20th MAY 2024 - Morning Daily News by Radio NUG

၂၀၂၄ မေလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်(SFUH)တို့ တွေ့ဆုံဆွေးနွေး

📌 ၂။ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ ပျက်စီးချင်တိုင်းပျက်စီးနေတဲ့ စစ်တပ်ကို ပြည်သူလူထုကပြင်ရတော့မယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြားလိုက်

📌 ၃။ ဂျပန်နိုင်ငံ နာဂိုရာမြို့တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် လူထုတွေ့ဆုံပွဲကျင်းပ

📌 ၄။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကြောင့် လျှပ်စစ်ကဏ္ဍဟာ လက်ရှိထုတ်နိုင်နေတဲ့ ၂၅၀၀-၂၂၀၀ မီဂါဝတ်ကနေ ၂၀ရာခိုင်နှုန်း နီးပါးထပ်ကျဖို့ အကြောင်းရှိနေတယ်လို့ လျှပ်စစ်ဒုဝန်ကြီးအသိပေး

📌 ၅။ တအောင်းဒေသတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မှာ ဖြစ်ကြောင်း TLEC ကြေညာ

📌 ၆။ မြဝတီ လဝက မြို့နယ်မှူး ကျော်စိုးထွန်းကို တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့် စစ်ကောင်စီ ဖမ်းဆီးချုပ်နှောင်စစ်ဆေးနေ

📌 ၇။ ပုလဲမြို့နယ် ရက်ရှည်စစ်ရှောင်များဆီသို့ ဆန်တင်း (၁၀၀) လှူဒါန်း

📌 ၈။ ရန်ကုန်နဲ့ မန္တလေးမြို့က လူစည်ကားရာ အရပ်များမှာ အကြမ်းဖက်စစ်မှုထမ်းဥပဒေကို တုံ့ပြန်ရန် လက်ကမ်းစာရွက်များ ဖြန့်ချီ


၂၀၂၄ ခုနှစ် မေလ ၂၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဦး /ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော် DSNDF/DSNDAမှ သင်တန်းအပတ်စဉ်( )သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း

🚩 ၂။ အင်္ဂဘိုကျေးရွာသို့ စစ်ကြောင်းထိုးလာသောစကစ စစ်ကြောင်းအား မဟာမိတ် ERO များနှင့် ပူးပေါင်းတိုက်ခိုက်

🚩 ၃။ တွန်းဇံမြို့နယ်ရှိ ကျီခါးမြို့ကို ချင်းပူးပေါင်းတပ်များ သိမ်းပိုက်

🚩 ၄။ ထန်းမတော ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဦးသေဆုံး

🚩 ၅။ မင်းတုန်းမြို့မှ ပြောင်းကျေးရွာသို့ အင်အားဖြည့်တင်းရန် ထွက်လာသော အင်အား (၆၀) ခန့်ပါ Faw ကား () စီးကို မိုင်းဆွဲပစ်ခတ်ရာ စကစတပ်သား ၃၀ခန့် ထိခိုက်သေဆုံး

🚩 ၆။ ခလယ်လွီထူခရိုင်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ () ဦးသေဆုံးခဲ့ရပြီး () ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရကာ ဘုန်းကြီး ဘာသာရေးအဆောက်အဦး တစ်ခုပျက်စီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်(SFUH)တို့ တွေ့ဆုံဆွေးနွေး


မေလ ၁၉ရက်။


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)နှင့် ၂၀၂၄ ခုနှစ်၊ မေလ ၁၉ရက်နေ့၊ ဗီဒီယိုကွန်ဖရင့်မှ တစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)ဘက်မှလည်းဥက္ကဋ္ဇ ဦးအောင်ကြည်ညွန့်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) အဖွဲ့ဝင်နှင့် ဖက်ဒရယ်ရေးရာကော်မတီမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌက ဖက်ဒရယ်ယူနစ်လွှတ်တော်၏ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံရေးဆွဲရေးကော်မရှင်အဖွဲ့ဝင် ယူနစ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကော်မရှင်၏ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းစဉ်များနှင့် စိန်ခေါ်မှုများအား ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။


ထို့နောက် ဒေသအတွင်း ပြောင်းလဲဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေများနှင့် စိန်ခေါ်မှုများကို အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြတယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် (SFUH)ကထုတ်ပြန်ပါတယ်။


========================


📌📌 ၂။ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ ပျက်စီးချင်တိုင်းပျက်စီးနေတဲ့ စစ်တပ်ကို ပြည်သူလူထုကပြင်ရတော့မယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြားလိုက်


မေလ ၁၉ရက်။


ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ ပျက်စီးချင်တိုင်းပျက်စီးနေတဲ့စစ်တပ်ကို ပြည်သူလူထုက ပြင်ရတော့မယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြားလိုက်ပါတယ်။


မေလ၁၉ရက် ကိုရီးယားနိုင်ငံအင်ချွန်း ဘူဖျောင်းမြို့နယ်ခန်းမတွင်ကျင်းပတဲ့လူထုတွေ့ဆုံပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။


"လွတ်လပ်ရေးမရခင်ကတည်းကရှိခဲ့တဲ့ ဒီတပ်ကြီးဟာဘယ်လောက်အထိ ပျက်စီးနေပြီလဲဆိုတာကျွန်မတို့ ပြည်သူလူထုဘဝနဲ့ရင်းနှီးပြီးတော့ မျိုးဆက်လိုက်ခံစားခဲ့ရတယ်။ အချိန်ကာလရွေ့လျားသည်နှင့်အမျှ ဒီတပ်မတော်ရဲ့အခန်းကဏ္ဍသည် တပ်မတော်ရဲ့စွမ်းရည်၊တပ်မတော်ရဲ့လူထုအပေါ်ထားရှိတဲ့သဘောထား၊ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲနဲ့ ကိုယ်နဲ့မဆိုင်တဲ့အလုပ် ဝင်လုပ်ပြီးတော့ ပျက်စီးချင်တိုင်းပျက်စီးနေတဲ့တပ်ကို သူ့ဘာသာမပြင်ဘူးဆိုရင် ကျွန်မတို့ ပြည်သူလူထုကပြင်ရတော့မယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် လက်ရှိဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပြည်သူလူထုကို စောင့်ရှောက်ကာကွယ်ရုံသာမက အလုပ်အကျွေးပြုတဲ့ အမတေတပ်မတော် စံနမူနာပြဖြစ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီးကထပ်မံဆိုပါတယ်။


========================


📌📌 ၃။ ဂျပန်နိုင်ငံ နာဂိုရာမြို့တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် လူထုတွေ့ဆုံပွဲကျင်းပ


မေလ ၁၉ရက်။ 

ဂျပန်နိုင်ငံ နာဂိုရာမြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများတွေ့ဆုံခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲကို မေလ ၁၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး လူထုသိရှိလိုသည်များကိုဝန်ကြီးကရှင်းလင်းပြောကြားခဲ့ပါတယ်။


ဂျပန်နိုင်ငံသို့အလုပ်သဘောခရီးစဥ်အဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်အဖြစ်ရောက်ရှိနေခြင်းဖြစ်ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကြောင့် လျှပ်စစ်ကဏ္ဍဟာ လက်ရှိထုတ်နိုင်နေတဲ့ ၂၅၀၀-၂၂၀၀ မီဂါဝတ်ကနေ ၂၀ရာခိုင်နှုန်း နီးပါးထပ်ကျဖို့ အကြောင်းရှိနေတယ်လို့ လျှပ်စစ်ဒုဝန်ကြီးအသိပေး


မေလ ၁၉ရက်။


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကြောင့် လျှပ်စစ်ကဏ္ဍဟာ လက်ရှိ ထုတ်နိုင်နေတဲ့ ၂၅၀၀-၂၂၀၀ မီဂါဝတ်ကနေ ၂၀ရာခိုင်နှုန်းနီးပါး ထပ်ကျဖို့ အကြောင်းရှိနေတယ်လို့ လျှပ်စစ်ဒုဝန်ကြီးဦးမော်ထွန်းအောင်ကအသိပေးဆိုပါတယ်။


မေလ၁၉ရက်ဆိုရှယ်မီဒီယာမှာ NUG လျှပ်စစ်ဒုဝန်ကြီးဦးမော်ထွန်းအောင်ကသုံးသပ်ဆိုထားပါတယ်။


"စစ်တပ်ကြောင့်ဒေါ်လာစျေးအဆမတန် တက်သွားလို့ ဂတ်စ်နဲ့ ပေးတဲ့ လျှပ်စစ်ထုတ်လုပ်မှုကိုလျှော့ချနေရမှု၊ ရေအားလျှပ်စစ်ကိုလည်း peak load (အမြင့်ဆုံးသုံးတဲ့ အချိန် တိုးပေးနိုင်ဖို့)အတွက် ရည်ရွယ်ပေမယ့် ၂၄ နာရီလည်ပတ်နေရပြီး ရာသီဥတုကြောင့် ရေအရင်းအမြစ်တွေ မထိန်းချုပ်နိုင်ခြင်းတို့ကြောင့် လာမယ့်ကာလများမှာလည်း ထုတ်လုပ်အားကျလာမှာပဲ ဖြစ်တယ်။ လက်ရှိ အချက်အလက်များကို ဆန်းစစ်ချက်အရ လျှပ်စစ်ကဏ္ဍဟာ မင်းအောင်လှိုင် အာဏာသိမ်းပြီးကတည်းက အကျဘက်မှာ ကျပ်ငွေတန်ဖိုးနဲ့ အပြိုင်ထိုးဆင်းနေတာဖြစ်လို့၊ ဒီနှစ်မှာလည်း လက်ရှိထုတ်နိုင်နေတဲ့ ၂၅၀၀-၂၂၀၀ မီဂါဝတ်ကနေ 

၂၀ရာခိုင်နှုန်း နီးပါးထပ်ကျဖို့ အကြောင်းရှိနေပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်စွမ်းအင် ကဏ္ဍဟာလက်ရှိမှာရော၊ အနာဂတ်မှာပါ စိန်ခေါ်မှု အကြီးအကျယ်ရှိနေပြီး နိုင်ငံရေးပြသနာ၊ နိုင်ငံရေးအရရွေးချယ်မှုပြသနာ ဖြစ်သလို၊ ဘောဂဗေဒဆိုင်ရာ မူဝါဒများ ပြသနာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။


========================


📌📌 ၅။ တအောင်းဒေသတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မှာ ဖြစ်ကြောင်း TLEC ကြေညာ


မေလ ၁၉ ရက်။

Radio NUG


တအောင်း ဒေသတွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အတွက် အခြေခံပညာ ကျောင်းများကို ဂျွန်လ (၁၀) ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့ တအာင်းပြည် ပညာရေးကောင်စီ (TLEC) က ထုတ်ပြန်ကြေညာ ထားပါတယ်။


၂၀၂၄-၂၅ ပညာသင်နှစ်အတွက် TLEC အခြေခံပညာ ကျောင်းများမှာ တက်ရောက် ပညာသင်ကြားမယ့် ကျောင်းသား/သူများ အနေဖြင့် ဇွန်လ ရက်နေ့ကနေ ရက်နေ့အထိ မိမိတို့ တက်ရောက်မယ့် ကျောင်းများမှာ မိဘ/အုပ်ထိန်းသူနှင့်အတူ သွားရောက် ကျောင်းအပ်နှံကြဖို့ကို အသိပေးထားပါတယ်။


ကျောင်းအပ်နှံရာမှာ TLEC ရဲ့ ပညာရေးယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်စေဖို့ ပညာရေး ရန်ပုံငွေကို ကျောင်းသား/သူများ တက်ရောက်မယ့်အတန်းပေါ် မူတည်ပြီး တစ်သိန်းကနေ နှစ်သိန်းအထိ ကောက်ခံသွားမှာဖြစ်ကာ တစ်ခါတည်း ပေးသွင်းရန် အခက်အခဲရှိပါက နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ထိ ခွဲပြီး ပေးသွင်းနိုင်တယ်လို့ ဆိုထားပါတယ်။


ထို့ပြင် TLEC ကျောင်းများ အနေဖြင့် မိခင်ဘာသာစကား အခြေပြု ပညာရေးကျောင်း ဖြစ်တဲ့အတွက် တအောင်းပြည်မှာ နေထိုင်တဲ့ တိုင်းရင်းသား အားလုံးရဲ့ မိခင် ဘာသာစကားနဲ့ ယဉ်ကျေးမှုများ ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ကျောင်းဝတ်စုံများကို တစ်ပတ်နှစ်ရက် မိမိတို့ တိုင်းရင်းသား အသီးသီးရဲ့ ဝိသေသ လက္ခဏာကို ဖော်ညွှန်းတဲ့ ဝတ်စုံကို ဝတ်ဆင်ကြဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။


တအောင်းဒေသရှိ ကလေးသူငယ်များအနေနဲ့ ကလေးသူငယ် အခွင့်အရေး ရရှိဖို့၊ ကျောင်းသား/သူများ ပညာသင်ကြားခွင့် ရရှိဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ အခြေပြုပညာရေးများ ရရှိနိုင်ဖို့အတွက် အပြည်ပြည် အရပ်ရပ်မှ အလှူရှင်များအနေနဲ့ ကျောင်းသားမိဘများနှင့်အတူ ဝိုင်းဝန်းထောက်ပံ့ ပေးဖို့ကိုလည်း TLEC က တိုက်တွန်း ထားပါတယ်။


========================


📌📌 ၆။ မြဝတီ လဝက မြို့နယ်မှူး ကျော်စိုးထွန်းကို တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့် စစ်ကောင်စီ ဖမ်းဆီးချုပ်နှောင်စစ်ဆေးနေ


မေလ ၁၉ရက်။ 

Radio NUG


မြဝတီလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန -လဝက မြို့နယ် ဦးစီးမှူးကျော်စိုးထွန်းအား တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့် စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင် စစ်ဆေးနေကြောင်း Karen Information Center-KIC မှာ ဖော်ပြထားပါတယ်။


ကျော်စိုးထွန်းသည် တရားမဝင်လက်နက်ကိုင်ဆောင်ပြီး UID စမတ်ကဒ် ပွဲစားတစ်ဦးအား ဦးခေါင်း ထုရိုက်အကြမ်းဖက်ဖြစ်စဉ်ကို မြဝတီ (လဝက) ခရိုင်မှူးကျော်ကျော်သန်းက သတင်းပေးတိုင်ကြားခြင်းကြောင့် မေလ ၁၅ ရက်တွင် မြဝတီမြို့မရဲတပ်ဖွဲ့က ၎င်းအားဖမ်းဆီးချုပ်ထားလိုက်ခြင်းဖြစ်ကြောင်း လဝက ဝန်ထမ်းနှင့်နီးစပ်သည့် မြို့ခံတစ်ဦးက ပြောကြားထားပါတယ်။


အဲဒီမြို့နယ်မှူးက ဆက်ဆံရေး ရိုင်းစိုင်းတယ်။ ပစ္စတို ပွိုင့် ၃၈ သေနတ်ဝယ်ကိုင်ထားတယ်။ ရုံးထဲမှာ သေနတ်ခါးထိုးထားပြီးနေတယ်။ စမတ်ကဒ် ပွဲစားနဲ့ ပြဿနာဖြစ်ပြီး ရုံးထဲမှာ ပွဲစားကို သေနတ်နဲ့ ခေါင်းကိုထုရိုက်တာမှာ ပွဲစားခေါင်းကွဲသွားတယ်။ 

ရုံးထဲမှာ သူကဘယ်သူ့တိုင်တိုင် ဂရုမစိုက်ဘူးလို့ ပုဆိုးလှန်ပြီး စမတ်ကဒ်လာလုပ်တဲ့သူတွေကို ဆဲဆိုတာလည်း ရှိတယ်။ အခုက သူ့အထက်က ခရိုင်( ဝက)မှူးက တိုင်ချက်ဖွင့်လို့ သူ့ကိုဖမ်းပြီး ရဲစခန်းမှာစစ်နေတယ်တော့ သိရတယ်ဟု ပြောကြားထားပါတယ်။


လတ်တလောတွင် မြဝတီလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတွင် UID စမတ်ကဒ်လုပ် ပေးနေသည့်အစီအစဉ်ကို ရွှေမြစန္ဒီစည်ပင်ဌာနကွင်းအတွင်း နေရာပြောင်းလဲပြီး မှတ်တမ်းရေးသွင်းစက် လုံးဖြင့် တစ်နေ့ လူ ၃၀၀ နှုန်းလက်ခံ ဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။


လက်ရှိ မြဝတီမြို့မှ ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်သွားလာခွင့်ကို စမတ်ကဒ် UID နံပါတ် ၁၀လုံးပါ ကိုယ်ရေးအချက်အလက်များ မှန်ကန်ကြောင်း စစ်ဆေးပြီးမှသာ ယာယီတံတား ဖြတ်သန်းခွင့် ထုတ်ပေးသည့်စနစ်ကို ပြောင်းလဲလိုက်ခြင်းကြောင့် မြဝတီ (လဝက)ရုံးတွင် စမတ်ကဒ် အမြန်ရအောင် ပွဲစားကတဆင့် လုပ်ဆောင်သူများပြားနေပြီး လာဘ်ပေးလာဘ်ယူမှုများရှိနေကြောင်း မြဝတီ မြို့ခံများက ပြောပါတယ်။


ကျွန်မတို့က မြို့မှာနေတဲ့သူဆိုတော့ ပုံမှန်ပဲလုပ်တယ်။ ဖောင်ကြေး ၃ထောင်ပေးရတယ်၊ တုံကင်ရက်ချိန်း စောင့်တယ်။ ပတ်လောက် ကြာတယ်။ အချက်အလက်တွေ စစ်တယ်။ စမတ်ကဒ်ရတယ်ပေါ့၊ တခြားနယ်ကလာတဲ့သူတွေကတော့ မြဝတီရောက်မှ လဝကရုံးမှာ စမတ်ကဒ်လာဝင်လုပ်ကြတာဆိုတော့ အမြန်ကြေးပေးပြီး လုပ်ကြတော့ ငွေ သိန်း သိန်း အထိ ပေးရတာတွေရှိတယ်။ အဲ့တာမျိုးလည်းလဝကတွေ၊ ပွဲစားတွေကနေတဆင့်ခံ လာဘ်ငွေယူပြီး လုပ်ပေးနေတာတော့ တွေ့နေရတယ်ဟု မြဝတီအမှတ် ရပ်ကွက်နေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောကြားထားပါတယ်။


လက်ရှိ မြဝတီ /မဲဆောက် ချစ်ကြည်ရေးတံတားအမှတ် ဖြတ်သန်းသွားလာခွင့်ကို UID စမတ်ကဒ် အချက်အလက် တိုက်ဆိုင်စစ်ဆးသည့် စနစ်ဖြင့်စစ်ဆေးပြီးမှသာ ပြစ်မှုကင်းရှင်းသူ၊ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ပြန်ခံထားရခြင်းမရှိသူ၊ CDM ပြုလုပ်ပြီး ရှောင်တိမ်းနေသည့် ဝန်ထမ်းဟုတ်မဟုတ် စစ်ဆေးပြီးမှသာ မဲဆောက်မြို့ဘက် သွားလာခွင့်ကဒ်ထုတ်ပေးသည်ဟု သိရပါတယ်။


========================


📌📌 ၇။ ပုလဲမြို့နယ် ရက်ရှည်စစ်ရှောင်များဆီသို့ ဆန်တင်း (၁၀၀) လှူဒါန်း


မေ ၁၉ Radio NUG


ပုလဲမြို့နယ်အတွင်း ရက်ရှည်စစ်ရှောင် အိမ်ထောင်စု ၅၇စု အတွက် တစ်လစာ ဆန်တင်း၁၀၀ လှူဒါန်းခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဖော်ပြထားပါတယ်။


မကွေးတိုင်းမှရှောင်လာသော စစ်ရှောင်များဖြစ်ပြီး မိုးရာသီတွင် လမ်းပန်းဆက်သွယ်ရေးအရ ဆန်လိုအပ်ချက်ရှိနေတာကြောင့် တစ်လစာ ဆန်တင်း၁၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။


"မိုးရာသီဆို အလှူရှင်တွေ အရောက်နည်းတာကြောင့် ဆန်မရှိမှာကို စိုးရိမ်နေကြတယ်ဗျ မိုးတွင်း၅လအတွက် ဆန်လိုအပ်ချက် ရှိနေပါတယ်"လို့ ပြောကြားထားပါတယ်။


အညာပစ်တိုင်းထောင်လေးများ အဖွဲ့နှင့်အတူ ပုလဲမြို့နယ် ပအဖ မှလည်းပြည်သူများအား အားပေးစကားများပြောဆိုခဲ့ပါတယ်။


တစ်လစာ ဆန်တင်း၁၀၀အတွက် တန်ဖိုးအားဖြင့် ကျပ်သိန်း၅၀ ကုန်ကျခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၈။ ရန်ကုန်နဲ့ မန္တလေးမြို့က လူစည်ကားရာ အရပ်များမှာ အကြမ်းဖက်စစ်မှုထမ်းဥပဒေကို တုံ့ပြန်ရန် လက်ကမ်းစာရွက်များ ဖြန့်ချီ


မေလ ၁၉ရက်။ 

Radio NUG


ရန်ကုန်နဲ့ မန္တလေးမြို့က လူစည်ကားရာ အရပ်များမှာ အကြမ်းဖက်စစ်မှုထမ်းဥပဒေကို တုံ့ပြန်ရန် လက်ကမ်းစာရွက်များ ဖြန့်ချီခဲ့တယ်လို့ ပြည်သူ့ရင်ခွင် - People's Embraceက ထုတ်ပြန်ထားပါတယ်။


မေလ၁၉ရက်နေ့မှာ ပြည်သူ့ရင်ခွင်နှင့် တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်း၍ လူငယ်များအား စစ်ကောင်စီ၏ လက်ခုပ်ထဲကရေဘဝမှ လက်ခုပ်ထဲက ဖန်ကွဲစများဖြစ်လာစေရန် လက်ကမ်းစာရွက်များကို ရန်ကုန်နဲ့ မန္တလေးမြို့က လူစည်ကားရာ အရပ်များမှာ လိုက်လံဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ဖြန့်ဝေမှုကို Kyimyidaing Networks (KMD18) Mayangone Democratic Front (MDF) Owl Community လင်းရောင်နီ (လူငယ် အဖွဲ့အစည်း) ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) 

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ လူ့ဘောင်သစ် (လူငယ်အဖွဲ့အစည်း) စမ်းချောင်းပင်မသပိတ် စစ်ကြောင်းတွေနဲ့ ပြည်သူ့ရင်ခွင် - People's Embrace အဖွဲ့တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်ခေါ်ဆောင်သွားခံရတဲ့အခါ တုံ့ပြန်ဆောင်ရွက်နိုင်တာတွေကို လမ်းညွှန်ပေးထားတာလည်း ဖြစ်ပါတယ်။ လက်ကမ်းစာရွက်ပုံတွေကို မိမိတို့ နီးစပ်ရာကို လက်ဆင့်ကမ်းမျှဝေလို့ရကြောင်း ပြောဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဦး /ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော် DSNDF/DSNDAမှ သင်တန်းအပတ်စဉ်( )သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း


မေလ ၁၉ရက်။

မေလ ၁၇ရက်နေ့တွင် ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဦး /ဓနုပြည်နယ်အမျိုးသား ကာကွယ်ရေးတပ်တော်မှ သင်တန်းအပတ်စဉ်( )အား အောင်မြင်စွာသင်ကြား ပြီးမြောက်ခဲ့ကြောင်း DSNDF/DSNDAမှ သတင်းထုတ်ပြန်ပါတယ်။


လက်ရှိတွင် စကစမှ စစ်မှုထမ်း ဥပဒေ သတ်မှတ်အတည်ပြု ကောက်ခံလာသည့်နောက် ဓနုပြည်နယ်အမျိုးသား ကာကွယ်ရေးတပ်ဦး/ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်တွင် တာဝန်ထမ်းဆောင်ရန်ဝင်ရောက်လာသူ ပိုမိုများပြားလာခဲ့ပြီး၊ ဝင်ရောက်လာသူ သင်တန်းသားများကိုလည်း တိုက်ခိုက်ရေး တစ်မျိုးထဲသာမဟုတ်ဘဲ သူတို့ရဲ့ အားသာမှုတွေ/စိတ်ပါဝင်စားမှုရှိတာတွေအပေါ်  စနစ်တကျစီစစ်ပြီး သက်ဆိုင်ရာတာဝန်များကို ပေးအပ်လျက်ရှိကြောင်း သိရပါတယ်။


ထို့နောက် DSNDF/DSNDA တပ်တော်မှလည်း အရည်အချင်းရှိသော၊ ပြည်သူအပေါ်သိတတ်သော၊ စိတ်ဓာတ်ပိုင်းခိုင်မာသော ရဲဘော်အသစ်များကို ထပ်မံမွေးထုတ်ပေးရန် ဖိတ်ခေါ်ကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ အင်္ဂဘိုကျေးရွာသို့ စစ်ကြောင်းထိုးလာသောစကစ စစ်ကြောင်းအား မဟာမိတ် ERO များနှင့် ပူးပေါင်းတိုက်ခိုက်


မေလ ၁၉ရက်။

Radio NUG


အင်္ဂဘိုကျေးရွာသို့ စစ်ကြောင်းထိုးလာသော စကစစစ်ကြောင်းအား ပြင်းအားမြှင့် ဗုံးသီးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့- က သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း ကစဥ့်ကလျားဖြစ်၍ ထွက်ခွာနေသော စကစစစ်ကြောင်းအား ကြားဖြတ်ရှာဖွေ တိုက်ခိုက်ခဲ့ပြီးနောက် မုပ္ပလင်စစ်ဆေးရေးဂိတ်ကိုလည်း ပြင်းအားမြှင့်ဗုံးသီးများဖြင့် ထပ်မံကြဲချတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။


အဆိုပါတိုက်ခိုက်မှုကို EROညီနောင်များနှင့်ပူးပေါင်း၍ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေး တိုက်ခိုက်ရေးတပ်ဖွဲ့ - ၁၊ တပ်ဖွဲ့ - ၂၊ ရန်ကုန်တိုင်း ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။


========================


🚩🚩 ၃။ တွန်းဇံမြို့နယ်ရှိ ကျီခါးမြို့ကို ချင်းပူးပေါင်းတပ်များ သိမ်းပိုက်


မေလ ၁၉ရက်။

ချင်းပြည်နယ် တွန်းဇံမြို့နယ်ထဲက ကျီခါး-Cikha မြို့ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက မေလ ၁၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ချင်းပြည်အစိုးရ- Chinland Government ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ချင်းပူးပေါင်းတပ် CNA/CDFs က ချင်းပြည်နယ် Cikha မြို့က စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်လိုက်တာလို့ စစ်ရေးရင်းမြစ်ကဆိုပါတယ်။ 

ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ The Chin Journal ကလည်း တွန်းဇံမြို့နယ် ကျီခါးမြို့ရှိ စစ်ကောင်စီ တပ်စခန်းကို မေလ ၁၉ ရက်နေ့မှာ CNA နဲ့ CDFs ပူးပေါင်းတပ်ဖွဲ့က မီးရှို့ပြီး မြို့ကိုထိန်းချုပ်လိုက်ပြီလို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေဟာ တွန်းဇံမြို့က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ မေလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ တွန်းဇံရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်စခန်းအတွင်းပိုင်းသို့ပါ ၀င်ရောက် ထိုးဖောက်နိုင်ပြီလို့လည်း အသိပေးထားပါတယ်။ 

"ဒီမနက်ပိုင်း ၆နာရီ မိနစ် ၄၀ ခန့်မှာ တွန်းဇံစစ်ကောင်စီရဲစခန်းကို ကျွန်တော်တို့ဘက်က သိမ်းပိုက်လိုက်ပြီ၊ စစ်တပ်စခန်းကိုလည်း အတွင်းပိုင်းအထိ ကျွန်တော်တို့တပ်တွေ ၀င်ရောက်နိုင်ပြီ၊ အခုကျွန်တော်တို့ စကားပြောနေတုန်းမှာ အဲဒီစစ်တပ်စခန်းကိုပါ ကျွန်တော်တို့ဘက်က သိမ်းပိုက်နိုင်မယ့်အခြေနေရှိတယ်" လို့ CDF-Hualngoram စစ်ဦးစီးချုပ် ဦးပွီးသဲ က မေ ၁၉ ရက် မနက် နာရီခန့်မှာပြုလုပ်ခဲ့တဲ့ CDF-KKG Supporting Team of North America ရဲ့ အွန်လိုင်း Fund-Raising အစီစဉ်ကတဆင့် အသိပေးခဲ့တယ်လို့လည်း The Chin Journal က ဖော်ပြထားပါတယ်။ အခြားစစ်ရေးသတင်းရင်းမြစ်တဦးကတော့ ချင်းပြည်နယ် တွန်းဇန်မြို့ Chinland Government လက်အောက်ရောက်ပါပြီလို့ လူမှုကွန်ယက်စာမျက်နှာကနေ မေလ ၁၉ ရက်နေ့ ညနေ နာရီခွဲဝန်းကျင်မှာ ရေးသားထားပါတယ်။ 

ကျီခါးမြို့ဟာ ဖလမ်းခရိုင် တွန်းဇံမြို့နယ်က မြို့နယ်ခွဲတခုဖြစ်ပြီး မြို့တောင်ဘက်မှာ တွန်းဇံမြို့နဲ့ တီးတိန်မြို့ အရှေ့ဘက်မှာ ခမ်းပါတ်မြို့၊ အနောက်ဘက်နဲ့မြောက်ဘက်မှာ အိန္ဒိယနိုင်ငံတို့ တည်ရှိနေတဲ့ နယ်စပ်မြို့တမြို့ ဖြစ်တယ်လို့ သိရပါတယ်။ တွန်းဇံမြို့ စစ်ဆင်ရေးကို ဒေသခံတော်လှန်ရေးတပ်တွေဖြစ်တဲ့ CDF-Tonzang CAN CDF-Thantlang PDA-Tedim) CDF CDM-Siyin CDF-Hualngoram YPDF (Yaw) CDF-Asho Chin CDF-Hakha CDF-Zanniatram CDF-Matupi အပါအ၀င် ချင်းပြည်ကောင်စီအဖွဲ့၀င် တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်နေတာလို့ သိရပါတယ်။


========================


🚩🚩 ၄။ ထန်းမတော ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဦးသေဆုံး


မေလ ၁၉ ရက်။

Radio NUG


မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်က ထန်းတောမ ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဦး သေဆုံးကာ ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် () တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။


မေလ ၁၇ ရက်နေ့ နေ့လည် နာရီ ဝန်းကျင်ခန့်က နွားထိုးကြီးမြို့နယ်၊ ထန်းတောမရွာမှာ တပ်စွဲထားတဲ့ အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီ တပ်ဖွဲ့ကို တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက မြေပြင်နဲ့ ဝေဟင်တို့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


တစ်နာရီခန့် ဖြစ်ပွားခဲ့တဲ့ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဦးသေဆုံးကာ ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


ယခု တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် () တပ်ရင်း၊ မြင်းခြံခရိုင် တပ်ရင်း () မြင်းခြံခရိုင် တပ်ရင်း () မြင်းခြံခရိုင် တပ်ရင်း () မြင်းခြံခရိုင် တပ်ရင်း ()  

မြင်းခြံမြို့နယ် ပကဖ နွားထိုးကြီးမြို့နယ် ပကဖ တောင်သာမြို့နယ် ပကဖ မလှိုင်မြို့နယ်ပကဖ အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ မင်းတုန်းမြို့မှ ပြောင်းကျေးရွာသို့ အင်အားဖြည့်တင်းရန် ထွက်လာသော အင်အား (၆၀) ခန့်ပါ Faw ကား () စီးကို မိုင်းဆွဲပစ်ခတ်ရာ စကစတပ်သား ၃၀ခန့် ထိခိုက်သေဆုံး


မေလ ၁၉ရက်။

Radio NUG

မင်းတုန်းမြို့မှ ပြောင်းကျေးရွာသို့ အင်အားဖြည့်တင်းရန် ထွက်လာသော အင်အား (၆၀) ခန့်ပါ Faw ကား () စီးကို မိုင်းဆွဲပစ်ခတ်ခဲ့ကြောင်း မကွေးတိုင်းကွပ်ကဲရေးရုံးအမှတ်() စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။


မေလ (၁၄)ရက်နေ့တွင် မင်းတုန်းမြို့နယ်၊ ပြောင်း၊ သဖန်းရောင်၊ ဝက်ကော်ကျေးရွာများကို ဖြတ်သန်းလာသော အင်အား (၁၂၀) ဦးပါ စစ်ကောင်စီ စစ်ကြောင်းသည် မြေပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အပြင် ငကုန်းကျေးရွာရှိ ရွာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့အား ဝေဟင်မှ ဂျက်ဖိုက်တာဖြင့် () ကြိမ် ပျံဝဲပစ်ခတ်ခဲ့ကာ ငကုန်းကျေးရွာအတွင်း ဝင်ရောက် တပ်စွဲထားခဲ့ပါတယ်။


အဆိုပါစစ်ကြောင်းအား ထပ်မံအင်အားဖြည့်တင်းရန် မင်းတုန်းမြို့မှ ပြောင်းကျေးရွာသို့ ထွက်လာသော အင်အား (၆၀) ခန့်ပါ Faw ကား ()စီးအား ကျွဲဘေကျေးရွာနှင့် ထိန်ကိုင်းကျေးရွာ အကြားတွင် လက်ဦးမှု ရယူကာ မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီ တပ်သား (၂၀) ခန့် အပြင်းအထန် ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး ပူးပေါင်းအဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။


ထိုတိုက်ပွဲမှ လက်ကျန် စစ်ကောင်စီတပ်သားများသည် တမာကျေးရွာကိုဖြတ်၍ ပြောင်းကျေးရွာဘက်သို့ အင်အားဖြည့်တင်းရန် ထပ်မံကြိုးစားလာသော စစ်ကောင်စီအင်အား (၄၀)ခန့်ပါ ခြေလျင်စစ်ကြောင်းအား ကျွဲဒွန်ကျေးရွာနှင့် သီးပင်ကုန်းကျေးရွာ လမ်းဆုံတွင် ပူးပေါင်းအဖွဲ့မှ အသင့်စောင့်ဆိုင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား မျက်မြင် (၁၀) ဦးခန့် သေဆုံးကာ အများအပြား အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး မိမိတို့ ပူးပေါင်းအဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင်အမှတ်()တပ်ရင်း၊ Student Armed Force(SAF) Warriors Of Liberation Force (WOLF) အဖွဲ့တို့မှ ပူးဆောင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။


========================


🚩🚩 ၆။ ခလယ်လွီထူခရိုင်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ () ဦးသေဆုံးခဲ့ရပြီး () ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရကာ ဘုန်းကြီး ဘာသာရေးအဆောက်အဦး တစ်ခုပျက်စီး


မေလ ၁၉ရက်။ 

Radio NUG


ကေအဲန်ယူ-ကရင့်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆောထိ မြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များမှ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်းနင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူ () ဦးသေဆုံးပြီး () ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရကာ ဘုန်းကြီးကျောင်းဆောင်တန်းအမိုး ထိခိုက်ပျက်စီးခဲ့ရတယ် KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။


မေလ(၁၆) ရက်နေ့ ()နာရီ (၄၅)မိနစ်အချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် အမှတ်(၂၀) တပ်မှ (၈၁-မမ)ဖြင့် ရေဖြူကန်ကျေးရွာအတွင်သို့ ရည်ရွယ်ချက်ရှိရှိပစ်ခက်ခဲ့ရာ ကျေးရွာအတွင်းနေထိုင်သော ဦးမြတ်သိန်း (၇၂)နှစ် လက်နက်ကြီးထိမှန် သေဆုံးခဲ့ရပြီး ရေဖြူကန် ဘုန်းကြီးကျောင်းဆောင်တန်း အမိုးများပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


တစ်ဆက်တည်းတွင်ဘဲ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခမရ၂၆၄ မှ ၁၂၀ မမ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ညောင်ပင်ကြီးရွာသစ်ရွာနေ ကိုဇော်မင်းထွန်း နေအိမ်အနီးတွင် ()လုံး နှင့် ကျောက်တန်းကျေးရွာအနီးတွင် ()လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။


ထို့နောက် ရွှေကျင်ဗျူဟာမှလည်း (၁ဝး၃၉)မိနစ် အချိန်တွင် (၁၂၀-မမ) လက်နက်ကြီးကို ပစ်ခတ်ခဲ့ရာ ကျွန်းတဲစုကျေးရွာအတွင်း ကျရောက်ပြီး ကျေးရွာနေ ဦးဝင်းတင် (၆၈)နှစ်မှာ လက်နက်ကြီးထိမှန်ကာ စိုးရိမ်ရ ဒဏ်ရာရှိခဲ့ပြီး ကျောက်တန်းကျေးရွာ၊ ဝိုင်မင်္ဂလာကုန်း၊ ညောင်အိုင် ကျေးရွာအနီးတို့တွင်လည်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြပါတယ်။


အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ခလယ်လွီထူခရိုင်အတွင်းရှိ ကျေးရွာများအတွင်းသို့ ဤကဲ့သို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် အဆက်မပြစ် ပစ်ခက်လျှက်ရှိနေသည့်အတွက် ကျေးရွာနေ သက်ကြီးရွယ်အိုများ ကလေးသူငယ်များအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးမှာ စိုးရိမ်ထိတ်လန့်စွာဖြင့် အသက်ရှင်နေထိုင်နေကြရလျက်ရှိပါတယ်


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment