23rd SEP 2024 - Evening Daily News by Radio NUG

၂၀၂၄ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်၏လက်ပတ်နာရီလေလံရောင်းချရသည့်ငွေကြေးများကို ရေဘေးသင့်ကရင်နီပြည်၊ကရင်ပြည်နယ်နှင့်အခြားဒေသများသို့လှူဒါန်း

📌 ၂။ ကုလသမဂ္ဂညီလာခံနဲ့တွဲပြီးကျင်းပတဲ့ကျန်းမာရေးညီလာခံကို NUGကျန်းမာရေးဝန်ကြီးအဖြစ်တရားဝင်ဖိတ်ကြား၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးတက်ရောက်

📌 ၃။ ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး CRPH ဥက္ကဌနဲ့ပြည်ထောင်စုဝန်ကြီးများတက်ရောက်ခဲ့

📌 ၄။ ချက်သမ္မတနိုင်ငံ ပရာဟာမြို့တွင် ကျင်းပသည့်  Peace Foundation ၁၀ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ချက်သမတနိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ် ဦးလင်းသန့်တက်ရောက်ခဲ့

📌 ၅။ လန်ဒန်မြို့ Parliament Square နဲ့ ဝန်ကြီးချုပ်နေအိမ်ရှေ့မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် ထောက်ခံဆန္ဒပြပွဲယူကေရောက် မြန်မာစုစုပေါင်း လူ ၄၀၀ ခန့်တက်ရောက်ခဲ့

📌 ၆။ ပါရီမြို့တွင်ပြင်သစ်ရောက်တော်လှန်ရေးညီအကိုမောင်နှမများက သံအမတ်ကြီးဦးကျော်မိုးထွန်းအတွက် ထောက်ခံဆန္ဒပြပွဲကျင်းပခဲ့


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကအသေးစိတ်ထုတ်ပြန်

🚩 ၂။ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ရရှိထားသည့် အချက်အလက်များအရ စစ်ကောင်စီနှင့်၎င်း၏လက်ဝေခံအဖွဲ့များ ပြုလုပ်ခဲ့သော အကြမ်းဖက်လုပ်ရပ်များကြောင့်   အပြစ်မဲ့ပြည်သူ ( )ဦး သေဆုံးခဲ့

🚩 ၃။ ငါန်းမြာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီမှ ၂ရက်ဆက် ဗုံးကြဲခဲ့ခြင်းကြောင့် ပြည်သူ ၉ဦးနှင့် ကာကွယ်ရေးရဲဘော် ၂ဦး ကျဆုံးခဲ့ပြီး  ပြည်သူအလောင်း ၃ဦးထပ်မံတွေ့ရှိခဲ့

🚩 ၄။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဩဂုတ်လမှာဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိ အနည်းဆုံး ဦး အပါအဝင် စစ်ကောင်စီ စစ်သား ၁၅၀ ဝန်းကျင် သေဆုံးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်၏လက်ပတ်နာရီလေလံရောင်းချရသည့်ငွေကြေးများကို ရေဘေးသင့်ကရင်နီပြည်၊ကရင်ပြည်နယ်နှင့်အခြားဒေသများသို့လှူဒါန်း


စက်တင်ဘာ၂၃ရက်


ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်၏လက်ပတ်နာရီလေလံရောင်းချရသည့်ငွေကြေးများကို ရေဘေးသင့်ကရင်နီပြည်၊ကရင်ပြည်နယ်နှင့်အခြားဒေသများသို့လှူဒါန်းခဲ့ကြောင်းကို စက်တင်ဘာလအတွင်း ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်၏ဆိုရှယ်မီဒီယာတွင်ဖော်ပြအသိပေးပါတယ်။

"မွေးနေ့အမှတ်တရ ရေဘေးအကူအညီပေးရေးအလှူငွေလေလံပွဲကနေရရှိခဲ့တဲ့ အလှူငွေ USD3200 ကို လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။လေလံအောင်သွားသည့် အလှူရှင်နှင့် လေလံပွဲတွင်ဝိုင်းဝန်းကူညီမျှဝေပေးကြတဲ့သူများ၊ ဆုတောင်းပေးကြသူများ၊ လေလံစျေးအပြိုင်ပေး ပေးကြတဲ့အလှူရှင်များကိုလည်း ကျေးဇူးတင်ကြောင်း ထပ်မံပြောကြားလိုပါတယ်"လို့ဝန်ကြီးကဆိုထားပါတယ်။

လေလံမှရရှိသည့်ငွေကြေးများအားလူသားစာနာဝန်ကြီးဌာန  မှတဆင့် ကရင်နီပြည်နယ်အတွက် USD 1000 ကရင်ပြည်နယ်အတွက် USD 1000 နဲ့ အခြားဒေသများအတွက် USD 1200 ပေးပို့လှူဒါန်းသွားမှာဖြစ်ပါတယ်။


========================


📌📌 ၂။ ကုလသမဂ္ဂညီလာခံနဲ့တွဲပြီးကျင်းပတဲ့ကျန်းမာရေးညီလာခံကို NUGကျန်းမာရေးဝန်ကြီးအဖြစ်တရားဝင်ဖိတ်ကြား၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးတက်ရောက်


စက်တင်ဘာ၂၃ရက်


ကုလသမဂ္ဂညီလာခံနဲ့တွဲပြီးကျင်းပတဲ့ကျန်းမာရေးညီလာခံကို NUGကျန်းမာရေးဝန်ကြီးအဖြစ်တရားဝင်ဖိတ်ကြား၍စည်းဝေးသို့ တက်ရောက်နေတယ်လို့ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။

စက်တင်ဘာ၂၂ရက်အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ၏ ကိုယ်စားပြုသံအမတ်အဖြစ် ဆက်လက်ထားရှိရေး  လူထုထောက်ခံချီတက်ဆန္ဒပြပွဲ၌ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး အမှာစကားပြောကြားရာမှာထည့်သွင်းပြောပါတယ်။

"ကျနော်ရောက်နေတာက ဒီကုလသမဂ္ဂညီလာခံနဲ့တွဲပြီးကျင်းပတဲ့ကျန်းမာရေးညီလာခံကိုလာပြီးတက်တာဖြစ်ပါတယ်။ကျနော့်အနေနဲ့တော်လှန်ရေးတစုလုံးကြီးအတွက်ဂုဏ်ယူစွာနဲ့ပြောရရင်တော့ ကျန်းမာရေးဝန်ကြီးဆိုတဲ့နာမည်နဲ့ဖိတ်လို့လာတက်တာပါ။

ယခင်နှစ်က ဖိတ်ကြားခဲ့သော်လည်းအဆိုပါအစည်းအဝေးကို ယူကေနိုင်ငံ UHCကော်မရှင်နာနှင့်တက်ရောက်ခဲ့ပြီး ယခုနှစ်တွင် တရားဝင်ဖိတ်စာနှင့်တကွဖိတ်ကြားလာ၍တက်ရောက်ခဲ့တာလို့သိရပါတယ်။


========================


📌📌 ၃။ ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး CRPH ဥက္ကဌနဲ့ပြည်ထောင်စုဝန်ကြီးများတက်ရောက်ခဲ့


စက်တင်ဘာ၂၃ရက်


စက်တင်ဘာ၂၀ရက်မှာ ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေးကိုကျင်းပခဲ့တယ်လို့သိရှိရပါတယ်။

အစည်းအဝေးသို့ ကော်မတီဒုတိယဥက္ကဋ္ဌ()- CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့် ဒုတိယဥက္ကဋ္ဌ () -တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့်ပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလတ်၊ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်း၊ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး၊ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါတယ်။

ထို့နောက်ကော်မတီဒုတိယဥက္ကဋ္ဌ()  CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်က  လက်ရှိအခြေအနေတွင် စိန်ခေါ်မှုနှင့် အခက်အခဲများ များစွာရှိနေကြောင်း၊ စိုးမိုးနယ်မြေများတွင် တည်ဆောက်ရေးတာဝန်များအား ပုခုံးထမ်း တာဝန်ယူကြရာ၌ ပြည်သူလူထု၏ နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရသည့် ဘဝတွင် တရားစီရင်ရေးသည် မရှိမဖြစ်လိုအပ်လာပြီး နှောင့်နှေးကြန့်ကြာ၍ မရကြောင်း စစ်ကိုင်း/မကွေး ဒေသတို့တွင် တရားစီရင်ရေးဆိုင်ရာ ယန္တရားများ ပြည့်ပြည့်စုံစုံ လည်ပတ်ဆောင်ရွက်နိုင်ရန် ကြိုးစားဖော်ဆောင်နေရသည့် အခြေအနေဖြစ်ကြောင်း တရားစီရင်ရေး ကောင်မွန်စွာ ဆောင်ရွက်နိုင်ရေး အကာအကွယ်ပေးနိုင်ရန်မှာ လိုအပ်လျက်ရှိသော်လည်း လက်ရှိ လိုအပ်ချက်များအား အတတ်နိုင်ဆုံးဆွေးနွေးတိုင်ပင်ကြ၍ ရှေ့ဆက်အကောင်းဆုံး လုပ်ဆောင် သွားကြရန် နှင့် အားစိုက်ဆောင်ရွက်ခဲ့သမျှ ကိစ္စရပ်များအတွက်လည်း ကျေးဇူးတင်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ အစည်းအဝေးတွင် ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ မြို့နယ်တရားစီရင်အခက်အခဲများ၏ တွေ့ရှိချက်များနှင့် အကျဉ်းထောင်ကိစ္စရပ်များအား   အစည်းအဝေးတက်ရောက်လာသူများမှ အပြန်အလှန် တင်ပြဆွေးနွေးမှုများ ပြုခဲ့ကြပြီး အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုချမှတ်ခဲ့ပါတယ်။


========================


📌📌 ၄။ ချက်သမ္မတနိုင်ငံ ပရာဟာမြို့တွင် ကျင်းပသည့်  Peace Foundation ၁၀ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ချက်သမတနိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ် ဦးလင်းသန့်တက်ရောက်ခဲ့


စက်တင်ဘာ၂၃ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၏ ချက်သမတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်သည် စက်တင်ဘာလ ၂၁ ရက်နေ့က ချက်သမ္မတနိုင်ငံ ပရာဟာမြို့တွင် ကျင်းပသည့် Heavenly Culture, World Peace, Restoration of Light (HWPL) -Czech Republic က ကြီးမှူး ကကျင်းပသည့် အဆိုပါ Peace Foundation ၁၀ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။

အခမ်းအနားတွင်NUGကိုယ်စားလှယ် ဦးလင်းသန့်က မြန်မာနိုင်ငံတွင်း မြန်မာပြည်သူများ ခံစားနေရသည့် စစ်အာဏာရှင်စနစ်ဆိုး၏ ရက်စက်မှုများအကြောင်းကိုလည်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင်နိုင်ငံတကာ၏ မြန်မာနိုင်ငံသားများနှင့် အတူ သွေးစည်းညီညွတ်မှုကို ပိုမိုပြသရန်နှင့် လူသားစာနာ အကူအညီများ လက်တွေ့ကျကျ ဖြစ်စေရန် တိုက်တွန်း ပြောဆိုခဲ့ပါတယ်။


========================


📌📌 ၅။ လန်ဒန်မြို့ Parliament Square နဲ့ ဝန်ကြီးချုပ်နေအိမ်ရှေ့မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် ထောက်ခံဆန္ဒပြပွဲယူကေရောက် မြန်မာစုစုပေါင်း လူ ၄၀၀ ခန့်တက်ရောက်ခဲ့


စက်တင်ဘာ၂၃ရက်


သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် ထောက်ခံဆန္ဒပြပွဲကို ယူကေရောက်မြန်မာများကပြုလုပ်ခဲ့တယ်လို့ စက်တင်ဘာ၂၂ရက်မှာယူကေဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးကသတင်းထုတ်ပြန်ဖော်ပြပါတယ်။

ယူကေရောက် တိုင်းရင်းသားညီအကိုမောင်နှမတွေက လန်ဒန်မြို့ Parliament Square နဲ့ ဝန်ကြီးချုပ်နေအိမ်ရှေ့မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် ထောက်ခံဆန္ဒပြပွဲတွေ ကျင်းပနေတာဖြစ်ပါတယ်။ ယူကေရောက် မြန်မာစုစုပေါင်း လူ ၄၀၀ ခန့်တက်ရောက်ခဲ့ပြီး UN မှာပြည်သူ့အသံကို ကိုယ်စားပြုပေးနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည် ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရေး စစ်ကောင်စီကို အသိအမှတ်မပြုရေး၊ စစ်ကောင်စီမှ အရပ်သားပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေမှုများ ကို ချက်ချင်းရပ်တန့်ပေးရေး အစရှိတဲ့ တောင်းဆိုချက်တွေကို တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ (၇၉) ကြိမ်မြောက် အထွေထွေညီလာခံမှာ ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့  ပြည်သူ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ်အဖြစ် ဆက်လက်လက်ခံအသိအမှတ်ပြုပေးဖို့ ကမ္ဘာတဝှမ်းနဲ့မြန်မာ ပြည်တွင်းကပြည်သူများက တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign)ကိုတညီတညာတည်း တောင်းဆိုနေကြလျက်ရှိပါတယ်။


========================


📌📌 ၆။ ပါရီမြို့တွင်ပြင်သစ်ရောက်တော်လှန်ရေးညီအကိုမောင်နှမများက သံအမတ်ကြီးဦးကျော်မိုးထွန်းအတွက် ထောက်ခံဆန္ဒပြပွဲကျင်းပခဲ့


စက်တင်ဘာ၂၃ရက်


 စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပါရီမြို့၌ ပြင်သစ်ရောက်တော်လှန်ရေးညီအကိုမောင်နှမများက သံအမတ်ကြီးဦးကျော်မိုးထွန်းအတွက် ထောက်ခံဆန္ဒပြပွဲလုပ်ဆောင်ခဲ့တယ်လို့သတင်းရရှိပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် ထောက်ခံဆန္ဒပြပွဲတွင် ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ် နန်းဆုမွန်အောင်က ပြင်သစ်ရောက်မြန်မာများအနေဖြင့် တော်လှန်ရေးတွင်ရသည့်ဘက်ကနေဆက်လက်ပါဝင်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဆန္ဒပြပွဲအတွက်စီစဥ်ခဲ့သောပြင်သစ်ရောက်မြန်မာများအသင်းအပါအဝင် ပူးပေါင်းပါဝင်အားဖြည့်ခဲ့သူများအားလုံးကို ကျေးဇူးအထူးတင်ရှိတယ်လို့ ပြင်သစ်နိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ်ရုံးကဖော်ပြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကအသေးစိတ်ထုတ်ပြန်


စက်တင်ဘာ၂၃ရက်


၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် ညနေ () နာရီခန့်တွင် ငါန်းမြာကြီးရွာရှိ ဈေးဆိုင်တန်း အနီးတဝိုက်နှင့် ငါန်းမြာကြီးကျေးရွာအုပ်စု၊ သဖန်းသာရွာ တို့ကို အကြမ်းဖက် စစ်အုပ်စုမှ ဂျက်ဖိုက်တာ ()စင်းဖြင့် ပေါင်(၅၀၀)ဗုံး အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ()နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် ပြည်သူ (၁၀)ဦး နှင့် ရဲဘော်()ဦး၊ စုစုပေါင်း (၁၂) ဦးသေဆုံးပြီး ပြည်သူ()ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး စျေးဆိုင်တန်း၊ ဆိုင်ကယ်များ အပါအဝင် ပြည်သူပိုင် အိုးအိမ် (၁၀)လုံးခန့်လည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသေးစိတ်ထုတ်ပြန်လိုက်ပါတယ်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စုက ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ နေ့လယ် ()နာရီ တွင် မိုးတောင်ရွာနှင့် ကုန်းလည်ရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ တိုက်ခိုက် မှုများ ပြုလုပ်ခဲ့သဖြင့် မိုးတောင်ကျေးရွာမှ ..ကခွဲကျောင်းရှိ ကျောင်းဆောင် ()ဆောင် ထိခိုက်ပျက်စီးခဲ့ပြီး၊ ကုန်းလယ်ကျေးရွာမှ စေတီဓမ္မာရုံ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ဖော်ပြပါတယ်။


========================


🚩🚩 ၂။ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ရရှိထားသည့် အချက်အလက်များအရ စစ်ကောင်စီနှင့်၎င်း၏လက်ဝေခံအဖွဲ့များ ပြုလုပ်ခဲ့သော အကြမ်းဖက်လုပ်ရပ်များကြောင့်   အပြစ်မဲ့ပြည်သူ ( )ဦး သေဆုံးခဲ့


စက်တင်ဘာ၂၃ရက်


တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ရရှိထားသည့် အချက်အလက်များအရ စစ်ကောင်စီနှင့်၎င်း၏လက်ဝေခံအဖွဲ့များ ပြုလုပ်ခဲ့သော အကြမ်းဖက်လုပ်ရပ်များကြောင့် ပြီးခဲ့သည့် ရက်တာ ကာလအတွင်း  အပြစ်မဲ့ပြည်သူ ( )ဦး သေဆုံးခဲ့ပြီး၊ လသားအရွယ် ကလေးငယ်တဦး၊ ၁၀ နှစ်အရွယ် ကလေးတဦး အပါအဝင် ( ) ဦး ဒဏ်ရာရရှိခဲ့ရကာ၊ ဖမ်းဆီးခေါ်ဆောင်ခံရသူ ဦးရေ ( ၆၁ ) ဦးရှိပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။

သေဆုံးခဲ့ရသူတဦးမှာ စစ်ကောင်စီတပ်က အထိန်းကွပ်မဲ့ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ပြီး၊  ဖမ်းဆီးခံခဲ့ရသူ အများစုတွင် သိန်း ၂၀/၃၀ ပေးသော်လည်း မိသားစုနှင့်တွေ့ခွင့်မပေးသဖြင့် အဆက်အသွယ်မရသည့်အပြင် အခြားသို့ ပို့ဆောင်ခံလိုက်ရခြင်းများကြောင့် မိသားစုများမှာ စိုးရိမ်သောက ရောက်နေကြရတယ်လို့သိရပါတယ်။

အင်အားပြုန်းတီးနေခြင်းကို အမြန်ဆုံး ပြန်လည်ဖြည့်ဆီးရန် လိုအပ်နေသော  အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်မှုထမ်းအပတ်စဉ် အတွက် တရပ်ကွက်လျင် ၁၀ ဦးနှုန်းဖြင့် အသည်းအသန် လူအင်အား စုဆောင်းနေခြင်းများ လုပ်ဆောင်နေပြီး ၎င်း၏ လက်အောက်ခံများကလည်း စစ်မှုမထမ်းလိုလျှင် ကျပ်သိန်း ၅၀ အထိ တောင်းခံခြင်းများနှင့် လစဉ်စစ်မှုထမ်းထောက်ပံ့ကြေးများကိုလည်း ကောက်ခံကာ ပြည်သူကို ဒုက္ခ‌ပေးလျက်ရှိတယ်လို့သိရပါတယ်။


========================


🚩🚩 ၃။ ငါန်းမြာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီမှ ၂ရက်ဆက် ဗုံးကြဲခဲ့ခြင်းကြောင့် ပြည်သူ ၉ဦးနှင့် ကာကွယ်ရေးရဲဘော် ၂ဦး ကျဆုံးခဲ့ပြီး  ပြည်သူအလောင်း ၃ဦးထပ်မံတွေ့ရှိခဲ့


စက်တင်ဘာ၂၃ရက်


ငါန်းမြာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီမှ ၂ရက်ဆက် ဗုံးကြဲခဲ့ခြင်းကြောင့် ပြည်သူ ၉ဦးနှင့် ကာကွယ်ရေးရဲဘော် ၂ဦး ကျဆုံးခဲ့ပြီး  ပြည်သူအလောင်း ၃ဦးကို ထပ်မံတွေ့ရှိခဲ့တယ်လို့စက်တင်ဘာ၂၃ရက်မှာ  Ko Nway Oo - Myaung 

Myaung Pdf Cdsomက အသိပေးဆိုထားပါတယ်။

"ငါန်းမြာဘက်ခြမ်း စစ်ကောင်စီမှလေကြောင်းထပ်သုံးရန် ကာကွယ်ရေးအဖွဲ့တွေရဲ့တည်နေရာသိနိုင်ဖို့ စစ်ကြောင်းထိုးမယ့်အခြေအနေအများကြီးရှိပါတယ်။ဆီမီးခုံ၂၀ရက်နေ့တွင် အင်အား၅၀ကျော်တိုးထားပီး ဆုံပျူရွာမှလည်းပြင်ဆင်မှုတွေလုပ်နေကြောင်းသိရပါတယ်။ငါန်းမြာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီမှ ၂ရက်ဆက် ဗုံးကြဲခဲ့ခြင်းကြောင့် ၂၀ နှင့် ၂၁ရက်နေ့တွင် ပြည်သူ ၉ဦးနှင့် ကာကွယ်ရေးရဲဘော် ၂ဦး ကျဆုံးခဲ့ပြီးဒဏ်ရာရပြည်သူ ၂ဦးဝန်းကျင်ရှိခဲ့ပါတယ်။၂၂ရက်နေ့တွင် ပြည်သူအလောင်း ၃ဦးထပ်မံတွေ့ရှိခဲ့ကြပါတယ်"လို့ဆိုပါတယ်။

စကစစစ်ကြောင်းအန္တရာယ်များအနေနဲ့ငါန်းမြာတစ်ဝိုက်၊ ကျားတိုင်း၊သိမ်ရွာနှင့်စဥ့်ကွတ်ဘက်များ ဖြစ်နိုင်ခြေများတယ်လို့သိရပါတယ်။


========================


🚩🚩 ၄။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဩဂုတ်လမှာဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိ အနည်းဆုံး ဦး အပါအဝင် စစ်ကောင်စီ စစ်သား ၁၅၀ ဝန်းကျင် သေဆုံးခဲ့


စက်တင်ဘာ၂၃ရက်


တနင်္သာရီတိုင်းဒေသကြီးအတွင်း ဩဂုတ်လမှာဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိ အနည်းဆုံး ဦး အပါအဝင် စစ်ကောင်စီ စစ်သား ၁၅၀ ဝန်းကျင် သေဆုံးခဲ့ကြောင်းကို စက်တင်ဘာ၂၃ရက်မှာ စစ်ရေးသုံးသပ်ချက်များဖော်ပြတဲ့ PDFInsightကအသိပေးဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ တောင်ဘက်အစွန်ဆုံးဖြစ်တဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ဩဂုတ်လ ထဲမှာ ထားဝယ် မြိတ် နဲ့ ကော့သောင်း ခရိုင် ခုလုံးက မြို့နယ်အားလုံးနီးပါးမှာ တော်လှန်ရေး အင်အားစုများနဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲများ နေ့စဉ်ရက်ဆက် လုံး နီးပါး ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီတပ်ဘက်မှ နယ်စပ်ရေးရာဝန်ကြီးရဲ့ ယာဉ်တန်းကို အတိုက်ခိုက်ခံရခြင်းတွေအထိ ခုခံတော်လှန်စစ် အရှိန်မြင့်လာပါတယ် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်မှ အရာရှိ အနည်းဆုံး ဦး အပါအဝင် စစ်ကောင်စီ စစ်သား ၁၅၀ ဝန်းကျင် သေဆုံးခဲ့တာလည်း ဖြစ်တယ်လို့ဖော်ပြပါတယ်။

တနင်္သာရီ တိုင်းဒေသကြီး အတွင်းက ထားဝယ် မြိတ် နဲ့ ကော့သောင်း ခရိုင် ခုလုံးက ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်း ရေဖြူ၊ မြိတ် ပုလော တနင်္သာရီ၊ ဘုတ်ပြင်း ခမောက်ကြီး ကော့သောင်း စတဲ့ မြို့နယ် အားလုံးနီးပါးမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပကဖ နဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တွေအကြား ဩဂုတ်လ လုံးနီးပါး ထိတွေ့ တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ထူးခြားဖြစ်စဉ်အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကနေပြီး ဩဂုတ်လ ၂၆ ရက်နေ့က စလို့ ပုလောမြို့နယ် နဲ့ တနင်္သာရီမြို့နယ်များအတွင်းက အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ တပ်စခန်းတွေကို ဦးတည် တိုက်ခိုက်တဲ့ တိုက်ခိုက်မှုတွေကို တိုးချဲ့ လုပ်ဆောင်လာပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment