၂၀၂၅ ဇူလိုင်လ ၃၁ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ ဇူလိုင်လ ၃၁ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ သုတေသနနှင့် ဖွံ့ဖြိုးရေးယူနစ်အနေဖြင့်  ကျန်းမာရေးသုတေသနညီလာခံ (Research Conference 2025) ကျင်းပမည်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ Super 4 ရဲ့ အပတ်စဥ် (၁၃) မှာ လက်မှတ် () စောင်နှင့်အထက် ဝယ်ယူထားသူတိုင်း ၄၀၀,၀၀၀ ကျပ် x (၁၀) ဆုကံထူးခွင့်ရှိ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ၈၈၈၈ ထီးတွေ Thailand Canada UK New York မှာ stock ပြတ်သွားတဲ့အထိရောင်းအားကောင်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ငလျင်ဘေး အလှူငွေနဲ့ ပြည်သူကို ဗုံးကြဲနေတာရပ်တန့်ဖို့လူထုလှုပ်ရှားမှုဂန့်ဂေါမြို့နယ်ရှိတစ်နေရာမှာ လက်ပံတောင်းတောင်ပင်မသပိတ် နှင့် အမျိူးသမီးမဟာမိတ်အင်အားစု (WAB)တို့မှ ပြုလုပ်ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ နိုင်ငံရေးတည်ငြိမ်ပြီး ပျော်ရွှင်သာယာသော အထူးဒေသအသစ်တခု တည်ဆောက်ရာမှာ ပါဝင်ဖြည့်ဆည်းပေးသွားမယ်လို့ အထူးဒေသ ရဲတပ်ဖွဲ့ကြေညာ


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩သံဖြူဇရပ်မြို့နယ် အနင်းရဲစခန်းက ထွက်လာတဲ့ စစ်တပ်ဖွဲ့တိုက်ကင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ဦးသေပြီး ဦး ဒဏ်ရာရ

🚩၂။⁨⁨ မွန်ပြည်နယ်မှာ တာဝန်ကျနေတဲ့ ခမရ ၄၃၂ တပ်က စစ်သား ဦး သေနတ် လက်နဲ့အတူ အလင်းဝင်

🚩၃။အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေရဲ့ပစ္စည်းတွေကို ထိန်းသိမ်းပေးထားတယ်လို့ မြိတ်ခရိုင် အမှတ် တပ်ရင်း ဆို

🚩၄။ စစ်ကောင်စီ၏ ဂျက်ဖိုက်တာလေယာဉ်ဗုံးကြဲမှုကြောင့် ဇရပ်ဆိပ်ကျေးရွာ ပြည်သူ(၁၀)ဦး ထိခိုက်သေဆုံးပြီး ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းKNUဗဟိုကသတင်းထုတ်ပြန်

🚩၅။ကျောက်ကြီးမြို့နယ် ရင်းတိုက်ကုန်းရွာက စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သား ဦး သေဆုံးပြီး လက်နက်ခဲယမ်း တွေ သိမ်းဆည်းရရှိ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ သုတေသနနှင့် ဖွံ့ဖြိုးရေးယူနစ်အနေဖြင့်  ကျန်းမာရေးသုတေသနညီလာခံ (Research Conference 2025) ကျင်းပမည်


ဇူလိုင်၃၁ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ သုတေသနနှင့် ဖွံ့ဖြိုးရေးယူနစ်အနေဖြင့်  ကျန်းမာရေးသုတေသနညီလာခံ (Research Conference 2025) ကျင်းပမည်ဖြစ်ကြောင်းအသိပေးကြေညာပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ သုတေသနနှင့် ဖွံ့ဖြိုးရေးယူနစ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့အထိ ကျန်းမာရေးသုတေသနညီလာခံ (Research Conference 2025) ​ကို ကျင်းပသွားမယ်လို့သိရပါတယ်။


ညီလာခံခေါင်းစဉ်မှာ "ခက်ခဲရှုပ်ထွေးသော အရေပေါ်အခြေအနေများကြားမှ ကျန်းမာရေးကဏ္ဍ - မြန်မာ့အကျပ်အတည်း စိန်ခေါ်မှုများထဲမှ သုတေသနနှင့် တုံ့ပြန်မှုဖြစ်ပြီးသုတေသနညီလာခံတွင် ဖတ်ကြားတင်သွင်းမည့် စာတမ်းများကို ဇူလိုင်လ (၂၃) ရက်နေ့မှ ဩဂုတ်လ (၂၃) ရက်နေ့အတွင်း ခေါ်ယူသွားမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို သုတေသနညီလာခံ၏ Website စာမျက်နှာတွင်ဖတ်ရှုနိုင်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ Super 4 ရဲ့ အပတ်စဥ် (၁၃) မှာ လက်မှတ် () စောင်နှင့်အထက် ဝယ်ယူထားသူတိုင်း ၄၀၀,၀၀၀ ကျပ် x (၁၀) ဆုကံထူးခွင့်ရှိ


ဇူလိုင် (၃၁)ရက်


Super 4 ရဲ့ အပတ်စဥ် (၁၃) မှာ လက်မှတ် () စောင်နှင့်အထက် ဝယ်ယူထားသူတိုင်း ၄၀၀,၀၀၀ ကျပ် x (၁၀) ဆုကံထူးခွင့်ရှိနေတယ်လို့ နွေဦးထီမိသားစုမှ အသိပေးကြေညာပါတယ်။


"လာမယ့်တနင်္ဂနွေနေ့မှာ ထွက်ရှိမယ့် Super 4 ရဲ့ အပတ်စဥ် (၁၃) မှာ လက်မှတ် () စောင်နှင့်အထက် ဝယ်ယူထားသူတိုင်း ကံထူးခွင့်ရှိတဲ့ ၄၀၀,၀၀၀ ကျပ် x (၁၀) ဆု စူပါဖိုးချစ်သူတွေထံသို့ ရောက်ရှိလာပါပြီ။မျှော်မှန်းထားတဲ့စိတ်ကူးတွေ၊ အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေသူတိုင်းကို မဖြစ်မနေ ကံစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်"လို့ဖော်ပြထားပါတယ်။


တနင်္ဂနွေနေ့ တိုင်း နေ့လည် ၁၂ နာရီမှာ အလိုအလျောက် True Random စနစ်ဖြင့် ကံထူးသူများ၏ Nway Oo Hti အကောင့်ထဲသို့ တိုက်ရိုက် ချီးမြှင့်သွားမှာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ၈၈၈၈ ထီးတွေ Thailand Canada UK New York မှာ stock ပြတ်သွားတဲ့အထိရောင်းအားကောင်း


ဇူလိုင် (၃၁)ရက်


၈၈၈၈ထီးတွေ Thailand Canada UK New York မှာ stock ပြတ်သွားတဲ့အထိ ရောင်းအားကောင်းနေတယ်လို့ strikemarketကအသိပေးဆိုထားပါတယ်။


"၈၈၈၈ထီးတွေ Thailand Canada UK New York မှာ stock ပြတ်သွားပါပြီ။ ကျန်တဲ့ နိုင်ငံတွေမှာလည်း stock မကုန်ခင် အမြန်ဝယ်ယူထားပေးကြဦးနော်။ ၈၈ နဲ့ ၂၁ တော်လှန်ရေးသမိုင်းမှတ်တိုင်နှစ်ခုပေါင်းစပ်ခြင်းရဲ့ သင်္ကေတဖြစ်တဲ့ ဒီ၈၈၈၈ထီးလေးတွေဟာ ဒီတစ်ခါပဲရောင်းချပေးမှာမို့လို့ တကယ်ကိုရှားပါပစ္စည်းလေးတစ်ခုဖြစ်လာမှာပါ။ ဒီထီးလေးတွေကို Stock မရလိုက်တဲ့သူတွေအတွက်လည်းသြဂုတ်လ ၁၅ထိ preorder ဖွင့်ထားပေးမှာဖြစ်လို့ အမှတ်တရအနေနဲ့ ဝယ်ယူထားလို့ရနိုင်ပါတယ်။ နောင်တစ်ချိန်မှာ ဘယ်လိုမှတန်ဖိုးဖြတ်လို့မရနိုင်တဲ့ အဖိုးတန်ထီးလေးတွေဖြစ်လာမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


တော်လှန်ရေး marketplace တစ်ခုဖြစ်လာမယ့် www.strikemarket.app websiteမှာလည်း Digital Ownership အနေနဲ့ မှတ်တမ်းတင်ထားပေးမှာဖြစ်ပါတယ်။ 


၃၇နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်နဲ့အတူ ကမ္ဘာလုံးဆိုင်ရာ၈လေးလုံးထီးလှုပ်ရှားမှုမှာပါဝင်နိုင်ဖို့ ၈လေးလုံးထီးများကိုရောင်းချပေးခြင်းဖြစ်ပြီးတော့ရရှိလာသော အကျိုးအမြတ်များကိုကျောင်းသားလက်ရုံးတပ်တော် SAF ရိက္ခာ၊ ဆေးဝါးနဲ့ ဦးထုတ်၊ ကျည်ကာ၊ စတဲ့ life protective equipment များအတွက် ၅၀% ရန်ကုန်လူထုသပိတ်ရဲ့ လူထုလှုံ့ဆော်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားများကူညီပံပိုးရေးအတွက် ၂၅% တော်လှန်ရေး market place တစ်ခုဖြစ်လာမယ့် Strike Market ရဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်များအတွက် ၂၅%ခွဲဝေစီးဆင်းမှာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ငလျင်ဘေး အလှူငွေနဲ့ ပြည်သူကို ဗုံးကြဲနေတာရပ်တန့်ဖို့လူထုလှုပ်ရှားမှုဂန့်ဂေါမြို့နယ်ရှိတစ်နေရာမှာ လက်ပံတောင်းတောင်ပင်မသပိတ် နှင့် အမျိူးသမီးမဟာမိတ်အင်အားစု (WAB)တို့မှ ပြုလုပ်ခဲ့


ဇူလိုင် ၃၁ရက်


ငလျင်ဘေး အလှူငွေနဲ့ ပြည်သူကို ဗုံးကြဲနေတာရပ်တန့်ဖို့လူထုလှုပ်ရှားမှုဂန့်ဂေါမြို့နယ်ရှိတစ်နေရာမှာ လက်ပံတောင်းတောင်ပင်မသပိတ် နှင့် အမျိူးသမီးမဟာမိတ်အင်အားစု (WAB)တို့မှ ပြုလုပ်ခဲ့ပါတယ်။


 စစ်ကိုင်းငလျင်လှုပ်ခတ်အပြီး မတ်လကစလို့ နိုင်ငံတကာက ငလျင်ကပ်ဘေးအတွက် ကူညီမှုဟာ ဒေါ်လာသန်း ၁၀၀ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။  စစ်ကောင်စီမှာ ဒေါ်လာတွေသီးတဲ့ အပင် ဒေါ်လာတွေ ထွက်တဲ့တွင်းလိုမျိုး မရှိခဲ့ရင်၊ အနီးဆုံးနဲ့ ပမာဏ အများဆုံး ဒေါ်လာငွေ ရဖို့က ငလျင်ဘေး အကူအညီတွေပဲ ဖြစ်ပါမယ်။  ဒါကြောင့်မို့ ပြည်သူကိုသတ်နေတဲ့ စစ်ကောင်စီကို ယုံကြည်ကိုးစားပြီး အကူအညီတွေပေးနေတဲ့ နိုင်ငံတကာက သိအောင်   * ငလျင်ဘေး အလှူငွေနဲ့ ပြည်သူကို ဗုံးကြဲနေတာရပ် * ငလျင်ကပ်ဘေး အကူအညီ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး * နိုင်ငံတကာ အကူအညီ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး * စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းမှုရပ်  ဆိုတဲ့ သတင်းစကားကို ဝိုင်းဝန်း ပေးပို့ကြရန် အတွက် တိုက်တွန်းတောင်းဆိုသည့် လှုပ်ရှားမှုကို ဂန့်ဂေါမြို့နယ်ရှိတစ်နေရာမှာ လက်ပံတောင်းတောင်ပင်မသပိတ် နှင့် အမျိူးသမီးမဟာမိတ်အင်အားစု (WAB)တို့မှ ပြုလုပ်ခဲ့ကြတယ်လို့ဖော်ပြပါတယ်။


မတ်လ၂၈ရက်စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့် နိုင်ငံတကာက စစ်ကောင်စီကို ငွေကြေး၊ ရုပ်ဝတ္ထုနဲ့ နည်းပညာ ကူညီမှုတွေ အများအပြားပေးခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ နိုင်ငံရေးတည်ငြိမ်ပြီး ပျော်ရွှင်သာယာသော အထူးဒေသအသစ်တခု တည်ဆောက်ရာမှာ ပါဝင်ဖြည့်ဆည်းပေးသွားမယ်လို့ အထူးဒေသ ရဲတပ်ဖွဲ့ကြေညာ


ဇူလိုင် (၃၁)ရက်


ရှမ်းမြောက်ဒေသမှာဖွဲ့စည်းထာတဲ့ အထူးဒေသ ရဲတပ်ဖွဲ့အနေနဲ့ MNTJP ပါတီ၊ အထူးဒေသအုပ်ချုပ်ရေးကော်မတီတို့ရဲ့ ဦးဆောင်မှုအောက်မှာ ခိုင်မာတဲ့ ယုံကြည်မှု၊ လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ အထူးဒေသ လုံခြုံရေးကို စောင့်ရှောက်ပြီး နိုင်ငံရေးတည်ငြိမ်ပြီး တရားဥပဒေစိုးမိုးမှု၊ ယဉ်ကျေးမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြီး ပျော်ရွှင်သာယာ သော အထူးဒေသအသစ်တခု တည်ဆောက်ရာမှာ ပါဝင်ဖြည့်ဆည်းပေးသွားမယ်လို့ ကြေညာလိုက်ပါတယ်။


အခုနှစ် ပထမနှစ်ဝက် လုပ်ငန်းအကျဉ်းချုပ်အစီရင်ခံစာနဲ့ ချီးကျူးဂုဏ်ပြုပွဲကို အထူးဒေသ - ရဲတပ်ဖွဲ့က ဇူလိုင် ၂၉ ရက် နေ့က ကျင်းပခဲ့ရာမှာ အခုလို ကြေညာလိုက်တာလို့ ကိုးကန့်တပ်မတော် MNDAA ရဲ့ သတင်းဌာနဖြစ်တဲ့ The Kokang က ဒီနေ့ ဇူလိုင် ၃၁ မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။ 


အဲဒီအခမ်းအနားကို မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ MNTJP က ဗဟိုကော်မတီဝင်/အထူး ဒေသရဲတပ်ဖွဲ့ ရဲမှူးအပါအဝင် ရဲတပ်ဖွဲ့က လုပ်ငန်းဌာနဆိုင်ရာတာဝန်ခံတွေ ရဲဝန်ထမ်းတွေ စုစုပေါင်း တရာနီးပါး တက်ရောက်ခဲ့ကြပြီး ပထမနှစ်ဝက်အတွင်း လုပ်ဆောင်ချက်တွေကို ပြန်လည်သုံးသပ်ကာ ထူးချွန်စွာ လုပ်ဆောင်ခဲ့တဲ့ စုပေါင်းအဖွဲ့တွေနဲ့ ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုဆုတွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။


ပထမနှစ်ဝက်မှာ အထူးဒေသ ရဲတပ်ဖွဲ့ အနေနဲ့ MNTJP ပါတီ၊ အထူးဒေသ အုပ်ချုပ်ရေးကော်မတီတို့ရဲ့ ဦးဆောင်မှု အောက်ကနေ နိုင်ငံရေးနည်းနဲ့ ရဲတပ်ဖွဲ့တည်ဆောက်ခြင်း ဆိုတဲ့အချက်ကို အဓိကထားလုပ်ဆောင်ခဲ့ပြီး ဒုတိယနှစ်ဝက်မှာ  လူမှုဘဝ တည်ငြိမ်အေးချမ်းအောင်ထိန်းသိမ်းခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခြင်း၊ ပြည်သူ လူထုဘဝ ငြိမ်းချမ်းလုံခြုံရေးအတွက် အာမခံခြင်းစတဲ့ ရဲလုပ်ငန်းတွေကို အကောင်းဆုံးဖြစ်အောင် သစ္စာရှိရှိ ထမ်းဆောင်သွားမယ်လို့ The Kokang ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အဲဒီနောက် တာဝန်ရှိသူတွေက ထူးချွန်တဲ့ စုပေါင်းအဖွဲ့တွေနဲ့ ပုဂ္ဂိုလ်အလိုက် ထူးချွန်သူတွေကို ဆုတံဆိပ်တွေ ဂုဏ်ပြု လက်မှတ်တွေ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တိုမှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================


🚩🚩သံဖြူဇရပ်မြို့နယ် အနင်းရဲစခန်းက ထွက်လာတဲ့ စစ်တပ်ဖွဲ့တိုက်ကင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ဦးသေပြီး ဦး ဒဏ်ရာရ


ဇူလိုင် (၃၁)ရက်


မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ထဲက အနင်းကျေးရွာ ရဲစခန်းကနေ ထွက်လာတဲ့ အင်အား ၄၀ ခန့်ပါ စစ်ကောင်စီ တိုက်ကင်း အဖွဲ့ကို မွန်ပြည်ဖက်ဒရယ်ကောင်စီ - MSFC ကာကွယ်ရေးဌာန ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လက်အောက်မှာရှိတဲ့ တော်လှန်ရေးတပ်တွေ ကြားဖြတ် တိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦးသေပြီး ဦး ဒဏ်ရာရသွားတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် - MSRF က ဒီနေ့ ဇူလိုင် ၃၁ မှာ ထုတ်ပြန်ပါတယ်။


အင်အား ၄ဝ ခန့်ရှိတဲ့ စစ်ကောင်စီတိုက်ကင်းအဖွဲ့ကို မွန်ပြည်တော်လှန်ရေးတပ် - MSRF ရေးပြည်သူ့ကာကွယ်ရေးတပ် -YPDF နဲ့ မဟာမိတ်တပ်ဖြစ်တဲ့ KNLA တပ်ရင်း - ၂၇ တပ်ခွဲ - တို့က ဇူလိုင်လ ၂၉ ရက် မနက် နာရီကျော်အချိန်မှာ ချုံခို တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် နာရီခွဲခန့်မှာ တော်လှန်ရေးတပ်မဟာမိတ်ပူးပေါင်းတပ်တွေ ထိခိုက်မှုမရှိဘဲ ခွာစစ်ဆင်နိုင် ခဲ့တယ်လို့ ဆိုပါတယ်။


တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ချုံခိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ဦး သေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့ MSRF က အသိပေးပါတယ်။

 

မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်း ကွမ်ကျိုက်ကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီ ကင်းစခန်းကိုလည်း မွန်ပြည်ဖက်ဒရယ်

ကောင်စီ - MSFC ကာကွယ်ရေးဌာန ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အောက်မှာရှိတဲ့ မွန်ပြည်တော်လှန်ရေးတပ် - MSRF ရေးပြည်သူ့ကာကွယ်ရေးတပ် - YPDFနဲ့ မဟာမိတပ်ဖြစ်တဲ့ KNLA တပ်ရင်း ၂၇ တပ်ခွဲ တို့ကပဲ ဇူလိုင် ၃၀ ရက် မနက် ၁၁ နာရီခွဲအချိန်ကနေ ၁၂ နာရီအထိ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။ 


နာရီဝက်လောက်ကြာခဲ့တဲ့ အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်တပ်ဘက်က ဦး သေဆုံးပြီး တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်တွေဘက်က ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ MSRFက ထုတ်ပြန်ထားပါတယ်။

  

အဲဒီတိုက်ပွဲတွေမှာ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ အကြိမ် ၃၀ ခန့် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၂။⁨⁨ မွန်ပြည်နယ်မှာ တာဝန်ကျနေတဲ့ ခမရ ၄၃၂ တပ်က စစ်သား ဦး သေနတ် လက်နဲ့အတူ အလင်းဝင်


ဇူလိုင် (၃၁)ရက်


မွန်ပြည်နယ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီလက်အောက်ခံ ခမရ ၄၃၂ တပ်က စစ်မှုထမ်းတပ်သားသစ် ဦး သေနတ် လက်နဲ့အတူ အလင်းဝင်လာတယ်လို့ NMSP-AD/Ramonnya Mon Army ကထုတ်ပြန်ထားပါတယ်။

အဲဒီ စစ်မှုထမ်းတပ်သားသစ် ၂ဦးဟာ ဇူလိုင်လ ၂၂ ရက်နေ့မှာ သေနတ် လက်နဲ့အတူ စစ်အသုံးအဆောင်ပစ္စည်းတွေပါ ယူဆောင်ပြီး ရာမညမွန်တပ်တော် - RMA တပ်ရင်း ၉၀၂ ထံ အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားသစ် ဦးကို ရာမညမွန်တပ်တော် - RMA က လုံခြုံစွာ လက်ခံထားရှိပြီး ရာမည မွန်တပ်တော်ရဲ့ မူဝါဒနဲ့အညီ တဦးကို ကျပ် ၂၅ သိန်းစီ ထောက်ပံ့ပေးခဲ့ပြီး အနာဂတ်ဘဝ ရပ်တည်ရေးအတွက် သူတို့ရဲ့  သဘောဆန္ဒနဲ့အညီ ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ တပ်သားသစ် ဦးဟာ ၂၀၂၄ ခုနှစ်ကတည်းက အဓမ္မ စစ်မှုထမ်း စေခိုင်းခံခဲ့ရသူတွေဖြစ်ပြီး သူတို့ဆန္ဒအလျောက် ရာမညမွန်တပ်တော် - RMA ထံ စိတ်ချယုံကြည်စွာနဲ့ လာရောက်ပူးပေါင်းပြီး အလင်းဝင်လာတာလို့ သိရပါတယ်။


========================


🚩🚩၃။အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေရဲ့ပစ္စည်းတွေကို ထိန်းသိမ်းပေးထားတယ်လို့ မြိတ်ခရိုင် အမှတ် တပ်ရင်း ဆို


ဇူလိုင် (၃၁)ရက်


တနင်္သာရီတိုင်း ပုလောမြို့နယ် ဇရပ်ဆိပ်ရွာမှာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေရဲ့ပစ္စည်းတွေကို ထိန်းသိမ်းပေးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် တပ်ရင်းက ဒီနေ့ ဇူလိုင် ၃၁ မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


အခု ဇူလိုင် ၂၅ ရက်နေ့က ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲပြီး လက်နက်ကြီးတွေ နဲ့ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၁ဝ ဦး သေဆုံးပြီး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။


အကြမ်းဖက် စစ်ကောင်စီရဲ့ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေ ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို မြိတ်ခရိုင် အမှတ် တပ်ရင်းအနေနဲ့ ကောင်းမွန်စွာ ထိန်းသိမ်းပေးထားတဲ့အတွက် ကျန်ရစ်သူ မိသားစုဝင်တွေအနေနဲ့ တပ်ရင်းကို ဆက်သွယ်ပြီး ပစ္စည်းတွေ ပြန်လည်ထုတ်ယူနိုင်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။


========================


🚩🚩၄။ စစ်ကောင်စီ၏ ဂျက်ဖိုက်တာလေယာဉ်ဗုံးကြဲမှုကြောင့် ဇရပ်ဆိပ်ကျေးရွာ ပြည်သူ(၁၀)ဦး ထိခိုက်သေဆုံးပြီး ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းKNUဗဟိုကသတင်းထုတ်ပြန်


ဇူလိုင် (၃၁)ရက်


စစ်ကောင်စီ၏ ဂျက်ဖိုက်တာလေယာဉ်ဗုံးကြဲမှုကြောင့် ဇရပ်ဆိပ်ကျေးရွာ ပြည်သူ(၁၀)ဦး ထိခိုက်သေဆုံးပြီး ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းKNUဗဟိုကသတင်းထုတ်ပြန်ပါတယ်။



ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံး၊မြိတ်ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ ပုလောကျေးရွာအုပ်စု၊ ဇရပ်ဆိပ်ကျေးရွာအတွင်း ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့ တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာလေယာဉ်ဗုံးကြဲမှုကြောင့် ကျေးရွာအတွင်းရှိ ပြည်သူ(၁၀)ဦးထိခိုက်သေဆုံးပြီး၊ ()ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြပါတယ်။


အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည်  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့ တရက်တည်းမှာပင် မြိတ်ထားဝယ်ခရိုင်၊လယ်မူးလားမြို့နယ်အတွင်း လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် သုံးကြိမ်တိုင်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။


========================


🚩🚩၅။ကျောက်ကြီးမြို့နယ် ရင်းတိုက်ကုန်းရွာက စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သား ဦး သေဆုံးပြီး လက်နက်ခဲယမ်း တွေ သိမ်းဆည်းရရှိ 


ဇူလိုင် (၃၁)ရက်


ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲက ရင်းတိုက်ကုန်းရွာမှာရှိတဲ့ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်သား ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် အမှတ် တပ်ရင်း P2-3702 က ထုတ်ပြန်ပါတယ်။

ရင်းတိုက်ကုန်းရွာမှာ အထိုင်ချ တပ်စွဲနေတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ခမရ ၅၉၀ တပ်ရင်းရဲ့ ရှေ့တန်း စခန်း ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဇူလိုင် ၂၅ ရက်နေ့မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား သေဆုံးသွားတဲ့ စစ်သားအလောင်း ခုတွေ့ရပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရသွား ကာ ကျန်နေတဲ့ စစ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အတွက် စစ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

အဲဒီစစ်စခန်းကို ဇူလိုင်လ ၂၄ ရက် ၁၁ နာရီခွဲခန့်ကနေ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်နေ့မနက် နာရီ ၁၅ မိနစ်မှာ အလုံးစုံ ထိန်းချုပ်သိမ်းပိုက်ရရှိခဲ့တာလို့လည်း ပဲခူးခရိုင် အမှတ် တပ်ရင်း P2-3702 က အသိပေးပါတယ်။

သိမ်းပိုက်ရရှိတဲ့ စစ်စခန်းကို ရှင်းလင်းချိန်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခဲယမ်းတွေအပြင် စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။ 

ဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တဦး မြင့်မြတ်စွာနဲ့ အသက်ပေးလှူခဲ့ရပြီး ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူးခရိုင် အမှတ် တပ်ရင်း P2-3702 က ထုတ်ပြန်ထားပါတယ်။

ခမရ ၅၉၀ တပ်ရင်းရဲ့ ရှေ့တန်း စခန်းကို စစ်တောင်းမြစ်ဝှမ်း စစ်ဆင်‌ရေး ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်မှာရှိတဲ့ ပဲခူးခရိုင် တပ်ရင်း အမှတ် ၃၇၀၂၊ အထူးကွန်မန်ဒိုတပ်ရင်းနဲ့ KNLA တပ်ရင်း ၉၊ ဗျူဟာ ၂၅ ဒရုန်းတပ်ဖွဲ့နဲ့ KNLA တပ်ရင်း ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment