1st MAY 2022 - (Ethnic language program-CHO_MΓΌn) by Radio NUG

πŸ“Œ(ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၂ α€™ေα€œ ၁ α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား

πŸ“ŒπŸ“Œα။ မင်းတပ်-မတူပီ α€œα€™်းα€™α€€ြီးထားတရား၀င်ပိတ်ထားဆဲ α€–ြα€…်၍ α€žွားα€œာခြင်း α€œုံး၀ (α€œုံး၀) မပြု α€€ြα€›α€”် CDF - MINDAT ထုတ်ပြα€”်

မင်းတပ်-မတူပီ α€œα€™်းα€™α€€ြီးထားတရား၀င်ပိတ်ထားဆဲα€–ြα€…်၍ α€žွားα€œာခြင်း α€œုံး၀ (α€œုံး၀) မပြုα€€ြα€›α€”် CDF - MINDAT α€€ ဧပြီα€œ α‚αˆ α€›α€€် α€”ေ့ α€Š α€”ေပိုင်းတွင် α€žα€ိ ပေးထုတ်ပြα€”်α€žα€Š်။ " α€™ိα€˜α€•ြα€Š်α€žူα€™ျား ထန္တရာα€š်ကင်းα€…ေα€›α€”်ထတွα€€် မင်းတပ်-မတူပီ α€œα€™်းα€™α€€ြီးထားတရား၀င်ပိတ်ထားဆဲ α€–ြα€…်α€žော α€€ြောင့် တိုα€€်ပွဲထခြေထနေα€™ျားα€”ှင့် α€™ိα€˜α€•ြα€Š်α€žူα€™ျား ထန္တရာα€š်ကင်းα€…ေα€›α€”်ထတွα€€် မင်းတပ်-မတူပီ α€œα€™်းα€™α€€ြီး ထား α€œုံး၀ (α€œုံး၀) α€‘α€žုံးမပြုα€€ြα€›α€”် ပန်α€€ြားထပ်ပါα€α€š်ခင်α€—ျာ " α€Ÿူ၍ Mindat-CDF (α€žα€α€„်းα€”ှင့် ပြα€”်α€€ြားα€›ေးα€Œာα€”) ၏ ထုတ်ပြα€”်ချα€€်တွင်ပါα€›ှိα€žα€Š်။
 
ပြီးခဲ့α€žα€Š့်  α€™α€်α€œ ၁၉ α€›α€€် α€”ေ့α€™ှα€…၍ မင်းတပ်-မတူပီ α€œα€™်းα€™α€€ြီး α€€ို CDF မင်းတပ် α€€ ပိတ်ပင်ခဲ့ပြီး α€…α€…် α€€ောင်α€…ီα€€ား ထစီး αˆα€ α€€ျော်ပါ α€šာဉ်တန်းα€€ိုα€œα€Š်း ပ α€’ေα€žာα€™ိုင်းဆွဲ၍တိုα€€်ခိုα€€်ခဲ့ပြီး ထဆိုပါ α€™ိုင်းဆွဲတိုα€€်ခိုα€€်α€™ှုတွင် α€…α€…် α€€ောင်α€…ီတပ်α€žား ထများထပြားα€žေဆုံးခဲ့ α€€ြောင်းα€žိα€›α€žα€Š်။
 
α€œα€€်α€›ှိ မတူပီ α€™ှ မင်းတပ်α€˜α€€်α€žို့ ပြα€”်ဆင်းα€œာ α€žော α€…α€…် α€€ောင်α€…ီα€šာဉ်တန်းα€€ို ဧပြီ (α‚αˆ) α€›α€€်တွင် မတူပီ မင်းတပ်α€œα€™်းပိုင်း α€™ိုင်တိုင် αˆα‡ ၌ CDF မတူပီ α€™ှ α€œα€€်α€œုပ် α€œα€€်α€”α€€်α€€ြီးα€™ျား α€”ှင့် α€œα€€်α€”α€€် α€„α€š်α€™ျားα€–ြင့် α€€ြားα€–ြတ်ပစ်ခတ် တိုα€€်ခိုα€€်ခဲ့ α€€ြောင်း၊ ဧပြီ (၃၀) α€›α€€် α€…α€…် α€€ောင်α€…ီα€šာဉ်တန်းα€žα€Š် မင်းတပ် - မတူပီα€€ားα€œα€™်း α€™ိုင်တိုင် ထမှတ်(၇၀) ဝန်းα€€ျင်တွင်α€›ောα€€်α€›ှိα€”ေပြီး CDF - Mindat α€™ိုးပီတပ်ရင်းα€”ှင့် တိုα€€်ပွဲပြင်းထန်α€”ေα€€ြောင်း CDF - Mindat α€€ ထုတ်ပြα€”်ထားα€žα€Š်။
 
πŸ“ŒπŸ“Œα‚။ CDF မင်းတပ်၏ α€œα€€်α€”α€€်α€€ိုင် တော်α€œှα€”် α€›ေး တစ်α€”ှα€…်ပြα€Š့် ထခမ်းထနားα€žို့ ထဖွဲ့ (၁၆) α€–ွဲ့α€€ α€žα€α€်α€œွှာα€™ျားပေးပို့ခဲ့

၂၀၂၂ ခုα€”ှα€…် ၊ ဧပြီα€œ ၂၄ α€›α€€်α€”ေ့တွင် α€€ျα€›ောα€€်α€žော ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) ၏ α€œα€€်α€”α€€်α€€ိုင်တော်α€œှα€”်α€›ေး တစ်α€”ှα€…်ပြα€Š့် ထခမ်းထနားα€žို့ ICNCC ၊ တောင်ပိုင်းချင်းထမျိုးα€žား α€Šီα€Šွတ်α€›ေး α€€ော်မတီ ၊ MOIC ၊ International Mindat K'CHO Organization ၊ ပ.ထ.α€–(မင်းတပ်) ၊ CRCH ၊ CDF(Kanpetlet) ၊ ZFU / PDF Zoland ၊ CDF(Matupi) ၊ MDF ၊ CDF(Paletwa) ၊ CDF(Daai) ၊ MURM ၊ UDLA ၊ CDM-PDF ၊ CDF(Senthang) α€™ှ ပေးပို့α€œာα€€ြα€žα€Š့် α€žα€α€်α€œွှာα€™ျားα€€ို α€œα€€်ခံα€›α€›ှိ α€€ြောင်း CDF မင်းတပ်α€€ ဧပြီα€œ (၂၉) α€›α€€် α€€ α€žα€α€„်းထုတ် ပြα€”်α€žα€Š်။
 
α€žα€α€်α€œွှာα€™ျား ပေးပို့α€œာα€€ြα€žော ထဖွဲ့α€‘α€…α€Š်းထားα€œုံးα€€ို ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်)α€€ ထထူးပင် α€€ျေးဇူးတင်α€›ှိ α€€ြောင်း CDF မင်းတပ်၏ ထုတ်ပြα€”်ချα€€်တွင်ပါα€›ှိα€žα€Š်။ CDF - MINDAT ၏ α€œα€€်α€”α€€်α€€ိုင်တော်α€œှα€”်α€›ေး တစ်α€”ှα€…်ပြα€Š့်ထခမ်းထနား (α€žို့) တူα€™ီးတော်α€œှα€”်α€›ေး တစ်α€”ှα€…်ပြα€Š့် ထခမ်း ထနားα€€ို CDF - MINDAT ၏တပ်ရင်းα€™ျား α€žွားα€œာα€›α€”်ထခက်ထခဲα€”ှင့် α€œုံခြုံ α€›ေးထခြေα€”ေထရ α€”ေα€›ာ α€”ှα€…်α€”ေα€›ာတွင် ပြုα€œုပ်α€€ျင်းပခဲ့α€€ြောင်းα€žိα€›α€žα€Š်။
 
၂၀၂၂ ၊ ဧပြီα€œ ၂၄ α€›α€€် α€”ေ့တွင် မင်းတပ်α€™ြို့α€›ှိ α€’ီα€™ိုα€€ α€›ေα€…ီ တက်α€€ြွα€œှုပ်α€›ှားα€žူ α€œူα€„α€š် ၇ α€₯ီးα€€ို α€…α€…် α€€ောင်α€…ီ တပ်α€€ α€–α€™်းဆီးခဲ့α€›ာ မင်းတပ် α€œူα€„α€š်ထုα€€ α€–α€™်းဆီးခံ α€œူα€„α€š် ၇ α€₯ီးα€€ို ပြα€”်α€œွှတ် ပေးα€›α€”် α€…α€…် α€€ောင်α€…ီထံ တောင်းဆိုခဲ့α€€ြα€žα€Š်။ α€žို့ α€žော် α€…α€…် α€€ောင်α€…ီα€˜α€€်α€€ ထချိα€”်ဆွဲ၍ ထဆိုပါ α€œူα€„α€š် ၇ α€₯ီးα€€ို ပြα€”်α€œွှတ်ခြင်းα€™α€›ှိ ခြင်းα€”ှင့် α€…α€…် α€€ောင်α€…ီ တပ်α€žားα€™ျားα€€ ပြα€Š်α€žူα€™ျားα€€ို α€œိုα€€်α€œံ ပစ်ခတ်ခြင်း ပြုα€œုပ်ခဲ့ခြင်း α€…α€žα€Š့်ထချα€€်α€™ျား α€€ြောင့် မင်းတပ်α€™ြို့တွင်း α€”ှα€…်α€–α€€် ထပြα€”်α€‘α€œှα€”် ပစ်ခတ်α€™ှုα€™ျား စတင်ခဲ့ခြင်းα€–ြα€…်α€žα€Š်။
 
πŸ“ŒπŸ“Œαƒ။ CNO/CNDF ထ α€”ေα€–ြင့် CJDC ထဖွဲ့ဝင်α€™ျားα€”ှင့်ဆက်α€œα€€်ပူး ပေါင်း၍ α€…α€…် α€€ောင်α€…ီ α€’ေါα€€်တိုင် α€™ျားα€€ို ထိ α€›ောα€€်α€…ွာ ထ α€›ေးα€šူ α€žွားα€™α€Š်

၂၀၂၂ ခုα€”ှα€…်၊ ဧပြီα€œ ၂၀-၂၃ α€›α€€်α€”ေ့ထထိ ချင်းထမျိူးα€žားထဖွဲ့ချူပ် (CNO) ၏ ပထမထကြိα€™် α€Šီα€œာခံα€‘α€…α€Š်းထဝေးα€€ြီးα€€ို α€Œာα€”ာချုပ်α€–ြα€…်α€žော Chinram, Camp Rihli တွင် α€€ျင်းပပြုα€œုပ်ခဲ့ α€€ြောင်းα€žိα€›α€žα€Š်။ α€Šီα€œာခံα€‘α€…α€Š်းထဝေးတွင် ချင်းထမျိူးα€žားထဖွဲ့ချုပ်α€”ှင့် ချင်းထမျိူးα€žား α€€ာα€€ွα€š်α€›ေး တပ်α€–ွဲ့α€›ှိ α€Œာα€”α€‘α€žီးα€žီး၏ တစ်α€”ှα€…်တာα€œုပ်ငန်းα€™ျား ထစီရင်ခံခြင်း၊ α€˜α€္ဏာα€›ေး ထစီရင်ခံ α€…ာတင်α€žွင်းခြင်း၊ တစ်α€”ှα€…်တာα€œုပ်ငန်း ဆောင်α€›ွα€€်α€™ှုα€™ျားထပေါ် ပြα€”်α€œα€Š် α€žုံးα€žα€•်ခြင်း α€”ှင့် α€›ှေ့ဆက် α€›α€™α€Š့် α€œုပ်ငန်းစဉ်α€™ျား၊ ထာဏာα€›ှင်α€…α€”α€…် ထမြα€…်ပြတ်α€–ျα€€်α€žိα€™်းα€›ေးα€”ှင့် α€–α€€်α€’α€›α€š်α€’ီα€™ို α€€α€›ေα€…ီ α€›α€›ှိα€›ေးထတွα€€် α€œိုထပ်α€žော ပြα€Š်α€žူ့ထုပ်ချူပ်α€›ေးထား CNO/CNDF α€…ိုးα€™ိုးα€”α€š်α€™ြေတွင် ထမြα€”်ဆုံး ထကောင် α€‘α€Š်α€–ော်α€›α€”် α€™ူဝါα€’α€™ျားα€”ှင့် α€…ီα€™ံα€€ိα€”်းα€™ျား၊ ချင်းပြα€Š်α€œုံခြုံα€›ေးα€”ှင့် α€€ာα€€ွα€š်α€›ေး ထတွα€€် ချင်းထမျိူးα€žား α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ ပိုα€™ိုထားα€€ောင်း α€œာα€…ေα€›α€”် CJDC တွင် ပါဝင်α€žော α€™ြို့α€”α€š်၊ α€’ေα€žα€‘α€œိုα€€် α€–ွဲ့α€…α€Š်းထားα€žော α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့α€™ျားα€”ှင့် ပူးပေါင်းပြီး ထိα€›ောα€€်α€žော α€œα€€်တွဲ α€œုပ်ဆောင်α€™ှုα€™ျား ဆောင်α€›ွα€€်α€žွားα€›α€”်၊ CNO/CNDF ထနေα€–ြင့် α€”ွေဦးတော်α€œှα€”်α€›ေး ထတွင်း ထရေးα€€ြီး ထခန်းကဏ္ဍတွင် ပါဝင်α€žα€Š့် CDMers α€™ျားα€”ှင့်ထတူ ချင်းပြα€Š်ထောင် α€α€Š်ထောင်α€›ာ တွင် ထတူတကွ α€œα€€်တွဲဆောင် α€›ွα€€်α€žွားα€™α€Š်α€–ြα€…်ပြီး α€…α€…်ထာဏာα€›ှင် α€…α€”α€…်ထား α€žα€€်ဆိုးα€›ှα€Š် α€α€Š် တံ့α€…ေα€žော α€’ေါα€€်တိုင်α€™ျားα€–ြα€…်α€€ြα€žα€Š့် Non-CDMer α€™ျားထား ထိထိα€›ောα€€်α€›ောα€€် ထရေးα€šူ ဆောင်α€›ွα€€်α€›α€”်၊ CNO/CNDF α€…ိုးα€™ိုး α€”α€š်α€™ြေထတွင်း တင်α€’ါα€œျှောα€€်ခြင်း၊ α€œုပ်ငန်းဆောင်α€›ွα€€် α€™ျားα€€ို α€œုံးဝ (α€œုံးဝ) ပိတ်ပင်တားα€™ြα€…်ပြီး α€œုပ်ငန်းဆောင်α€›ွα€€်ခဲ့ပါα€€ CNO/CNDF ၏ α€™ူဝါထတိုင်း ထရေး α€šူဆောင်α€›ွα€€်α€™ှုα€™ျား α€œုပ်ဆောင်α€›α€”်α€”ှင့် α€…α€…်ထာဏာα€›ှင် α€…α€”α€…်ထမြα€…်ပြတ် တိုα€€်α€–ျα€€်α€›ေး α€€ာα€œα€ွင် α€…α€…်ထာဏာα€›ှင်α€”ှင့် α€œα€€်တွဲပူးပေါင်းα€žα€Š့် α€™α€Š်α€žα€Š့် ပုဂ္ဂိုα€œ်၊ α€™α€Š်α€žα€Š့်ထဖွဲ့α€…α€Š်းမဆို ထာဏာα€›ှင် α€”ှင့်တတန်းα€α€Š်းထားα€€ာ ထရေးα€šူα€™ှုα€™ျားα€œုပ်ဆောင်α€žွားα€™α€Š်α€–ြα€…်α€€ြောင်း α€—α€Ÿိုα€‘α€œုပ်ထမှုဆောင် α€€ော်မတီ ချင်းထမျိူးα€žားထဖွဲ့ချုပ်α€€ ဆုံးα€–ြတ်ချα€€်ချα€™ှတ်ထုတ်ပြα€”်ထားα€žα€Š်။
 
πŸ“ŒπŸ“Œα„။ α€™α€€ွေးတိုင်း၊ ပုံတောင်တွင် α€›ေချိုးဆင်းα€œာα€žော α€…α€…်α€€ောင်α€…ီတပ်α€žားα€™ျားထား ပစ်ခတ် တိုα€€် ခိုα€€်α€›ာ (၆)α€šောα€€်α€žေ

၂၀၂၂ ဧပြီα€œ (၂၇)α€›α€€် α€šα€™α€”်α€”ေ့α€€ α€™α€€ွေးတိုင်း၊ ပုံα€Šာတွင် တပ်စခန်းချထားα€žော α€…α€…်α€€ောင်α€…ီတပ်α€™ှ α€›ှုခင်းα€žာ α€›ေα€›ှင်α€žို့ α€›ေချိုးဆင်းα€œာα€žော တပ်α€žား (၈)α€šောα€€်α€€ို ပစ်ခတ်တိုα€€်ခိုα€€်α€›ာ (၆)α€šောα€€် α€žေပြီး၊ α€€ျα€”် (၂)α€šောα€€်α€™ှာ ဒဏ်α€›ာα€€ိုα€š်α€…ီα€–ြင့် ထွα€€်ပြေးα€žွားα€€ြောင်း α€šောα€’ေα€žα€€ာα€€ွα€š်α€›ေး တပ် (YDF)α€€ ဧပြီα€œ (α‚αˆ)α€›α€€်α€™ှာ ထုတ်ပြα€”်ထားပါα€α€š်။
 
πŸ“ŒπŸ“Œα…။ α€€ုα€œα€‘α€€ြီးထကဲ α€›ောα€€်α€›ှိα€”ေတဲ့ α€™ြို့တော် Kyivα€€ို α€›ုα€›ှားα€€ α€—ုံးα€€ြဲတိုα€€်ခိုα€€်

α€€ုα€œα€žα€™α€‚္ဂ ထကြီးထကဲα€›ောα€€်α€›ှိα€”ေတဲ့ Kyiv α€™ြို့တော် ထပါထဝင် α€šူα€€α€›ိα€”်းα€”ိုင်ငံ α€”ေα€›ာတော်တော် α€™ျားα€™ျားα€€ို ဧပြီα€œ (α‚αˆ)α€›α€€် α€€ြာα€žα€•α€ေးα€”ေ့α€™ှာ α€›ုα€›ှားα€€ α€—ုံးα€€ြဲတိုα€€်ခိုα€€်ခဲ့ α€€ြောင်း VOA α€žα€α€„်း တစ်ပုα€’်α€™ှာ α€–ော်ပြထားပါα€α€š်။
 
α€™α€€ြာα€žေးခင် α€žီတင်းပတ်တွေα€€ α€›ုα€›ှားတပ်တွေ ဆုတ်ခွာα€žွားပြီးα€”ောα€€်ပိုင်း ပထမဆုံးထကြိα€™် α€šူα€€α€›ိα€”်းα€™ြို့တော်α€€ို တိုα€€်ခိုα€€်ခံα€›α€™ှုα€™ှာ α€‘α€”α€Š်းဆုံး ၁ ဦးα€žေ၊ ထများထပြား ဒဏ်α€›ာရခဲ့ပြီး ထပျα€€် ထစီးတွေထောα€€် ပိတ်α€™ိα€”ေα€žူတွေα€œα€Š်းα€›ှိခဲ့α€€ြောင်း α€€α€š်α€†α€š်α€›ေးဝန်ထမ်းတွေα€€ ပြောပါα€α€š်။ α€€ုα€œα€žα€™α€‚္ဂ ထတွင်းα€›ေးα€™ှူးချုပ်ကတော့ α€˜ေးထန္တရာα€š်ကင်းα€›ှင်းα€€ြောင်း ပြောခွင့်α€› ပုဂ္ဂိုα€œ်α€€ ပြောဆိုခဲ့တာပါ။ α€šူα€€α€›ိα€”်းထနောα€€်ပိုင်း Polinne α€˜ဲα€œာα€›ုα€…်α€”ဲ့ α€”α€š်စပ်ထနီးα€€ Chernihiv α€™ြို့တော် ထနောα€€်တောင်α€–α€€်α€€ ရထားα€œα€™်း ဆက်α€žွα€š်α€›ေး ထချα€€်ထခြာα€™ြို့α€–ြα€…်တဲ့ Fastiv ထပါထဝင် α€”ေα€›ာတော်တော်α€™ျားα€™ျားα€™ှာ ပေါα€€်α€€ွဲα€™ှုတွေ α€›ှိခဲ့α€€ြောင်းα€œα€Š်း α€žα€α€„်းတွေα€€ α€–ော်ပြα€€ြပါα€α€š်။ တောင်ပိုင်း Odesa α€™ြို့α€›ဲ့ α€™ြို့တော်ဝန်ကတော့ α€›ော့ကတ်α€’ုံးတွေα€€ို α€œေα€€ြောင်းα€›α€”် α€€ာα€€ွα€š် α€›ေးα€…α€”α€…်α€€ α€€ြားα€–ြတ် α€Ÿα€”့်တားα€”ိုင်ခဲ့α€€ြောင်း ပြောပါα€α€š်။

α€›ုα€›ှားα€€ ထဓိα€€ ပစ်α€™ှတ်ထားα€”ေတဲ့ α€šူα€€α€›ိα€”်းထရှေ့ပိုင်းα€€ α€…α€€်α€™ှုα€œုပ်ငန်းတွေα€›ှိα€›ာ Donbas α€”ဲ့ ထနီး ထနားα€€ ထဓိα€€ ထိုးα€…α€…်ဆင်တိုα€€်ခိုα€€်ခံα€”ေရတဲ့ Kharkiv α€™ြို့α€™ှာ α€›ုα€›ှားα€€ ထပြင်းထထန် ပစ်ခတ် တိုα€€်ခိုα€€်α€™ှုတွေ α€›ှိခဲ့α€€ြောင်းα€œα€Š်း α€žα€α€„်းတွေ ထွα€€်ပေါ်ခဲ့တာပါ။ တောင်ပိုင်း ဆိပ်α€€α€™်းα€™ြို့ α€–ြα€…်တဲ့ Mariupol α€™ှာတော့ α€Šα€–α€€်α€—ုံးα€€ြဲတိုα€€်ခိုα€€်α€™ှုα€€ြောင့် ထိခိုα€€်α€žေဆုံးα€™ှုတွေ α€›ှိခဲ့α€α€š်α€œို့α€œα€Š်း α€”ောα€€်ဆုံးα€€ြံ့α€€ြံ့ခံ ခုခံα€”ေတဲ့ α€žံမဏိα€…α€€်α€›ုံα€€ α€šူα€€α€›ိα€”်းတိုα€€်ခိုα€€်α€›ေးα€žα€™ား တွေα€€ ပြောတဲ့ထ α€€ြောင်း VOA α€žα€α€„်းတစ်ပုα€’်α€™ှာ α€–ော်ပြထားပါα€α€š်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment