27th APR 2024 - Morning Daily News by Radio NUG

၂၀၂၄ ဧပြီလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဥရောပပါလီမန်၏ ဒုတိယဥက္ကဋ္ဌHeidi Hautalaနှင့် နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့တွေ့ဆုံ

📌 ၂။ လက်ရှိမြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားလျှော့နည်းပြတ်တောက်ရခြင်းအကြောင်းအရင်းမှာ စကစရဲ့ စွမ်းရည် ညံ့ဖျင်းမှုနဲ့ နိုင်ငံရေး စိတ်စေတနာ မရှိလို့ဖြစ်တယ်လို့ NUGလျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီးထုတ်ဖော်ပြောကြား

📌 ၃။ မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံမှုနှုန်း ကျဆင်းလာခဲ့ပြီး ကာကွယ်နိုင်တဲ့ ရောဂါ ကူးစက်နိုင်ခြေ တိုးပွားလာခဲ့တယ်လို့ ယူနီဆတ်မြန်မာထုတ်ပြန်

📌 ၄။ နာရေးကူညီမှုကားအသုံးပြု၍ ခမောက်ကြီးမြို့ အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှု့ဌာနချုပ်သို့ ပို့ဆောင်ပေးမည့် မြစိမ်းရောင်ချေးငွေလုပ်ငန်းမှ ငွေများကိုကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ သိမ်းဆည်းခဲ့

📌 ၅။ ရခိုင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့်  (၁၅) ဦး သေဆုံးခဲ့ပြီး  () ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရ


၂၀၂၄ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လိုင်ဇာ မြို့အဝင်ဆိုင်းဘုတ်စိုက်ထူမှု အောင်ပွဲခံခြင်းမဟုတ်လို့  ဗိုလ်ချုပ်ဂွန်မော်ပြော

🚩 ၂။ ရန်ကုန်တိုင်း တိုက်ခိုက်ရေးတပ်ဖွဲ့() သင်တန်းဆင်းအခမ်းအနားကျင်းပ

🚩 ၃။ မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးကျေးရွာ၏ အနောက်တောင်ဘက် ဘန်ကာရှေ့ဝန်းကျင်၌ နွားကျောင်းထွက်လာသော ပျူစောထီးများအား လက်ဖြောင့် ရိုင်ဖယ် သမားများမှ ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်ရာပျုတဦးသေ

🚩 ၄။ လှည်းကူးရှိ စစ်မှုထမ်းဟောင်းရုံးကို ပြောက်ကျားအဖွဲ့ ပြင်းအားမြင့် အဝေးထိန်းမိုင်းနဲ့တိုက်ခိုက်မှု ဦး ဒဏ်ရာရ

🚩 ၅။ ဖယ်ခုံမြို့မှ  ဖယ်ခုံအနောက်ဖက်ခြမ်းဘက် တောင်ယာတွင် စစ်ရှောင်နေကြသော မိသားစု ()စု ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်မှ စစ်ရှောင် အမျိုးသား ()ဦး ကို ရက်စက်စွာ ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး အမျိုးသမီးကိုမူ ရိုက်နှက်သတ်ဖြတ်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဥရောပပါလီမန်၏ ဒုတိယဥက္ကဋ္ဌHeidi Hautalaနှင့် နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့တွေ့ဆုံ


ဧပြီလ ၂၆ရက်။


ဥရောပပါလီမန်၏ ဒုတိယဥက္ကဋ္ဌ Heidi Hautalaနှင့် နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့တွေ့ဆုံခဲ့ပါတယ်။


ဧပြီလ၂၆ရက်မှာ European Parliament in Asean ဆိုရှယ်မီဒီယာကဖော်ပြပါတယ်။


"မြန်မာစကစမှာ အနာဂတ်မရှိဘူး၊ ဒါ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ သတင်းစကားပဲ ဖြစ်ရမယ်။ ဒီမိုကရက်တစ်အင်အားစုတွေကို ငွေကြေးအရရော အဖွဲ့အစည်းဆိုင်ရာပါ ပံ့ပိုးကူညီမှုတွေ ပိုလုပ်ရမှာပေါ့"လို့ ဥရောပပါလီမန်၏ ဒုတိယဥက္ကဋ္ဌ Heidi Hautalaကပြောကြားခဲ့ပါတယ်။


အဆိုပါနှစ်ဖက်တွေ့ဆုံမှုကို သတင်းထုတ်ပြန်ရာမှာ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူတကွ ဥရောပပါလီမန်၏ ဒုတိယဥက္ကဋ္ဌ Heidi Hautalaက တွဲရိုက်ထားသည့်မှတ်တမ်းဓာတ်ပုံကိုပါဖော်ပြခဲ့ပါတယ်။


========================


📌📌 ၂။ လက်ရှိမြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားလျှော့နည်းပြတ်တောက်ရခြင်းအကြောင်းအရင်းမှာ စကစရဲ့ စွမ်းရည် ညံ့ဖျင်းမှုနဲ့ နိုင်ငံရေး စိတ်စေတနာ မရှိလို့ဖြစ်တယ်လို့ NUGလျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီးထုတ်ဖော်ပြောကြား


ဧပြီလ ၂၆ရက်။

လက်ရှိမြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားလျှော့နည်းပြတ်တောက်ရခြင်းအကြောင်းအရင်းမှာ စကစရဲ့ စွမ်းရည် ညံ့ဖျင်းမှုနဲ့ နိုင်ငံရေး စိတ်စေတနာ မရှိလို့ဖြစ်တယ်လို့ NUGလျှပ်စစ်နှင့်စွမ်းအင်ဒုဝန်ကြီး ဦးမော်ထွန်းအောင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။


ဧပြီ၂၆ရက် ဆိုရှယ်မီဒီယာမှာ NUGလျှပ်စစ်နှင့်စွမ်းအင်ဒုဝန်ကြီး ဦးမော်ထွန်းအောင်ကဆိုထားပါတယ်။


"မြန်မာ ပြည်တွင်းမှာ နေထိုင်တဲ့မိတ်ဆွေများအနေနဲ့က လျှပ်စစ်အခြေအနေ ဘယ်လိုလဲလို့ သိချင်ကြမှာပါပဲ။ အာဏာ မသိမ်းမီ မီဂါဝပ် ၄၀၀၀ နီးပါး ရှိခဲ့ပြီး၊ အာဏာသိမ်းကာလ နောက်ပိုင်းမှာ ၂၄၀၀ မီဂါဝပ် အထိ ကျဆင်းသွားပါတယ်။ ရာခိုင်နှုန်းဖြင့်ဆိုရင် အနှုတ် ၄၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဘာဖြစ်လို့ ကျဆင်းသွားရတာလဲဆိုရင်။ စကစရဲ့ စွမ်းရည် ညံ့ဖျင်းမှုနဲ့ နိုင်ငံရေး စိတ်စေတနာ မရှိလို့ပဲလို့ အတိုချုပ်ဆိုရမှာပါ။ ဓာတ်ငွေ့ကို ပြည်တွင်းသုံးဖို့ထက်၊ ပြည်ပကိုသာရောင်းချပြီး၊ လေယာဥ်၊ စစ်လက်နက်ပစ္စည်း ဝယ်ပြီးတိုင်းရင်းသားပြည်သူတွေကို ဗုံးကျဲဖို့သာ လုပ်ဆောင်နေလို့ ဖြစ်တယ်လို့ ခြုံငုံသုံးသပ်လို့ရပါတယ်"လို့ဆိုပါတယ်။


လက်ရှိလည်ပတ်နေတဲ့ Independent Power Purchasing Agreement နဲ့လည်ပတ်နေတဲ့ စက်ရုံတွေဟာမြင့်မားတဲ့ဒေါ်လာစျေး အပြောင်းအလဲကြားမှာ ရပ်ထားရတာတွေရှိတယ်လို့ဆိုပါတယ်။


"စိတ်မကောင်းပေမယ့် လျှပ်စစ်အနေအထားကတော့ဖြင့် ရှေ့လျှောက်ပိုဆိုးလာဖို့ အကြောင်းရင်းပဲ များနေပါတယ်လို့ ပြောလိုပါတယ်။ ရာသီဥတု ပြောင်းလဲမှု အနေအထားအရလည်း Peak Load အတွက် အားထားသုံးနေရတဲ့ ရေအားလျှပ်စစ် တာတမံ ရေအဝင် ထိခိုက်လို့ ပိုဆိုးသွားနေစေပါတယ်"လို့ ဒုဝန်ကြီးဦးမော်ထွန်းကထပ်လောင်းဆိုထားပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံမှုနှုန်း ကျဆင်းလာခဲ့ပြီး ကာကွယ်နိုင်တဲ့ ရောဂါ ကူးစက်နိုင်ခြေ တိုးပွားလာခဲ့တယ်လို့ ယူနီဆတ်မြန်မာထုတ်ပြန်


ဧပြီလ ၂၆ရက်။

မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံမှုနှုန်း ကျဆင်းလာခဲ့ပြီး ကာကွယ်နိုင်တဲ့ ရောဂါ ကူးစက်နိုင်ခြေ တိုးပွားလာခဲ့တယ်လို့ ယူနီဆတ်မြန်မာက ဧပြီလ ၂၆ရက်မှာ တရားဝင်ဖော်ပြအသိပေးပါတယ်။


မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ကာကွယ်ဆေးထိုးနှံမှုနှုန်း ကျဆင်းလာခဲ့ပြီး ကာကွယ်နိုင်တဲ့ ရောဂါ ကူးစက်နိုင်ခြေ တိုးပွားလာခဲ့ရပါတယ်။ ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တဲ့ ရောဂါတွေကို ဘယ်ကလေးမှ ကူးစက်မခံစားသင့်ပါတယ်။ ကလေးတိုင်းကို အချိန်မီ ကာကွယ်ဆေးထိုးနှံပေးပြီး ပြည့်စုံတဲ့ အကာအကွယ်တွေ ရရှိအောင် လုပ်ဆောင်ပေးကြပါစို့လို့ ဖော်ပြထားပါတယ်။


ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ် ဧပြီလ ၂၄ရက်မှ ၃၀ ရက်အထိသတ်မှတ်ထားပါတယ်။ 


အကြမ်းဖက်စစ်တပ်ဟာ နိူုင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုယန္တရားမှန်သမျှကိုဖျက်ဆီးခဲ့ပါတယ်။


========================


📌📌 ၄။ နာရေးကူညီမှုကားအသုံးပြု၍ ခမောက်ကြီးမြို့ အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှု့ဌာနချုပ်သို့ ပို့ဆောင်ပေးမည့် မြစိမ်းရောင်ချေးငွေလုပ်ငန်းမှ ငွေများကိုကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ သိမ်းဆည်းခဲ့


ဧပြီလ ၂၆ရက်။

နာရေးကူညီမှုကားအသုံးပြု၍ခမောက်ကြီးမြို့ အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှု့ဌာနချုပ်သို့ ပို့ဆောင်ပေးမည့် မြစိမ်းရောင်ချေးငွေလုပ်ငန်းမှ ငွေများကိုကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ သိမ်းဆည်းခဲ့တယ်လို့သတင်းရရှိပါတယ်။


ဧပြီ၂၆ရက်မှာ ဖြစ်စဥ်ကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှအတည်ပြုထုတ်ပြန်ပါတယ်။

"ကော့သောင်းခရိုင် ခမောက်ကြီးမြို့ အေးချမ်းသာကျေးရွာမှ ထွက်လာသော နာရေးကူညီမှုကားအား ဧပြီလ၂၆ရက်နံနက်(:၃၀)အချိန်ခန့်တွင် ဆိပ်ဖူးကျေးရွာနှင့် အောင်ချမ်းသာကျေးရွာကြားတွင် မသင်္ကာ၍ ရှောင်တခင်တားဆီးစစ်ဆေးခဲ့ရာ  မြစိမ်းရောင်ချေးငွေလုပ်ငန်းမှ ငွေများကို ကျေးရွာပြည်သူများအား ပြန်လည်မပေးဆောင်ပဲ ခမောက်ကြီးမြို့အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှူ့ဌာနချုပ်သို့ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရသဖြင့် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ သိမ်းဆည်းခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါကိစ္စရပ်များဟာ ဒေသခံပြည်သူများနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပဲ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့(ပကဖ)

မှလုပ်ဆောင်ခဲ့ကြောင်း အသိပေးကြေညာအပ်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ၅။ ရခိုင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့်  (၁၅) ဦး သေဆုံးခဲ့ပြီး  () ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရ


ဧပြီလ ၂၆ရက်။


ရခိုင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့်  (၁၅) ဦး သေဆုံးခဲ့ပြီး  () ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဧပြီလ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရခိုင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား (၁၀) ဦး စုစုပေါင်း (၁၅) ဦး သေဆုံးခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၀ နှစ်အရွယ် ယောက်ျားလေး () ဦး ပါဝင်တယ်လို့ဖော်ပြပါတယ်။


အဆိုပါ (၁၅) ဦးအနက် () ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ () ဦးဖြင့် ဒုတိယအများဆုံး ဖြစ်ပါတယ်။


ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကျွန်းသာယာကျေးရွာအနီး နောင်တောင်ကြီး မြစ်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စု၏ ရေတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်သည်‌ မြေပုံမြို့နယ်၊ စညှင်းကျေးရွာ၊ ပုစွန်ဆည်အနီးကို ကျရောက်ပေါက်ကွဲခဲ့သောကြောင့် စစ်ဘေးရှောင်နေသည့် စညှင်းကျေးရွာမှ မေသန္တာခိုင်၏ ရင်ဘတ်အား ကျည်စထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်ကပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ လိုင်ဇာ မြို့အဝင်ဆိုင်းဘုတ်စိုက်ထူမှု အောင်ပွဲခံခြင်းမဟုတ်လို့  ဗိုလ်ချုပ်ဂွန်မော်ပြော


ဧပြီလ ၂၆ရက်။

လိုင်ဇာမြို့မှကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်ကို စိုက်ထူတာဟာ အောင်ပွဲခံတာမဟုတ်ဘူးလို့ ဗိုလ်ချုပ်ဂွန်မော်က ပြောလိုက်ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့-KIO/KIA က ဧပြီလ ၂၆ ရက်မနက်မှာ လိုင်ဇာမြို့မှကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်ကို စိုက်ထူခဲ့တာနဲ့ ပတ်သက်လို့ KIO ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်က ပြောလိုက်တာဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးကောင်စီ-KIC ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က လူမှုကွန်ရက်ကနေ ဖော်ပြပြောဆိုလိုက်တာ ဖြစ်ပြီး ဒေသနေသူတွေ အတိုင်းအတာ တခုအထိ လွတ်လပ်မှု ရသကို ပြန်ရရှိခဲ့တာလို့ အသိပေးထားပါတယ်။

ကချင်နဲ့ဗမာ ဘာသာစကား ၂မျိုး ရေးသားထားတဲ့ လိုင်ဇာမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်ကို ဧပြီ ၂၆ ရက်မှာ စိုက်ထူခဲ့ပြီး ဆုတောင်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ယနေ့မနက် အဝင်ဆိုင်းဘုတ် စိုက်ထူပြီး ဆုတောင်းကြပါတယ်။(အောင်ပွဲခံခြင်း မဟုတ်ပါ) ၁၀ နှစ်ကျော်မှ လိုင်ဇာ ဝင်ပေါက်များ ပြန်ဖွင့်နိုင်ခဲ့ကြချိန် ဒေသနေသူများ အတိုင်းအတာတစ်ခုထိ လွတ်လပ်မှုရသကို ပြန်ရရှိခဲ့ပါတယ်။  တနိုင်ငံလုံး လွတ်လပ်မှုအရသာခံစားနိုင်ဖို့ ဆက်လက်ကြိုးစားကြရပါအုံးမယ်လို့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ၎င်းရဲ့ လူမှုကွန်ယက် Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

KIA ဌာနချုပ် လိုင်ဇာနဲ့ အနီးပတ်ဝန်းကျင်မှာ ယခင်က စစ်ကောင်စီတပ်စခန်းများစွာရှိခဲ့ပေမယ့် ယခုနှစ် မတ်လဆန်းကစပြီး အဆိုပါတပ်စခန်းတွေကို KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

မတ်လ ရက်က စတင်စစ်ရှိန်မြှင့်ခဲ့တဲ့ ထိုးစစ်အတွင်း လိုင်ဇာအနီးက စစ်ကောင်စီတပ်စခန်းများ၊ မြစ်ကြီးနား-ဗန်းမော် လမ်း၊ ဝိုင်းမော်နဲ့မိုးမောက်မြို့နယ်က စစ်စခန်းများ၊ ဗန်းမော်-လွယ်ဂျယ်လမ်းက စစ်စခန်းများ စုစုပေါင်း တပ်ရင်းဌာနချုပ် များ အပါအဝင် တပ်စခန်းကြီးငယ် ၇၀ ကျော်ကို စစ်ဆင်ရေးကာလ တလဝန်းကျင်အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ရန်ကုန်တိုင်း တိုက်ခိုက်ရေးတပ်ဖွဲ့() သင်တန်းဆင်းအခမ်းအနားကျင်းပ


ဧပြီလ ၂၆ရက်။

ရန်ကုန်တိုင်း တိုက်ခိုက်ရေးတပ်ဖွဲ့() သင်တန်းဆင်းအခမ်းအနားကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။


သင်တန်းဆင်းအခမ်းအနားပွဲကို  ဧပြီလ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်း တိုက်ခိုက်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုမီးပွားအပြင် တပ်ဖွဲ့၏ အဓိကခေါင်းဆောင်များ တက်ရောက်ခဲ့ပါတယ်။


ရန်ကုန်တိုင်းဒေသကြီး၊ (.က.)တိုက်ခိုက်ရေးအဖွဲ့ တပ်ဖွဲ့() မွမ်းမံပြင်ဆင် သင်တန်းဆင်းအခမ်းအနားပွဲကို ရန်ကုန်တိုင်း တိုက်ခိုက်ရေးအဖွဲ့ တာဝန်ခံခေါင်းဆောင်၊ PDF Khayan ခေါင်းဆောင် ကိုမီးပွားမှတက်ရောက်စကားပြောကြားခဲ့ပါတယ်။


"မြန်မာပြည် စစ်အာဏာရှင်လက်အောက်က လွတ်မြောက်မှ မင်္ဂလာရှိမှာမို့ အဲ့ကျမှ ငါတို့က မင်္ဂလာပါလို့ နုတ်ခွန်းဆက်သကြမယ်၊ အဲ့လိုနုတ်ခွန်းဆက်သဖို့ဆိုရင် ငါတို့ညီအကို ရဲဘော်ရဲဘက် သေဖော်သေဖက် အိုးစားဖက်တွေအနေနဲ့ စည်းလုံးညီညွတ်ပြီးသမိုင်းတွေကို ရေးထိုးဖို့လိုတယ်၊ တော်လှန်ရေးဆိုတာ ပုံဖွဲ့ပြီးပြောနေရမယ့်အရာမဟုတ်ဘူး ကြီးမားသောပြောင်းလဲမှုကို တော်လှန်ရေးလို့ခေါ်တယ်၊

စစ်အာဏာရှင်စနစ်သာမကဘဲ အာဏာရှင်စနစ်မှန်သမျှ တွန်းလှန် ပြောင်းလဲပစ်ရမယ် အဲ့လိုပြောင်းလဲတဲ့နေရာမှာ ဆရာကြီး ဦးဝင်းတင် ပြောခဲ့တဲ့ စကားအတိုင်း စုဖွဲ့မှု "မကျိုးပဲ့စေနဲ့ စိတ်ဓါတ်မကျိုးပဲ့စေနဲ့ ကျန်းမာရေး မကျိုးပဲ့စေနဲ့ "အဲ့ဒါမှ ကြီးမားတဲ့ပြောင်းလဲမှုကို ပြောင်းလဲနိုင်မှာဖြစ်တယ်"လို့ တပ်ဖွဲ့တာဝန်ခံ ကိုမီးပွားကပြောပါတယ်။


ထို့နောက် ရန်ကုန်တိုင်း တိုက်ခိုက်ရေးအဖွဲ့ တပ်ဖွဲ့() သင်တန်းဆင်းအခမ်းအနားကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။


========================


🚩🚩 ၃။ မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးကျေးရွာ၏ အနောက်တောင်ဘက် ဘန်ကာရှေ့ဝန်းကျင်၌ နွားကျောင်းထွက်လာသော ပျူစောထီးများအား လက်ဖြောင့် ရိုင်ဖယ် သမားများမှ ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်ရာပျုတဦးသေ


ဧပြီလ ၂၆ရက်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးကျေးရွာ၏ အနောက်တောင်ဘက် ဘန်ကာ ရှေ့ဝန်းကျင်၌ နွားကျောင်းထွက်လာသော ပျူစောထီးများအား လက်ဖြောင့် ရိုင်ဖယ်သမားများမှ ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်ရာ ပျုတဦးသေဆုံးခဲ့ပါတယ်။


ဧပြီ၂၆ရက် နံနက် ၈နာရီ ၄၅ မိနစ် အချိန်ခန့်တွင် မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးကျေးရွာ၏ အနောက်တောင်ဘက် ဘန်ကာရှေ့ န်းကျင်၌ နွားကျောင်းထွက်လာသော ပျူစောထီးများအား လက်ဖြောင့် ရိုင်ဖယ်သမားများမှ ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖကအတည်ပြုပါတယ်။


ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျူစောထီးတဦးမှာ ခေါင်းကျည်ထိမှန်၍ နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

ကျန်ပျူစောထီးများမှာ  ရွာထဲသို့ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားခဲ့ပြီး တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း၁ တပ်ခွဲ-၁၊ တပ်ခွဲ-(ဂဠုန်) TYK ပျောက်ကြားတပ်ဖွဲ့၊ မုန်တိုင်းတပ်ဖွဲ့၊ Myaing Warriors MRDF အလင်းတန်းပြောက်ကျားတပ်ဖွဲ့တို့မှ ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။


========================


🚩🚩 ၄။ လှည်းကူးရှိ စစ်မှုထမ်းဟောင်းရုံးကို ပြောက်ကျားအဖွဲ့ ပြင်းအားမြင့် အဝေးထိန်းမိုင်းနဲ့တိုက်ခိုက်မှု ဦး ဒဏ်ရာရ


ဧပြီလ ၂၆ရက်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာရှိတဲ့ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးက ရုံးစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြင်းအားမြင့် အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့ရာ ဦး ဒဏ်ရာရသွားတယ်လို့ Yangon Armyထံကနေ သိရပါတယ်

အဆိုပါ စစ်မှုထမ်းဟောင်းအဖွဲ့ ရုံးစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို Yangon Army နှင့် အနောက်ပိုင်းခရိုင်ပကဖ တို့ပူးပေါင်းပြီး ဧပြီ ၂၆ ရက် နာရီခန့်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုရဲ့ ပေါက်ကွဲသံကို ကျယ်လောင်စွာကြားရတယ်လို့ လှည်းကူးဒေသခံတွေက ဆိုပါတယ်။

Yangon Army အနေနဲ့ စစ်ကောင်စီနဲ့ပတ်သက်သူများ၊ မတရားဥပဒေထုတ်ထားတဲ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး အားပေးအားမြှောက်လုပ်ဆောင်နေသူများကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။

Yangon Army အနေနဲ့ အကြမ်းဖက် စစ်အာဏာရှင်ဖြုတ်ချဖို့၊ အာဏာရှင်တွေကိုအမှီပြုပြီး ပြည်သူတွေအပေါ် နည်းမျိုးစုံနဲ့ဒုက္ခပေးနေတဲ့သူတွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။

ထို့ပြင် အခြားပစ်မှတ်ကြီးများကိုလည်း မဟာမိတ်တွေနဲ့ပူးပေါင်းလုပ်ဆောင်မှာဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီနဲ့သက်ဆိုင်တဲ့နေရာတွေကို မသွားကြဖို့ Yangon Army က မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၅။ ဖယ်ခုံမြို့မှ  ဖယ်ခုံအနောက်ဖက်ခြမ်းဘက် တောင်ယာတွင် စစ်ရှောင်နေကြသော မိသားစု ()စု ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်မှ စစ်ရှောင် အမျိုးသား ()ဦး ကို ရက်စက်စွာ ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး အမျိုးသမီးကိုမူ ရိုက်နှက်သတ်ဖြတ်ခဲ့


ဧပြီလ ၂၆ရက်။

ဖယ်ခုံမြို့မှ  ဖယ်ခုံအနောက်ဖက်ခြမ်းဘက် တောင်ယာတွင် စစ်ရှောင်နေကြသော မိသားစု ()စု ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်မှ စစ်ရှောင် အမျိုးသား ()ဦး ကို ရက်စက်စွာ ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး အမျိုးသမီးကိုမူ ရိုက်နှက်သတ်ဖြတ်ခဲ့ပါတယ်။


ဧပြီ၂၆ရက်မှာ Karenni Human Rights Groupကတရားဝင်အသိပေးဖော်ပြပါတယ်။


ဧပြီလ ၂၁ရက်နေ့ တွင် ဖယ်ခုံမြို့ မှ  ဖယ်ခုံအနောက်ဖက်ခြမ်းဘက် တောင်ယာတွင် စစ်ရှောင်နေကြသော မိသားစု ()စု ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်မှ စစ်ရှောင် အမျိုးသား ()ဦး ကို ရက်စက်စွာ ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ()ဦး နှင် ကလေးငယ် ()ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။  ဖမ်းဆီးခံရသော အမျိုးသမီး ()ဦးနှင့် ကလေး ()ဦး ပြန်လည် လွတ်မြောက်လာသော်လည်း ကျန်မ်းဆီးခေါ်ဆောင်သွားခံရသော အမြျိုးသမီး ()ဦးမှာ ဦးခေါင်းကို ရက်စက်စွာ ရိုက်နှက်နှိပ်စက်ပြီး သတ်ဖြတ်ခြင်း ခံခဲ့ရတယ်လို့ဖော်ပြပါတယ်။


ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရသူမှာအသက် ၃၆ နှစ် အမျိုးသား ဦး၊အသက် ၃၇ နှစ် အမျိုးသမီး ၁ဦး၊အသက် ၃၃ နှစ် အမျိုးသား ဦးတို့ဖြစ်ကြပါတယ်။


 ဧပြီလ ၂၃ရက်နေ့ကတွင်လည်း ဖယ်ခုံအနောက်ဘက်ခြမ်း အရပ်သားပြည်သူ ()ဦး တောင်ယာမှ အပြန်တွင် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် တိုး၍ အရပ်သားပြည်သူ ()ဦး လုံးကို ရက်စက်စွာ ပစ်သတ်ခြင်းခံခဲ့ရပါတယ်။


၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နှင့် ၂၃ ရက်နေ့တွင် စစ်ကောင်စီမှ အရပ်သားပြည်သူ အမျိုးသမီး ()ဦးနှင့် အမျိုးသား ()ဦး ကို စုစုပေါင်း ()ဦးကို ရက်စက်စွာ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခဲ့တယ်လို့ဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment