း၊ အမရပူရ၊ မန္တလေးမြို့ဟောင်းများရှိ ၁၄ ရာစုကနေ ၁၉ ရာစုအထိ နှစ်ပေါင်း ၆၀၀ အတွင်း တည်ဆောက်ခဲ့ကြတဲ့ ရှေးဟောင်းအဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဘုရားစေတီနဲ့ အဆောက်အအုံတွေ စနစ်တကျ ပြန်လည်ပြုပြင်တည်ဆောက်ဖို့က မရေမရာဖြစ်နေပြီး ငလျင်လှုပ်ခတ်ပြီး ၂ လနီးပါးရှိတဲ့အချိန်ထိ ရှင်းလင်းပြုပြုဖို့က မရေရာတဲ့ အခြေနေမှာပဲ ရှိနေပါတယ်။

“အရင်ပြင်ထားတဲ့ ဘုရားဒကာတွေကတော့ သူတို့ တစ်ဦး တစ်ယောကတည်းတော့ မပြင်နိုင်ဘူးလို့ ပြောတယ်။ အခုခေတ်ကုန်ကျစရိတ်နဲ့ဆိုရင် သူတို့လည်း မပြင်နိုင်တော့ဘူးပေါ့နော်။ အဲဒီလိုတော့ လာပြောသွားတယ်။ ဒီပြင် တခြားလှူမယ့်လူတွေလည်း ရှိပါတယ်။ ဘယ်လောက်ကုန်ကုန် ပြင်မယ်လို့ ပြောတယ်။ လာတော့ လာပါတယ်။ မစနိုင်သေးဘူး။ အဲဒါလည်း သူတို့ဘက်က ဘာမှန်းမသိသေးဘူးလေ”

ငလျင်ကြောင့် ထိခိုက်သွားတဲ့ ရှေးဟောင်းအဆောက်အအုံတွေ မပျက်စီးခင်က သမိုင်းတန်ဖိုး၊ အနုပညာတန်ဖိုး၊ ဗိသုကာတန်ဖိုး၊ မြတ်နိုးမှုတန်ဖိုး၊ အစစ်အမှန်တန်ဖိုးတွေကြောင့် ပြည်တွင်းသာမက နိုင်ငံခြားသားတွေကပါ လာရောက်လည်ပတ်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီတန်ဖိုးတွေ ပျောက်ပျက်မသွားအောင် အမြော်အမြင်ရှိတဲ့ မူဘောင်တွေချမှတ်ပြီး စနစ်ကျတဲ့ စီမံကွပ်ကဲမှုတွေနဲ့အတူ စေ့စပ်သေချာတဲ့ ကြီးကြပ်မှုအောက်မှာ လုံလောက်တဲ့အချိန်ကိုယူပြီး စေတနာအပြင် ဒီအဆောက်အဦတွေကို လေးစားမြတ်နိုးစိတ်ကလေးနဲ့ ဆောင်ရွက်သွားသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ 

တစ်နိုင်ငံလုံး ဗုံးကြဲပြီးအရပ်သားပြည်သူပေါင်းများစွာကို သတ်ဖြတ်နေတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ ရှေးအမွေနှစ်တွေကို ပြန်လည်ပြုပြင်နိုင်ဖို့ သမိုင်းတန်ဖိုးအသီးသီးကို သိမြင်နားလည်တဲ့ နှလုံးသားနဲ့ ဉာဏ်ပညာမရှိတာကြောင့် အမွေအနှစ်ကို စောင့်ရှောက်ထိန်းသိမ်းဖို့ ပျက်ကွက်သူအဖြစ် သမိုင်းတရားခံတွင်ဦးမှာ ဖြစ်ပါတယ်။

ရွှေညာမောင် (Radio NUG) မေ ၂၄ ၊ ၂၀၂၅

Share:

No comments:

Post a Comment