၂၀၂၅ ဇွန်လ ၃ ရက်နေ့ Radio NUG မနက်ခင်းတင်ဆက်မှု

 

၂၀၂၅ ဇွန်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရမှ ၂၀၂၅ ခုနှစ်၊ မေလ၂၈ ရက်နေ့အထိ ငလျင်ဘေးသင့်ဒေသများသို့ ထောက်ပံ့မှု စာရင်းသတင်းထုတ်ပြန်

📌 ၂။ လုံခြုံစိတ်ချရတဲ့ သင်ကြားမှုပတ်ဝန်းကျင်ဖြစ်အောင် ကျောင်းများကို စစ်ဆေးနေပြီး လုံခြုံရေးအချက်များ ပြည့်မီပါက ကျောင်းများပြန်ဖွင့်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြောကြား

📌 ၃။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကနေ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ချိုးဖောက်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျမှတ်တမ်းတင်ပြီး  Data Dashboard ()ခု ကို ထုတ်ပြန်နိုင်ခဲ့

📌 ၄။ သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားများ ဘေးကင်းလုံခြုံရေးဆိုင်ရာကိစ္စအပါအဝင် မီဒီယာဆိုင်ရာ မူဝါဒများ၊ ဥပဒေများနှင့်ပတ်သက်၍ (IPCM)နှင့် (NUCC) ကောင်စီဝင်များ တွေ့ဆုံ

📌 ၅။ KNA မှ ဘက်စုံကျန်းမာရေးစောင့်ရှောက်မှု စင်တာ IHSC ( Integrated Health  Service  Center)ကို  တိုးချဲ့ဖွင့်လှစ်ခြင်း အခမ်းအနား  ပြုလုပ်

📌 ၆။ ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် သွားရောက်ဂါရဝပြု

📌 ၇။ ကန်နီပျူစောထီးရွာမှ စားစရာပြတ်လပ်ပြီး ထွက်ပြေးလာတဲ့ ပြည်သူ ၃ဦးနှင့် ကိုရင် ၂ပါးကို ဘေးကင်းရာသို့ ပို့ဆောင်ပေး

📌 ၈။ ဦးမင်းကိုနိုင်ရဲ့ "ကော်လာရှည်ရှည် ကေလန်လန်" စာအုပ်ဝယ်ယူသူတွေထဲကနေ  ၆ဦးအတွက် ပန်းချီကား ကား မဲဖောက်ပေးမည်


========================


၂၀၂၅ ခုနှစ် ဇွန်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ တတိယ အကြိမ်မြောက် အပစ်ရပ် သက်တမ်းတိုးကြောင်း ညီနောင် ဖွဲ့ ထုတ်ပြန်

🚩၂။ MNDAA က အပတ်စဉ် () ပြည်သူ့စစ် သင်တန်း ဒုတိယတပ်ဖွဲ့ သင်တန်းဆင်းပွဲ ကျင်းပ

🚩၃။ တန့်ဆည်မြို့နယ် အက်တောကျေးရွာမှ စကစတပ်နဲ့ ပျူများမှ ကင်းလှည့်လာစဥ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် ၈ဦး သေဆုံး

🚩၄။ မြေအောက် ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို ရဲဘော်များကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့တဲ့ ရာအိမ်မှူးအား ပစ်ခတ်ရှင်းလင်း

🚩၅။ ပခုက္ကူ၊ ဆင်မင်းကျေးရွာသို့ တာဝန်လဲရန်လာတဲ့ ပျူစောထီး ကား စီးကို ကြားဖြတ်တိုက်ခိုက်မှု  ပျူစောထီးခေါင်းဆောင် ကျော်စိုးနိုင် အပါအဝင် ဦး သေဆုံး

🚩၆။ ထားဝယ်မြို့နယ်၊ စော်ဝရွာ သစ်ဆိမ့်ပင် ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းထိုင် ဆရာတော် ကျည်ထိမှန်ကာ ဘဝနတ်ထံပျံလွန်တော်မူ

🚩၇။ စဉ့်ကူးမြို့နယ်ရှိ ကျေးရွာ ၂ရွာကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အမျိုးသမီး ၃ဦး ထိခိုက်ဒဏ်ရာရရှိ

🚩၈။ ခမရ (၃၄၂) မှ စစ်ကောင်စီ တပ်သား ဦး ကော့သောင်း ပကဖ ထံ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရမှ ၂၀၂၅ ခုနှစ်၊ မေလ၂၈ ရက်နေ့အထိ ငလျင်ဘေးသင့်ဒေသများသို့ ထောက်ပံ့မှု စာရင်းသတင်းထုတ်ပြန်


ဇွန်လ၂ရက်

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ၂၀၂၅ ခုနှစ်၊ မေလ၂၈ ရက်နေ့အထိ ငလျင်ဘေးသင့်ဒေသများသို့ ထောက်ပံ့မှု စာရင်းမှတ်တမ်းကို ဇွန်လ၂ရက်နေ့ သတင်းထုတ်ပြန်ပါတယ်။


"ထောက်ပံ့ကူညီမှုများကို ဒုက္ခခံစားနေကြရသော ပြည်သူများထံ နေရာဒေသ မခွဲခြားဘဲ ရောက်ရှိအောင် ဆက်လက်ကြိုးစား ဆောင်ရွက်နေပါတယ်။ အစောပိုင်းကာလ ပြန်လည်ထူထောင်မှုအချို့ စတင်နေပါပြီ။ ပြည်သူ့အားဖြင့် အကောင်းဆုံး အကောင်အထည်ဖေါ် သွားပါမယ်"လို့ ဝန်ကြီးဌာနက ဖော်ပြပါတယ်။


၂၀၂၅ ခုနှစ်၊ မေလ၂၈ ရက်နေ့အထိ ငလျင်ဘေးသင့်ဒေသများသို့ ထောက်ပံ့မှု စာရင်းများအရစစ်ကိုင်းတိုင်းတွင် အိမ်ထောင်စု ၄၆၀၂ စုအတွက် ကျပ်သန်း ၁၃၀၁ကျော်၊ မန္တလေးတိုင်းတွင် အိမ်ထောင်စု ၈၈၅၁ စုအတွက် ကျပ်သန်း ၂၆၉၁ကျော်၊ ပဲခူးတိုင်းတွင်အိမ်ထောင်စု ၁၅၀၁ စုအတွက် ကျပ်သန်း၃၈၃ကျော်၊ 

ရှမ်းတောင်တွင် အိမ်ထောင်စု ၁၇၄၆ စုအတွက် ကျပ်သန်း ၂၅၉ကျော်၊ နေပြည်တော်တွင် အိမ်ထောင်စု ၁၇၀၉ စုအတွက် ကျပ်သန်း ၃၃၀ကျော်၊ ဒေသအသီးသီးက အိမ်ထောင်စု ၁၈၀၉ စုအတွက် ကျပ်သန်း ၅၄၁ အသုံးပြုခဲ့တယ်လို့ ဖော်ပြပါတယ်။


========================


📌📌 ၂။ လုံခြုံစိတ်ချရတဲ့ သင်ကြားမှုပတ်ဝန်းကျင်ဖြစ်အောင် ကျောင်းများကို စစ်ဆေးနေပြီး လုံခြုံရေးအချက်များ ပြည့်မီပါက ကျောင်းများပြန်ဖွင့်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြောကြား


ဇွန်လ ၂ရက်

Radio NUG

"လုံခြုံစိတ်ချရတဲ့ သင်ကြားမှုပတ်ဝန်းကျင်ဖြစ်အောင် ကျောင်းများကို စစ်ဆေးနေပြီး လုံခြုံရေးအချက်များပြည့်မီပါက ကျောင်းများပြန်ဖွင့်မယ်"လို့ NUG ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြည်သူမှ ပြည်သူသို့ အစီအစဥ်မှာ ပြောပါတယ်။


"အားလုံးသိတဲ့အတိုင်းပဲ အိုးတိန်တွင်းမှာဆို ကျောင်းသား၊ ကျောင်းသူနဲ့ ဆရာ၊ ဆရာမတွေဆုံးရှုံးရတယ်။ အဲဒီလိုဟာမျိုး နောက်ထပ်လုံးဝအဖြစ်မခံနိုင်ဘူး။ ကျွန်တော်တို့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အသက်အဆုံးရှုံးမခံနိုင်ဘူး။ တစ်ဦးတစ်ယောက်မှ အဆုံးရှုံးမခံနိုင်တဲ့အတွက် ဒီအချိန်မှာ ခဏယာယီသင်ကြားမှုတွေကို ရပ်ဆိုင်းထားပြီး တစ်ကျောင်းချင်း၊ တစ်နေရာချင်းဆီမှာ  လုံခြုံစိတ်ချမှုပေးနိုင်တဲ့ ကျောင်းတွေဖြစ်အောင်၊နေရာဒေသတွေဖြစ်အောင် အချိန်တစ်ခု ယူလိုက်ခြင်း ဖြစ်ပါတယ်။ ပညာရေးကို ရပ်ဆိုင်းတာ မဟုတ်ဘူး။ အခု ယာယီရပ်ဆိုင်းထားချိန် ကျောင်းတွေမှာ လုံခြုံရေးအတွက် ထားရှိရမယ့် အချက်တွေ စစ်ဆေးမယ်။ အဲဒီအချက်တွေ ပြည့်စုံမယ်ဆိုရင် ကျောင်းပြန်ဖွင့်မှာ ဖြစ်ပါတယ်။ အခုလည်း ဒေသအလိုက်၊ တိုင်းအလိုက် စီမံချက်တွေနဲ့ ဆောင်ရွက်နေတယ်လို့ အသိပေးချင်တယ်"လို့ ဝန်ကြီးက ပြောပါတယ်။


မြို့နယ်တိုင်းရှိ ပကဖ၊ ပလဖနဲ့ ပအဖအပါအဝင် မြို့နယ်ပညာရေးဘုတ်အဖွဲ့များ တိုင်ပင်ညှိနှိုင်းဆောင်ရွက်နေပြီး စီမံချက်နဲ့ လုပ်ဆောင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။


ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး Early Warning system ဗုံးခိုကျင်းများ ကျောင်းတိုင်းထားရှိရေးနဲ့ လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်ထားမှုစတဲ့ အချက်များ တစ်ရာ ရာခိုင်နှုန်း ပြည့်မီမှုရှိမှသာ ကျောင်းများ ပြန်ဖွင့်မှာ ဖြစ်တယ်လို့ဝန်ကြီးက ထပ်လောင်းပြောပါတယ်။


========================


📌📌 ၃။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကနေ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ချိုးဖောက်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျမှတ်တမ်းတင်ပြီး  Data Dashboard ()ခု ကို ထုတ်ပြန်နိုင်ခဲ့


ဇွန်လ၂ရက်

Radio NUG

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကနေ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ချိုးဖောက်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျမှတ်တမ်းတင်ပြီး အများပြည်သူ အချိန်နဲ့တပြေးညီလေ့လာ ကိုးကားအသုံးပြုနိုင်ဖို့ Data Dashboard ()ခု ကို ထုတ်ပြန်နိုင်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက အသိပေးဖော်ပြပါတယ်။


" ပထမဆုံးထုတ်ပြန်ခဲ့တာကတော့ Unlawful Conscription Watch Dashboard ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက တရားမဝင်စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီးနောက် လူငယ်လူရွယ်တွေကို ပိုမိုပစ်မှတ်ထား အတင်းအဓမ္မဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်တွေကို မှတ်တမ်း ကောက်ယူ ဖော်ပြထားတဲ့ Dashboard ပဲဖြစ်ပါတယ်။ ဒီ Dashboard ထဲမှာ ဖော်ပြထားတဲ့ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ ဖြစ်စဉ်စုစုပေါင်းတွေ၊ ဖမ်းဆီးခံရတဲ့ လူဦးရေ စတာတွေကို နေရာဒေသအလိုက်၊ အချိန်ကာလ အပိုင်းအခြားတွေအလိုက် တွေ့ရှိရမှာဖြစ်ပါတယ်"လို့ ဖော်ပြပါတယ်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ဦးစားပေးဆောင်ရွက်တဲ့ တာဝန်တစ်ရပ်ဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖြစ်စဉ်အလိုက် နှစ်အလိုက် လအလိုက် စုဆောင်းထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးအစား(LOVs)တွေကို Dashboard အနေနဲ့ ထပ်မံထုတ်ပြန်ထားခဲ့ပြီးလည်းဖြစ်သလို အကြမ်းဖက်စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကိုလည်း အချက်အလက်အတိအကျ စုဆောင်းထားပြီး လေ့လာကိုးကား အသုံးပြုနိုင်ဖို့  Massacres by Military Junta Data Dashboard  ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ 


"အကြမ်းဖက်စစ်အုပ်စုကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စပ်လျဉ်းပြီး တရားမျှတမှု ဖော်ဆောင်နိုင်ဖို့၊ ကျူးလွန်မှုတွေကနေ ပြစ်ဒဏ်လွတ်ကင်းနေတဲ့ အခြေအနေတွေကို ရပ်တန့်ဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ခိုင်မာအားကောင်းတဲ့ စံချိန်စံညွှန်းတွေနဲ့ အညီ အစွမ်းကုန်ကြိုးပမ်းအားထုတ်သွားမှာပဲ ဖြစ်ပါတယ်"လို့ ဝန်ကြီးက ဆိုထားပါတယ်။


========================


📌📌 ၄။ သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားများ ဘေးကင်းလုံခြုံရေးဆိုင်ရာကိစ္စအပါအဝင် မီဒီယာဆိုင်ရာ မူဝါဒများ၊ ဥပဒေများနှင့်ပတ်သက်၍ (IPCM)နှင့် (NUCC) ကောင်စီဝင်များ တွေ့ဆုံ


ဇွန်လ ရက်

Radio NUG

သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားများ ဘေးကင်းလုံခြုံရေးဆိုင်ရာကိစ္စအပါအဝင် မီဒီယာဆိုင်ရာ မူဝါဒများ၊ ဥပဒေများနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)တို့ တွေ့ဆုံခဲ့တယ်လို့ ဇွန်လ၂ရက် NUCCက သတင်းထုတ်ပြန်ပါတယ်။


တွေ့ဆုံပွဲတွင် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM) စုဖွဲ့မှုနှင့် လက်ရှိလုပ်ဆောင်ချက်များကို IPCM ဘက်မှ အကျဉ်းချုပ်တင်ပြခဲ့ပြီး NUCC မီဒီယာမူဝါဒ၊ မီဒီယာဆက်သွယ်ဆက်ဆံရေးအခြေခံစံတန်ဖိုးများကိုလည်း NUCC ဘက်မှ ပြန်လည်မျှဝေခဲ့ပါတယ်။


ဆက်လက်၍ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ကြား ပူးတွဲလုပ်ဆောင်နိုင်မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးဖော်ထုတ်ခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာရပ်နားခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၅။ KNA မှ ဘက်စုံကျန်းမာရေးစောင့်ရှောက်မှု စင်တာ IHSC ( Integrated Health  Service  Center)ကို  တိုးချဲ့ဖွင့်လှစ်ခြင်း အခမ်းအနား  ပြုလုပ်


ဇွန်လ ၂ရက် 

Radio NUG 


ကျန်းမာရေးစောင့်‌ရှောက်မှုများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် ကရင်နီပြည် တစ်နေရာတွင် အလှူရှင်များနှင့် ပူးပေါင်း၍  ဘက်စုံကျန်းမာရေး စောင့်ရှောက်မှုစင်တာ IHSC ( Integrated Health  Service  Center) ကို  စတင်ဖွင့်လှစ်ခဲ့ကြောင်း Karenni Nurses Association-KNAမှ သတင်းထုတ်ပြန်ပါတယ်။


စင်တာ ဖွင့်လှစ်နိုင်ရန်အတွက်  အဖက်ဖက်မှ ဝိုင်းဝန်း ကူညီပံ့ပိုးပေးသူ တစ်ဦးချင်းကို  အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍  စင်တာ လည်ပတ်နိုင်ရေးနှင့် ပိုမိုထိရောက်သော တိုးချဲ့ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်ရန်  ဆက်လက်ပူးပေါင်း ဆောင်ရွက်မှုများအတွက် ဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ၆။ ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် သွားရောက်ဂါရဝပြု


ဇွန်လ ၂ရက် 

Radio NUG 

ဇွန်လ ရက် (ဗထူးနေ့) နံနက်ပိုင်းတွင် ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အနေဖြင့် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီမှ ဦးဆောင်ပြီး လောင်းလုံးမြို့နယ်အတွင်းရှိ ဗိုလ်မှူးကြီးဗထူး ရုပ်ထုရှိရာသို့ သွားရောက်ဂါရဝပြုခဲ့ကြောင်း DDMSC မှ သတင်းဖော်ပြထားပါတယ်။


အဆိုပါ ဂါရဝပြုသည့် အစီအစဥ်တွင် လွမ်းသူပန်းခွေချခြင်း၊ ဗိုလ်မှူးကြီးဗထူးအား အလေးပြုခြင်း၊ ဗိုလ်မှူးကြီး ဗထူးအပါအဝင် မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ၊ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲတို့အတွင်း အသက်ပေးခဲ့ရသည့် အာဇာနည်သူရဲကောင်းများအား အောက်မေ့ဂုဏ်ပြုသောအားဖြင့် တစ်မိနစ်ငြိမ်သက်ခြင်း စသည့် အစီအစဥ်များ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ၁၉၄၅ ခုနှစ် ဇွန်လ () ရက်နေ့ ညတွင် အသက်ပေးလှူသွားခဲ့သော ထားဝယ်သားကောင်းရတနာ ဗိုလ်မှူးကြီးဗထူးကို ဂုဏ်ပြုသည့်အနေဖြင့် ၎င်းကျဆုံးခဲ့သည့် ဇွန်လ () ရက်နေ့ကို "ဗထူးနေ့" အဖြစ်သတ်မှတ်ကြောင်း DDMSCက ၂၀၂၂ ခုနှစ်၊ ဇွန်လ ရက်နေ့တွင် ကြေညာခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတွင် အဆိုပါ "ဗထူးနေ့" အား ပြည်နယ် ရုံးပိတ်ရက်အဖြစ် သတ်မှတ်နိုင်ရေး ကော်မတီအနေဖြင့် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ ကန်နီပျူစောထီးရွာမှ စားစရာပြတ်လပ်ပြီး ထွက်ပြေးလာတဲ့ ပြည်သူ ၃ဦးနှင့် ကိုရင် ၂ပါးကို ဘေးကင်းရာသို့ ပို့ဆောင်ပေး


ဇွန်လ ၂ရက် 

Radio NUG 


မေလ ၃၀ရက်နေ့က ပခုက္ကူခရိုင်အမှတ် (၁၅) တပ်ရင်းနှင့် ချိတ်ဆက်ပြီး ကန်နီပျူစောထီးရွာမှ တိမ်းရှောင်ထွက်ပြေးလာတဲ့ ပြည်သူ သုံးဦးနှင့်အတူ ကိုရင် နှစ်ပါးအား ပခုက္ကူခရိုင်အမှတ်(၁၅)တပ်ရင်းမှ လိုအပ်သည်များ ကူညီပေးပြီး ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ကန်နီရွာတွင် အစားအသောက်ပြတ်လပ်၍ ပြည်သူအများစု ထွက်ပြေးရန် စီစဥ်နေကြသော်လည်း ထိုရွာ၏ ပျူစောထီးခေါင်းဆောင် ကျော်ဆန်းဝင်းနှင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့က ခြိမ်းခြောက်မှုများရှိနေတယ်လို့ သိရပါတယ်။


အထက်က ချပေးထားတဲ့ ရိက္ခာတွေကို ကန်နီ ပျူစောထီးခေါင်ဆောင် ကျော်ဆန်းဝင်းနဲ့ တာဝန်ကျ စစ်ဗိုလ်တို့က ပြည်သူတွေကို ခွဲဝေမပေးဘဲ ဆန်တစ်ပြည်ကို ,၀၀၀ ကျပ်နှုန်းနဲ့ ရောင်းစားနေပြီး တစ်ရက်ကို လူ တစ်ယောက် ဆန် နှစ်ဗူးနှုန်းရောင်းစားနေတယ်လို့ သိရပါတယ်။


ရွာတွင်း ဗိုလ်ကျမူများကြောင့် ပျူစောထီများအကြား ပုန်ကန်မူအချို့ ရှိနေကြောင်းလည်း ထွက်ပြေးလာသူများက အသိပေးထားပါတယ်။


========================


📌📌 ၈။ ဦးမင်းကိုနိုင်ရဲ့ "ကော်လာရှည်ရှည် ကေလန်လန်" စာအုပ်ဝယ်ယူသူတွေထဲကနေ  ၆ဦးအတွက် ပန်းချီကား ကား မဲဖောက်ပေးမည်


ဇွန်လ ၂ရက်

Radio NUG

ဦးမင်းကိုနိုင်ရဲ့ "ကော်လာရှည်ရှည် ကေလန်လန်" စာအုပ်ဝယ်ယူသူတွေထဲကနေ  ၆ဦးအတွက် ပန်းချီကား ကား မဲဖောက်ပေးမည်ဖြစ်ကြောင်း CDM Medical Networkက အသိပေးဆိုပါတယ်။


ဦးမင်းကိုနိုင်ရဲ့ "ကော်လာရှည်ရှည်ကေလန်လန်"စာအုပ်ရောင်းချရရှိသော အမြတ်ငွေ ၁၀၀%လုံးကို တော်လှန်ရေးဒေသ ငလျင်ဒဏ်သင့်ပြည်သူ ပြန်လည်ထူထောင်ရေး တော်လှန်ရေးအဖွဲ့အစည်းများ နှင့် CDM အဖွဲ့အစည်းများအတွက် အသုံးပြုသွားမယ်လို့လည်း စီစဉ်ထားပါတယ်။


"Limited edition စာအုပ် ၁၃၀၀ ရှိတဲ့အတွက် (1/1300 မှ 1300/1300) အတွင်းကနေ အခုလို အမှတ်တရဖြစ်စရာ ကဏန်းလေးတွေကို ရွေးထုတ်ပြီး ရောင်းချပေးဖို့ပါ။ စာအုပ်ဝယ်ယူသူများအနေနဲ့ 1-1300 copies ထဲကမှ ကြိုက်တဲ့ ကဏန်းနံပါတ်ကို ရွေးချယ်မေးမြန်းပြီးတော့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အုပ်ရေ အကန့်အသတ်ရှိတာကြောင့် တစ်ဦးဝယ်ယူပြီးသား နံပါတ်ဆိုရင်တော့ နောက်တစ်ဦးဝယ်ယူလို့ မရတာလေးတော့ ကြိုတင်ပြီးမေတ္တာရပ်ခံထားပါရစေ။ အရေးကြီးတာ တစ်ခုက.. "စာအုပ်ရဲ့ Copies number  1/1300 ကနေ 1300/1300 အတွင်း နံပါတ်တွေကို စာအုပ်ဝယ်ယူသူတွေထဲကနေ ၆ဦးအတွက် ပန်းချီကား ကားမဲဖောက်ပေးမယ့် Lucky numbers တွေအဖြစ် ပြန်လည်အသုံးပြုမှာ ဖြစ်ပါတယ်။"လို့ ဆိုပါတယ်။


ဒီကဗျာရှည်စာအုပ်ကို ဝယ်ယူချင်တယ်ဆိုရင် CDM Medical Network တစ်နေရာတည်းမှ "မေလ၂၇ရက်နေ့ ကနေ ဇွန်လ၂၇ရက်နေ့အတွင်း" ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩၁။ တတိယ အကြိမ်မြောက် အပစ်ရပ် သက်တမ်းတိုးကြောင်း ညီနောင် ဖွဲ့ ထုတ်ပြန်


ဇွန်လ ရက်၊ 

Radio NUG


မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ငလျင်နောက်ဆက်တွဲ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အပစ်ရပ် ကာလအား ကြိမ်မြောက်အဖြစ် နောက်ထပ် တလ သက်တမ်း တိုးကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်လာပါတယ်။


အပစ်ရပ် ကာလကို ဇွန်လ ရက်နေ့ကနေ ၃၀ ရက်နေ့ အထိ သက်တမ်း ထပ်တိုးခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။


ညီနောင် ဖွဲ့အနေနဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာများမှာမိမိကိုယ်မိမိ ခုခံကာကွယ်သော တုံ့ပြန်မှုမျိုးမှ လွဲ၍ မိမိတို့ဘက်မှ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းမျိုးကို ပြုလုပ်မှာ မဟုတ်ကြောင်းဖော်ပြထားပါတယ်။


မတ်လ ကုန်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင် နောက်ဆက်တွဲ လူသားချင်း စာနာထောက်ထားရေး အကူအညီများ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ဧပြီလ ရက်နေ့မှာ ညီနောင် () ဖွဲ့က အပစ်ရပ် ထုတ်ပြန်ခဲ့တာဖြစ်ပြီး ယခု တကြိမ်ပါဆိုလျင် ကြိမ်မြောက် သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩၂။ MNDAA က အပတ်စဉ် () ပြည်သူ့စစ် သင်တန်း ဒုတိယတပ်ဖွဲ့ သင်တန်းဆင်းပွဲ ကျင်းပ


ဇွန်လ ရက်၊ 

Radio NUG


MNDAA တပ်တော် စစ်ဦးစီးချုပ်၏ စစ်ရေးလေ့ကျင့်ရေး ဌာနမှာ အပတ်စဉ် () ပြည်သူ့စစ် သင်တန်း ဒုတိယတပ်ဖွဲ့ သင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


မေလ ၃၁ ရက်၊ မနက် နာရီမှာ ကျင်းပခဲ့တဲ့ အခမ်းအနားကို ကိုးကန့်ခရိုင် ဒု-ခရိုင်မှူး စစ်ရေး လေ့ကျင့်မှုဌာန ဒု-ဌာနမှူး ဗိုလ်ကြီး  လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေး ကော်မတီ လက်နက်အင်အား ဦးစီးဌာန ဒု-ဌာနမှူး တို့ တက်ရောက်ခဲ့ကြပါတယ်။


ထို့အပြင် လေ့ကျင်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေးကော်မတီ၊ ဟုန်ရှင်း မြို့နယ်၊ ရှင်းဝမ်မြို့နယ်၊ ချင်းရွှေဟော် မြို့နယ်များမှ သင်တန်းသား (၂၀၃) ဦးတို့ တက်ရောက်ခဲ့ကြကာ တပ်ဖွဲ့ စာရေးချုပ်  Zhang Wang မှ အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။


ပထမဦးစွာ တပ်ဖွဲ့မှူးက ၃၄ ရက်ကြာ သင်တန်း အစီအစဉ် အကျဉ်းချုပ်ကို ဖတ်ကြားခဲ့ပြီး စစ်ရေးလေ့ကျင့်မှု ဒု-ဌာနမှူး ဗိုလ်ကြီးက ထူးချွန်သော တပ်ဖွဲ့ ခေါင်းဆောင်များနှင့် သင်တန်းသားများအား ချီးကျူးဂုဏ်ပြုတဲ့ အမိန့်ကြေညာစာကို ဖတ်ကြားခဲ့ကာ တက်ရောက်လာကြတဲ့ ခေါင်းဆောင်များက ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် စစ်ရေးလေ့ကျင့်မှု ဒု-ဌာနမှူး ဗိုလ်ကြီးမှ သင်တန်းဆင်း မိန့်ခွန်း ပြောကြားခဲ့ပြီး ကိုးကန့်ခရိုင် ဒု-ခရိုင်မှူးက အကျဉ်းချုပ် မိန့်ခွန်း ပြောကြားခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၃။ တန့်ဆည်မြို့နယ် အက်တောကျေးရွာမှ စကစတပ်နဲ့ ပျူများမှ ကင်းလှည့်လာစဥ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် ၈ဦး သေဆုံး


ဇွန်လ ၂ရက် 

Radio NUG 


ဇွန်လ ၂ရက်နေ့တွင် တန့်ဆည်မြို့နယ် အက်တောကျေးရွာတွင် အထိုင်ချထားသော စကစနဲ့ပျူများမှ သဲကုန်းကျေးရွာဖက် ကင်းလှည့်လာစဥ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စကစနဲ့ ပျူများမှ နှစ်ပွင့်ဗိုလ်အရာရှိအပါအဝင် () ဦးသေဆုံးကာ လက်နက် နှစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း Red Stars (Taze PDF Supporter)မှ သတင်းထုတ်ပြန်ထားပါတယ်။


၎င်းတိုက်ပွဲအား တန့်ဆည်မြို့နယ် ပကဖ၊ တိုက်နယ် () ပကဖ၊ ရေဦးပကဖနှင့် PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၄။ မြေအောက် ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို ရဲဘော်များကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့တဲ့ ရာအိမ်မှူးအား ပစ်ခတ်ရှင်းလင်း


ဇွန်လ ရက်၊ 

Radio NUG


သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂ တပ်ခွဲ မြေအောက် ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို ရဲဘော်များကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီ လက်အောက်ခံ ရာအိမ်မှူးကို ပြန်လည်ပစ်ခတ်ခဲ့ရာ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာအခြေစိုက် စစ်ကောင်စီရဲ့ ခမရ () တပ်ရင်းမှ ထွက်လာတဲ့ ထန်းပင်ကုန်းကျေးရွာမှ ရာအိမ်မှူး အောင်မိုးခိုင်ဟာ ဇွန်လ ရက် ညနေ နာရီ ၁၅ မိနစ်မှာ ပြည်သူကာကွယ်ရေး ရဲဘော်များအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့တာလို့  ဆိုပါတယ်။


၎င်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို ရဲဘော်များက အချိန်မှီ ရှောင်တိမ်းနိုင်ခဲ့ပြီး အောင်မိုးခိုင်ရဲ့ ဦးခေါင်း တည့်တည့်ကို သေနတ်ဖြင့် ချက် ပြန်လည်ပစ်ခတ်ခဲ့ရာ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ ပစ်ခတ်မှုဟာ ချောင်းခွ(ကေ) ရွာနဲ့ သရက်နှစ်ဖျားလိန် ရွာကြားက လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ရာအိမ်မှူးထံမှ လက်ပစ်ဗုံး လုံးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


ရာအိမ်မှူး အောင်မိုးခိုင်ဟာ စစ်မှုထမ်းဟောင်း၊ စစ်တပ်ထောက်တိုင် အမာခံ တစ်ဦးဖြစ်ပြီး ခမရ () မှာ နေထိုင်ကာ တော်လှန်ရေးတပ်ဖွဲ့များရဲ့ သတင်းကို စုံစမ်းထောက်လှမ်းခြင်း၊ ပြည်သူများထံမှ စစ်မှုထမ်းကြေးဆိုကာ ခြိမ်းခြောက် ငွေကြေးတောင်းခံခြင်း၊ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ရိုးမအတွင်း စစ်ကြောင်းထိုးရာမှာ လမ်းပြလုပ်ပေးခြင်းတို့ကို လုပ်ဆောင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩၅။ ပခုက္ကူ၊ ဆင်မင်းကျေးရွာသို့ တာဝန်လဲရန်လာတဲ့ ပျူစောထီး ကား စီးကို ကြားဖြတ်တိုက်ခိုက်မှု  ပျူစောထီးခေါင်းဆောင် ကျော်စိုးနိုင် အပါအဝင် ဦး သေဆုံး


ဇွန်လ ၂ရက် 

Radio NUG 


ဇွန်လ ရက် နံနက် နာရီခန့်တွင် ပခုက္ကူမြို့မှ ဆင်မင်းကျေးရွာဂိတ်စခန်းကို တာဝန်ပြောင်းလဲရန်လာတဲ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီး ခေါင်းဆောင် အပါအဝင် ဦး စီးနင်း လိုက်ပါလာတဲ့ ကား စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။


အပြန်အလှန် ပစ်ခတ်မှု ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ပျူစောထီး ဦး သေဆုံးသလို ၄ဦး ထွက်ပြေးလွတ်မြောက်သွားကာ MA3 အမျိုးအစား သေနတ် လက် ပစ္စတို လက်၊ လက်နက်ခဲယမ်းများနှင့်ငွေသား ၃၁ သိန်း တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


ပခုက္ကူမြို့မှ ပြည်သူများ၏ အဆိုအရ ပခုက္ကူမြို့ အမှတ် ရပ်ကွက်၊ နေပြည်တော် လမ်းနေ၊ ပျူစောထီးခေါင်းဆောင် ကျော်စိုးနိုင် သေဆုံးခဲ့ပြီး ဇွန်လ ၂ရက်နေ့ နံနက် နာရီတွင် သဂြိုလ်လိုက်တယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း ၁၆ နှင့် ဗိုလ်ကလယ်တပ်ပေါင်းစုတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၆။ ထားဝယ်မြို့နယ်၊ စော်ဝရွာ သစ်ဆိမ့်ပင် ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းထိုင် ဆရာတော် ကျည်ထိမှန်ကာ ဘဝနတ်ထံပျံလွန်တော်မူ


ဇွန်လ ၂ရက် 

Radio NUG 


ထားဝယ်မြို့၊ ရှင်မုတ္ထီးရွာအနီး ရွှေဂူတံတားရှိ စစ်ဆေးရေးဂိတ်တွင် ဇွန် ရက် မွန်းလွဲ တစ်နာရီခွဲခန့်အချိန်ကစပြီး စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ ဇွန်လ ရက်နေ့ မွန်းလွဲ နာရီကျော်ခန့်အချိန်တွင်  ထားဝယ်မြို့ပေါ်နှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများက ထားဝယ်မြို့နယ်အတွင်းရှိ ရှင်မုတ္ထီးကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီး အလုံးရေ ၁၀၀ ကျော်ဖြင့် တစ်နေကုန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များမှ သိရပါတယ်။


အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးများသည် စော်ဝရွာ သစ်ဆိမ့်ပင် ဘုန်းကြီးကျောင်းကို ထိမှန်ခဲ့ပြီး သက်တော် ၆၆ နှစ်၊ ဝါတော် ၄၆ ဝါ ရှိ ပဓာနနာယက ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသကို လက်နက်ကြီး ကျည်ထိမှန်ကာ ဘဝနတ်ထံပျံလွန်‌တော်မူခဲ့တယ်လို့ သိရပါတယ်။


" ရွာထဲမှာ တိုက်ပွဲဖြစ်တော့ ရွာသားတွေက ဆရာတော်ကျောင်းကို ပြေးပြီးလာကြတယ်။ ရွာထဲမှာ နေမရဲလို့လေ။ အဲဒီအချိန်မှာ ဆရာတော်က နေနေတဲ့ ကျောင်းဆောင်ကနေပြီး ရွာသားတွေအနားကို အားပေးစကားသွားပြောတယ်။ အားပေးစကားပြောပြီး ဆရာတော်က ကျောင်းဆောင်ကနေ ပြန်အထွက်မှာ ဦးခေါင်းကို လက်နက်ကြီးအစ စင်ပြီး တစ်ခါတည်းပဲ ပျံတော်မူတာပါ။ ဦးနှောက်တစ်ခြမ်း မရှိတော့ဘူးလို့ သိရတယ်။ လက်နက်ကြီးစ မှန်တာက ညနေ သုံးနာရီ ခွဲမှာပါ။ ဆရာတော်ရဲ့ ကျောင်းတိုက်အတွင်းအထဲမှာပဲ ထိတာပါ " လို့ဆရာတော်ရဲ့ တပည့်ရဟန်းက ပြောကြားထားပါတယ်။


========================


🚩🚩၇။ စဉ့်ကူးမြို့နယ်ရှိ ကျေးရွာ ၂ရွာကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အမျိုးသမီး ၃ဦး ထိခိုက်ဒဏ်ရာရရှိ


ဇွန်လ ရက်

Radio NUG 


၂၀၂၅ ခုနှစ် ဇွန်လ ၁ရက်နေ့ နေ့လယ် နာရီ ၂၆မိနစ်အချိန်တွင် စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာသို့ တံတားဦးတက် ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှုပြုခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။


ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦး ၂ခု ပျက်စီးပြီး ပြည်သူအထိအခိုက်မရှိဘူးလို့ ဖော်ပြထားပါတယ်။


အလားတူ နေ့လယ် နာရီ ၃၂မိနစ်အချိန်တွင်လည်း စဉ့်ကူးမြို့နယ် နတ်တောင်ကျေးရွာရှိ  Lucky 7 ဟိုတယ်အား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ထိုတိုက်ခိုက်မှုကြောင့် ပြည်သူအမျိုးသမီး ၃ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၁ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၈။ ခမရ (၃၄၂) မှ စစ်ကောင်စီ တပ်သား ဦး ကော့သောင်း ပကဖ ထံ အလင်းဝင်


ဇွန်လ ရက်၊ 

Radio NUG


ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ခမရ (၃၄၂) နန္ဓသွန် ရှေ့တန်း ခြေကုတ်စခန်းမှ စစ်ကောင်စီ တပ်သား ဦး ဆက်သွယ် အလင်းဝင်လာတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး - ပကဖ က ထုတ်ပြန်ထားပါတယ်။


အလင်းဝင်လာသူ ဦးဟာ ကိုဇင်မင်းသူ နဲ့ ကိုနေမျိုးထွန်းတို့ ဖြစ်ကြပြီး ခမရ (၃၄၂) ရှေ့တန်း စခန်းကနေ ထွက်ပြေးလာခဲ့ကာ ပကဖ ထံ ဆက်သွယ် အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။


အလင်းဝင်ရောက်လာတဲ့ နေ့ရက်နဲ့ လက်နက်ခဲယမ်း ယူဆောင်လာခြင်း ရှိမရှိကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။


နောက်နောင်လည်း ပြည်သူ့ရင်ခွင် ခိုလှုံလာမယ့် စစ်ကောင်စီ ဘက်တော်သားများ ရှိပါက ကော့သောင်း ပကဖ အနေဖြင့် လက်ခံကြိုဆို နေမှာဖြစ်ပြီး ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment