၂၀၂၅ ဇွန်လ ၉ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ ဇွန်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဗိုလ်တထောင်တွင် အလုံပိတ်အခန်းထဲတွင် မီးခိုးမွှန်မှုကြောင့် အမျိုးသမီး ဦး သေဆုံး

📌 ၂။ ဘန်ကောက်တွင် မြန်မာဆောက်လုပ်ရေးလုပ်သား တစ်ဦး မတော်တဆမှုကြောင့် သေဆုံး

📌 ၃။ /တွဲလက်များနှင့် ရတနာပုံတပ်ဦးတို့ ပူးပေါင်း၍ ဒုတိယအပတ်အဖြစ် စစ်ဘေးရှောင်နှင့် ဒေသခံပြည်သူများအား အခမဲ့ဆေးဝါးကုသမှုများ လုပ်ဆောင်ပေး

📌 ၄။ နမ့်ခမ်း-နမ့်ဖတ်ကာလမ်း ပြုပြင်ရန်အတွက် ကားကြီး သွားလာခွင့် ယာယီ ပိတ်

📌 ၅။ Suu 80 Birthday Campaign NOH Gift Card များကို ဇွန်လ () ရက်ကနေ (၁၉) ရက်အထိ Limited Edition အထူး သီးသန့်ဒီဇိုင်းဖြင့် ဝယ်ယူနိုင်


========================


၂၀၂၅ ခုနှစ် ဇွန်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ မိုးဗြဲ PDF 2 တပ်ရင်းတိုးချဲ့ ဖွဲ့စည်းခြင်း နှစ်ပြည့် တပ်မွေးနေ့နဲ့ တပ်သားသစ် ၂၀ ဦးကို ဘက်တံဆိပ် အပ်နှံခြင်း အခမ်းအနား ပြုလုပ်

🚩၂။ အာယုတောင် စစ်ကောင်စီ ဂိတ်စခန်းကို ရေးဘီလူးတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်

🚩၃။ သံတွဲမြို့နယ်က နေရာ ခုကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး သေဆုံးခဲ့

🚩၄။ ဖယ်ခုံမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ထိမှန်ပြီး ၁၉ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံးခဲ့

🚩၅။ ကျိုက်ထိုမှာ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးနေတဲ့ ဒုရဲအုပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

🚩၆။ နမ့်စန် လေတပ်အတွက် လေယာဉ်ဆီ သယ်ဆောင်လာတဲ့ ဆီဘောက်ဆာကား စီးကို ဖမ်းဆီးရမိ

🚩၇။ ဖာပွန်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က တပ်သားသစ်များ ခေါ်ယူနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ ဗိုလ်တထောင်တွင် အလုံပိတ်အခန်းထဲတွင် မီးခိုးမွှန်မှုကြောင့် အမျိုးသမီး ဦး သေဆုံး


ဇွန်လ ၈ရက် 

Radio NUG 


ဇွန်လ ရက်၊ နံနက် ၉နာရီတွင် ဗိုလ်တထောင်မြို့နယ်၊ ၄၃ လမ်းရှိ တိုက်ခန်းတစ်ခုအတွင်း အမျိုးသမီး ဦး အသက်ရှုကြပ်ပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။


အလုံပိတ်အခန်းထဲတွင် အဲယားကွန်းဖွင့်ထားပြီး အိပ်စက်နေစဉ်၊ ဟင်းအိုးကို မီးမပိတ်ဘဲ ထားခဲ့ရာ အိုးတူးကာ မီးခိုးများ ထွက်ပေါ်ခဲ့တာကြောင့် အသက်ရှုကြပ်ပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


သေဆုံးသူ ဦး၏ ရုပ်အလောင်းများကို ဘိုကလေးစျေးပရဟိတအသင်းနှင့် အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်းတို့က ပူးပေါင်းပြီး ဂျပန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၂။ ဘန်ကောက်တွင် မြန်မာဆောက်လုပ်ရေးလုပ်သား တစ်ဦး မတော်တဆမှုကြောင့် သေဆုံး


ဇွန်လ ၈ရက် 

Radio NUG 


ဘန်ကောက်မြို့၊ Rama II လမ်း၊ ဘန်မော့ဒ်ရပ်ကွက်၊ ချုံထုံခရိုင်၊ ဆုံဘွန်းဝိဇ္ဇာကျောင်းအနီးတွင် ဇွန်လ ရက်၊ တနင်္ဂနွေနံနက်ပိုင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြန်မာလုပ်သား ကိုမော် (အသက် ၃၉ နှစ်) သည် ရေနုတ်မြောင်းပိုက်များ တပ်ဆင်နေစဉ် မြေပြိုကျခဲ့တာ‌ကြောင့် ကွန်ကရစ်တုံးကြီးတစ်ခု ပြုတ်ကျကာ သူ့အား ဖိမိခဲ့တယ်လို့ Bangkok Post မှာ ဖော်ပြထားပါတယ်။


မီတာအနက် မြောင်းထဲတွင် ရွှံ့ရေနှင့် ကွန်ကရစ်တုံးအောက် ပိမိနေခဲ့တာကို ကယ်ဆယ်ရေးအဖွဲ့က ရေကို စုပ်ထုတ်ပြီး ဆယ်ယူခဲ့တယ်လို့ သိရပါတယ်။


ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာများကြောင့် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


လုပ်ဖော်ကိုင်ဖက်များက မြေပြိုကျမှုသည် ရုတ်တရက် ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး  အာဏာပိုင်များက အကြောင်းရင်းကို စုံစမ်းနေတယ်လို့ သိရပါတယ်။


========================


📌📌 ၃။ /တွဲလက်များနှင့် ရတနာပုံတပ်ဦးတို့ ပူးပေါင်း၍ ဒုတိယအပတ်အဖြစ် စစ်ဘေးရှောင်နှင့် ဒေသခံပြည်သူများအား အခမဲ့ဆေးဝါးကုသမှုများ လုပ်ဆောင်ပေး


ဇွန်လ ၈ရက် 

Radio NUG 


ဇွန်လ ၈ရက်နေ့တွင် /တွဲလက်များနှင့် ရတနာပုံတပ်ဦးတို့ ပူးပေါင်း၍  အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဒုတိယအပတ်အဖြစ်  စစ်ဘေးရှောင်နှင့် ဒေသခံပြည်သူများအား အခမဲ့ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ဆက်လက်၍ အမှန်တကယ် လိုအပ်နေသော နေရာများသို့ကွင်းဆင်းဆေးဝါးကုသပေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆေးဝါးကူညီ ထောက်ပံ့လိုသူများအနေဖြင့် /တွဲလက်များ  Page မှတဆင့် ပါဝင်‌ထောက်ပို့ပေးနိုင်တယ်လို့ သိရပါတယ်။


ကူညီအားဖြည့်ပေးပါတဲ့ နယ်မြေခံတိုက်နယ်ဆေးအဖွဲ့အား ကျေးဇူးအထူးတင်ရှိတယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၄။ နမ့်ခမ်း-နမ့်ဖတ်ကာလမ်း ပြုပြင်ရန်အတွက် ကားကြီး သွားလာခွင့် ယာယီ ပိတ်


ဇွန်လ ၈ရက် 

Radio NUG 


ကွန်ကရစ်လမ်း / မိုင် ခင်းမှာဖြစ်တဲ့အတွက် ဇွန်လ ၁၀ ရက်ကနေ ဇူလိုင် ၁၀ ရက်အထိ တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကနေ ကချင်တပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ဖတ်ကာသို့ ဆက်သွယ်ထားတဲ့လမ်းကို ပြုပြင်ရန်အတွက် ၁၂ ပေအထက်ရှည်တဲ့ ကားကြီး သွားလာခွင့် ယာယီ ပိတ်ထားမယ်လို့ TNLAထုတ်ပြန်ချက်ကို ရွှေဖီမြေသတင်းဌာနမှာ ဖော်ပြထားပါတယ်။


တအာင်းတပ်မတော်- PSLF/TNLA ရဲ့ လမ်းတံတားဌာနက ဆောင်ရွက်မှာဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ချိန်မှာ ယာဉ်ပိတ်ဆို့မှု မဖြစ်စေဖို့ ယာယီ ပိတ်တာလို့ သိရပါတယ်။


၁ဝ၂၇ စစ်ဆင်ရေးနောက်ပိုင်း ကား၊ ဆိုင်ကယ်နဲ့ ခရီးသွားသူ အများစုဟာ နမ့်ဖတ်ကာ-နမ့်ခမ်း လမ်းပိုင်းကိုသာ ပိုမို အသုံးပြုလာတာကြောင့် လမ်းပိုင်း ဆိုးဆိုးရွားရွား ပျက်စီးနေပြီး ယာဉ်ကြော ပိတ်ဆို့မှုနဲ့ တိမ်းမှောက်မှု မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။


========================


📌📌 ၅။ Suu 80 Birthday Campaign NOH Gift Card များကို ဇွန်လ () ရက်ကနေ (၁၉) ရက်အထိ Limited Edition အထူး သီးသန့်ဒီဇိုင်းဖြင့် ဝယ်ယူနိုင်


ဇွန်လ ၈ရက် 

Radio NUG 


ပြည်သူတွေရဲ့မေတ္တာကို သိမ်းပိုက်ထားတဲ့ လူထုခေါင်းဆောင်၊ ဒီမိုကရေစီအရသာကို တည်ခင်းကျွေးမွေးခဲ့တဲ့ တိုင်းပြည်ရဲ့ မိခင်လို့ တင်စားပြီးခေါ်ကြတဲ့ အမေစု (ခေါ်) ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၀) ပြည့်နှစ် မွေးနေ့အထိမ်းအမှတ်အဖြစ် နွေဦးထီ နှင့် Aid 2 Burma ပူးပေါင်းပြီး Suu 80 Birthday Campaign  အမေစု မွေးနေ့ NOH Gift Card များကို ဇွန်လ () ရက်ကနေ (၁၉) ရက်အထိ Limited Edition အထူး သီးသန့်ဒီဇိုင်းဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း နွေဦးထီမှ အသိပေးထားပါတယ်။


အမှတ်တရဖြစ်စေ အားအင်တွေအတွက်ဖြစ်စေ မိမိလေးစားတန်ဖိုးထားရသူတွေအတွက်ဖြစ်စေ လွတ်မြောက်ရေးလမ်းကြောင်းထဲမှာ စိတ်ဓာတ်ပြည့်စုံစေမယ့်အပြင် အနာဂတ်အိပ်မက်တွေကို အငြိမ်းချမ်းဆုံး ဖြည့်ဆည်းပေးမည့် လက်ဆောင်ကဒ်လေးကို ခုပဲရယူလိုက်ပါလို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ မိုးဗြဲ PDF 2 တပ်ရင်းတိုးချဲ့ ဖွဲ့စည်းခြင်း နှစ်ပြည့် တပ်မွေးနေ့နဲ့ တပ်သားသစ် ၂၀ ဦးကို ဘက်တံဆိပ် အပ်နှံခြင်း အခမ်းအနား ပြုလုပ်


ဇွန်လ ရက်၊ 

Radio NUG


မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ် တပ်ရင်း အမှတ် - ၁၀၀၇ (Battalion 1007 / MOBYE PEOPLE DEFENCE FORCE 2) တပ်ရင်း တိုးချဲ့ဖွဲ့စည်း တည်ထောင်ခြင်း နှစ်ပြည့် အခမ်းအနားကို ဇွန်လ ရက်နေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။


လွတ်မြောက်နယ်နေ တစ်နေရာမှာ ကျင်းပခဲ့တဲ့ အဆိုပါ အခမ်းအနားမှာ အာဇာနည်ကုန်းကို သွားရောက် အလေးပြုခြင်း၊ ကယန်းအမျိုးသား အလံတင်ခြင်းနှင့် ကယန်းအမျိုးသား သီချင်း သီဆိုခြင်း၊ ခြေလက် အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ ရဲဘော်များနဲ့ ကျဆုံး ရဲဘော်များကို အောင့်မေ့သတိရ ဂုဏ်ပြုဆုငွေ ချီးမြင့်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် သင်တန်းတက်ရောက် ပြီးခဲ့တဲ့ တပ်သားအသစ်များကို ဘက်တံဆိပ် အပ်နှံခြင်း၊ သက်ဆိုင်ရာ အရာရှိများက အမှာစကား ပြောကြားခြင်းဖြင့် တပ်တော် () နှစ်ပြည့်မွေးနေ့ကို အကျဉ်းချုပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။


အမှတ် - ၁၀၀၇ တပ်ရင်းကို အမှတ် - ၁၀၀၁ တပ်ရင်း အောက်ကနေ့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ရက်နေ့မှာ တိုးချဲ့ တပ်ရင်း တစ်ခုအဖြစ် စတင်တည်ထောင်ခဲ့တာဖြစ်ပြီး နှစ်တာ ကာလအတွင်း တိုက်ပွဲများစွာကို ဖော်ဆောင်နိုင်ခဲ့ကာ အောင်မြင်မှုများစွာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။


စစ်အာဏာရှင် တော်လှန်ရေး တိုက်ပွဲအတွင်း ၁၀၀၇ တပ်ရင်းမှ အာဇာနည် ရဲဘော် ၂၃ ဦး အသက်ပေး ခဲ့ရသလို ရဲဘော် ၁၂ ဦး ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးဆပ်ခဲ့ရတယ်လို့ သိရပါတယ်။


========================


🚩🚩၂။ အာယုတောင် စစ်ကောင်စီ ဂိတ်စခန်းကို ရေးဘီလူးတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်


ဇွန်လ ရက်၊ 

Radio NUG


မွန်ပြည်နယ်၊ ရေးမြို့နယ် (မြောက်ပိုင်း) အာယုတောင် ရွာထိပ်က စစ်ကောင်စီ ဂိတ်စခန်းကို ရေးဘီးလူး အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြတယ်လို့ ရေးဘီးလူး အဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက်နေ့မှာ အာယုတောင်ရွာထိပ် အများပြည်သူ သွားလာရာ လမ်းမပေါ်က သစ်စက် အမည်ရ စခန်းကို ရေးဘီးလူး တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားတွေက ပြန်လည်ခုခံခြင်း မရှိဘဲ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြတယ်လို့ သိရပါတယ်။


ယခင်ကလည်း အာယုတောင်ရွာက ဝါးကျောင်းစခန်း၊ ကွန်ဒူးရွာက ဘုရားကုန်း စခန်းနဲ့ ဖော်ထော်ရွာက ကွမ်းသစ်ဆော့ စခန်းတို့ဟာ စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြပါသေးတယ်။


========================


🚩🚩၃။ သံတွဲမြို့နယ်က နေရာ ခုကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး သေဆုံးခဲ့


ဇွန်လ ရက်၊ 

Radio NUG


ရခိုင်ပြည်၊ သံတွဲမြို့နယ်က နေရာ ခုကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ ခဲ့တယ်လို့ Arakan Princess Media က ဖော်ပြထားပါတယ်။


ဇွန်လ ရက်နေ့ ညက စစ်ဘေးရှောင်တွေ နေထိုင်နေတဲ့ ကျောက်ကြီးရွာ စာသင်ကျောင်းကို ၁၀ နာရီ ၁၄ မိနစ်နဲ့ ၂၅ မိနစ်တို့မှာ ဗုံး လုံး ကြဲချခဲ့တယ်လို့ ဆိုပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုအတွင်း သံတွဲမြို့နယ်၊ မောင်ရွှီလေးရွာက စစ်ဘေးရှောင်လာတဲ့ ဒေါ်အပု (၄၈ နှစ်)နဲ့ ဆင်ဒင်ကြီးရွာက စစ်ဘေးရှောင်လာတဲ့ မိသားစုဝင် () ဦး ( ဦးထွန်းထွန်း၀င်း (၄၂ နှစ်)  ဒေါ်နှင်းဝေခိုင် (၄၃ နှစ်) နဲ့ မဧပြီမိုး (၁၂ နှစ်) ) တို့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


ထို့အပြင် ကျောက်ကြီးရွာသား ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး ဦးဟာ ဒဏ်ရာ ပြင်းထန်တယ်လို့ ဆိုပါတယ်။


အလားတူ ၁၀ နာရီ ၁၅ မိနစ်မှာ ပုဇွန်ဖြေရွာ စာသင်ကျောင်းကို ဂျက်ဖိုက်တာနဲ့ ကြိမ် ဗုံးကျဲချခဲ့ရာ အရပ်သား ပြည်သူ ဦး ဒဏ်ရာရခဲ့ပါတယ်။


ထို့အပြင် ၁၀ နာရီ ၃၈ မိနစ်မှာလည်း သံတွဲမြို့၊ အမှတ် (/က) ရပ်ကွက်၊ လမ်းနဲ့ လမ်းကြားက ယခင် စစ်ကောင်စီရဲ့ တပ်သားသစ် စုဆောင်းရေး ဌာနကို ဗုံး လုံး ကြဲချခဲ့ပါသေးတယ်။


ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း စာသင်ကျောင်း ကျောင်းနဲ့ အရပ်သားပြည်သူပိုင် နေအိမ်များ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၄။ ဖယ်ခုံမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ထိမှန်ပြီး ၁၉ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံးခဲ့


ဇွန်လ ရက်၊ 

Radio NUG


ကရင်နီ ပြည်နှင့် ရှမ်းတောင်ဒေသ အစပ်ရှိ ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ထိမှန်ခဲ့ပြီး ၁၉ နှစ် အရွယ်ရှိ ကျောင်းသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့ လုံခြုံရေး အဖွဲ့ထံက သိရပါတယ်။


ဇွန်လ ရက်နေ့က ဖယ်ခုံအရှေ့ခြမ်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ လက်နက်ကြီး ကျည်များဟာ ကျေးရွာ တစ်ရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်အတွင်း စာလေ့လာနေတဲ့ အသက် ၁၉ နှစ် အရွယ်ရှိ ကျောင်းသား တစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီ တပ်သားများက ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် ပျံဝဲကာ ကင်းထောက်နေခြင်းကြောင့် ပြည်သူများ အနေနဲ့ ဗုံးခိုကျင်း အနီး သတိပြု နေထိုင်ကြဖို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့က အသိပေး နှိုးဆော်ထားပါတယ်။


========================


🚩🚩၅။ ကျိုက်ထိုမှာ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးနေတဲ့ ဒုရဲအုပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး


ဇွန်လ ရက်၊ 

Radio NUG


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြို့ရှောင်လမ်းအနီး တံတားဖြူမှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ဆေးနေတဲ့ ဒု-ရဲအုပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ လဂွန်းအိမ် စာစဉ်က ဖော်ပြထားပါတယ်။


ဇွန်လ ရက်နေ့ မနက် နာရီ ဝန်းကျင်မှာ ကျိုက်ထိုမြို့မရဲစခန်းက ဒုရဲအုပ် ဝင်းကြိုင်ဟာ ရဲတပ်သား ၁၀ ဦးခန့်ဖြင့် လိုင်စင်မဲ့ယာဉ်တွေကို စစ်ဆေးဖမ်းဆီးနေချိန်မှာ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။


ဆိုင်ကယ်စီးလာတဲ့ သေနတ်သမားက အစစ်ဆေးခံသလို ရပ်ပေးပြီးမှ ဒုရဲအုပ် ဝင်းကြိုင် ရဲ့ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာလို့ သိရပါတယ်။


ပစ်ခတ်မှုအတွင်း ဒုရဲအုပ် ဝင်းကြိုင်ဟာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားကာ သေနတ်သမားကလည်း ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။


ပြီးခဲ့တဲ့ ဇွန်လ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ၊ သံတံတား အနီးမှာ လိုင်စင်မဲ့ ယာဉ်တွေကို စစ်ဆေးနေကြတဲ့ စစ်ကောင်စီ တပ်၊ ရဲနဲ့ ပျူစောထီး အဖွဲ့ မိုင်းဆွဲတိုက်ခိုက် ခံရကာ ဦး သေဆုံးပြီး ဦး ဒဏ်ရာရခဲ့ပါတယ်။


========================


🚩🚩၆။ နမ့်စန် လေတပ်အတွက် လေယာဉ်ဆီ သယ်ဆောင်လာတဲ့ ဆီဘောက်ဆာကား စီးကို ဖမ်းဆီးရမိ


ဇွန်လ ရက်၊ 

Radio NUG


ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ နမ့်စန် လေတပ်အတွက် လေယာဉ်ဆီ သယ်ဆောင်လာတဲ့ ဆီကား တစ်စီးကို ဖမ်းဆီးရမိခဲ့တယ်လို့ Aung San's Land Natmauk PDF အဖွဲ့ထံက သိရပါတယ်။


ဇွန်လ ရက်နေ့ မနက်ပိုင်းမှာ နက်မောက် မြို့နယ်မှ အမြန်လမ်းမပေါ်ကို ထွက်လာတဲ့ ဆီဘောက်ဆာ ကားတစ်စီးကို မိုင်တိုင် ၂၆၂ အနီးမှာ စစ်ဆေးဖမ်းဆီး ရမိခဲ့တယ်လို့ ဆိုပါတယ်။


ဆီဘောက်ဆာကား (ယာဉ်အမှတ် 2B-8525) နဲ့အတူ စစ်သား ဦးကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


အဆိုပါ ကားဟာ ပြည်သူများကို ဗုံးကြဲသတ်ဖြတ်ရန် လေယာဉ်ဆီများကို ကြိမ်ဖန်များစွာ သယ်ဆောင်ပေးနေတဲ့ ယာဉ်တစ်စီးလည်း ဖြစ်ပါတယ်။


========================


🚩🚩၇။ ဖာပွန်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က တပ်သားသစ်များ ခေါ်ယူနေ


ဇွန်လ ရက်၊ 

Radio NUG


ဖာပွန်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မြေပြင် တိုက်ခိုက်ချေမှုန်းရေးအတွက် သင်တန်းသားများ ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။


တပ်ဖွဲ့ဝင်အဖြစ် လျောက်ထားလိုသူများဟာ အသက် ၁၈ နှစ်မှ ၃၅ အတွင်း ကျန်းမာရေး ကောင်းမွန်ပြီး စိတ်ဓါတ်ကြံခိုင်သူ ဆုံးဖြတ်ချက် ပြတ်သားသူ ဖြစ်ရမယ်လို့ ဆိုပါတယ်။


အခြေခံ စစ်သင်တန်း၊ အထူးစစ်ဆင်ရေး သင်တန်းနဲ့ လိုအပ်ပါက မွန်းမံ သင်တန်းများပါ ပြီးဆုံးအောင် တက်နိုင်ရမှာဖြစ်ကာ သင်တန်းပြီးဆုံးပါက တပ်ဖွဲ့မှ ပေးအပ်တဲ့ တာဝန်၊ စုဖွဲ့မှုအတိုင်း မည်သည့်ဒေသတွင်မဆို တာဝန်ထမ်းဆောင်နိုင်ရမယ်လို့ သိရပါတယ်။


ထို့အပြင် MOD မှ ချမှတ်ထားတဲ့ စစ်စည်းကမ်းကျင့်ဝတ်များ၊ PPDF ရဲ့ စည်းမျည်း စည်းကမ်းများကို လေးစာလိုက်နာရမည် ဖြစ်ကာ အနည်းဆုံး နှစ် တာဝန်ထမ်းဆောင် နိုင်ရမယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက်  မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment