၂၀၂၂ မေလ ၁၇ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ပြီး တရားလိုဖြစ်တဲ့ စစ်ကောင်စီခန့်အဂတိကော်မရှင် ကျန်းမာရေးခွင့်တိုင်၍ အမှုမစစ်ဖြစ်
📌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး နှင့် သားဖြစ်သူ ကိုနေမျိုးထက်တို့ကို အကြမ်းဖက်စစ်အုပ်စုမှဖမ်းဆီး
📌မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကိုစစ်ကောင်စီကထောင်ဒဏ် ၂၁ နှစ် ထပ်မံချမှတ်
📌စစ်ကောင်စီ တပ်ရဲ့ ဆေးရုံတပ်မှူး အလွဲသုံးစားလုပ်လို့ရတဲ့တစ်လဝင်ငွေဟာ သိန်းလေးဆယ်ကနေ ငါးဆယ်ဝန်းကျင်ရှိတယ်လို့ CDM သူနာပြုဗိုလ်ကြီး ခင်ပပထွန်းဖွင့်ချဖော်ထုတ်
📌ကနီနယ်တွင် စစ်ကောင်စီရဲ့ အမြှောက်တပ်တစ်ခုသာ ကျန်ရှိတော့
📌မီးလျှံကြားကဖြစ်ရပ်မှန် စကားသံများ ခေါင်းစဥ်နဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက စကားသံများ သတင်းမှတ်တမ်း ဗီဒီယိုကိုထုတ်လွှင့်ပြသမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ပြီး တရားလိုဖြစ်တဲ့ စစ်ကောင်စီခန့်အဂတိကော်မရှင် ကျန်းမာရေးခွင့်တိုင်၍ အမှုမစစ်ဖြစ်
မေလ ၁၆ ရက်နေ့မှာ ရဟတ်ယာဉ်ဌားရမ်း၊ဝယ်ယူတာနဲ့ပတ်သက်ပြီးနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ပြီး တရားလိုဖြစ်တဲ့ စစ်ကောင်စီခန့်အဂတိကော်မရှင် ကျန်းမာရေးခွင့်တိုင်၍ အမှုမစစ် ဖြစ်ဘူးလို့ နေပြည်တော်ရှိတရားရုံးအသိုင်းအဝိုင်းနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ရော သမ္မတဦးဝင်းမြင့် ရော ကျန်းမာရေးကောင်းပါတယ်။ ဟိုဘက်က ခွင့်တိုင်တာပေါ့"လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကဆိုပါတယ်။
စကစခန့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားလို ဦးအောင်ခန့် ဟာနေမကောင်းဘူးဆိုပြီး ရုံးတော်ကိုအကြောင်းကြားခဲ့တာဖြစ်ပါတယ်။ အမှုကို ရုံးတော်က မေလ ၂၃ ရက်နေ့ပြန်လည်ချိန်းဆိုလိုက်ပါတယ်။
=======================
📌📌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး နှင့် သားဖြစ်သူ ကိုနေမျိုးထက်တို့ကို အကြမ်းဖက်စစ်အုပ်စုမှဖမ်းဆီး
မေလ ၁၆ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး နှင့် သားဖြစ်သူ ကိုနေမျိုးထက်တို့ကို အကြမ်းဖက်စစ်အုပ်စုမှဖမ်းဆီးသွားတယ်လို့သတင်းရရှိပါတယ်။
ရှမ်းပြည်နယ်၊ ပင်းတယမြို့၊ ပေါက်တောရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး နှင့် သားဖြစ်သူ ကိုနေမျိုးထက်တို့ကို အကြမ်းဖက်စစ်အုပ်စုမှ မေလ ၁၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်ခန့်တွင် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။
ကိုနေမျိုးထက်ဟာ သမဝါယမဝန်ထမ်းတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားသူလည်းဖြစ်ပါတယ်။
========================
📌📌မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကိုစစ်ကောင်စီကထောင်ဒဏ် ၂၁ နှစ် ထပ်မံချမှတ်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အဂတိမှုတွေနဲ့ စွပ်စွဲထားတဲ့အမှုတွေကို ထောင်တွင်းအထူးတရားရုံးစစ်ဆေးပြီးမေလ ၁၆ ရက်မှာ ထောင်ဒဏ် ၂၁ နှစ် ထပ်မံ အမိန့်ချမှတ်လိုက်တာပါ။
ဝန်ကြီးချုပ်ဒေါက်တာအေးဇံဟာ တာဝန်ယူစဉ်ကာလအတွင်း လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ ငွေကြေးရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပါအဝင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၉ မှု နဲ့ မတရား စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် စွဲဆိုထားတဲ့ အဂတိအမှု အမှတ်စဉ် ၁ ကနေ ၆ ထိအတွက် တမှုကို ထောင်ဒဏ် ၂ နှစ်နှုန်းနဲ့ ထောင်ဒဏ် ၁၂ နှစ်၊ အဂတိအမှု အမှတ်စဉ် ၇ ကနေ ၉ ထိအတွက် တမှုကို ထောင်ဒဏ် ၃ နှစ်နှုန်းနဲ့ ထောင်ဒဏ် ၉ နှစ် ၊ စုစုပေါင်း ၂၁ နှစ် အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။
========================
📌📌စစ်ကောင်စီ တပ်ရဲ့ ဆေးရုံတပ်မှူး အလွဲသုံးစားလုပ်လို့ရတဲ့တစ်လဝင်ငွေဟာ သိန်းလေးဆယ်ကနေ ငါးဆယ်ဝန်းကျင်ရှိတယ်လို့ CDM သူနာပြုဗိုလ်ကြီး ခင်ပပထွန်းဖွင့်ချဖော်ထုတ်
မေလ ၁၅ ရက် နေ့ CDM တပ်အရာရှိများ စကားဝိုင်းမှာ CDM သူနာပြုဗိုလ်ကြီး ခင်ပပထွန်းက စစ်ကောင်စီ တပ်ရဲ့ ဆေးရုံတပ်မှူး အလွဲသုံးစားလုပ်လို့ရတဲ့တစ်လဝင်ငွေဟာ သိန်းလေးဆယ်ကနေ ငါးဆယ်ဝန်းကျင်ရှိတယ်လို့ ဖွင့်ချဖော်ထုတ်လိုက်ပါတယ်။
"ဆေးရုံပိုင်းမှာ လူနာတွေရှိတယ်။လူနာအတွက် ထောက်ပံတာရှိတယ်။ ဥပမာ လူနာကတစ်ရာရှိတယ်ဆိုရင် စာထဲ တစ်ရာ့ငါးဆယ်ထည့်ရေးတယ်။နောက် လူနာ အတွက် ချက်ပြုတ်တဲ့နေရာရှိတယ်။ဆေးထုတ်တဲ့ဆေးစတိုရှိတယ်။ မော်တော်ယာဥ်ဌာနကတော့ ဆီရှိတယ်။အဲဒီမှာ ဘယ်လိုလူတွေထားလဲဆိုတော့ အထက်အရာရှိကသူတို့ အလုပ်အကျွေးပြုမဲ့လူကိုထားလိုက်တယ်။ ထားလိုက်ပြီးတော့သူတို့ကလစဥ်သူတို့ကလာပေးရတယ်။ဆေးရုံတပ်မှူးကို။တစ်လ တစ်လကို သုံးနေရာက ရတာပဲသိန်းလေး၊ငါးဆယ်ဝန်းကျင်ရှိမယ်"လို့ဆိုပါတယ်။
ထို့အပြင်လူနာများကို ဒဏ်ရာအကျက်မြန်စေရန် အသားဟင်းများပိုပေးခိုင်းခြင်း၊ကြက်ဥပြုတ်များ ပိုပေးခိုင်းခြင်း၊ တန်ဖိုးကြီးဆေးများ ဆေးညွှန်းပေးခြင်းတို့လုပ်ဆောင်ခိုင်းသော်လည်း တာဝန်ခံတို့က ငြင်းဆန်ကာ ဆေးဝါးများကိုရောင်းပစ်ခြင်း၊ အလွဲသုံးစားပြုလုပ်ခြင်းတို့သာရှိခဲ့တယ်လို့သိရပါတယ်။
========================
📌📌ကနီနယ်တွင် စစ်ကောင်စီရဲ့ အမြှောက်တပ်တစ်ခုသာ ကျန်ရှိတော့
စစ်ကိုင်းတိုင်း ကနီနယ်တွင် စစ်ကောင်စီရဲ့ အမြှောက်တပ်တစ်ခုသာ ကျန်ရှိတော့တယ်လို့မေလ ၁၆ ရက်မှာ MDF တပ်ဖွဲ့ဝင်တစ်ဦးကအတည်ပြုဆိုထားပါတယ်။
"ကနီနယ်မှာ စကစရဲ့ အမြောက်တပ်တခုသာ ကျန်တော့မယ်။ ဝင်မနားစခန်းကိုလည်း MDF-PDF တပ်ရင်း တစ် နဲ့ မဟာမိတ် PDF
တပ်ရင်းများ ဝင်ရောက် စီးမိုးကာ အမှုန့်အဖြစ်ပြောင်းလဲနိုင်ခဲ့ကြတယ်။ စကစရဲ့ အမြှောက်တပ်ကို ထပ်မံ စီးမိုးနိုင်ပါကကနီနယ်သည် လွတ်မြောက်နယ်မြေအဖြစ်ကြေညာနိုင်မှာဖြစ်ပါတယ်"လို့ဆိုထားပါတယ်။ ကနီနယ် ဝင်းမနားရဲစခန်းကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စကစတပ်များဟာ စွန့်ပစ်ခဲ့ပါတယ်။
========================
📌📌မီးလျှံကြားကဖြစ်ရပ်မှန် စကားသံများ ခေါင်းစဥ်နဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက စကားသံများ သတင်းမှတ်တမ်း ဗီဒီယိုကိုထုတ်လွှင့်ပြသမယ်
မီးလျှံကြားကဖြစ်ရပ်မှန် စကားသံများ ခေါင်းစဥ်နဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက စကားသံများ သတင်းမှတ်တမ်း ဗီဒီယိုကိုထုတ်လွှင့်ပြသမယ်လို့မေလ၁၆ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးခံခဲ့သော ကျေးရွာများမှ ဒေသခံများ၏ ဖြစ်ရပ်မှန် စကားသံများ သတင်းမှတ်တမ်း ဗီဒီယို" ကို လာမည့် ဗုဒ္ဓဟူးနေ့ မေလ၁၈ရက်ညနေ (၆)နာရီအချိန်တွင် ဝန်ကြီးဌာန၏ Facebook စာမျက်နှာ နှင့် PVTV သတင်းဌာန၏ Facebook စာမျက်နှာ တို့တွင် ထုတ်လွှင့်သွားမှာလို့သိရပါတယ်။
လက်ရှိမှာ စစ်ကိုင်းတိုင်းဟာ စကစတပ်များ ရွာများကို မီးရှို့ဖျက်ဆီး၍ အရပ်သားများသတ်ဖြတ်ခံရမှုအများဆုံးလည်းဖြစ်ပါတယ်။
No comments:
Post a Comment