၂၀၂၅ စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ တာဝန်ရှိသူတွေရဲ့ အဆုံးအဖြတ်တွေ ကြန့်ကြာမှုကြောင့် မြို့နယ်တွေမှာ နစ်နာစေတာမျိုး မရှိရအောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြဖို့ လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်‌ ပြောကြား

📌 ၂။ စစ်ကော်မရှင် ပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲအား MSFCနှင့် MSCCတို့မှ အတူလက်တွဲဆန့်ကျင်သွားမည်ဖြစ်ကြောင်း ပူးတွဲသတင်းထုတ်ပြန်

📌 ၃။ Karenni Women Academy မှ “Ethical Leadership and Public Governance Diploma” သင်တန်းသား ခေါ်ယူ

📌 ၄။ ခန္တီးမြို့နယ်တွင် ပေါ်တာဆွဲဖမ်းဆီးမှုမှ လွတ်မြောက်ရန် အရပ်သားများကို ပကဖ ကူညီကယ်ထုတ်


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကနီမြို့နယ်တိုက်ပွဲမှ ထွက်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ကို ULF က ကြားဖြတ်တိုက်ခိုက်၊ သုံ့ပန်း ၃ဦးနှင့် လက်နက်များ သိမ်းဆည်းရရှိ

🚩 ၂။ ထီးလင်းနယ်တစ်နေရာတွင် စစ်ကော်မရှင်တပ်သားများ ဝှက်ထားခဲ့တဲ့ လက်နက်ခဲယမ်းအချို့ တွေ့ရှိ

🚩 ၃။ သံဖြူဇရပ်မှာ စစ်ကော်မရှင် ကင်းပုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဦး သေဆုံး

🚩 ၄။ မော်တောင် နယ်စပ်ကုန်သွယ်ရေးလမ်းမှာ KNLA ပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် တပ်သား ဦး သေဆုံး

🚩 ၅။ ဖားကန့်တွင် စစ်တပ်က ဆန်းကြွယ်ရွာသိမ်းပိုက်ပြီး လက်နက်ကြီးများ ပစ်ခတ်၊ ကျောက်မျက်လုပ်ကွက်များ မီးရှို့ဖျက်ဆီး

🚩 ၆။ ကရင်နီပြည်နယ်ရှိ တနန်းဥကွိုင်ဘုရားကျောင်းကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲ

🚩 ၇။ မုံရွာမှာ စစ်ကော်မရှင်တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီး တဦး သေဆုံး

🚩 ၈။ ပဲခူးခရိုင် .က.. က တိုက်ခိုက်ရေး မွန်းမံသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ တာဝန်ရှိသူတွေရဲ့ အဆုံးအဖြတ်တွေ ကြန့်ကြာမှုကြောင့် မြို့နယ်တွေမှာ နစ်နာစေတာမျိုး မရှိရအောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြဖို့ လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်‌ ပြောကြား


စက်တင်ဘာ ၁၈ 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၃/၂၀၂၅)ကို စက်တင်ဘာလ(၁၈) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။


ပြည်ထောင်စုဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် - "ကော်မတီအနေနဲ့ အပတ်စဥ် မပျက်မကွက် အစည်းအဝေးတွေ ပြုလုပ်ပြီး အုပ်ချုပ်ရေးကိစ္စအဝဝကို စနစ်တကျ စီမံဆောင်ရွက်ခဲ့ကြတာ နှစ်တင်းတင်း ရှိလာပြီ ဖြစ်ပြီး တစ်မြို့နယ်ချင်း အခြေအနေတွေ လေ့လာဆန်းစစ်၊ ပြန်လည်သုံးသပ် စတာတွေကိုလည်း ပြည့်ပြည့်စုံစုံမဟုတ်တာတောင် အတိုင်းအတာတစ်ခုထိ လုပ်ဆောင်နိုင်ခဲ့ကြတဲ့ အနေအထား ဖြစ်ပါကြောင်း၊ ဒိလိုသုံးသပ်ချက်တွေ ပြုလုပ်နိုင်ခဲ့တာကြောင့်လည်း လိုအပ်ချက်တွေကို ပြင်ဆင်နိုင်ခဲ့ကြတာရှိသလို ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေတွေ အရသော်လည်းကောင်း၊ လူပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ တော်လှန်ရေးခံယူချက်နဲ့ အခြေအနေတွေ အရသော်လည်းကောင်း မပြင်နိုင်ခဲ့ကြတဲ့ ကောင်းမွန်အောင် မဆောင်ရွက်နိုင်ခဲ့ကြတဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့ပါကြောင်း၊ တော်လှန်ရေးကာလအုပ်ချုပ်ရေးဖော်ဆောင်ရတာ မလွယ်ကူပေမယ့် ဒီအုပ်ချုပ်ရေး ကဏ္ဍဟာ နိုင်ငံတကာကသော်လည်းကောင်း၊ ပြည်သူများကသော်လည်းကောင်း၊ တော်လှန်ရေးရဲ့ ရေချိန်ကို အကဲဖြတ် သုံးသပ်တဲ့အခါ အရေးကြီးတဲ့ ကဏ္ဍတစ်ခုအဖြစ်ရှိနေတာ ဖြစ်ပါကြောင်း၊ ဒါကြောင့် ဆောင်ရွက်စရာကိစ္စတွေကို တတ်နိုင်သမျှ အကြွေးမထားဘဲ ပြီးပြတ်အောင် ဆောင်ရွက်ကြဖို့လိုမှာဖြစ်ပါကြောင်းနှင့် မြို့နယ်တွေအနေနဲ့ အချိန်နဲ့တပြေးညီ လုပ်ကိုင် ဆောင်ရွက်နေကြရတာဖြစ်လို့ ကျွန်တော်တို့တာဝန်ရှိသူတွေရဲ့ အဆုံးအဖြတ်တွေ ကြန့်ကြာမှုကြောင့် မြို့နယ်တွေမှာ နစ်နာစေတာမျိုး မရှိရအောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြဖို့ လိုအပ်မှာ ဖြစ်ကြောင်း  တို့ကို ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ အမှတ်စဉ် (၃၂/၂၀၂၅) တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


📌📌 ၂။ စစ်ကော်မရှင် ပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲအား MSFCနှင့် MSCCတို့မှ အတူလက်တွဲဆန့်ကျင်သွားမည်ဖြစ်ကြောင်း ပူးတွဲသတင်းထုတ်ပြန်


စက်တင်ဘာ ၁၈ 

Radio NUG 


မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) သဘာပတိ နိုင်ကောင်းရွက် ဦးဆောင်သောအဖွဲ့နှင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ အခြားအစုအဖွဲ့များဖြင့် ဖွဲ့စည်းထားသော မွန်ပြည်နယ် အတိုင်ပင်ခံကောင်စီ (MSCC) ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင် ဦးဆောင်သောအဖွဲ့တို့သည်  အွန်လိုင်းမှ တဆင့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပထမအကြိမ် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။


နှစ်ဖက်တွေ့ဆုံမှုတွင် မွန်ပြည်နယ်အတွင်း နိုင်ငံရေး/စစ်ရေးဖြစ်စဥ်များအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ စစ်ကော်မရှင်မှ ကျင်းပပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲအပေါ်  ဆွေးနွေးခြင်းနှင့် ရှေ့ဆက် လက်တွဲလုပ်ဆောင်နိုင်မည့် လုပ်ငန်းများကို နှစ်ဖက်အမြင်ဖလှယ်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 

ဆွေးနွေးပွဲအတွင်း စစ်ကော်မရှင်မှ ပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲအား မွန်ပြည်နယ်ကို ကိုယ်စားပြုသည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နှင့် မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC) တို့မှ အတူလက်တွဲဆန့်ကျင်သွားမည်ဖြစ်ကြောင်း ပူးတွဲသတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ Karenni Women Academy မှ “Ethical Leadership and Public Governance Diploma” သင်တန်းသား ခေါ်ယူ


စက်တင်ဘာ ၁၈ ရက်၊ 

Radio NUG


ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဌာနက ကြီးမှူးပြီး ကရင်နီ အမျိုးသမီး သင်တန်းကျောင်းမှ Ethical Leadership and Public Governance Diploma သင်တန်းကို အခမဲ့ ဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


အဆိုပါ သင်တန်းကို အောက်တိုဘာလမှ စတင်ကာ လတာ ဖွင့်လှစ်သွားမှာ ဖြစ်ပြီး အမျိုးသမီးနဲ့ မိန်းကလေးငယ်များအား သာတူညီမျှ ပညာရေးအခွင့်အလမ်းများ ပံ့ပိုးပေးဖြင်းဖြင့် စွမ်းဆောင်ရည်မြှင့်တင်ပေးရန် ရည်ရွယ်တယ်လို့ ဆိုပါတယ်။


သင်တန်း တက်ရောက်လိုသူများဟာ အုပ်ချုပ်ရေး၊ ဂျဲန်ဒါဆိုင်ရာ လုပ်ငန်းများနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို စိတ်ပါဝင်စားကာ အသက် (၁၈) နှစ် ပြည့်ပြီးသူ၊ အခြေခံပညာ အထက်တန်းအဆင့် (သို့) ညီမျှသော အတန်း ပညာကို ပြီးမြောက်ထားသူ ဖြစ်ရမယ်လို့ သိရပါတယ်။


ထို့အပြင် လူမှုအသိုင်းအဝိုင်း အကျိုးပြုလုပ်ငန်းဆိုင်ရာ အတွေ့အကြုံရှိသူ၊ လူမှုအဖွဲ့အစည်းများမှ အမျိုးသမီး ခေါင်းဆောင်မှုသင်တန်း အခြေခံရှိသူ (သို့) ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ရေးရာနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း များမှာ ဝင်ရောက်ပါဝင် လုပ်ကိုင်လိုသူ ဖြစ်ရမယ်လို့ ဆိုပါတယ်။


သင်တန်းကျောင်းဝင်ခွင့် လျှောက်ထားသူများအနေဖြင့် ဝင်ခွင့်အင်တာဗျူး ဖြေဆိုရမှာဖြစ်ပြီး သင်တန်းသူ (၂၆) ဦးကို စီစစ်ရွေးချယ် ခေါ်ယူသွားမယ်လို့ အသိပေးထားပါတယ်။


လျှောက်လွှာများကို လူကိုယ်တိုင် ဖြစ်စေ IEC dept email (သို့) signal ကိုဖြစ်စေ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့လျောက်ထားရမှာ ဖြစ်ပါတယ်။


ရွေးချယ်ခံရသူများကို ၂၀၂၅၊ စက်တင်ဘာလ ၂၉ ရက်နေ့မှာ အသိပေးသွားမှာ ဖြစ်ပြီး ဘက်ပေါင်းစုံပါဝင်မှုနှင့် သာတူညီမျှမှုအပေါ် အလေးပေးကာ မတူကွဲပြားသော ဘဝနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတွေ့အကြုံရှိသူ အမျိုးသမီးများကို ထည့်သွင်းစဉ်းစား ပေးမယ်လို့ အသိပေး ထားပါတယ်။


========================


📌📌 ၄။ ခန္တီးမြို့နယ်တွင် ပေါ်တာဆွဲဖမ်းဆီးမှုမှ လွတ်မြောက်ရန် အရပ်သားများကို ပကဖ ကူညီကယ်ထုတ်


စက်တင်ဘာ ၁၈ 

Radio NUG 


စက်တင်ဘာလ ၁၅ ရက်က ခန္တီးမြို့နယ်၊ နန်းစီပွန်ဒေသမှ အရပ်သားမိသားစုများကို စစ်ကောင်စီ၏ ပေါ်တာဆွဲစစ်သားစုဆောင်းမှုမှ လွတ်မြောက်ရန် ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စိုးမိုးနယ်မြေသို့ စက်လှေဖြင့် သွားရောက်ကယ်ထုတ်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။


ထိုကယ်ထုတ်ပေးမှုတွင် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် စုစုပေါင်း ၃၅ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီက ချင်းတွင်းမြစ်အတွင်း ခန္တီး-တိုက်တီး၊ ခန္တီး-နန်စီပွန် (ကျောက်မှော်) နှင့် ခန္တီး-ပဒူးမုန်း လမ်းကြောင်းများကို ပိတ်ဆို့ထိန်းချုပ်ထားပြီး၊ နေအိမ်များအထိ တက်ရောက်ဖမ်းဆီးမှုများနှင့် မဲနှိုက်စေခြင်းဖြင့် အဓမ္မစစ်သားစုဆောင်းတာကြောင့် မြစ်ကမ်းဘေးရှိ ကျေးရွာများတွင် အရပ်သားများ ပိတ်မိနေရကာ စီးပွားရေးကျပ်တည်းမှု၊ ဆေးဝါးဝယ်ယူရန် အခက်အခဲများနှင့် ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။


စိုးမိုးနယ်မြေအထိ ရောက်လာသူတွေကို ခေါ်ထုတ်ပေးခဲ့ပြီး ပဒူးမုန်းဂိတ်နဲ့ နီးတဲ့နေရာက မိန်းကလေး ဦးကိုတော့ စစ်တပ်က စက်လှေနဲ့ ပြန်ခေါ်သွားတယ်လို့ သိရပါတယ်။


ထွက်ပြေးလာသူအချို့သည် ချင်းတွင်းမြစ်အထက်ပိုင်းရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေရှိ ရွှေလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်မယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ ကနီမြို့နယ်တိုက်ပွဲမှ ထွက်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ကို ULF က ကြားဖြတ်တိုက်ခိုက်၊ သုံ့ပန်း ၃ဦးနှင့် လက်နက်များ သိမ်းဆည်းရရှိ


စက်တင်ဘာ ၁၈ 

Radio NUG 


စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာရှိ တိုက်ပွဲမှ စစ်ရှုံးထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ကို ယင်းမာပင်မြို့နယ်အခြေစိုက် Union Liberation Front (ULF) ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်သုံ့ပန်း ဦးနှင့် လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီတပ်ဖွဲ့သည် ကနီမြို့နယ်အတွင်း စစ်ကြောင်းထိုးကာ ရွာများကို စီးနင်းလုယက်၊ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေခဲ့ရာ စက်တင်ဘာလ ၁၁ ရက်က ချောင်းမရွာတွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့မှ ဦး သေဆုံးပြီး သုံ့ပန်း ဦးနှင့် လက်နက်များ သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်ထားပါတယ်။


ထို့နောက် ချောင်းမရွာမှ ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာ ပျူစောထီးစခန်းဘက်သို့ ဆုတ်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ကို ULF က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဒုတပ်ကြပ် ဦးနှင့် ပြည်သူ့စစ် (ပသစ) ဦးတို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည့်အပြင် MA1 သေနတ် လက်၊ MA2 သေနတ် လက်၊ .၅၆ မီလီမီတာ ကျည်ဆံ ၂၀၀ နှင့် ဖုန်း လုံးကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


စက်တင်ဘာလအတွင်း တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၆ တပ်ရင်းမှ ဗိုလ်မှူးအဆင့် သူရိန် ဦးဆောင်သည့် အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးကာ လမ်းပိုင်းကို စိုးမိုးရန် ကြိုးစားနေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ထီးလင်းနယ်တစ်နေရာတွင် စစ်ကော်မရှင်တပ်သားများ ဝှက်ထားခဲ့တဲ့ လက်နက်ခဲယမ်းအချို့ တွေ့ရှိ


စက်တင်ဘာ ၁၈ 

Radio NUG 


ထီးလင်းမြို့နယ် တောတွင်းတစ်နေရာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးစဥ်က ဝှက်ထားခဲ့တဲ့ လက်နက်ခဲယမ်းများကို တွေ့ရှိကြောင်း ယောအလင်းတန်းမှာ ဖော်ပြထားပါတယ်။


စက်တင်ဘာလ ၁၇ ရက်နေ့က ပြည်သူ့တော်လှန်ရေးအဖွဲ့ဝင်များက နယ်မြေလှည့်ကင်းဆောင်ရွက်စဥ် တောတွင်းတစ်နေရာမှာ အဆိုပါ လက်နက်ခဲယမ်းများကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


တွေ့ရှိခဲ့တဲ့ ပစ္စည်းများမှာ RPG ထိပ်ဖူး လုံး၊ ၆၀ မမ လက်နက်ကြီးကျည် ၂၃ လုံး၊ အိုနာဂါ ခု စသည်တို့ ဖြစ်တယ်လို့ သိရပါတယ်။


ထီးလင်းမြို့ရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် မြို့နားနီး မိုင်ပတ်လည်ရှိ ကျေးရွာများကိုသာ စစ်ကြောင်းထိုးဝင်ရောက်နေကြပြီး စက်တင်ဘာလ ၁၈ရက်နေ့ မနက်ပိုင်းကလည်း မြို့တောင်ဖက် သရခါရွာကို အင်အား ၈၀ ခန့်နဲ့ ဝင်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ သံဖြူဇရပ်မှာ စစ်ကော်မရှင် ကင်းပုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဦး သေဆုံး


စက်တင်ဘာ ၁၈ ရက်၊ 

Radio NUG


မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ၊ ဘူတာအနီးရှိ စစ်ကော်မရှင် ကင်းပုန်းကို ဝင်ရောက်တိုက်ခိုက် ခဲ့ရာ ဦး သေဆုံးခဲ့တယ်လို့ MSRF က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၁၈ ရက် မနက် ၁၀ နာရီမှာ စစ်ကော်မရှင် ကင်းပုန်းကို ပြောက်ကျားစစ်ဆင်ရေး ဖော်ဆောင်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကော်မရှင်တပ်သား ဦး သေဆုံးတာကို မျက်မြင် အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန အောက်က တပ်များဖြစ်ကြတဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၄။ မော်တောင် နယ်စပ်ကုန်သွယ်ရေးလမ်းမှာ KNLA ပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် တပ်သား ဦး သေဆုံး


စက်တင်ဘာ ၁၈ ရက်၊ 

Radio NUG


တနင်္သာရီတိုင်း၊ ကရင်အမျိုးသားအစည်းအရုံး၊ KNU မြိတ်-ထားဝယ်ခရိုင် အုပ်ချုပ်နယ်မြေ၊ တနောသရီ မြို့နယ် (တနင်္သာရီ) ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းပေါ်မှာ စစ်ကော်မရှင်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၁၈ ရက်၊ မနက် နာရီ ဝန်းကျင်မှာ မောတောင် နယ်စပ်ကုန်သွယ်ရေး လမ်းရှိ သိန်းခွန်းကျေးရွာ အနီးမှာ စစ်ကော်မရှင်တပ်နဲ့ KNLA တပ်မဟာ () တပ်ရင်း (၁၁) နှင့် တော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကော်မရှင် တပ်သား ဦး သေဆုံးပြီး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ MA-1 တစ်လက်၊ MA-3 တစ်လက်၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည်ဆန် ၁၀၀ တောင့်နဲ့ ကျည်ဘောက် ခုကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရှိ ရပါတယ်။


========================


🚩🚩 ၅။ ဖားကန့်တွင် စစ်တပ်က ဆန်းကြွယ်ရွာသိမ်းပိုက်ပြီး လက်နက်ကြီးများ ပစ်ခတ်၊ ကျောက်မျက်လုပ်ကွက်များ မီးရှို့ဖျက်ဆီး


စက်တင်ဘာ ၁၈ 

Radio NUG 


စက်တင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းတွင် KIA နှင့် PDF တော်လှန်ရေးတပ်များ ဆုတ်ခွာသွားသည့် ဆန်းကြွယ်ရွာကို စစ်ကောင်စီက သိမ်းပိုက်ပြီးနောက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းနှင့် ကျောက်မျက်လုပ်ကွက်များ၊ ရတနာမိုးမြေ ကုမ္ပဏီပိုင် စက်ယန္တရားများကို မီးရှို့ဖျက်ဆီးခြင်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များထံမှ သိရပါတယ်။


စက်တင်ဘာလ ၁၇ ရက် နံနက် နာရီခန့်တွင် ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး၊ နေ့လယ်ပိုင်း မန ကွက်သစ်မှာ စစ်တပ်လက်နက်ကြီးကျကာ ပြည်သူတစ်ဦး သေဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ထို့အတူ ညနေပိုင်းမှာ ရှရွန်ခ RC ကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဘုရားကျောင်းစောင့်တဲ့ ကချင်အဘိုးအို တစ်ဦး သေဆုံးခဲ့သလို ညနေ နာရီခန့်တွင် မော်ရှန်၊ ဆိုင်းတောင်နဲ့ မော်ရှန်ချောင်းဖျားဘက်ကို လက်နက်ကြီးနဲ့ ပစ်တာကြောင့် ကလေးတစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ထို့ပြင် ဖားကန့်မြို့ မှော်ဝိုင်းရပ်ကွက်ရှိ စုပေါင်းရုံးအနီးတွင် စစ်ကောင်စီက အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီး ရုပ်အလောင်းကို သယ်ယူသွားခဲ့တယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၆။ ကရင်နီပြည်နယ်ရှိ တနန်းဥကွိုင်ဘုရားကျောင်းကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲ


စက်တင်ဘာ ၁၈ 

Radio NUG 


ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ တနန်းဥကွိုင်ဘုရားကျောင်းကို အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောကြားထားပါတယ်။


စက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့တဲ့ ထိုတိုက်ခိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရမှု မရှိခဲ့သော်လည်း၊ ဘုရားကျောင်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ မုံရွာမှာ စစ်ကော်မရှင်တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီး တဦး သေဆုံး


စက်တင်ဘာ ၁၈ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်း ကျေးရွာမှာ စစ်ကော်မရှင်တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ မုံရွာမြို့နယ် သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၁၇ ရက်၊ ညနေ နာရီခွဲ အချိန်မှာ မအူဂိတ်တွင် အထိုင်ချ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က တိုက်ပွဲ ဖြစ်ပွားမှု၊ စစ်ရေးလှုပ်ရှားမှု မရှိဘဲ နဂါးတွင်း ကျေးရွာကို လက်နက်ကြီးဖြင့် () ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။


လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အမျိုးသား ဦးနဲ့ အမျိုးသမီး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စက်တင်ဘာ ၁၈ ရက် (နောက်တနေ့) မနက်ပိုင်းမှာ အမျိုးသမီး တဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် စက်တင်ဘာ ၁၅ ရက်၊ ၁၀ နာရီခွဲ အချိန်ကလည်း ယင်းမာပင်ခရိုင်၊ အကျိုးကုန်း (အောင်ဇေယျ) မှ စစ်ကော်မရှင်တပ်က ညောင်ပင်ဇောက် ကျေးရွာကို ဟောင်ဝှစ်ဇာဖြင့် ကြိမ် ပစ်ခတ်ခဲ့ရာ ပြည်သူ တဦး ထိမှန် ဒဏ်ရာရခဲ့ပြီး ဒိုင်နာကား တစီး ပျက်စီးခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၈။ ပဲခူးခရိုင် .က.. က တိုက်ခိုက်ရေး မွန်းမံသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့


စက်တင်ဘာ ၁၈ ရက်၊ 

Radio NUG


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အထူးတိုင်းစစ်ဌာန နဲ့ ပူးပေါင်းပြီး ပဲခူးတိုင်း၊ ပဲခူးခရိုင် .က. ရဲ့ တိုက်ခိုက်ရေး မွန်းမံ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ပဲခူးခရိုင် .က. က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ ၎င်းသင်တန်းဆင်းပွဲမှာ ပဲခူးခရိုင် .က. နာယကကြီး အဖူးမန်းဂျော်နီ၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာမှူး ရဲဘော်ရန်နိုင် နဲ့ ABSDF ရဲဘော်ဟောင်း ရဲဘော်လွမ်းသူတို့က တက်ရောက် အမှာစကား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။


ထိုနောက် သင်တန်းသား ရဲဘော်များမှ သစ္စာရေ သောက်ခြင်း၊ သစ္စာအဓိဌာန် ရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ကာ စံပြ ရဲဘော်ဆုနဲ့ အကောင်းဆုံး တပ်စိတ်ဆုတို့ကို ချီးမြှင့်ပေးခဲ့ပြီး ပဲခူးခရိုင်၊ .က. တာဝန်ခံ ရဲဘော်ဖြိုးမောင် က ကျေးဇူးတင်စကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။


တော်လှန်ရေးနယ်မြေ တနေရာမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ မွမ်းမံသင်တန်းကို ABSDF အမှတ် () တပ်ရင်းမှူး နှင့် ရဲဘော်များ၊ ပဲခူးခရိုင် အတွင်းရှိ ပဲခူး (ဘုရားကြီး၊ အင်းတကော်) သနပ္ပင်၊ ဝေါ၊ ကဝ နဲ့ ဒိုက်ဦး မြို့နယ်တို့မှ ပကဖ တာဝန်ခံများနဲ့ ရဲဘော်များ တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment