၂၀၂၅ မေလ ၂၅ ရက်နေ့ မနက်ခင်း သတင်းလွှာ

၂၀၂၅ မေလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအလုပ်အဖွဲ့  (TCWG)နှင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီအမံ (AFTA) ရေးဆွဲရေးဆိုင်ရာ သတင်းအချက်အလက်များ NUCC ထုတ်ပြန်

📌 ၂။ CRPH ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

📌 ၃။ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာအရပ်သားများ အကာအကွယ်ပေးရေး ဆွေးနွေးပြီး စစ်အုပ်စု၏ ရက်စက်မှုများကို ဦးကျော်မိုးထွန်း ပြောကြားခဲ့

📌 ၄။ အာဆီယံအတွင်း ကုမ္ပဏီ ၅၄ ခု မြန်မာစစ်အုပ်စုအား ဘဏ္ဍာငွေ၊ လေယာဉ်ဆီနှင့် နည်းပညာများ ပံ့ပိုးပေးနေဟု Justice For Myanmar ထုတ်ပြန်

📌 ၅။ မွန်ပြည်သစ်ပါတီ (NMSP-AD) နှင့် MLA ပူးပေါင်း၍ ရာမညမွန်တပ်တော် (RMA) ဖွဲ့စည်းမှုအပေါ် သဘောထားထုတ်ပြန်

📌 ၆။ ရာမညမွန်တပ်တော် -RMA ကို ဘဝတူတော်လှန်ရေးမဟာမိတ်အဖြစ်သတ်မှတ်ပြီး တော်လှန်ရေး ရည်မှန်းချက်ပန်းတိုင် အမြန်အောင်မြင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း TNLA ထုတ်ပြန်


========================


၂၀၂၅ ခုနှစ် မေလ ၂၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ကရင်တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၂ ဦး ထိုင်းနိုင်ငံသို့ ထွက်ပြေး

🚩၂။ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနဲ့ ငါန်းဇွန် မြို့နယ်တွေက စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာ ၁၂ ခုကို ခရိုင်အဆင့် စစ်ဆင်ရေးအဖြစ် တပြိုင်ထဲ တိုက်ခိုက်ခဲ့

🚩၃။ မိုးဗြဲတိုက်ပွဲမှာ လက်လွှတ်ထားရတဲ့ ရှေ့ကာကင်း နေရာတချို့ကို ပြန်လည်ခြေကုတ် တက်ယူနိုင်ခဲ့

🚩၄။ စလင်းမြို့ပေါ်က မြို့မရဲစခန်း၊ စုပေါင်းရုံးနဲ့ လင်းဇင်ရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်

🚩၅။ ခါချဉ်တောင်ပေါ်ကို ရိုးမဖြတ်ကျော် လမ်းအတိုင်း တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၁၀ ဦး ထက်မနည်း သေဆုံး

🚩၆။ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ဦး သေဆုံးခဲ့

🚩၇။ မင်းကင်းမြို့တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် မွေးကင်းစကလေးငယ်အပါအဝင် ၁၄ ဦးသေဆုံး

🚩၈။ မုံရွာ - အမြင့်လမ်းနယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအလုပ်အဖွဲ့  (TCWG)နှင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီအမံ (AFTA) ရေးဆွဲရေးဆိုင်ရာ သတင်းအချက်အလက်များ NUCC ထုတ်ပြန်


မေလ ၂၄ရက် 

Radio NUG 


အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC လုပ်ငန်းစဉ်တရပ်ဖြစ်သော အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအလုပ်အဖွဲ့ ( TCWG) နှင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ ( AFTA ) ရေးဆွဲရေးဆိုင်ရာ သတင်းအချက်အလက်များကို ပြည်သူလူထုထံသို့ သတင်းထုတ်ပြန်ထားပါတယ်။


အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး အလုပ်အဖွဲ့ (TCWG) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် မြေပြင်နှင့် အွန်လိုင်း Hybrid အစည်းအဝေးများအဖြစ် ကျင်းပခဲ့ကြပြီး အဆိုပါအစည်းအဝေးတွင် အသွင်ကူးပြောင်းရေးဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီအမံ (AFTA) ကို ဆက်လက်ရေးဆွဲရန် အတည်ပြုနိုင်ခဲ့ပြီး မြေပြင်နှင့် အွန်လိုင်း Hybrid အစည်းအဝေးများ ဆက်လက်ကျင်းပ၍ ရေးဆွဲသွားနိုင်ရန် သဘောတူညီချက်များ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါသဘောတူညီချက်များနှင့်အညီ အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ (AFTA)ရေးဆွဲရေး Hybrid အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ထပ်မံကျင်းပခဲ့ပြီး အစုအဖွဲ့အသီးသီးမှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြကာ အဆိုပါအစည်းအဝေးမှ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံများ ( AFTA ) တွင် ပါဝင်ရမည့် အခြေခံအချက်များဖြစ်သော မာတိကာ၊ ဖက်ဒရယ်ညီလာခံ ဖွဲ့စည်းကျင်းပပုံ၊ ဖက်ဒရယ်လွှတ်တော်ဖွဲ့စည်းမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ Authority ကိစ္စများကို ဆွေးနွေးခဲ့ကြပြီး မာတိကာဆိုင်ရာ သဘောတူညီချက်များ ရရှိခဲ့တယ်လို့ သိရပါတယ်။


၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် တတိယအကြိမ်မြောက် Hybrid အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပြီး အသွင်ကူးပြောင်းရေးကာလတွင် ကိုင်စွဲကျင့်သုံးမည့် ဥပဒေများ၊ အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန်ဆိုင်ရာ အခြေခံမူများကို ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက်များရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။


၂၀၂၅ ခုနှစ်၊ မတ်လတွင် စတုတ္ထအကြိမ်မြောက် Hybrid အစည်းအဝေးကို ကျင်းပနိုင်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ပြည်နယ်သားနှင့် နိုင်ငံသားဆိုင်ရာ အခြေခံမူများ၊ ပြည်ထောင်စုအာဏာ၊ ပြည်နယ်အာဏာနှင့် ထပ်တူပြုအာဏာဆိုင်ရာ အခြေခံမူဝါဒများကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


၂၀၂၅ ခုနှစ် မေလ ပဉ္စမအကြိမ်မြောက် Hybrid အစည်းအဝေးကို ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုအာဏာ၊ ပြည်နယ်အာဏာနှင့် ထပ်တူပြု အာဏာဆိုင်ရာ အခြေခံမူများကို ဆက်လက်ဆွေးနွေးခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အခြေခံမူဝါဒများ၊ မျှော်ရည်ချက်နှင့် စံတန်ဖိုးများကို ဆွေးနွေးသဘောတူညီချက်များ ချမှတ်နိုင်ခဲ့သည်။ AFTA ရှေ့လုပ်ငန်းစဉ်များကိုလည်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ CRPH ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ


မေလ ၂၄ရက် 

Radio NUG 


၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်နေ့ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၀/၂၀၂၅) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ သတင်းထုတ်ပြန်ပါတယ်။


အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ ဇွန်လမှ ၂၀၂၅ ခုနှစ်၊ ဧပြီလအထိ ဆောင်ရွက်ခဲ့သော လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ မူဝါဒများ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ (လျှပ်စစ်) နှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ (ဆောက်လုပ်ရေး) Infrastructure For Civilian Government (Transitional) CDM ဝန်ထမ်းများအား ကူညီထောက်ပံ့နိုင်မှု အခြေအနေ (၂၀၂၅ ခုနှစ်၊ ဧပြီလ)  ကျေးရွာ .. တာဝန်ခံများ၊ ကျေးရွာမီးကော်မတီအဖွဲ့များ/လိုင်းမန်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဝန်ကြီးဌာနက ချမှတ်ထားသော အခြေခံမူဝါဒများ၊ ညွှန်ကြားချက်များပါဝင်သည့် လက်ကမ်းစာအုပ်များ ပေးအပ်ခြင်း၊ ဓာတ်အားလိုင်းများ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ငလျင်ဘေးသင့်ဒေသများရှိ ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများ၊ အဆောက်အဦများ၊ လမ်းများ ပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ စိန်ခေါ်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့တယ်လို့ သိရပါတယ်။


ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် ပညာရေးကော်မတီက ဘုတ်အဖွဲ့များ၊ ဝန်ကြီးဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည့်ကိစ္စ၊ ဖက်ဒရယ်ရေးရာကော်မတီက ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရန် ကိစ္စရပ်တို့ တင်ပြဆွေးနွေးကြကာ အစည်းအဝေးအား ရပ်နားခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့  တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၃။ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာအရပ်သားများ အကာအကွယ်ပေးရေး ဆွေးနွေးပြီး စစ်အုပ်စု၏ ရက်စက်မှုများကို ဦးကျော်မိုးထွန်း ပြောကြားခဲ့


မေလ ၂၄ရက် 

Radio NUG 


နယူးယောက်မြို့၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပဋိပက္ခအတွင်း အရပ်သားများအား အကာအကွယ်ပေးရေးဆိုင်ရာ တံခါးဖွင့်အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ မေလ ၂၂-၂၃ ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၉၀ ကျော်မှ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေလ ၂၃ ရက်တွင် မိန့်ခွန်းပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။


မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု၊ ဗုံးကြဲမှု၊ ကျေးရွာများဖျက်ဆီးမှုများကြောင့် အရပ်သား ,၇၀၀ ကျော် သေဆုံးခဲ့ပြီး၊ အမျိုးသမီး၊ ကလေးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ အဆိုးရွားဆုံး ထိခိုက်ခံစားနေရ‌ကြောင်း၊ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်တွင် အကြမ်းဖက်မှုများ ပိုမိုဆိုးရွားလာပြီး၊ ၂၀၂၅ ခုနှစ် မတ်လတွင် . ပြင်းအားရှိ ငလျင်ကြောင့် ,၈၀၀ ကျော် သေဆုံးခဲ့ရာ စစ်အုပ်စုက ကယ်ဆယ်ရေးလုပ်ငန်းများကို တားဆီးကာ ဘေးဒဏ်သင့်ဒေသများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။


ထို့အပြင်၊ မေလ ၁၀-၁၅ ရက်အတွင်း စစ်ကိုင်း၊ မန္တလေး၊ ရခိုင်၊ ချင်းနှင့် ရှမ်းပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများဖြင့် ၈၀ ဦး သေဆုံးပြီး ၁၈၅ ဦး ဒဏ်ရာရခဲ့ပြီး အထူးသဖြင့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာ၏ စာသင်ကျောင်းတွင် ကလေးငယ် ၂၀ ခန့်နှင့် ဆရာမများ သေဆုံးခဲ့ကာ စစ်အုပ်စုသည် အရပ်သားများကို ပစ်မှတ်ထားကာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်နေတယ်လို့ ဆိုထားပါတယ်။


စစ်အုပ်စုကို လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ ထောက်ပံ့မှုများ ရပ်တန့်ရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အတားအဆီးမရှိ ရောက်ရှိစေရန်နှင့် ဒေသခံအရပ်ဘက်အဖွဲ့များမှတဆင့် အကူအညီများ တိုးချဲ့ပေးရန် လုံခြုံရေးကောင်စီအား တောင်းဆိုခဲ့သည့်အပြင်၊ စစ်အုပ်စု၏ ရက်စက်မှုများအတွက် တာဝန်ခံမှုရှိစေရန်နှင့် မြန်မာပြည်သူများ၏ ဖက်ဒရယ်ဒီမိုကရေစီရည်မှန်းချက်ကို ထောက်ခံရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်။


========================


📌📌 ၄။ အာဆီယံအတွင်း ကုမ္ပဏီ ၅၄ ခု မြန်မာစစ်အုပ်စုအား ဘဏ္ဍာငွေ၊ လေယာဉ်ဆီနှင့် နည်းပညာများ ပံ့ပိုးပေးနေဟု Justice For Myanmar ထုတ်ပြန်


မေလ ၂၄ရက် 

Radio NUG


အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ ကုမ္ပဏီ ၅၄ ခုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့ မြန်မာစစ်အုပ်စု၏ အာဏာသိမ်းမှုနောက်ပိုင်း ၎င်းတို့နှင့် စစ်အုပ်စုထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းများနှင့် ဆက်လက်ဆက်နွယ်မှုရှိနေကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်ထားပါတယ်။


ဤကုမ္ပဏီများသည် စစ်အုပ်စုအား အခွန်ဝင်ငွေ၊ လေယာဉ်ဆီ၊ ဆက်သွယ်ရေးနှင့် ထောက်လှမ်းရေးနည်းပညာများ ပံ့ပိုးပေးကာ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးများကို အားပေးကူညီနေသည်ဟု ဆိုပါတယ်။


ဖော်ပြခံရသော ကုမ္ပဏီများတွင်

- ထိုင်း PTTEP သည် စစ်အုပ်စုနှင့် မိတ်ဖက်လုပ်ကိုင်ကာ ကမ်းလွန်ဓာတ်ငွေ့စီမံကိန်းများမှ ဝင်ငွေဖြင့် စစ်ရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့ကြောင်း

- မလေးရှား ENRA Groupသည် ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းအတွက် အဆောက်အအုံများ ပံ့ပိုးပေးပြီး စစ်အုပ်စုအတွက် ဘဏ္ဍာငွေရှာဖွေပေးနေကြောင်း

- စင်ကာပူ Interra Resourcesသည် ၂၀၂၁ တွင် စစ်အုပ်စုထံ ရေနံစည်သန်းပေါင်းများစွာ ရောင်းချပြီး လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများအတွက် လောင်စာဖြည့်ကူညီကြောင်း

-ဗီယက်နမ် Viettel Global Investmentသည် Mytel ဆက်သွယ်ရေးကွန်ရက်မှတဆင့် စစ်အုပ်စုထိန်းချုပ်သော MEC နှင့် မိတ်ဖက်လုပ်ကိုင်ကာ အခွန်ဝင်ငွေနှင့် ထောက်လှမ်းရေးစွမ်းရည်များ ပံ့ပိုးကြောင်း

- စင်ကာပူ Greenply Alkemal, Natural Forest, Valencyသည် မြန်မာ့သစ်လုပ်ငန်းမှ သစ်ထုတ်ကုန်များ တင်ပို့ကာ စစ်အုပ်စုအား ဝင်ငွေပေးကြောင်း

- မလေးရှား MAMEE-Double Decker နှင့် ထိုင်း CP Groupသည် စစ်အုပ်စုထိန်းချုပ်သော ပျဉ်းမပင်စက်မှုဇုန်တွင် စက်ရုံများရှိကြောင်း

- စင်ကာပူ Krislite Groupသည် MEC ထိန်းချုပ်သော မြေနေရာပေါ်တွင် အိမ်ခြံမြေစီမံကိန်းများ ဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။


JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က အာဆီယံအဖွဲ့ဝင်အစိုးရများအနေဖြင့် စစ်အုပ်စုသို့ ဘဏ္ဍာငွေ၊ လက်နက်၊ စက်ပစ္စည်း၊ နည်းပညာနှင့် လေယာဉ်ဆီ စီးဆင်းမှုများကို အမြန်ဖြတ်တောက်ရန်နှင့် ကုမ္ပဏီများအနေဖြင့် စစ်အုပ်စုထံ ငွေပေးချေမှုနှင့် လေယာဉ်ဆီရောင်းချမှုများကို ရပ်တန့်ရန် တောင်းဆိုထားပြီး အာဆီယံ၏ ဘုံသဘောထားငါးရပ်သည် မအောင်မြင်ခဲ့ဘဲ စစ်အုပ်စုအား နိုင်ငံရေးတရားဝင်မှု ပေးအပ်ကာ အရပ်သားများအပေါ် အကြမ်းဖက်မှုများကို အရှိန်မြှင့်စေခဲ့သည်ဟု ဝေဖန်ထားပါတယ်။


အာဆီယံအနေဖြင့် မြန်မာပြည်သူဦးဆောင်သော ဖြေရှင်းနည်းလမ်းကို ပံ့ပိုးရန်နှင့် လူ့အခွင့်အရေးအတွက် ပြတ်သားစွာ ရပ်တည်ရန် JFM က တိုက်တွန်းထားပါတယ်။


========================


📌📌 ၅။ မွန်ပြည်သစ်ပါတီ (NMSP-AD) နှင့် MLA ပူးပေါင်း၍ ရာမညမွန်တပ်တော် (RMA) ဖွဲ့စည်းမှုအပေါ် သဘောထားထုတ်ပြန်


မေလ ၂၄ရက် 

Radio NUG 


မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ညှိနှိုင်းဆွေးနွေးပြီး ရာမညမွန်တပ်တော် (RMA) ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း မေလ ၂၄ ရက်တွင် ပူးတွဲကြေညာခဲ့သည့်အပေါ် ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က ဝမ်းမြောက်စွာ ကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန်ပါတယ်။


စစ်အာဏာသိမ်းမှုကို နိုင်ငံတဝန်း အရှိန်အဟုန်ဖြင့် ဆန့်ကျင်တော်လှန်နေသည့်အချိန်တွင် RMA ဖွဲ့စည်းနိုင်ခြင်းသည် မွန်ပြည်သူများအတွက် ခွန်အားတစ်ရပ်ဖြစ်ပြီး တော်လှန်ရေးလမ်းကြောင်းတွင် အပြုသဘောဆောင်သော တိုးတက်မှုတစ်ခုဖြစ်သည်ဟု ဖော်ပြထားပါတယ်။


စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်ရှိသည့် မွန်ပြည်ထွန်းကားရေးအတွက် မွန်လက်နက်ကိုင်အဖွဲ့များအားလုံး စုပေါင်းပါဝင်နိုင်မည့် တပ်တော်တစ်ခု ထူထောင်ရန် NRFF အနေဖြင့် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ ရာမညမွန်တပ်တော် -RMA ကို ဘဝတူတော်လှန်ရေးမဟာမိတ်အဖြစ်သတ်မှတ်ပြီး တော်လှန်ရေး ရည်မှန်းချက်ပန်းတိုင် အမြန်အောင်မြင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း TNLA ထုတ်ပြန်


မေလ ၂၄ရက် 

Radio NUG 


မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်-MLA တို့သည် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ်ထွန်းရေး ဟူသော မွန်မြတ်သည့်ရည်ရွယ်ချက်တို့ဖြင့် အတူပေါင်းစည်းကာရာမညမွန်တပ်တော်-Ramonnya Mon Army-RMA ကို ဖွဲ့စည်း ထူထောင်ကြောင်း၊  ၂၀၂၅ ခုနှစ် မေလ ၂၄ ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည့် အပေါ် မွန်ပြည်သူလူထုနှင့်အတူ လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး PSLF/TNLA သဘောထားကို ထုတ်ပြန်ပါတယ်။


ယနေ့ မြန်မာပြည်သူလူထုတရပ်လုံးအား ဆိုးရွားစွာဖိနှိပ် သတ်ဖြတ်နေသည့် မြန်မာစစ်ခေါင်းဆောင်တို့၏ စစ်အာဏာရှင်ယန္တယားကို ပြည်သူတရပ်လုံးက သက်ဆိုင်ရာဒေသအသီးသီးတွင် ရရာလက်နက်ကိုင်စွဲပြီး တော်လှန်တိုက်ခိုက်နေကြရာ အဖိနှိပ်ခံပြည်သူလူထုကြီး၏ အမြင့်ဆုံးသော တော်လှန်ရေးကာလ အခြေအနေသို့ ရောက်ရှိလာပြီဖြစ်တာကြောင့် မွန်လူမျိုးတို့အတွက် တခုတည်းသော ရာမညမွန်တပ်တော်ကို ပေါင်းစပ် ထူထောင်လာသည်မှာ မှန်ကန်သော တော်လှန်ရေးလမ်းကြောင်းပေါ် ရောက်ရှိလာခြင်းပင်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


မြန်မာပြည်ရှိ မွန်၊ ဝ၊ တအာင်းတို့ ပါဝင်သည့် မွန်-ခမာ မျိုးနွယ်စုတို့သည် မိမိတို့သက်ဆိုင်ရာ လူမျိုးများကို စည်းရုံးကာ မိမိတို့၏ နယ်မြေဒေသနှင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန်အတွက် အရည်အချင်း ပြည့်ပြီး ခိုင်မာအားကောင်းသည့် လက်နက်ကိုင်တပ်ဖွဲ့ကို ကျစ်လစ်သိပ်သည်းစွာ ဖွဲ့စည်းလုပ်ဆောင်ရန် အထူးလိုအပ်ကာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA အနေဖြင့် ဖွဲ့စည်းထူထောင်လိုက်သည့် ရာမညမွန်တပ်တော် -RMA ကို ဘဝတူတော်လှန်ရေးမဟာမိတ်အဖြစ် သတ်မှတ်ပြီး တော်လှန်ရေး ရည်မှန်းချက်ပန်းတိုင် အမြန်အောင်မြင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩၁။ ကရင်တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၂ ဦး ထိုင်းနိုင်ငံသို့ ထွက်ပြေး


မေလ ၂၄ရက် 

Radio NUG 


မြန်မာ-ထိုင်းနယ်စပ်ရှိ ဘလယ်ဒိုစစ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (၃၂) မှ ဗျူဟာမှူး ဗိုလ်ဒါဘော၏ ကွပ်ကဲမှုဖြင့် KNLA KNDO နှင့် Cobra Column 2 VENOM အပါအဝင် ပူးပေါင်းတပ်ဖွဲ့များက ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၂ ဦး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့ပြီး ၎င်းတို့၏ လက်နက်များကို ထိုင်းအာဏာပိုင်များက သိမ်းဆည်းခဲ့သည်ဟု Khaosod သတင်းဌာနက ဖော်ပြထားပါတယ်။


ထွက်ပြေးလာသူများထဲတွင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ဦးမှာ ဒဏ်ရာပြင်းထန်သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးခဲ့ကြောင်း ထွက်ပြေးလာသူများက ထွက်ဆိုထားပါတယ်။


ဘလယ်ဒိုစခန်းသိမ်းပိုက်မှုတွင် တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ငယ် ၇၀ ကျော်၊ ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။ Cobra Column 2 VENOM စစ်ကြောင်းက စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ စစ်ကောင်စီတပ်များကို ဆက်လက်ချေမှုန်းသွားမည်ဟု ကတိပြုထားပါတယ်။


========================


🚩🚩၂။ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနဲ့ ငါန်းဇွန် မြို့နယ်တွေက စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာ ၁၂ ခုကို ခရိုင်အဆင့် စစ်ဆင်ရေးအဖြစ် တပြိုင်ထဲ တိုက်ခိုက်ခဲ့


မေလ ၂၄ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနဲ့ ငါန်းဇွန် မြို့နယ်တွေက စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာ ၁၂ ခုကို ခရိုင်အဆင့် စစ်ဆင်ရေးအဖြစ် တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၅၀ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ / အညာမြေစစ်ဆင်ရေး က ထုတ်ပြန်ထားပါတယ်။


မေလ ၁၅ ရက်နေ့မှ စတင်ပြီး မြင်းခြံမြို့နယ် ဆီးမီးခုံ ရဲစခန်း၊ ကျောက်ပြုတ်ရွာ ပျူစခန်း၊ တောင်ရှေ့ ဂိတ်စခန်း၊ ၁၈ ရပ်ကွက်နဲ့ ခရိုင်ထွေအုပ်ရုံး၊ နွားထိုးကြီးမြို့နယ် ဝက်လူး ရဲစခန်း၊ Gas ပိုက်လိုင်းနှင့် မြို့မစခန်း၊ ဇီရွာအနီးက စစ်ကြောင်း၊ တောင်သာမြို့နယ် မြို့ဝင်ဂိတ်၊ ထနောင်းကုန်း ပျူရွာစခန်း၊ Gas ပိုက်လိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာ ဘဏ်စောင့် ကင်းစခန်းနဲ့ မြို့ဝင်ဂိတ်တို့ကို တပြိုင်နက်ထဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား၊ ပျူနဲ့ ရဲ (၅၀) ထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီက Jet Fighter, Y12, Mi 35 တို့ဖြင့် လေကြောင်းကနေ အဆမတန် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပူးပေါင်းတပ်ဘက်မှ ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တိုက်ပွဲအတွင်း MA11 လက်၊ MA 13 လက်၊ MA1 လက်၊ MA2 လက်၊  G3 လက်၊ MA 3 လက်၊ ပါရီ လက်၊ ကာဘိုင် လက်၊ လုံးသေနတ် လက်၊ လက်လုပ်အတို လက်၊ M22 လက်လုပ် လက်၊ ကျည်ဘောက် ၄၃ ခု၊ ကျည်မျိုးစုံ ,၀၀၀ ခန့်၊ ရှေ့ထွက်မိုင်း လုံး၊ M9 လုံး၊ 60mm ၂၈ လုံး၊ RPG အဖူး ဖူး၊ RPG ပို့ကျည် တောင့်၊ လက်ပစ်ဗုံး ၁၅ လုံး၊ နင်းမိုင်း ၂၃ လုံး၊ မိုင်းရှာစက် လုံး၊ 8 channel jammer လုံး၊ 6 channel jammer လုံး၊ ဆိုင်ကယ် ၁၅ စီး၊ ငွေကျပ် ၉၆ သိန်းနဲ့ စစ်အသုံးဆောင် ပစ္စည်းများကို သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင် စစ်ဌာနက ခရိုင်ကွပ်ကဲရေးမှူးရဲ့ စီမံကွပ်ကဲမှုဖြင့် မြင်းခြံခရိုင် Commando မြင်းခြံခရိုင် တပ်ရင်း (၁၊၂၊၃၊၄၊၆၊၇၊၈၊၉၊၁၀) မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံမြို့နယ် ပကဖ၊ တောင်သာမြို့နယ် ပကဖ၊ ငါန်းဇွန်မြို့နယ် ပကဖ၊ ကျောက်ဆည်ခရိုင် Commando တံတားဦးမြို့နယ် ပကဖ၊ မိတ္ထီလာခရိုင် အမှတ် () တပ်ရင်း၊ မိတ္ထီလာ ပကဖနဲ့ နေပြည်တော် အမှတ် (၈၀၁) တပ်ရင်းတို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩၃။ မိုးဗြဲတိုက်ပွဲမှာ လက်လွှတ်ထားရတဲ့ ရှေ့ကာကင်း နေရာတချို့ကို ပြန်လည်ခြေကုတ် တက်ယူနိုင်ခဲ့


မေလ ၂၄ ရက်၊ 

Radio NUG


ရှမ်းတောင်-ကရင်နီ နယ်စပ်၊ မိုးဗြဲမြို့ တိုက်ပွဲအတွင်း လက်လွှတ်ထားရတဲ့ ရှေ့ကာကင်း နေရာတချို့ကို ပြန်လည် ခြေကုတ် တက်ယူနိုင်ခဲ့တယ်လို့ Mobye Local PDF က ထုတ်ပြန်ထားပါတယ်။


မေလ ၂၃ ရက်နေ့က Local PDF ဗျူဟာ အမှတ် () လှုပ်ရှားနယ်မြေအတွင်း လက်လွှတ်ထားရတဲ့ ရှေ့ကာကင်း နေရာတချို့ကို MB Local PDF DMO Local PDF KNA KNDF တို့နဲ့အတူ ပြန်လည်ခြေကုတ် တက်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


ထိုသို့ ခြေကုတ်တက်ယူနေချိန်မှာ စစ်ကောင်စီတပ်က စနိုက်ဘာနဲ့ ချောင်းမြောင်းပစ်ခတ်ခဲ့တာကြောင့် Mobye Local PDF ရဲဘော်တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် စစ်ကောင်စီက လက်နက်ကြီးများဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူပိုင် နေအိမ်တချို့ မီးလောင် ပျက်စီးမှု ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၄။ စလင်းမြို့ပေါ်က မြို့မရဲစခန်း၊ စုပေါင်းရုံးနဲ့ လင်းဇင်ရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်


မေလ ၂၄ရက်

Radio NUG 

မကွေးတိုင်း စလင်းမြို့မှာရှိတဲ့ မြို့မရဲစခန်း စုပေါင်းရုံးနဲ့ လင်းဇင်ရဲစခန်းကို တော်လှန်ရေးတပ်တွေက မေလ ၂၄ မနက်ပိုင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

မေလ ၂၄ရက် မနက်အစောပိုင်း နာရီခန့်အချိန်မှာ စလင်းမြို့မရဲစခန်း ဗဟိုကင်းအဆောက်အအုံကို RPG7 နဲ့ အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စလင်းမြို့နယ် စုပေါင်းရုံးအတွင်းက စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဘက်က ပြန်လည်ပစ်ခတ်တာကြောင့် အပြန်အလှန်ပစ်ခတ်တဲ့ တိုက်ပွဲဟာ နာရီခွဲခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုများကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ခွဲ ခွဲက ရဲဘော်တွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

မေလ ၂၄ ရက် မနက် နာရီခန့်အချိန်ကလည်း စလင်းမြို့နယ်ထဲက လင်းဇင်ရဲစခန်းကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပွိုင့်တခုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာရှိပြီး အဆောက်အအုံတွေ ထိခိုက်ပျက်စီးသွားတယ်လို့ အသိပေးပါတယ်။ 

ဒီတိုက်ခိုက်မှုတွေနဲပတ်သက်လို့ စစ်သားနဲ့ရဲတွေ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးဘဲ စုံစမ်းနေတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

စလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က ၁၂ ရက်ကြာ စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေကို မီးရှို့ ဖျက်ဆီနေတာကို ဒေသကာကွယ်ရေးအဖွဲ့တွေ ခုခံတိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေကြောင်းနဲ့ အပစ်မဲ့ပြည်သူတွေရဲ့ အိမ်တွေကို ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်ကို အဆုံးအထိ တိုက်ခိုက်ချေမှုန်းသွားမယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၅။ ခါချဉ်တောင်ပေါ်ကို ရိုးမဖြတ်ကျော် လမ်းအတိုင်း တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၁၀ ဦး ထက်မနည်း သေဆုံး


မေလ ၂၄ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲရှိ ခါချဉ်တောင်ပေါ်ကို စိန်ကန့်လန့်မြိုချောင်း ရိုးမ ဖြတ်ကျော်လမ်းအတိုင်း ခြေလျင်တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ရှောင်တခင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ က ထုတ်ပြန်ထားပါတယ်။


မေလ ၂၂ ရက်နေ့ ၁၁ နာရီခွဲခန့်မှာ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဟိုင်းယု လမ်းဆုံနဲ့ ပျဉ်ကတိုးခင်း ရွာကြား၊ တရုတ်ပေါက် ကျောက်ကုန်း အနီးမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တနာရီခန့်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပြီး အထိနာသွားတာကြောင့် ဘန့်ဘွေးကုန်း ရွာဘက်ကို ဖရိုဖရဲ တပ်ဆုတ်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။


မေလ ၂၃ ရက်နေ့ မနက် နာရီခွဲ ခန့်မှာလည်း သေဆုံးသွားခဲ့တဲ့ အလောင်းများကို လာကောက်တဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့် ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်လာတာကြောင့် ပြန်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။


မေလ ၂၄ ရက်နေ့ မနက် နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာအနီး နယ်မြေ ရှင်းလင်းရေး ပြုလုပ်ခဲ့ရာ စစ်သုံး ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သလို ချောက်ကမ်းပါးထဲ ပစ်ချထားတဲ့ စစ်ကောင်စီတပ်သား အလောင်း လောင်း၊ မြေကြီးထဲ မလုံတလုံ မြုပ်ထားခဲ့တဲ့ စစ်ကောင်စီ အလောင်း လောင်းနှင့် သွေးအိုင်ကွက်များကို တွေ့ရှိခဲ့ရပြီး အလောင်းများအား မြေမြှပ်သင်္ဂြုလ် ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၆။ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ဦး သေဆုံးခဲ့


မေလ ၂၄ ရက်၊ 

Radio NUG


ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင်၊ လယ်ဒို မြို့နယ်နှင့် ဆောထိ မြို့နယ်တို့မှာ စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ဦး သေဆုံးကာ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


မေလ ၂၁ ရက်နေ့တွင် သံဆိပ်စခန်းမှ စစ်ကောင်စီတပ်က ဆောထိမြို့နယ်၊ ထင်ကျော် ရော်ဘာခြံ နတ်စင်တံတားမှာ ခရီးသွားလာနေတဲ့ ပြည်သူလူထုကို K3 သေနတ်များနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဝိုင်ကျွန်း ကျေးရွာမှ အသက် ၅၄ နှစ်အရွယ် ဦးမင်းအောင်၊ တပင်ချောင်း ကျေးရွာမှ ၆၂ နှစ်အရွယ် ဒေါ်စန်းဌေးတို့ သေဆုံးခဲ့ရပြီး တပင်ချောင်း ကျေးရွာမှ အသက် ၂၁ နှစ်အရွယ် အောင်ဇေယျာထွန်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။


ထို့ပြင် လယ်ဒိုမြို့နယ်မှာလည်း မေလ ၂၃ ရက်နေ့က စစ်ကောင်စီရဲ့ ရွှေဝါတပ်ရင်း ခမရ (၃၀၇) မှ ဟောင်ဝစ်ဇာ လက်နက်ကြီး (၁၅၅ မမ) လုံးဖြင့် မတောကုန်း ကျေးရွာကို ပစ်ခတ်ခဲ့ရာ အသက် ၄၂ နှစ်အရွယ် ဒေါ်စန်းကြည် နဲ့ ၇၅ နှစ်အရွယ် နော်အေးရွှေတို့ ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၇။ မင်းကင်းမြို့တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် မွေးကင်းစကလေးငယ်အပါအဝင် ၁၄ ဦးသေဆုံး


မေလ ၂၄ရက် 

Radio NUG


စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ၊ သာစည်-မင်းစုကျေးရွာကို စစ်ကောင်စီတပ်က မေလ ၂၃ ရက် ညနေ နာရီခွဲတွင် ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၁၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုတွင် လသားအရွယ်မှ ၁၀ နှစ်အရွယ်ထိ ကလေးငယ် ဦးအပါအဝင် အမျိုးသမီးများစွာ သေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ ၁၃ ဦးအနက် ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။


ယင်းတိုက်ခိုက်မှုသည် မင်းကင်းမြို့နယ်၊ မအူကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ချက်ချင်းဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။


မင်းကင်းမြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်စခန်း ၃၅ ခုရှိပြီး၊ စစ်ကောင်စီတပ်၏ ရန်ကြောင့် ကျေးရွာ ၂၁ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


========================


🚩🚩၈။ မုံရွာ - အမြင့်လမ်းနယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ


မေလ ၂၄ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ - အမြင့်လမ်းနယ် နဂါးတွင်းကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


မေလ ၂၂ ရက် နာရီ ၁၅ မိနစ်ခန့်မှာ မုံရွာ - မန္တလေး အမြန်လမ်းမကြီး၊ မုံရွာအဝင် မုခ်ပေါက်က မအူဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့က နဂါးတွင်း ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး လုံးဖြင့် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။


လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၁၂ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ပြီး ၎င်းတို့ထဲက ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ပြည်သူ့နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ရပြီး ခိုင်းနွားတကောင် သေဆုံးကာ တကောင် လက်ကျိုး သွားခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ လက်နက်ကြီး ပစ်ခတ်မှုတွေဟာမုံရွာ နမခ ထဲမှာ ခင်လှိုင်၊ သွက်လက်၊ မိုးယံ၊ စိစိ၊ နေရဲတို့ လာရောက် ဖျော်ဖြေတဲ့ ပျော်ပွဲရွှင်ပွဲ ရှိတာကြောင့် PDF တွေက လာနှောက်ယှက်မှာစိုးလို့ တမြို့နယ်လုံးရှိ စစ်ကောင်စီဂိတ် အထိုင်စခန်းတွေကို လက်နက်ကြီး ပစ်ထားခိုင်းတာလို့ နမခ နဲ့ နီးစပ်သူ တဦးက ပြောပြပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


 

Share:

No comments:

Post a Comment