၂၀၂၅ သြဂုတ်လ ၇ ရက်နေ့ မနက်ခင်း သတင်းလွှာ

၂၀၂၅ သြဂုတ်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ချင်းပြည်အစိုးရမှ Bachelor of Medicine, Bachelor of Surgery (M.B.,B.S) သင်တန်းဖွင့်လှစ်မည်

📌 ၂။ သံတောင်ကြီးမြို့နယ်မှာ မိုးသည်းထန်စွာရွာပြီး တောင်ကျချောင်းရေနဲ့ မြေပြိုမှုကြောင့် လူ ဦးသေဆုံး 

📌 ၃။ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအပေါ် အချိန်ကြာမြင့်စွာထားရှိခဲ့တဲ့ ယူကေအစိုးရရဲ့ ကတိကဝတ်တွေ  ခိုင်မာပြတ်သားစွာ ဆက်ရှိနေမယ်လို့ ဗြိတိသျှသံရုံး ယာယီအကြီးအကဲ ပြော

📌 ၄။ "ဒဂုံတက္ကသိုလ်တော်ဝင်လမ်း" အား "မဝတ်ရည်အောင်ကို ဂုဏ်ပြုသောအားဖြင့် ဝတ်ရည်လမ်း" အဖြစ်သို့ ပြောင်းလဲသမုတ် ခေါ်ဆိုပေးရန် တောင်းဆို

📌 ၅။ လက်နက်ကိုင်တော်လှန်ရေးကို လူထုတိုက်ပွဲနဲ့ ပေါင်းစပ်နိုင်မှသာ တော်လှန်ရေးပန်းတိုင် ရောက်ရှိအောင်မြင်မယ်လို့ ဗကသနှင့် သမဂ္ဂအင်အားစုများ ထုတ်ပြန်

📌 ၆။ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ် ပြင်သစ်နိုင်ငံ လီယွန်မြို့တွင် မြန်မာအင်အားစုများလှုပ်ရှား

📌 ၇။ "DVB - Human Film" Peacock ရုပ်ရှင်ပြပွဲမှ ဆန်ခါတင် ရွေးချယ်ခံခဲ့ရတဲ့ Documentary ရုပ်ရှင်တိုထဲမှ ရုပ်ရှင်ကားနှစ်ကားကို နော်ဝေး 8888 eventမှာ အခမဲ့ပြသမည်


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ဖားကန့်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ

🚩၂။ စစ်ကိုင်းမြို့၊ အမှတ် () ရဲလေ့ကျင့်ရေး တပ်ရင်းအား ဒရုန်းဖြင့် တိုက်ခိုက်

🚩၃။ နွားထိုးကြီမြို့နယ်မှာ စစ်ကောင်စီ ကားတစ်စီးအား ပြောက်ကျားပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဦး သေဆုံး

🚩၄။ အမြန်လမ်း ၂၈၈မိုင် /၇ဖာလုံရှိ စစ်ကောင်စီ ရဲကင်းစခန်းအား သွားရောက်တိုက်ခိုက်

🚩၅။ တနင်္သာရီ၊ ကလေးဝနဲ့ ပခုက္ကူ မြို့နယ်တို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၃ ဦး တော်လှန်ရေး တပ်တွေထံ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ချင်းပြည်အစိုးရမှ Bachelor of Medicine, Bachelor of Surgery (M.B.,B.S) သင်တန်းဖွင့်လှစ်မည်


ချင်းပြည် (Chinland) အတွင်း ကြုံတွေ့နေရတဲ့ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ရှားပါးခြင်းကို ကျော်လွှား နိုင်ရန်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပိုမို လွှမ်းခြုံနိုင်ရန် ချင်းပြည်အစိုးရမှ Bachelor of Medicine, Bachelor of Surgery (M.B.,B.S) သင်တန်း ဖွင့်လှစ်သွား မယ်လို့ ထုတ်ပြန်ထားပါတယ်။

Interim University Council, University of Medicine 1 နဲ့ Ministry of Health and Sports, Government of Chinland တို့ ပူးပေါင်းပြီး ၂၀၂၆ ခုနှစ်မှာ စတင် ဖွင့်လှစ်သွားမယ့် သင်တန်းအတွက် စတင်လျောက်ထားနိုင်ပြီ လို့ သိရပါတယ်။

သင်တန်းကာလ နှစ် နဲ့ အလုပ်သင်ကာလ နှစ် ကြာမြင့်မှာဖြစ်ကာ သင်တန်းသား ဦးရေ ၃၀ လက်ခံသင်ကြား ပေးမှာဖြစ်ပြီး ချင်းပြည် အတွင်းရှိ ဆေးကျောင်းမှာ တက်ရောက်ရမယ်လို့ ဆိုပါတယ်။

အဆိုပါ သင်တန်းကို ၂၀၂၆ ဇန်နဝါရီလမှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ကာ စက်တင်ဘာ ၃၀ ရက်နေ့ ညနေ နာရီ မှာ နောက်ဆုံးထား လျောက်ထားရမယ်လို့ သိရပါတယ်။

သင်တန်းလျှောက်လွှာကို သက်ဆိုင်ရာ ဒေသန္တရအုပ်ချုပ်ရေးနဲ့ ကျန်းမာရေး ကိုယ်စားလှယ်ထံမှာ ရယူ၍ဖြစ်စေ၊ Ministry of Health and Sports, Government of Chinland ရဲ့ Facebook Messenger တွင် Google link တောင်းယူ၍ဖြစ်စေ ရယူနိုင်မှာ ဖြစ်ပါတယ်။

သင်တန်း လျောက်ထားနိုင်ရန် လိုအပ်ချက်အသေးစိတ်ကို Ministry of Health and Sports, Government of Chinland ရဲ့ Facebook လူမှုကွန်ယက် စာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။


========================


📌📌 ၂။ သံတောင်ကြီးမြို့နယ်မှာ မိုးသည်းထန်စွာရွာပြီး တောင်ကျချောင်းရေနဲ့ မြေပြိုမှုကြောင့် လူ ဦးသေဆုံး 

 

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မှာ မိုးသည်းထန်စွာရွာတာကြောင့် တောင်ကျချောင်းရေနဲ့ မြေပြိုမှုတွေဖြစ်ခဲ့ပြီး ကလေးတွေအပါအဝင် လူ ဦးသေဆုံးပြီး ပျောက်ဆုံးနေသူတွေလည်းရှိနေတဲ့အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသနေပြည်သူတွေနဲ့ St. George’s Youth – Than Daung Gyi အဖွဲ့ကပြောပါတယ်။

ဩဂုတ် ရက်ကစပြီး မိုးဆက်တိုက်ရွာသွန်းခဲ့ရာက ဩဂုတ် ရက်နဲ့ ရက်တို့မှာ ကရင်ပြည်နယ် သံတောင်ကြီးမြို့နဲ့ အနီးတစ်ဝိုက် မြေပြိုမှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိမှာ မြေပြိုမှုကြောင့် ကလေးငယ်တွေအပါအဝင် သေဆုံးသူ ဦးအထိ ရှိလာပြီး ဥယျာဉ်ခြံမြေတွေလည်း အများအပြား ဆုံးရှုံးခဲ့ရတယ်လို့လည်း သိရပါတယ်။ 

မြေပြိုမှုကြောင့် သံတောင်ကြီးမြို့က လူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့သလို တောင်ငူ - သံတောင်ကြီးလမ်းပိုင်းမှာလည်း မြေပြိုမှုနဲ့ တောင်ကျချောင်းရေကြောင့် လမ်းပိတ်နေတယ်လို့ ဒေသနေပြည်သူတွေက ပြောပါတယ်။

ဒီနေ့ ဩဂုတ် ရက်နေ့အထိ မိုးဆက်ရွာနေဆဲဖြစ်ပြီး ကျေးရွာချင်းဆက်လမ်းတွေ ပျက်စီးသွားတာကြောင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများစွာ ရှိနေပြီး ထီးပူခီးကျေးရွာ ပတ်ပတ်လည်မှာ မြေပြိုမှုကြောင့် တရွာလုံး ခေတ္တ တိမ်းရှောင် နေရတယ်လို့ ဆိုပါတယ်။

သံတောင်ကြီးမြို့နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်တပ်က မြို့အဝင်အထွက် မှာ လုံခြုံရေး အလွန်တင်းကြပ်ထားတဲ့အတွက် ကယ်ဆယ်ရေးသမားတွေနဲ့ ပရဟိတသမားတွေ သွားရောက်ကူညီဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအပေါ် အချိန်ကြာမြင့်စွာထားရှိခဲ့တဲ့ ယူကေအစိုးရရဲ့ ကတိကဝတ်တွေ  ခိုင်မာပြတ်သားစွာ ဆက်ရှိနေမယ်လို့ ဗြိတိသျှသံရုံး ယာယီအကြီးအကဲ ပြော


မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအပေါ် အချိန်ကြာမြင့်စွာထားရှိခဲ့တဲ့ ယူကေအစိုးရရဲ့ ကတိကဝတ်တွေ  ခိုင်မာပြတ်သားစွာ ဆက်ရှိနေမယ်လို့ ရန်ကုန်မြို့တော်မှာရှိတဲ့ ဗြိတိသျှသံရုံးက ယာယီသံရုံးအကြီးအကဲ ဖြစ်သူ Mr. Andrew Jackson က ဒီနေ့ ဩဂုတ်လ ရက်မှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ ဗြိတိသျှသံရုံးတွင် ယာယီ သံရုံးအကြီးအကဲအဖြစ် Mr. Andrew Jackson စတင် တာဝန် ထမ်းဆောင် နေပြီး တာဝန်ခန့်အပ်မှုနဲ့ ပတ်သက်လို့ အခုလို သတင်းစကား ပါးလိုက်တာဖြစ်ပါတယ်။ 

ယူကေအစိုးရ ကိုယ်စားပြုအဖြစ် မြန်မာနိုင်ငံမှာ လာရောက် တာဝန်ထမ်းဆောင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်လို့ သူက ဆိုပါတယ်။

အခုလို အားလုံးအတွက် အင်မတန်မှ ဆက်လက်ခက်ခဲနေဆဲဖြစ်တဲ့အချိန်ကာလမှာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူပြည်သား များအပေါ် အချိန်ကြာမြင့်စွာထားရှိခဲ့တဲ့ ယူကေအစိုးရရဲ့ ကတိကဝတ်တွေကတော့ ဆက်လက် ခိုင်မာပြတ်သားလျက်ရှိ ပါတယ်လို့လည်း သူက အသိပေးထားပါတယ်။

"ယူကေအစိုးရအနေနဲ့ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်တွေ တိုးများလာမှုအပေါ် ဆက်လက် တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်သလို လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပျက်တဲ့နေရာတိုင်းမှာ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်လို့ ဗြိတိသျှသံရုံးက ယာယီ သံရုံးအကြီးအကဲက ဆိုပါတယ်။

ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုများကတစ်ဆင့် အခွင့်အလမ်းများလက်လှမ်းမီမှု အနည်းပါးဆုံးဒေသက လူမှုအသိုက်အဝန်း တွေများ ကြုံတွေ့နေရတဲ့အခက်အခဲတွေကို လျှော့ချပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံမှ အရည်အချင်းရှိတဲ့ လူငယ်တွေအတွက် အခွင့်အလမ်းများကို ထောက်ပံ့ပေးဖို့လည်း ရည်ရွယ်ထားပါတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်ခွင့်ရတဲ့အချိန်မှာ မိတ်ဖက် အသီးသီးနဲ့တွေ့ဆုံပြီး သင်ယူလေ့လာဖို့နဲ့ အတူတကွ လက်တွဲ လုပ်ဆောင်ဖို့ မျှော်လင့်ထားတယ်လို့လည်း တဆက်တည်း ပြောဆိုထားပါတယ်။ 

Mr. Jackson ဟာ သံတမန်ရေးရာနယ်ပယ်မှာ ၃၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံရှိသူတဦးဖြစ်ပြီး ဒူဘိုင်း၊ အိန္ဒိယ၊ အာဂျင်တီးနား၊ အယ်လ်ဂျီးရီးယား၊ အီတလီနဲ့ နော်ဝေတို့မှာ ယူကေသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလို့ သိရပါတယ်။


========================


📌📌 ၄။ "ဒဂုံတက္ကသိုလ်တော်ဝင်လမ်း" အား "မဝတ်ရည်အောင်ကို ဂုဏ်ပြုသောအားဖြင့် ဝတ်ရည်လမ်း" အဖြစ်သို့ ပြောင်းလဲသမုတ် ခေါ်ဆိုပေးရန် တောင်းဆို


"ဒဂုံတက္ကသိုလ်တော်ဝင်လမ်း" အား "ဝတ်ရည်လမ်း" အဖြစ်သို့ ပြောင်းလဲသမုတ် ခေါ်ဆိုပေးပါရန် ဒဂုံတက္ကသိုလ် ကျောင်းသားထုကိုယ်စား ဒဂုံတက္ကသိုလ်ယာယီကောင်စီအား ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

စစ်ကြောရေးတွင် ရရှိခဲ့သည့်ဒဏ်ရာများအား လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရရှိ၍  ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်မဝတ်ရည်အောင်ဟာ ဇူလိုင်လ (၂၀ ) ရက်နေ့မှာ ကျဆုံးခဲ့ရပါတယ်။

မဝတ်ရည်အောင်သည် အကြမ်းဖက်စစ်ကောင်စီတပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး မဝတ်ရည်အောင်ကို အင်းစိန်အကျဉ်းထောင်မှာ ပုဒ်မ ၅၀၅ (က) နဲ့ထောင်ဒဏ် () နှစ် ချမှတ်ခဲ့ပြီးနောက် ဒိုက်ဦးအကျဉ်းထောင်သို့ ထောင်ပြောင်းရွှေ့ခဲ့ကာထို့နောက် ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ ပြန်လည်ခေါ်ဆောင်၍ ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာ ပုဒ်မ ၅၂ (က)နဲ့ ထောင်ဒဏ် နှစ် ထပ်မံချခံခဲ့ရပါတယ်။


========================


📌📌 ၅။ လက်နက်ကိုင်တော်လှန်ရေးကို လူထုတိုက်ပွဲနဲ့ ပေါင်းစပ်နိုင်မှသာ တော်လှန်ရေးပန်းတိုင် ရောက်ရှိအောင်မြင်မယ်လို့ ဗကသနှင့် သမဂ္ဂအင်အားစုများ ထုတ်ပြန်


စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်ကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အပါအဝင် သမဂ္ဂအင်အားစုများက ဩဂုတ်လ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်အရ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်စဥ်နဲ့ရလဒ်ဟာ ပြည်သူလူထုအကျိုးကို စိုးစဥ်မှ မဖြစ်ထွန်းစေဘဲ စစ်အာဏာရှင် မျိုးဆက်ကိုသာ သက်ဆိုးရှည်အောင် အထောက်အပံ့ပေးမယ့်လုပ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကိုင်တော်လှန်ရေးကို လူထုတိုက်ပွဲနဲ့ ပေါင်းစပ်နိုင်မှသာ တော်လှန်ရေးပန်းတိုင် ရောက်ရှိမယ်လို့ အခိုင်အမာယုံကြည်ကြောင်း အသိပေးဆိုထားပါတယ်။


========================


📌📌 ၆။ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ် ပြင်သစ်နိုင်ငံ လီယွန်မြို့တွင် မြန်မာအင်အားစုများလှုပ်ရှား


၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အကြိုအဖြစ် ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှုကို ပြင်သစ်နိုင်ငံ လီယွန်မြို့တွင် မြန်မာအင်အားစုများဆောင်ရွက်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်မှ ဖော်ပြပါတယ်။

ပြင်သစ်နိုင်ငံရောက်ပြည်သူများ၏ ပါဝင်မှုကို ရန်ကုန်လူထုသပိတ်မှ အထူးပင် လေးစားဂုဏ်ယူပါကြောင်း ဖော်ပြပါတယ်။

လှုပ်ရှားမှုတွင် စက္ကူတိပ်များဖြင့် ၈သင်္ကေတပုံစံကို ထီးများတွင်ကပ်ပြီး တီထွင်ပါဝင်မှုကာ Strike Market မှ ရောင်းချပေးခြင်းမပြုနိုင်သေးသည့် အခြားဒေသများမှလည်း ယခုပုံစံကဲ့သို့ ပြုလုပ်ပြီး လှုပ်ရှားမှုတွင် ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။


========================


📌📌 ၇။ "DVB - Human Film" Peacock ရုပ်ရှင်ပြပွဲမှ ဆန်ခါတင် ရွေးချယ်ခံခဲ့ရတဲ့ Documentary ရုပ်ရှင်တိုထဲမှ ရုပ်ရှင်ကားနှစ်ကားကို နော်ဝေး 8888 eventမှာ အခမဲ့ပြသမည်


DVB - Human Film" Peacock ရုပ်ရှင်ပြပွဲမှဆန်ခါတင် ရွေးချယ်ခံခဲ့ရတဲ့ Documentary ရုပ်ရှင်တိုထဲမှရုပ်ရှင်ကားနှစ်ကားကို နော်ဝေး8888 eventမှာအခမဲ့ပြသမည်ဖြစ်ကြောင်းသိရပါတယ်။

သြဂုတ်လ ရက်နေ့တွင်နော်ဝေးနိုင်ငံမှာ 8888 event ကို ကျင်းပသွားမှာဖြစ်ပြီးတော့ ရုပ်ရှင်ဇာတ်လမ်းတိုပါ ပြသသွားမယ်လို့ CRPH Support Groups Norway မှ အထွေထွေအတွင်းရေးမှူး မဝတ်မှုန်ဝင်းက အသိပေးဆိုပါတယ်။

"ဒီ ကားထဲက ကားကို 8888 event မှာ ပြပါမယ်" လို့ မဝတ်မှုန်ဝင်းက ဆိုပါတယ်။

ရုပ်ရှင်ဇာတ်လမ်းတိုများဟာ တင်ဆက်ဖန်တီးမှုအားကောင်းပြီး ရုပ်ရှင်ထဲက တကယ့် ကာယကံရှင် ဇာတ်ကောင်တွေ၊ ရုပ်ရှင်ဖန်တီးသူတွေနဲ့ ဒီရုပ်ရှင်ကို နိုင်ငံတကာအထိ ရောက်အောင် ပို့ဆောင်ပေးတဲ့ DVB နဲ့ Human Film အဖွဲ့တွေကို ကျေးဇူးတင်မိတယ်လို့ ဆိုထားပါတယ်။

ဒီရုပ်ရှင်တိုများကို အခမဲ့ ပြသသွားမှာဖြစ်ပြီးတော့ပြီးတော့ ၈၈၈၈ ပြီး စစ်တပ်အာဏာသိမ်းချိန်လုပ်ဆောင်မှုနဲ့အတွေ့အကြုံများလည်း ဆွေးနွေးသွားမယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နှင့် ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ ဖားကန့်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ဦး သေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရပါတယ်။

ဩဂုတ်လ ရက်နေ့ နာရီဝန်းကျင်တွင် ဖားကန့်ဗျူဟာကုန်းမှ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များသည် ရှရောခကျေးရွာနှင့် ယူမာကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ရှရောခကျေးရွာ၌ အမျိုးသားတစ်ဦး သေဆုံးပြီး အိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သလို ယူမာကျေးရွာ၌မူ အရပ်သား ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၂။ စစ်ကိုင်းမြို့၊ အမှတ် () ရဲလေ့ကျင့်ရေး တပ်ရင်းအား ဒရုန်းဖြင့် တိုက်ခိုက်


စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ စစ်ကောင်စီ၏ အမှတ် () ရဲလေ့ကျင့်ရေး တပ်ရင်းအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည် ခရိုင်၊ ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ရက်၊ နေ့လယ် နာရီခွဲအချိန်မှာ တပ်ရင်းအတွင်းရှိ ရဲဘော်များ တန်းစီနေချိန်တွင် 3 kg ဒရုန်းဗုံးသီး လုံးနဲ့ 1 kg ဒရုန်းဗုံးသီး လုံးကို တိကျစွာ ကျဲချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း အရာရှိ ဦး အပါအဝင် ၁၅ ဦး နေရာမှာပဲ သေဆုံးခဲ့ပြီး ပွင့် ဗိုလ်တစ်ဦးရဲ့ သား အပါအဝင် အများအပြား ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် ၎င်းအရာရှိ နေထိုင်ရာ အဆောက်အဦးလည်း လုံးဝပျက်စီး သွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်း၊ အောင်သပြေညီနောင် (ကျောက်ဆည် PDF) နဲ့ မိုက်တူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩၃။ နွားထိုးကြီမြို့နယ်မှာ စစ်ကောင်စီ ကားတစ်စီးအား ပြောက်ကျားပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဦး သေဆုံး


မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီး မြို့နယ်မှာ စစ်ကောင်စီ ကားတစ်စီးအား ပြောက်ကျားပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဦး သေဆုံး ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (/၁၀) တပ်ရင်း - Natogyi PDF က ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ရက်နေ့ နေ့လယ် နာရီ ၁၂ မိနစ် အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးပါ ကားတစ်စီးအား ကနား - ပြင်စည် လမ်းပိုင်း တစ်နေရာ အရောက်တွင် Natogyi PDF ရဲဘော်များက ပြောက်ကျား ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံးကာ ဦး ထွက်ပြေးလွတ်မြောက် သွားခဲ့ပြီး M79 တစ် လက်၊ MA3 သေနတ် လက်၊ 5.56 ကျည် ၂၁၅ တောင့်၊ 40mm သီး လုံး၊ လက်ပစ်ဗုံး လုံး၊ ကျည်ဘောက် ဘောက်ကို သိမ်းစည်းရရှိ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စီးနင်းလာတဲ့ ကားကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ PDF ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩၄။ အမြန်လမ်း ၂၈၈မိုင် /၇ဖာလုံရှိ စစ်ကောင်စီ ရဲကင်းစခန်းအား သွားရောက်တိုက်ခိုက်


ရန်ကုန် - မန္တလေး အမြန်လမ်း ၁၈၈ မိုင်/ ဖာလုံရှိ စစ်ကောင်စီ ရဲကင်းစခန်းအား သွားရောက်တိုက်ခိုက်ခဲ့တယ် လို့ People’s Defence Force Meikhtila က ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ရက်နေ့ မနက် နာရီခန့်က အမြန်လမ်း ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက် ခဲ့တာဖြစ်ပြီး ထိတွေ့ တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ဦး သေဆုံးခဲ့ကာ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် တစ်ဦး မစိုးရိမ်ဒဏ်ရာ ရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မိတ္ထီလာခရိုင် တပ်ရင်း မြင်းခြံခရိုင် တပ်ရင်း နဲ့ မလှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩၅။ တနင်္သာရီ၊ ကလေးဝနဲ့ ပခုက္ကူ မြို့နယ်တို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၃ ဦး တော်လှန်ရေး တပ်တွေထံ အလင်းဝင်


တနင်္သာရီ၊ ကလေးဝ နဲ့ ပခုက္ကူ မြို့နယ်တို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦး တော်လှန်ရေး တပ်ဖွဲ့တွေထံ အသီးသီး အလင်းဝင် လာကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့က တနင်္သာရီ၊ အောက်ကင်းရွာ အခြေစိုက် ခမရ (၅၅၇) တပ်ရင်းမှ စစ်ကောင်စီ တပ်သား ဦး လက်နက်နှင့်တကွ တနင်္သာရီ ပကဖ ထံ ဆက်သွယ်အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင် စစ်ကောင်စီ တပ်သားဟာ MA2 တစ်လက်၊ ကျည်ဘောက် တစ်ခု၊ ကျည် ၁၈ တောင့်ကို တပါတည်း ယူဆောင် လာခဲ့ပြီး တနင်္သာရီ .က. က နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကာ ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

အလားတူ ကလေးဝမြို့နယ်၊ အောင်ချမ်းသာရွာ စစ်ကောင်စီ စခန်းမှ ပြည်သူ့စစ် တစ်ဦးနဲ့ မစိန်ကျေးရွာ စခန်းမှ စစ်သား တစ်ဦး ကလေးခရိုင် အမှတ် () တပ်ရင်းထံ လက်နက်နှင့်တကွ အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်တပ်သား ဦးဟာ KO12 သေနတ် လက်၊ MA1 သေနတ် လက်၊ ကျည်ဘောက် ခု၊ ကျည် ၄၂၁ တောင့်နဲ့ Equipment တစ်စုံကို ယူဆောင်လာခဲ့ရာ ကလေးခရိုင် အမှတ် () တပ်ရင်း၊ ကလေးဝမြို့နယ် ပအဖနဲ့ ပကဖ အဖွဲ့တို့က စုစုပေါင်း ငွေကျပ် သိန်း ၈၀ တိတိကို ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် ဇူလိုင်လ ၁၂ ရက်မှ ဩဂုတ်လ ရက် အတွင်း ပခုက္ကူ တပ်မ (၁၀၁) လက်အောက်ခံ တပ်ရင်းတွေမှာ  တပ်သားသစ် အဖြစ် အဓမ္မ စုဆောင်းခံထားရသူ ၂၀ ဦး အလင်းဝင်လာတယ်လို့ Burma Revolution Rangers အဖွဲ့က ထုတ်ပြန်ထားပါတယ်။

တပ်သားသစ် စုဆောင်းခံထားရသူ အများစုဟာ စစ်ကိုင်း၊ မန္တလေး၊ ရေစကြို၊ ရွေဘိုနဲ့ နေပြည်တော် မြို့တွေက ဖြစ်ပြီး ပခုက္ကူ အခြေစိုက် ခလရ (၂၅၁ ၂၅၂ ၂၃၅) တပ်ရင်းတွေ ကနေ တစ်ရက် နှစ်ရက်ခြားပြီး အသုတ်လိုက် ခိုလှုံလာခဲ့တာလို့ ဆိုပါတယ်။

တပ်သားသစ် စုဆောင်းခံထားရသူတွေကို လက်နက်တပ်ဆင်ပေးထားခြင်း မရှိသေးတာကြောင့် လက်နက်တော့ ယူဆောင်လာခဲ့ခြင်း မရှိဘူးလို့ သိရပြီး၊ ၎င်းတို့ကို မိသားစုတွေနဲ့ ချိတ်ဆက်ပေးခဲ့ကာ နေရပ် ပြန်သွားကြသူတွေ လည်း ရှိတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နှင့် ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution



 

Share:

No comments:

Post a Comment