၂၀၂၅ အောက်တိုဘာလ ၂၇ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ အောက်တိုဘာလ ၂၆ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ကုန်ရောင်းရအမြတ်ငွေ သိန်း() ထောင်ကျော်အား နွေဦးထီ မှ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ဒေါနတပ်ရင်းရဲ့ “ Victory Spear ဒေါနအင်အားကမ်ပိန်းမှာ ပါဝင်ပေးကြဖို နှိုးဆော်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨ မြင်းခြံအကျဉ်းထောင် နိုင်ငံရေးအကျဉ်းသား ကိုချမ်းမင်းဟိန်း ကျဆုံး 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ဘာသာစကားအခက်အခဲကို ဖြေရှင်းနိုင်ဖို့ သိန္နီခရိုင်ရဲတပ်ဖွဲ့ မြန်မာစာသင်ယူမှု အရှိန်မြှင့်


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ ဝက်လက်မြို့နယ်ကရွာတွေကို စစ်တပ်က Y-12 ပါအဝင် စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတာကြောင့် အရပ်သား ဦး ဒဏ်ရာရ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။စစ်ရေးရပ်စဲထားတဲ့ သဘောတူညီချက်ဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမဟုတ်ဘူးလို့ ၁၀၂၇ စစ်ဆင်ရေး နှစ်ပြည့်တဲ့အချိန်မှာ MNDAA ထုတ်ပြော

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ကန်ပက်လက်မြို့မှာ လူစုလူဝေးဖြစ်စေမယ့်ပွဲတွေမလုပ်ဖို့  မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ သတိပေး 

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကျောင်းပေါင်းများစွာရှိတဲ့ ပြင်ဦးလွင်မြို့မှာ အာဏာရှင်စနစ်နဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ကုန်ရောင်းရအမြတ်ငွေ သိန်း() ထောင်ကျော်အား နွေဦးထီ မှ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်


အောက်တိုဘာလ (၂၇)ရက်


အမျိုးသားညီညွှတ်ရေးအစိုးရ စီမံကိန်း ဘဏ္ဍာရေးနှင့်ရင်နှီးမြှုပ်နှံမှုဝန်ကြီးဌာနနှင့် စီဒီအမ် အောင်မြင်ရေးကော်မတီ (CDM Success Committee)တို့ ပူးပေါင်း၍ အောက်တိုဘာ ၂၆ရက်တွင်၊၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ကုန်ရောင်းရအမြတ်ငွေ သိန်း() ထောင်ကျော်အား နွေဦးထီမှ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် စီဒီအမ် အောင်မြင်ရေးကော်မတီ (CDM Success Committee ) ဉက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဂုဏ်ပြုအဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။


ဆက်လက်ပြီး တက်ရောက်လာသော စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်နှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်မှ နွေဦးထီမှ CDM များ သို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဂုဏ်ပြုချီးမြှင့်ပြီးစီးမှု အခြေအနေများ နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ချပြရှင်းလင်းခဲ့ပြီး နွေးဦးထီ တာဝန်ရှိသူ တစ်ဦးမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ရှင်းလင်း ခဲ့ပါသည်။


CDM Success Committee သို့  နွေဦးထီမှ ထောက်ပံ့ထားမှုနှင့် ပတ်သက်၍ Financial Support Taskforce , Focal leader မှ ဝန်ကြီးဌာနများသို့ လစဉ် ဂုဏ်ပြုထောက်ပံ့ငွေ ဖြန့်ဝေမှုအား ရှင်းလင်း တင်ပြခဲ့ရာ ဝန်ကြီးဌာန CDM ဦးရေအလိုက် ရာခိုင်နှုန်းသတ်မှတ်၍ ခွဲဝေဆောင်ရွက်မှု လုပ်ငန်းစဉ်များ အား ရှင်းလင်းတင်ပြခဲ့ပါသည်။


အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ဒုတိယဝန်ကြီးများ၊CDM Success Committeeအဖွဲ့ဝင်များ၊CDM Ministry Focalများ နွေဦးထီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး စီမံကိန်း ဘဏ္ဍာရေးနှင့်ရင်နှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မင်းဇေယျာဦး မှ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်နွေဦးထီ နှစ်ကုန် ရောင်းရအမြတ်ငွေသိန်း ()ထောင်ကျော်အား CDM Success Committee မှတဆင့် ဝန်ကြီးဌာနများသို့ လွှဲပြောင်းဂုဏ်ပြု ချီးမြှင့်ပေးအပ်ခဲ့ပါသည်။


 ၂၀၂၄ခုနှစ်၊ မတ်လမှစတင်၍ နွေဦးထီမှ CDM Success Committee မှတဆင့် ဝန်ကြီးဌာန အသီးသီးရှိ CDM များသို့ လစဉ် ကျပ်သိန်း(၇၀၀)အား ဂုဏ်ပြုချီးမြှင့်ခဲ့ရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်တွင် စုစုပေါင်း ကျပ်သိန်းပေါင်း(၈၄၀,၀၀၀,၀၀၀)အား ထောက်ပံ့ဂုဏ်ပြု ချီးမြှင့် နိုင်ခဲ့ပါသည်။


========================


⁨⁨📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ဒေါနတပ်ရင်းရဲ့ “ Victory Spear ဒေါနအင်အားကမ်ပိန်းမှာ ပါဝင်ပေးကြဖို နှိုးဆော်


အောက်တိုဘာလ (၂၇)ရက်


အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန MOD ရဲ့ အထူးတိုင်းစစ်ဌာနအောက်မှာရှိတဲ့ ဒေါနတပ်ရင်းရဲ့ “Victory Spear ဒေါနအင်အား” campaign စတင်နေပြီဖြစ်တာကြောင့် ဒီကမ်ပိန်းမှာ ဝိုင်းဝန်ပါဝင်ပေးကြဖို့ တော်လှန် အင်အားစုတွေက နှိုးဆော်ထားပါတယ်။ 

Victory Spear – ဒေါနအင်အား ကမ်ပိန်းအတွက် ရန်ပုံငွေ ကျပ်သိန်း ၂ထောင် သတ်မှတ်ထားပြီး တပ်ရင်းကရဲဘော်တွေ အတွက် အဓိကလိုအပ်နေတဲ့ စစ်အသုံးအဆောင်ပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ အရေးပေါ်ရိက္ခာဆေးဝါးတွေ ဖြည့်တင်း ဖို့လို့ ဆိုပါတယ်။ 


ရရှိလာတဲ့ရန်ပုံငွေကနေ ၄ဝ ရာခိုင်နှုန်းကို စစ်အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ ကျည်ကာပြား၊ကျည်ကာဦးထုတ်၊ Vest ကနေ အခြေခံယူနီဖောင်း၊ ဖိနပ်တို့အတွက် အသုံးပြုမှာဖြစ်ပြီး ဆက်သွယ်ရေးစက်အသေး icon နဲ့ ပတ်သက်တဲ့ ပစ္စည်း တွေနဲ့ မြေပြင်အခြေအနေတွေကြောင့် လိုအပ်နေတဲ့ Starlink စတဲ့ ဆက်သွယ်ရေးပစ္စည်းတွေအတွက် ၃ဝ ရာခိုင်နှုန်းနဲ့ စုဆောင်းထားဖို့လိုအပ်နေတဲ့ အရေးပေါ်ဆေးဝါးနှင့်ရိက္ခာအတွက် ၃ဝ ရာခိုင်နှုန်း အသုံးပြုမယ်လို့ ကမ်ပိန်း ဖြစ်မြောက်ရေး အဖွဲ့က အသိပေးထားပါတယ်။     


ဒီကမ်ပိန်းအတွက် တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှား၊ ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မန်းဂျော်နီတို့ကလည်း ပါဝင်ကူညီ အားဖြည့်ပေးကြဖို့ ဖိတ်ခေါ်တိုက်တွန်းထားပါတယ်။ 

ပါဝင်ကူညီထောက်ပံ့လိုသူတွေအနေနဲ့ Spring Crowd Fund မှာ ပါဝင်နိုင်ကြသလို Dawna Column- Fundraising Team Facebook Page ကနေလည်း ဘယ်လိုပါဝင်နိုင်တယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ဖော်ပြပေးထားပါတယ်။ 

ကမ်ပိန်းကာလအနေနဲ့ အခုအောက်တိုဘာ ၁၆ ကနေ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ သတ်မှတ်ထားတဲ့အတွက် ပါဝင်ကူညီ ထောက်ပံ့ပေးကြဖို့ တော်လှန်အင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨ မြင်းခြံအကျဉ်းထောင် နိုင်ငံရေးအကျဉ်းသား ကိုချမ်းမင်းဟိန်း ကျဆုံး 


အောက်တိုဘာလ (၂၇)ရက်


မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှာ မတရားဖမ်းဆီးအကျဥ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုချမ်းမင်းဟိန်းဟာ  ဆေးဝါးစောင့်ရှောက်မှု မလိုလောက်တာ‌ကြောင့် ကျဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် - PPNM က ဒီနေ့ အောက်တိုဘာ ၂၇ မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


ကျောက်ကပ်၊အသဲခြောက်၊အသဲရောင်အသားဝါ‌ရောဂါတွေခံစားနေရတဲ့ ကိုချမ်းမင်းဟိန်းဟာ အောက်တိုဘာ ၁၈ ရက်နေ့ က မြင်းခြံအကျဉ်းထောင်မှာ ဖမ်းဆီးခံနေရချိန် ကျဆုံးခဲ့တာလို့ ဆိုပါတယ်။


နိုင်ငံရေးအကျဉ်းသား ကိုချမ်းမင်းဟိန်းဟာ ၅၀၅ - က၊ ဆက်သွယ်ရေးပုဒ်မ၊ ဖောက်ခွဲမှု၊ လက်နက်မှု စတဲ့ ပုဒ်မတွေနဲ့ မတရားဖမ်းဆီးခံခဲ့ရသူဖြစ်ပြီး ထောင်ဒဏ် ၁၅ နှစ်နဲ့ ၆လ ချမှတ်ခံထားရသူလို့ သိရပါတယ်။


မြင်းခြံအကျဉ်းထောင်၌ ဖမ်းဆီးခံနေရချိန် ကျောက်ကပ်၊အသဲခြောက်၊အသဲရောင်အသားဝါ‌ရောဂါတွေနဲ့ ကျဆုံးခဲ့တဲ့ ချမ်းမင်းဟိန်းဟာ အသက် ၂၉ နှစ်အရွယ်သာရှိသေးဆယ်လို့ PPNM ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံဒေသအသီးသီးရှိမှာရှိတဲ့ အကျဉ်းထောင်တွေမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ လုံလောက်တဲ့ ဆေးဝါး စောင့်ရှောက်မှုမရတာ၊ အချိန်မီ ဆေးကုသခွင့်မရတာတွေကြောင့် မသေဆုံးသင့်ဘဲ အသက်ဆုံးရှုံးရ တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။


PPNM က ကောက်ယူထားတဲ့ စာရင်းတွေအရ အခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိဆိုရင် ကျန်းမာရေး စောင့်ရှောက်မှု အလုံအလောက်မရတာနဲ့ အရေးပေါ်ဆေးကုသခွင့် မရတွေကြောင့် ကျဆုံးခဲ့ရသည့် နိုင်ငံအကျဥ်းသား အရေအတွက်ဟာ ၂၈ ဦးအထိ ရှိနေပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM က ထုတ်ပြန် ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ဘာသာစကားအခက်အခဲကို ဖြေရှင်းနိုင်ဖို့ သိန္နီခရိုင်ရဲတပ်ဖွဲ့ မြန်မာစာသင်ယူမှု အရှိန်မြှင့်


အောက်တိုဘာလ (၂၇)ရက်


ဘာသာစကားအခက်အခဲကို ဖြေရှင်းနိုင်ဖို့ သိန္နီခရိုင်ရဲတပ်ဖွဲ့က မြန်မာစာသင်ယူမှု အရှိန်မြှင့်ပြီး သင်ယူနေတယ်လို့ ကိုးကန့်တပ်မတော် MNDAA သတင်းပြန်ကြားဌာနဖြစ်တဲ့ ကိုးကန့်သတင်းကွန်ရက်မှာ ဖော်ပြထားပါတယ်။ 

ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ သိန္နီခရိုင်ရဲတပ်ဖွဲ့အနေနဲ့ တာဝန်ထမ်းဆောင်ရာမှာ တိုင်းရင်းသား ဘာသာစကား တွေရဲ့ အရေးပါမှုကို သဘောပေါက်နားလည်လာတာကြောင့် မြန်မာစာနဲ့ နေ့စဉ်သုံး မြန်မာစကားပြောသင်တန်းကို အရှိန်အဟုန်မြှင့်ပြီး ဖွင့်လှစ်သင်ကြားနေတာလို့ဆိုပါတယ်။

တိုင်းရင်းသားအချင်းချင်း ဆက်ဆံရေး၊ အထူးဒေသကြီးများကြား ကူးလူးဆက်ဆံရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ တာဝန်ထမ်း ဆောင်ရာမှာ ကြုံတွေ့ရတဲ့ ဘာသာစကားဆိုင်ရာ အခက်အခဲတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့၊ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ စွမ်းဆောင်ရည်ပြည့်ဝစွာနဲ့ တာဝန်ထမ်းဆောင်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ 


အဲဒီသင်တန်းမှာ ခရိုင်ရဲတပ်ဖွဲ့က သင်တန်းဆရာတွေအပါအဝင် ဒုတိယရဲမှူးနဲ့ ဌာနဆိုင်ရာ အရာရှိတွေ ကိုယ်တိုင် စံနမူနာပြအနေနဲ့ သင်ယူနေတာကြောင့် ရဲတပ်ဖွဲ့ဝင် ၂ဝလည်း အာရုံစိုက် လေ့လာသင်ယူခဲ့ကြတယ်လို့ ဆိုပါတယ်။


သင်တန်းကို ညပိုင်းမှာ သင်ကြားပေးတာဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တာဝန်ထမ်းဆောင်မှုကို မထိခိုက်ဘူးလို့ အသိပေးထားပါတယ်။ 


သိန္နီခရိုင်ဟာ တိုင်းရင်းသားမျိုးပေါင်းစုံ နေထိုင်ရာ ဒေသဖြစ်တာကြောင့် ဘာသာစကားဆိုင်ရာ ဆက်သွယ်ရေး အခက်အခဲ ကို ဖြေရှင်းနိုင်မှသာ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုအဆင့်အတန်း မြှင့်တင်နိုင်မှာဖြစ်သလို တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်နိုင်မှာဖြစ်တဲ့အတွက် သိန္နီခရိုင်အုပ်ချုပ်ရေးကော်မတီအနေနဲ့ အရင်ကလည်း မြန်မာစာနဲ့ မြန်မာစကားသင်တန်းကို ဖွင့်လှစ်ပေးခဲ့ဖူးတယ်လို့ သိရပါတယ်။


⁨⁨⁨အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================



🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ ဝက်လက်မြို့နယ်ကရွာတွေကို စစ်တပ်က Y-12 ပါအဝင် စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတာကြောင့် အရပ်သား ဦး ဒဏ်ရာရ


အောက်တိုဘာလ (၂၇)ရက်

 

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်၊ စက်တက်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ Wetlet Informational Network က ထုတ်ပြန်ထားပါတယ်။

မနေ့ အောက်တိုဘာ ၂၆ ရက် မနက် နာရီ ၄၇ မိနစ်ခန့်အချိန်ကစပြီး ဝက်လက်မြို့နယ် အနောက်ခြမ်းက ဝက်လက် - ရွာသာကြီးလမ်းပိုင်းကို တံတားဦး လေတပ်ကနေတက်လာတဲ့ Y-12 လေယာဥ်က ဗုံး ၄၉ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ဦးထိခိုက်ဒဏ်ရာရခဲ့ရာမှာ ခေါင်းကို ဗုံးစထိမှန်သူ ရှိတယ်လို့ သိရပါတယ်။


ထို့အပြင် မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ Gyrocopter ၂စင်ကလည်း အောက်တိုဘာ ၂၆ ရက် မနက် ၁ဝ နာရီခွဲကျော်အချိန်မှာ ဝက်လက်မြို့နယ် အနောက်ခြမ်းတနေရာကို ဗုံးသီး လုံးကြဲချခဲ့တယ်လို့ Wetlet Informational Network ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အနောက်ခြမ်းကို တံတားဦး လေတပ်ကနေတက်လာတဲ့ Y-12 လေယာဥ်က ဗုံး ၃၇ လုံးကြဲချပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပေမယ့် အရပ်သားပြည်သူထိတိုက်ခိုက်မှုမရှိဘူးလို့ အသိပေးပါတယ်။

အခုလို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ရက်ဆက်လုပ်ခဲ့တာကြောင့် ဒေသနေပြည်သူတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။စစ်ရေးရပ်စဲထားတဲ့ သဘောတူညီချက်ဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမဟုတ်ဘူးလို့ ၁၀၂၇ စစ်ဆင်ရေး နှစ်ပြည့်တဲ့အချိန်မှာ MNDAA ထုတ်ပြော


အောက်တိုဘာလ (၂၇)ရက်


အာဏာသိမ်းစစ်တပ်နဲ့ လက်ရှိရရှိထားတဲ့ စစ်ရေးရပ်စဲရေး သဘောတူညီချက်ဟာ အဆင့်ဆိုင်ရာ ရလဒ်တစ်ခုသာဖြစ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိဖို့အတွက် အမြဲ သတိရှိနေဖို့နဲ့ ဗျူဟာကျကျနားလည်နေဖို့ MNDAA စစ်ဦးစီးမှူးချုပ်က ၁၀၂၇ စစ်ဆင်ရေး နှစ်ပြည့်တဲ့အချိန်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အခုနှစ်အတွက် အပတ်စဉ် - ကေဒါများ အလှည့်ကျသင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၅ ရက်နေ့က ကျင်းပရာမှာ MNDAA စစ်ဦးစီးမှူးချုပ်က အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ 

လက်ရှိရရှိထားတဲ့ စစ်ရေးရပ်စဲရေး သဘောတူညီချက်ဟာ အဆင့်ဆိုင်ရာ ရလဒ်တခုသာဖြစ်ပြီး နောက်ဆုံးအဆင့် ငြိမ်းချမ်းရေးမဟုတ်သေးတာကို အားလုံးသိထားဖို့နဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့လမ်းစဉ်ဟာ ဝေးလံနေဆဲဖြစ်တဲ့အတွက် တပ်သားအားလုံးသတိရှိဖို့ MNDAA စစ်ဦးစီးမှူးချုပ်က တိုက်တွန်းခဲ့တယ်လို့ MNDAA ထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကနေစတင်ခဲ့တဲ့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို ပြန်လည်သုံးသပ်ပြီး လက်ရှိရရှိထားတဲ့ စစ်ရေးရလဒ် တွေဟာ မရေမတွက်နိုင်တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ သွေးချွေး၊ အသက်တွေနဲ့ရရှိခဲ့တာဖြစ်တဲ့အတွက် ကွပ်ကဲရေးမှူးအားလုံး ဒီသမိုင်းကို မှတ်မိနေဖို့၊ ရလဒ်တွေကို တန်ဖိုးထားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒီတခါလုပ်တဲ့ သင်တန်းဟာ ၆၆ ရက်ကြာသင်တန်းဖြစ်ပြီး အထူးဒေသ လုံခြုံရေးအခြေအနေ ရှုပ်ထွေးပြီး ကျပ်တည်းတဲ့ အချိန်မှာ ကျင်းပနိုင်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကေဒါသင်တန်းဟာ အနာဂတ်အတွက် မဟာဗျူဟာကျကျ စီစဉ်ဆောင်ရွက်တဲ့ခြေလှမ်းတရပ်ဖြစ်ပြီး အနာဂတ်စစ်ပွဲတွေနဲ့ တိုက်ပွဲတွေမှာ ရဲရဲရင့်ရင့် တိုက်ခိုက်အောင်ပွဲခံနိုင်တဲ့ အရိုးခံအင်အားစုတရပ်ဖြစ်အောင် ဖန်တီးနိုင်ဖို့ ရည်ရွယ်တယ်လို့ MNDAA စစ်ဦးစီးမှူးချုပ်က ပြောကြားခဲ့ပါတယ်။

သင်တန်းဆင်းပွဲကို MNTJP ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်/ အထူးဒေသ အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ MNDAA စစ်ဦးစီးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Mr. Peng De Ren MNDAA ဗဟို နိုင်ငံရေးဗျူရို အဖွဲ့ဝင်/ မဟာမိတ် တပ်တော် နိုင်ငံရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် Mr. Jin Xin နဲ့ ဗဟိုနိုင်ငံရေးဗျူရို အဖွဲ့ဝင်/ မဟာမိတ်တပ်တော် စစ်ဦးစီးမှူး ဗိုလ်မှူးချုပ် Mr. Lan Tian En တို့လည်း တက်ရောက်ခဲ့ပါတယ်။

MNDAA ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ AA TNLA တို့နဲ့အတူ ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်စခန်းတွေ၊ တပ်ရင်းတွေ၊ တပ်ရင်းဌာနချုပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ရာမှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် - ရမခ အပါအဝင် လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်း စတဲ့မြို့တွေကို MNDAA က သိမ်းပိုက်ရရှိခဲ့ပါတယ်။   


သိမ်းယူထားတဲ့မြို့တွေမှာ အုပ်ချုပ်ရေး ယန္တရားဖော်ဆောင်နေစဉ် တရုတ်အစိုးရရရဲ့ ဖိအားကြောင့် လားရှိုးမြို့ကို အခုနှစ် ဧပြီလမှာ စစ်တပ်ထံ ပြန်လွှဲပေးခဲ့ရပါတယ်။

 ဒီနေ့ အောက်တိုဘာ ၂၇ ရက်နေ့ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်တင်းတင်းပြည့်တဲ့ အချိန်ဖြစ်ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ကန်ပက်လက်မြို့မှာ လူစုလူဝေးဖြစ်စေမယ့်ပွဲတွေမလုပ်ဖို့  မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ သတိပေး 


အောက်တိုဘာလ (၂၇)ရက်


 ချင်းပြည်နယ် ကန်ပက်လက်မြို့ကို အကြမ်းဖက်စစ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်လာတာကြောင့် လူစုလူဝေးဖြစ်စေမယ့် ပွဲတွေမလုပ်ဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က သတိပေး ပြောဆိုလိုက်ပါတယ်။


အောက်တိုဘာ ၂၄ နဲ့ ၂၅ ရက်မှာ နှစ်ရက်ဆက်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသနေ ပြည်သူတွေအနေ နဲ့ လူစုလူဝေးဖြစ်စေမယ့် ပွဲတွေကျင်းပတာကို လတ်တလောရှောင်ရှားကြဖို့ မနေ့ အောက်တိုဘာ ၂၆ မှာ ကန်ပက်လက် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က သတိပေးချက်တစောင် ထုတ်ပြန်ပြီး ပြောဆိုလာတာဖြစ်ပါတယ်။ 


အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့ဆိုပြီး ခွဲခြားတာမရှိဘဲ အဆုံးစွန်ထိ ရက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတာကြောင့် လေကြောင်းအန္တရာယ်က‌နေ ကြိုတင်ကာကွယ်နိုင်မယ့် ကတုတ်ကျင်းတွေ လုပ်ထားကြဖို့လည်း ညွှန်ကြားထားပါတယ်။


အောက်တိုဘာ ၂၄ ရက် မနက် ၉နာရီခွဲအချိန်မှာ အကြမ်းဖက်စစ်တပ်က မြို့မ ရပ်ကွက်ကို ပေါင် ၅၀၀ ဗုံးသီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို အောက်တိုဘာ ၂၅ ရက်နေ့ နာရီ ၂၀ မှာ လည်း ကန်ပက်လက်မြို့ကို ထပ်ပြီးတိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။

 

အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ဦးသေဆုံးခဲ့ရပြီး ၁၅ ဦး ပြင်းထန်ဒဏ်ရာရခဲ့သလို အိမ် လုံးနဲ့ အဆောက်အအုံ လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဒါ့ကြောင့် ကန်ပက်လက်မြို့ပေါ်က မိဘပြည်သူများအနေနဲ့ အခုရက်ပိုင်းမှာ တက်နိုင်သမျှ လူစုလူဝေးမပြု လုပ်ကြဖို့ မြို့နယ် လူသားစာနာ ဘေးစီမံဌာနကလည်း မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကျောင်းပေါင်းများစွာရှိတဲ့ ပြင်ဦးလွင်မြို့မှာ အာဏာရှင်စနစ်နဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုလုပ်


အောက်တိုဘာလ (၂၇)ရက်


အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကျောင်းပေါင်းများစွာရှိတဲ့ ပြင်ဦးလွင်မြို့မှာ အာဏာရှင်စနစ်နဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတခု လုပ်ခဲ့တယ်လို့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ - မန္တလေးက ဒီနေ့ အောက်တိုဘာ ၂၇ မှာ ထုတ်ပြန်လာပါတယ်။ 


အပန်းဖြေမြို့တော်၊ ပန်းမြို့တော်လို့ လူသိများတဲ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ ကျောင်းပေါင်းများစွာနဲ့ အခြေပြုထားတဲ့ ပြင်ဦးလွင်မြို့က မြို့သူ မြို့သားတွေဟာ စစ်တပ်က အာဏာသိမ်းတာ နှစ်ထဲရောက်လာတဲ့အထိ သွေးမအေးဘဲ စစ်အာဏာရှင်ကို ရရာနည်းတွေနဲ့ ဆန့်ကျင်နေကြဆဲလို့ ဆိုပါတယ်။

 

ဒါကြောင့်လည်း အာဏာရှင်စနစ်နဲ့ အာဏာရှင်က အဓမ္မဖန်တီးနေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ပြင်ဦးလွင် မြို့သူ ညမို့သားတွေဟာ မြို့ရဲ့အထင်ကရနေရာတွေဖြစ်တဲ့ မြို့အ၀င် ဆိုင်းဘုတ်၊ မြို့လယ် နာရီစင်၊ ဘူတာရုံ၊ ညစျေးတန်းအစရှိတဲ့ နေရာတွေမှာ လူထုလုပ်ရှားမှု ဖော်ဆောင်ခဲ့ကြပြီး သူတို့ရဲ့ စိတ်ဓာတ်နဲ့ ဇွဲသတ္တိကိုတော့ ပြသခဲ့တာလို့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ - မန္တလေး က အသိပေးထားပါတယ်။

 

စစ်တပ်လက်ပါးစေ ပျူစောထီးတွေ သောင်းကျန်းနေတာ၊ စစ်မှုထမ်းခေါင်းစဉ်နဲ့ အတင်းအဓမ္မ ဖမ်းဆီးငွေညှစ်တာတွေကို ဆက်တိုက် ကြုံတွေ့ရင်ဆိုင်နေကြရတဲ့ ပြည်သူလူထုဟာ ဖက်ဆစ် စစ်တပ်နဲ့ အာဏာသိမ်း စစ်အုပ်စုအပေါ် နာကျည်းစိတ်၊ ဆန့်ကျင်စိတ်တွေက ရင်နဲ့အပြည့်ရှိနေတဲ့အပြင် အခု စစ်အုပ်စုကလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကိုလည်း ခါးခါး သီးသီး ရွံမုန်းနေကြတယ်လို့လည်း သိရပါတယ်။


ပြည်သူ့တော်လှန်ရေးကြီးမှာ ပြည်သူသာလျှင် အဓိကဖြစ်တာကြောင့်  ပြည်သူလူထုအားလုံးအနေနဲ့ အာဏာရူးစစ်အုပ်စုကိုငုံ့မခံဘဲရရာနည်းနာနည်းလမ်းအစုံနဲ့တုံ့ပြန်နေကြဖို့နဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။ 


အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ပွဲဝင်ရတာ ကျနော်တို့မျိုးဆက်က နောက်ဆုံးမျိုးဆက် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက် သန္နိဋ္ဌာန်ချထားကြပြီးဖြစ်တာကြောင့် မပြီးဆုံးသေးတဲ့ ပြည်သူ့တော်လှန်ရေးခရီးကြမ်းကြီး အဆုံးထိတိုင် အောင် အတူလက်တွဲဖြတ်သန်းကြဖို့ မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းကလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩







#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment