၂၀၂၅ စက်တင်ဘာလ ၁၅ ရက်နေ့ မနက်ခင်း သတင်းလွှာ


၂၀၂၅ စက်တင်ဘာလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဘူးသီးတောင်မှာ အာရက္ခတပ်တော် (AA) က မိုင်းရှင်းလင်းရေးများ ဆက်လက်လုပ်ဆောင်ခဲ့

📌 ၂။ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးများကို အများပြည်သူ ရှေ့မှောက်မှာ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့

📌 ၃။ တောင်ကိုးရီးယားနဲ့ ဂျပန် နိုင်ငံတို့မှာ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့

📌 ၄။ ခင်ဦးမြို့နယ်က ပျက်စီးနေတဲ့ လမ်းပိုင်းကို ပကဖ၊ ပအဖ ရဲဘော်တွေ ပြန်လည်ပြုပြင်ပေးခဲ့


========================




ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ဘူးသီးတောင်မှာ အာရက္ခတပ်တော် (AA) က မိုင်းရှင်းလင်းရေးများ ဆက်လက်လုပ်ဆောင်ခဲ့


စက်တင်ဘာ ၁၄ ရက်၊ 

Radio NUG


ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်မှာ အာရက္ခတပ်တော် (AA) က မိုင်းရှင်းလင်းရေးများ ဆက်လက်လုပ်ဆောင်နေတယ်လို့ Arakan Princess Media က ဖော်ပြထားပါတယ်။


စက်တင်ဘာလ ၁၀ ရက်နဲ့ ၁၃ ရက်နေ့တို့က သရက်ပြင်(ရွာသစ်) စာသင်ကျောင်း ဝန်းကျင်မှာ မိုင်းရှင်းလင်း‌ရေး ဆက်လက်လုပ်ဆောင်ခဲ့ပြီး လက်မ ရှေ့ထွက်မိုင်း လုံး၊ လက်မမိုင်း လုံး အပါအဝင် မြေမြှပ်မိုင်းများကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


ဘူးသီးတောင်မြို့နယ်မှာ တိုက်ပွဲကာလအတွင်း စစ်ကော်မရှင်တပ်က သူတို့တပ်စွဲခဲ့တဲ့ နေရာများနဲ့ တပ်ဆုတ်ရာ လမ်းတလျောက် တော၊ တောင်၊ ယာခင်း၊ လယ်ခင်းများမှာ မြေမြှပ်မိုင်းများကို ရည်ရွယ်ချက်ရှိရှိထောင်ခဲ့သလို စစ်ကျန်လက်နက်များကိုလည်း မဆင်မခြင် စွန့်ပစ်ထားခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက် စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် ဝမ်းရေးအတွက် တောတောင်တွေကို မှီခိုအားထားရတဲ့ ဒေသခံတွေ ထင်းခွေ၊ ဟင်းစားရှာ ထွက်ကြရင်း မိုင်းနင်းမိကာ သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်တွေလည်း များစွာ ကြုံတွေ့ခဲ့ရပါတယ်။


အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရအနေဖြင့် မြို့နယ်တိုင်းမှာ မိုင်းအန္တရာယ်ဆိုင်ရာ ပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ မိုင်းအန္တရာယ် သတိပေး ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ မိုင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း တို့ကို လုပ်ဆောင်နေသလို အာရက္ခ စစ်သည်တော်တွေကလည်း မိုင်းရှင်းလင်းရေး လုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ဆောင်လျက်ရှိတယ်လို့ သိရရှိပါတယ်။


========================


📌📌 ၂။ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးများကို အများပြည်သူ ရှေ့မှောက်မှာ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့


စက်တင်ဘာ ၁၄ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ တော်လှန်ရေး အင်အားစုများ က ဖမ်းဆီးခဲ့ပြီး NUG မြို့နယ်တရားစီရင်ရေးမှ အမှုစီရင် ပြီးပြတ်တဲ့ မူးယစ်ဆေးဝါးများကို အများပြည်သူ ရှေ့မှောက်မှာ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူမြို့နယ်၊ ပြည်သူအုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၁၄ ရက်နေ့မှာ ဘိန်းဖြူ ဆပ်ပြာခွက် () ခွက်၊ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား (,၂၄၉) ပြားနဲ့ သုံးစွဲရာတွင် အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများကို မြို့နယ်တာဝန်ရှိသူများက မီးရှို့ဖျက်စီးခဲ့တာပါ။


ဖမ်းဆီးရမိထားတဲ့ တရားခံများဟာ အကြမ်းဖက် စစ်ကော်မရှင်နဲ့ ဆက်စပ်သူများ ဖြစ်ကြပြီး ကန့်ဘလူမြို့နယ်ရှိ ပြည်သူ့လုံခြုံရေး အကျဉ်းထောင်များမှာ ထိန်းသိမ်းထားတယ်လို့ သိရှိရပါတယ်။


========================


📌📌 ၃။ တောင်ကိုးရီးယားနဲ့ ဂျပန် နိုင်ငံတို့မှာ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့


စက်တင်ဘာ ၁၄ ရက်၊ 

Radio NUG


တောင်ကိုးရီးယားနိုင်ငံ၊ ဂင်မဲမြို့နဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တို့မှာ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်းနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။


ဂင်မဲမြို့မှာ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု အလိုမရှိ ဆန့်ကျင် ဆန္ဒပြပွဲနှင့် နွေဦးတော်လှန်ရေး ထောက်ပို့နိုင်ရေး ဖလား ဘောလုံးပြိုင်ပွဲတို့ကို ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။


ဆန္ဒပြပွဲမှာ နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူလူထုများကို စောင့်ရှောက်ရမှာ ဖြစ်တဲ့အတွက် စွမ်းနိုင်ရာဖြင့် ထောက်ပို့ပေးပြီး ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နိုင်ဖို့ ထောက်ခံပေးရန်ကိုလည်း ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသူနိုင်ငံသားများကို တိုက်တွန်းခဲ့ပါတယ်။


အလားတူ တိုကျိုမြို့ရှိ လူစည်ကားရာ Shibuya ဘူတာရှေ့မှာလည်း ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားများက ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။


မြန်မာပြည်သူများရဲ့ ဆန္ဒနဲ့ အသံကို ကိုယ်စားပြုနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားပေးဖို့ တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြတာလည်း ဖြစ်ပါတယ်။


========================


📌📌 ၄။ ခင်ဦးမြို့နယ်က ပျက်စီးနေတဲ့ လမ်းပိုင်းကို ပကဖ၊ ပအဖ ရဲဘော်တွေ ပြန်လည်ပြုပြင်ပေးခဲ့


စက်တင်ဘာ ၁၄ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ပျက်စီးနေတဲ့ လမ်းပိုင်းများကို ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) ရဲဘော်များက ပြုပြင်ပေးခဲ့တယ်လို့ သိရပါတယ်။


ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တိုက်နယ် () နယ်မြေအတွင်းမှာ မိုးရာသီအတွင်း ပြည်သူများ အသုံးပြုနေတဲ့ လမ်းပိုင်းများ ပျက်စီးနေတာကြောင့် သွားလာရ အဆင်ပြေစေဖို့ ပြုပြင်ပေးခဲ့တာလို့ ဆိုပါတယ်။


မြို့နယ် ပကဖ ရဲဘော်တွေ၊ တိုက်နယ်၊ ရပ်ကျေး ပကဖ အဖွဲ့တွေက ဦးဆောင်ကာ စက်ယန္တယားများ အသုံးပြုပြီး လမ်းပြင်ဆင်မှုတွေ ပြုလုပ်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ပဒဲဖိုးက ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းက စစ်ကော်မရှင် အထိုင်ဂိတ်စခန်းကို သွားရောက်ပစ်ခတ်ခဲ့ရာ ဦး သေဆုံး


စက်တင်ဘာ ၁၄ ရက်၊ 

Radio NUG


မကွေးတိုင်း၊ စလင်းမြို့ မြောက်ဘက်အထွက်၊ စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းပေါ်က စစ်ကော်မရှင်တပ် အထိုင် ဂိတ်စခန်းကို သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ () ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း (စလင်း-ပကဖ) က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ရက်၊ မွန်းလွဲ နာရီ ဝန်းကျင်မှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး အင်အား ၂၀ ခန့်ဖြင့် ပတ် ကြာ အထိုင်ချထားတဲ့ ဂိတ်စခန်းကို သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင် တပ်သားနဲ့ ဂိတ်ကင်းစောင့် ပျူစောထီး ဦး သေဆုံးသွားခဲ့တယ်လို့ သတင်းအတိအကျ ရရှိကြောင်း ဖော်ပြထားပါတယ်။


ထိုနေ့မနက် ၁၀ နာရီ ဝန်းကျင်မှာလည်း စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်း မြို့နယ်တို့မှာ ပြည်သူများအား ပေါ်တာဆွဲ လိုက်လံ ဖမ်းဆီးနေတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ ကို မြင့်တင်ရပ်ကွက်၊ စလင်း မြို့မဈေး အနီးမှာ လက်နက်ကြီး/ငယ် များဖြင့် ပစ်ခတ်ခြိမ်းခြောက်ခဲ့ရာ မြို့မရဲစခန်းထဲ ပြန်လည်ဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုများ အပြီးမှာ စစ်ကော်မရှင် တပ်ဖွဲ့က စလင်း - ဆင်ဖြူကျွန်း လမ်းပိုင်းအား စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုများ ပြုလုပ်နေတာကြောင့် ပြည်သူများနဲ့ လူငယ်များ သတိထားသွားလာနေထိုင်ကြဖို့ စလင်း ပကဖ က အသိ‌ပေး ထားပါတယ်။


========================


🚩🚩 ၂။ ဘုတလင် မြို့နယ်မှာ စစ်ကော်မရှင် စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားပြီး ၄၀ ဦးခန့် ထိခိုက်သေဆုံး


စက်တင်ဘာ ၁၄ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ဘုတလင် မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး (၄၀) ဦးခန့် ထိခိုက်သေဆုံး ခဲ့တယ်လို့ ကျောင်းသား လက်ရုံးတပ်တော် (SAF) က ထုတ်ပြန်ထားပါတယ်။


အင်အား (၃၀၀) ခန့်ပါ စစ်ကော်မရှင် စစ်ကြောင်းကို ဩဂုတ်လ ၃၁ ရက်နေ့က ဘုတလင်မြို့နယ်၊ ကံသာရွာအနီး ဒရုန်းဖြင့် ကြိမ် ဗုံးသီးချ စတင်တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


ထိုနေ့ ညနေမှာပဲ ကုန်းသာရွာအနီးမှာ အဆိုပါ စစ်ကြောင်းကို () ကြိမ်တိုင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင် (၄၀) ဦးခန့် ထိခိုက်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ စစ်ကြောင်းဟာ အနောက်ဇီးတောရွာ၊ရွှေတောင်ရွာ၊ ကံသာရွာ နဲ့ ထူးကြီးရွာက (ပရဟိတဆေးရုံ) တို့ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး စက်တင်ဘာလ ရက်နေ့မှာ ဘုတလင်မြို့နယ်မှတဆင့် (နမခ) ကို ပြန်လည်ဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF) ဘုတလင်မိုဘိုင်းအဖွဲ့ - Budalin Mobile Team Anonymous Hero ရတနာပုံတော်လှန်ရေးအဖွဲ့ ဗမာ့တပ်တော် အမှတ် () စစ်ဦးစီးရုံး ကွပ်ကဲမှုအောက်က အမှတ် (၅၀၅) တပ်ရင်း၊ ရွာဇော်ကြီး တော်လှန်အသံ (သတင်းနှင့်တိုက်ခိုက်ရေးအဖွဲ့ ) မုံရွာခရိုင်တပ်ရင်း  (၁၈) ဘုတလင်မြိူ့နယ် ပကဖ နဲ့ မုံရွာမြို့နယ် ပလဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ တောင်သာ ရုံးစည်ကြီးမှာ စစ်ကောင်စီ စစ်ကြောင်း အထိုင်ချပြီး လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ ဖောက်ထွင်းခိုးယူခြင်း၊ မုဒိန်းကျင့်ခြင်းများ ကျူးလွန်နေ


စက်တင်ဘာ ၁၄ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ စစ်ကြောင်းက လက်နက်ကြီး  ရမ်းသမ်းပစ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ ဖောက်ထွင်းခိုးယူခြင်း၊ မုဒိန်းကျင့်ခြင်းများကို ကျူးလွန်နေတယ်လို့ တောင်သာ လူထုလှုပ်ရှားမှု ကော်မတီက ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၁၀ ရက် နေ့လယ် ၁၁ နာရီခန့်က ရုံးစည်ကြီးကို ဝင်ရောက်လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းက  ‌‌ကျေးရွာအတွင်း အထိုင်ချ တပ်စွဲထားခဲ့ကာ ပြည်သူများကို အကျယ်ချုပ် ဖမ်းဆီးထားခဲ့တယ်လို့ သိရပါတယ်။


၎င်းစစ်ကော်မရှင် စစ်ကြောင်းဟာကျေးရွာအတွင်းက ဗုံးခိုကျင်းမှာ တွေ့ခဲ့တဲ့ အမျိုးသမီး တစ်ဦး၊ အမျိုးသားကို ထမင်းလာပို့တဲ့ အမျိုးသမီး တစ်ဦး အပါအဝင် ဦးကို အဓမ္မ ပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် စက်တင်ဘာလ ၁၁ ရက် မနက် ၁၁ နာရီ အချိန်မှာ ရုံးစည်ကြီးရွာ မြောက်ချိုင်းရပ်ကွက်က ပြည်သူပိုင် နေအိမ်များကို မီးရှို့ခြင်း၊ စက်တင်ဘာ ၁၂ ရက် မနက် ၁၀ နာရီမှာ နိဗ္ဗူတာ ရပ်ကွက်က ပြည်သူပိုင် နေအိမ်များ ကို မီးရှို့ခြင်းများ ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။


အလားတူ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ ပန်းပေါင်းလမ်းဆုံ ဂိတ်အား ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိမှာ ရုံးစည်ကြီး ရွာတွင် ၁၂၀ မမ လက်နက်ကြီး အထိုင်ချကာ အနောက်မြောက်ဘက်ကို နေ့စဉ် ပစ်ခတ်နေတယ် လို့ သိရှိရပါတယ်။


========================


🚩🚩 ၄။ မတ္တရာမှာ စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုရင် ပါး၊ သီလရှင် ပါးနဲ့ ပြည်သူ ဦး သေဆုံး


စက်တင်ဘာ ၁၄ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်ရွာအနီးကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင် ပါး၊ သီလရှင် ပါးနဲ့ ပြည်သူ ဦး သေဆုံးခဲ့တယ်လို့ Voice Of Mandalay က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၁၃ ရက် နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး  Y-12 လေယာဉ်ဖြင့် ဗုံး ၁၂ လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။


ဗုံးကြဲ တိုက်ခိုက်မှုအတွင်း အသက် ၁၁ နှစ်အရွယ် ကိုရင်လေး () ပါး၊ အသက် ၇၀ အရွယ်ရှိ သီလရှင် () ပါးနဲ့ အသက် ၄၀ အရွယ် အမျိုးသမီး () ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


မတ္တရာ မြို့နယ်အတွင်း အကြမ်းဖက် စစ်ကော်မရှင်တပ်က ကျေးရွာများကို လေကြောင်းကနေ နေ့စဉ်ရက်ဆက် ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် အရပ်သား ပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၅။ သရက်ချောင်းမြို့နဲ့ မိတ္ထီလာမြို့တို့မှာ စစ်မှုထမ်း တပ်သားသစ် ဦး အလင်းဝင်ရောက်လာခဲ့


စက်တင်ဘာ ၁၄ ရက်၊ 

Radio NUG


တနင်္သာရီတိုင်း၊ သရက်ချောင်း မြို့နယ်နဲ့ မန္တလေးတိုင်း၊ မိတ္ထီလာ မြို့နယ်တို့မှာ စစ်မှုထမ်း တပ်သားသစ် () ဦး အသီးသီး ဆက်သွယ်အလင်းဝင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၂၀ ရက်နေ့က သရက်ချောင်း အခြေစိုက် ခမရ (၄၀၅) တပ်ရင်းမှ စစ်မှုထမ်း တပ်သား ရန်နိုင်လင်း ဆိုသူဟာ သေနတ် လက် ယူဆောင်လာပြီး ထားဝယ်ခရိုင်၊ PDF အမှတ် () တပ်ရင်းထံ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။


ကိုရန်နိုင်လင်း အပါအဝင် သူငယ်ချင်း ဦးဟာ ထိုင်းနိုင်ငံကို သွားရောက်ဖို့ ပွဲစားဖြစ်သူ လင်းထက် ဆိုသူအား တဦးလျှင် ငွေကျပ် (၁၇) သိန်းစီ ပေးခဲ့ရပြီး၊ ၎င်းပွဲစားက မုတ္တမမြို့မှာ စစ်မှုထမ်း တပ်သားသစ် စုဆောင်းရေးထံ ရောင်းစားခဲ့တာလို့ သိရပါတယ်။


ထို့နောက် တောင်တွင်းကြီးမြို့နယ် စခတ () မှာ စစ်သင်တန်း တက်ရောက်ခဲ့ရပြီး သရက်ချောင်းမြို့နယ် (၄၀၅) တပ်ရင်းကို တာဝန်ကျကာ မြေပြင်စစ်ကြောင်းထိုးရာတွင် လိုက်ပါလာခဲ့ရရာမှ ထွက်ပြေးလွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။


အလားတူ စက်တင်ဘာလ ၁၃ ရက်နေ့က မိတ္ထီလာမြို့နယ် အခြေစိုက်၊ တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၁၅) တပ်ရင်းမှ စစ်မှုထမ်း တပ်သား သော်ဇင်အောင် ဟာ စလင်း ပလဖ (ယာယီ) ထံ လက်နက်မဲ့ အလင်းဝင်ရောက် ခဲ့တယ်လို့ ဆိုပါတယ်။


၎င်းဟာ စစ်မှုထမ်း အပတ်စဉ် ၁၆ သင်တန်းဆင်းဖြစ်ပြီး စလင်းမြို့နယ်က ဆန်စက်မှာ အလုပ်လုပ်ရင်း ပေါ်တာဆွဲ ဖမ်းဆီးခံရကာ တပ်သားသစ် စုဆောင်းခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ 


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ပဒဲဖိုးက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment