7th SEP 2024 - Morning Daily News by Radio NUG

၂၀၂၄ စက်တင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ တော်လှန်ရေးအတွင်း ကိုယ်လက်အင်္ဂါနဲ့အသက်တွေ စွန့်လွှတ်ပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေဟာအင်မတန် ထူးမြတ်တဲ့ အာဇာနည်သူရဲကောင်းတွေဖြစ်ကြတယ်လို့ကာကွယ်ရေးဝန်ကြီးပြော

📌 ၂။ ပြည်ပရောက် မြန်မာလုပ်သားတွေ လုပ်ခလစာ  ၂၅ ရာခိုင်နှုန်း မြန်မာပြည်တွင်းကို ပြန်မလွှဲရင် အရေးယူမယ်လို့ စစ်ကောင်စီ ထုတ်ပြန်

📌 ၃။ ၁၇ ရက်အတွင်း စကစဘက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၁၉၆ ကြိမ် ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းတို့ကို အများဆုံးတိုက်ခိုက်

📌 ၄။ ရှမ်းပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား(၉၁)ဦး သေဆုံးခဲ့ပြီး (၅၄)ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရ

📌 ၅။ ၁ဝ၂၇ ဒုတိယလှိုင်း ကိုထောက်ခံကြိုဆိုကြောင်း သပိတ်လက်ပတောင်းတောင်ဒေသ သပိတ်အင်အားစုကဆင်နွှဲ


၂၀၂၄ ခုနှစ် စက်တင်ဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မွန်ပြည်သစ်ပါတီ AD အထူးကွန်မန်ဒို အပတ်စဉ် သင်တန်းနှင့် မိုးမိတ်ခရိုင် ပကဖ အပတ်စဉ် () သင်တန်း ဆင်းပွဲများ ပြုလုပ် 

🚩 ၂။ ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သုံ့ပန်း ၆၀ ကျော်နဲ့ လက်နက် ၈၀ ကျော်ရတယ်လို့ သတင်းထွက်

🚩 ၃။ မြင်းမူနယ်က စစ်တပ် အထိုင်စခန်းကို ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၂ဝ ခန့် ထိခိုက် သေဆုံး 

🚩 ၄။ သံတောင်ကြီးမြို့လမ်းတွင် တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား

🚩 ၅။ ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်

🚩 ၆။ မင်းတပ်မြို့နယ်က ကျေးရွာတရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

🚩 ၇။ မြိုင်မြို့နယ်၊ လက်ယက်မရွာမှာ စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ အသက် နှစ်အရွယ် ကလေး ဦးအပါ ဦးသေဆုံး

🚩 ၈။ လအိ "ဘန်ကောက်"စစ်ရှောင်စခန်းကို လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆရာမအပါအဝင် ကျောင်းသူ/သားများ ဦး သေဆုံး

🚩 ၉။ မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း စကစတပ်များက ဗုံးသီးဒရုန်းများဖြင့် ရမ်သန်းတိုက်ခိုက်နေ၍ အရပ်သားများသတိပြုရန် မင်းဘူးခရိုင် အမှတ်၅တပ်ရင်းက အသိပေးထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ တော်လှန်ရေးအတွင်း ကိုယ်လက်အင်္ဂါနဲ့အသက်တွေ စွန့်လွှတ်ပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေဟာအင်မတန် ထူးမြတ်တဲ့ အာဇာနည်သူရဲကောင်းတွေဖြစ်ကြတယ်လို့ကာကွယ်ရေးဝန်ကြီးပြော


စက်တင်ဘာလ ၆ရက်။

Radio NUG

တော်လှန်ရေးအတွင်း ကိုယ်လက်အင်္ဂါနဲ့အသက်တွေ စွန့်လွှတ်ပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေဟာအင်မတန် ထူးမြတ်တဲ့ အာဇာနည်သူရဲကောင်းတွေဖြစ်ကြတယ်လို့ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကပြောပါတယ်။


စက်တင်ဘာ၆ရက်မှာ ကာကွယ်ရေးဝန်ကြီးပြောကြားချက်ကို PDF Insightကဖော်ပြပါတယ်။


"ဒီတော်လှန်ရေးမှာ လူငယ်တွေရဲ့ စွန့်လွှတ်ပေးဆပ်မှုရော၊ လူကြီးတွေရဲ့ စွန့်လွှတ်ပေးဆပ်မှုရော အင်မတန်ကြီးမားပါတယ်ဗျ။ လူငယ်တွေဆိုတာကတော့ အသက်တွေ၊ ဘဝတွေ စွန့်ပြီးတော့ ရှေ့တန်းကနေ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားစုံ လူငယ်ရဲဘော်တွေပေါ့။ သူတို့ကို ကျနော်ဆိုလိုတာပါ။ သူတို့ရဲ့ စွန့်လွှတ်ပေးဆပ်မှုကလဲ အင်မတန်ကြီးကျယ်ခမ်းနားပါတယ်။ဒီတော်လှန်ရေးအတွင်း ကိုယ်လက်အင်္ဂါ၊ စွန့်လွှတ်ပေးဆပ်ခဲ့ရတဲ့၊ အသက်တွေ စွန့်လွှတ်ပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေဆိုရင်လည်း ဒီခေတ်ရဲ့ အင်မတန် ထူးမြတ်တဲ့ အာဇာနည်သူရဲကောင်းတွေပါပဲ။ သမိုင်းကလဲ သူတို့ကို တကယ်ကို ထိုက်ထိုက်တန်တန် မော်ကွန်းတင်ဂုဏ်ပြုလိမ့်မယ်လို့ ကျနော်တို့ ဒီလို ပြောချင်ပါတယ်ဗျ"လို့ဝန်ကြီးကပြောပါတယ်။


၂၀၂၁ ခုနှစ်စက်တင်ဘာ၇ရက်ကစတင်တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း လူငယ်များလည်း အထိအခိုက်အကျအဆုံးရှိခဲ့ပါတယ်။


========================


📌📌 ၂။ ပြည်ပရောက် မြန်မာလုပ်သားတွေ လုပ်ခလစာ  ၂၅ ရာခိုင်နှုန်း မြန်မာပြည်တွင်းကို ပြန်မလွှဲရင် အရေးယူမယ်လို့ စစ်ကောင်စီ ထုတ်ပြန်


စက်တင်ဘာလ ၆ရက်။ 

Radio NUG

ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံဆီ ပြန်မလွှဲရင် နိုင်ငံကူးလက်မှတ် သက်တမ်း တိုးမပေးတာ၊ ပြည်ပထွက်ခွင့် ပိတ်ပင်တာနဲ့ OWIC ကဒ် ထုတ်မပေးတာတွေ စသဖြင့် အရေးယူသွားမယ်လို့ အကြမ်းဖက်စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


ပြည်ပနိုင်ငံမှာ ရတဲ့ လုပ်ခလစာရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်တွေဆီ ဒါမှမဟုတ် မြန်မာပြည်တွင်း ဘဏ်စာရင်းဆီကို တရားဝင်ဘဏ်စနစ်၊ ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားတဲ့ Remittance Business License ရရှိသူတွေ၊ ဘဏ်စနစ်နဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းတွေ စတာတွေကတဆင့် လွှဲပြောင်းပေးပို့ရမယ်လို့ စစ်ကောင်စီက ကြေညာထားတာပါ။


ငွေလွှဲပြောင်းပေးပို့ဖို့ ပျက်ကွက်တာကို စိစစ်တွေ့ရှိရင် ပြည်ပကို အလုပ်နဲ့ ထွက်ခွာမှု ကာလအကန့်အသတ်နဲ့ ပိတ်ပင်တာ၊ ပြည်ပ အလုပ်အကိုင် သက်သေခံကတ် OWIC ထုတ်မပေးတာ၊ နိုင်ငံကူးလက်မှတ် သက်တမ်း တိုးမြှင့်ခွင့်မပြုတာတွေအပြင် လိုအပ်တဲ့ စိစစ် အရေးယူ ဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။


ပြည်ပ အလုပ်အကိုင်အေဂျင်စီတွေအနေနဲ့လည်း မိမိတို့ စေလွှတ်လိုက်တဲ့ အလုပ်သမားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တဲ့ အထောက်အထားတွေ မိတ္တူကို မပျက်မကွက် တောင်းခံရမှာဖြစ်ပြီး အဲ့ဒီ ငွေလွှဲပို့တဲ့ အထောက်အထားတွေကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနဆီ လချုပ်အဖြစ် အထောက်အထား ပူးတွဲကာ မပျက်မကွက် တင်ပြရမယ်လို့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကြေညာချက်က ဆိုပါတယ်။


========================


📌📌 ၃။ ၁၇ ရက်အတွင်း စကစဘက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၁၉၆ ကြိမ် ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းတို့ကို အများဆုံးတိုက်ခိုက်


စက်တင်ဘာလ ၆ရက်။

Radio NUG

၁၇ ရက်အတွင်း စကစဘက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၁၉၆ ကြိမ် ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းတို့ကို အများဆုံးတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


စက်တင်ဘာ၆ရက် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုကမ်ပိန်းကဖော်ပြပါတယ်။


အကြမ်းဖက် စစ်အုပ်စုဟာ ဩဂုတ်လ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့ထိ (၁၇ ရက်အတွင်း) ရှမ်းပြည် မြောက်ပိုင်း၊ ရခိုင်ပြည်၊ ချင်းပြည်၊ ကချင်ပြည်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် တနင်္သာရီတိုင်း တို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု စုစုပေါင်း ၁၉၆ ကြိမ် ပြုလုပ်ခဲ့ကြောင်းတွေ့ရှိရတယ်လို့ဖော်ပြပါတယ်။


အဆိုပါတိုက်ခိုက်မှုအတွင်းစစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းတို့သည် အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှု အများဆုံး ခံခဲ့ရပြီး ဩဂုတ်လ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့ အတွင်း စစ်ကိုင်းတိုင်းအား ၇၇ကြိမ်နှင့် ရှမ်းပြည် မြောက်ပိုင်းအား ၆၆ ကြိမ် တိုင်အောင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းတွေ့ရှိရတယ်လို့ဆိုပါတယ်။


ထို ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကလေးငယ် ဦးနှင့် အမျိုးသမီး ၁၂ ဦး အပါအဝင် အရပ်သား ပြည်သူစုစုပေါင်း ၃၁ ဦး သေဆုံးခဲ့ပြီး ၆၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။


ဩဂုတ်လ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့ထိ (၁၇ရက်အတွင်း) ဘာသာရေး အဆောက်အအုံ ၁၈ ခု၊ စာသင်ကျောင်း ကျောင်း၊ ဆေးရုံ ရုံ၊ နေအိမ် ၃၆ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။


========================


📌📌 ၄။ ရှမ်းပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား(၉၁)ဦး သေဆုံးခဲ့ပြီး (၅၄)ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရ


စက်တင်ဘာလ ၆ရက်။

Radio NUG

ရှမ်းပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား(၉၁)ဦး သေဆုံးခဲ့ပြီး (၅၄)ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရပါတယ်။


စက်တင်ဘာ၆ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကထုတ်ပြန်ပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ ရှမ်းပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၈) ဦးနှင့် အမျိုးသား (၆၃)ဦး စုစုပေါင်း (၉၁)ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


၎င်းအရေအတွက်တွင် အသက် ၁၈ နှစ်အောက် သေဆုံးသူ(၁၅)ဦး ပါဝင်ပြီး(၉၁)ဦးအနက် သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် (၅၄)ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရပါတယ်။


ဩဂုတ်လ ၂၆ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့မှ ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာအတွင်းကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက် ၁၀ နှစ်အရွယ် မောင်စိုင်းဆိုင်မွန်း၏ ဝမ်းဗိုက်အား ဗုံးစထိမှန်ခဲ့သောကြောင့် မိုင်းကိုင်ဆေးရုံသို့ တက်ရောက်ကုသခဲ့ရာ မိုင်းကိုင်ဆေးရုံမှ တောင်ကြီးဆေးရုံသို့ ထပ်မံလွှဲပြောင်းစဉ် လမ်း၌ သေဆုံးခဲ့ရပါတယ်။


========================


📌📌 ၅။ ၁ဝ၂၇ ဒုတိယလှိုင်း ကိုထောက်ခံကြိုဆိုကြောင်း သပိတ်လက်ပတောင်းတောင်ဒေသ သပိတ်အင်အားစုကဆင်နွှဲ


စက်တင်ဘာလ ၆ရက်။

Radio NUG

၁ဝ၂၇ ဒုတိယလှိုင်း ကိုထောက်ခံကြိုဆိုကြောင်း သပိတ်လက်ပတောင်းတောင်ဒေသ သပိတ်အင်အားစုကဆင်နွှဲခဲ့ပါတယ်။


စက်တင်ဘာ၆ရက်မှာ သပိတ်လက်ပတောင်းတောင်ဒေသ သပိတ်အင်အားစုကအသိပေးဆိုထားပါတယ်။


၁ဝ၂၇ ဒုတိယလှိုင်းကို ထောက်ခံကြိုဆိုကြောင်းနှင့် ၁ဝ၂၇ လှိုင်းသည် ပြည်သူလူထု၏ အနာဂတ်၊ မျှော်လင့်ချက်ဖြစ်ကြောင်း 1027 second wave is our future စာသားကို ကိုင်ဆောင်ပြီး လက်ပတောင်းတောင်ဒေသ သပိတ်အင်အားစုကစက်တင်ဘာ ရက်နေ့မှာ သပိတ်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။


၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းတွင် ညီနောင်သုံးဖွဲ့မှတိုင်းရင်းသားတော်လှန်ရေးအင်အားစုများအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပါ ပါဝင်ဆင်နွှဲလျက်ရှိပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မွန်ပြည်သစ်ပါတီ AD အထူးကွန်မန်ဒို အပတ်စဉ် သင်တန်းနှင့် မိုးမိတ်ခရိုင် ပကဖ အပတ်စဉ် () သင်တန်း ဆင်းပွဲများ ပြုလုပ် 


စက်တင်ဘာလ ၆ရက်။ 

Radio NUG

စက်တင်ဘာ ရက်နေ့မှာ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအဖွဲ့ NMSP AD ရဲ့ အပတ်စဉ် အထူးကွန်မန်ဒို သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ NMSP-AD က သတင်းထုတ်ပြန်ပါတယ်။


မွန်ပြည်သစ်ပါတီ AD ရဲ့ ပထမဆုံးခြေလှမ်းဖြစ်တဲ့ အထူးကွန်မန်ဒိုသင်တန်းကို ကျော်လောက် ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် အတွက် ရဲဘော် ၃၃ ဦးက အောင်မြင်စွာ တက်ရောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့ပြီး ပါတီခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ဇေယျ၊ နိုင်ဗညားလယ်၊ ဒုစစ်ဦးစီးချုပ် နိုင်ဂျလွန်းထောနဲ့ မဟာမိတ်အဖွဲ့တွေလည်း တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


အလားတူ မိုးမိတ်ခရိုင် ပကဖ အပတ်စဉ် ()သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ပကဖအသံက ထုတ်ပြန်ထားပါတယ်။


ပကဖ အဖွဲ့တွေအနေနဲ့ ပြည်သူ့စစ် မဟာဗျူဟာကို ကျင့်သုံးကာ အကြမ်းဖက် စစ်တပ်ကို ချေမှုန်း တိုက်ခိုက်လျက်ရှိပြီး တချိန်တည်းမှာ လူထု ကူညီရေး၊ စည်းရုံးလုပ်ငန်းတွေကိုလဲ စနစ်တကျ ဆောင်ရွက်လျက်ရှိကာ ရှမ်းမန်း စစ်ဆင်ရေး အတွင်းမှာလဲ ပကဖ အဖွဲ့တွေဟာ PDF တွေ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေနဲ့ အတူ ဟန်ချက်ညီ စစ်ရေးလှုပ်ရှားမှုတွေကို ဖော်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သုံ့ပန်း ၆၀ ကျော်နဲ့ လက်နက် ၈၀ ကျော်ရတယ်လို့ သတင်းထွက်


စက်တင်ဘာလ ၆ရက်။ 

Radio NUG

စစ်ကိုင်းတိုင်းအတွင်းက ပင်လည်ဘူးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီလို့ စက်တင်ဘာ ရက် ညနေပိုင်းမှာ သတင်းတွေထွက်ပေါ်လာပါတယ်။


ပင်လည်ဘူးမြို့က စစ်တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တွေက စက်တင်ဘာ ရက်နေ့ မွန်းလွဲပိုင်းမှာ အပြီးသတ်တိုက်ခိုက် သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်လက်နက်နဲ့ စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရမိထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ရဲ့ပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ 7 Stars News က အဲဒီနေ့ ညနေပိုင်းမှာ ဖော်ပြထားပါတယ်။


အခြားစစ်ရေးသတင်းအရင်းမြစ်များအရ ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့(SNA)တို့ တစ်ခုတည်းသော ကျန်တော့သည့် ရဲစခန်းကို ဆုတ်ခွာခုခံနေခြင်းကြောင့် ဝိုင်းထားကြောင်း သိရပါတယ်။ 


တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်လက်နက် မျိုးစုံ ၈၀ ကျော် သိမ်းဆည်းရမိပြီး စစ်ကူ ရဟတ်ယာဉ်()စင်းနဲ့ လာချသွားတဲ့အဖွဲ့တွေ လက်နက်ချသုံ့ပန်းအဖြစ် စစ်သုံ့ပန်း အယောက် ၆၀ ကျော်ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။


ပင်လည်ဘူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဩဂုတ်လ ၁၅ ရက်နေ့ကစတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ရက်နေ့မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။


ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိသလို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က စစ်သည်တော်အချို့ အသက်ပေးလှူခဲ့ရပြီး ဒဏ်ရာရခဲ့သူတွေလည်းရှိတယ်လို့ ထပ်မံသိရှိရပါတယ်။ 


အခုလို ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီလို့ သတင်းတွေထွက်ပေါ်နေပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေကတော့ စက်တင်ဘာ ရက် ညနေ နာရီဝန်းကျင်အထိ တရားဝင်အသိပေးထုတ်ပြန်တာမရှိသေးပါဘူး။


========================


🚩🚩 ၃။ မြင်းမူနယ်က စစ်တပ် အထိုင်စခန်းကို ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၂ဝ ခန့် ထိခိုက် သေဆုံး 


စက်တင်ဘာလ ၆ရက်။

Radio NUG

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် တောချောင်းဦးရွာက အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ရက်ဆက် တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ Black Eagle Defence Force - MMU ကပြောပါတယ်။

တောချောင်းဦးရွာက အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို တော်လှန်ရေးအဖွဲ့တွေ ဩဂုတ်လ ၂၁ ကနေ ၂၇ ရက်နေ့အထိ စုပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒရုန်းဗုံးသီး ၁၄၂ လုံး R7၂လုံး R2 တလုံးနဲ့ ၄၀ မမ တွေအများအပြား အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေထဲက ဩဂုတ်လ ၂၁ ရက်နေ့တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က တိုက်ခိုက်မှုကြောင့် စစ်သားတဦးသေဆုံးပြီး ဦးဒဏ်ရာရရှိခဲ့တာ၊ ဩဂုတ်လ ၂၂ ရက်နေ့တိုက်ပွဲမှာ စစ်သားတဦး ဒဏ်ရာရသွားတာနဲ့ ဩဂုတ်လ ၂၅ ရက်နေ့တိုက်ပွဲမှာ စစ်သား ၃ဦး သေဆုံးတာတွေကို အတည်ပြုနိုင်ခဲ့တယ်လို့ Black Eagle Defence Force - MMU က အသိပေးထားပါတယ်။ 

ဩဂုတ်လ ၂၅ ရက်နေ့ကတိုက်ပွဲမှာဆိုရင် အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ၀င်ရောက်စီးနင်း တိုက်ခိုက်နိုင်ခဲ့ပေမယ့် အကြမ်းဖက်စစ်တပ်ဘက်က ဂျက်ဖိုက်တာ ၂စင်းနဲ့ လာရောက်တိုက်ခိုက်ပြီး ဗုံးသီး လုံးကြဲချတာ၊ ရောက်ကတ်တွေနဲ့ အကြိမ် ၄ဝ ခန့်တိုက်ခိုက်တာတွေကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က တိုက်နယ်ပကဖ တာဝန်ခံတဦး ပြင်းထန် ဒဏ်ရာရသွားတာကြောင့် စခန်းကိုအပြီးသတ်မသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ပွဲတွေမှာ အကြမ်းဖက်စစ်တပ်ဘက်က အင်အား တရာခန့် ထပ်မံဖြည့်တင်းတာရှိခဲ့ပြီး ဘန်ကာ လုံးပြိုကျကာ ဆက်သွယ်ရေး အထိုင်တခုနဲ့လိုင်းခန်းတခုပျက်စီးသွားတယ်လို့ ထပ်မံအသိပေးထားပါတယ်။ 

အဆိုပါတိုက်ခိုက်မှုတွေကို မြင်းမူမြို့နယ် ပကဖ က ဦးဆောင်ပြီး မြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့၊ မြို့နယ်ပကဖ ဒရုန်း တပ်ဖွဲ့၊ Black Eagle Defence Force (MMU) Black Eagle Drone Force မြင်းမူမြို့နယ်ပလဖ စစ်ကိုင်းမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ စစ်ကိုင်းမြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့၊ စစ်ကိုင်းခရိုင်ရင်း ခွဲ- ဖယ်ဒရယ်၀င်းဒရုန်းတပ်ဖွဲ့-စစ်ကိုင်း YoungWoulf ဒရုန်းတပ်ဖွဲ့ YoungWoulf တိုက်ခိုက်ရေးတပ်ဖွဲ့၊ Wing Of KSE Drone Force TGYR (ငန်းဇွန်) စစ်ကိုင်းခရိုင်ပကဖ ထုတ်လုပ်ရေးတပ်ဖွဲ့၊ ရေနဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-CHU တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ သံတောင်ကြီးမြို့လမ်းတွင် တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား


စက်တင်ဘာလ ၆ရက်။ 

Radio NUG

စက်တင်ဘာလ ၃ရက်နေ့ တောင်ငူမှ သံတောင်ကြီးမြို့လမ်းရှိ ()မိုင်နှင့်()မိုင်ကြားတွင် အာဏာသိမ်းအကြမ်း ဖက်စစ်ကောင်စီနှင့် တပ်မဟာ( )ကော်မာဒိုစစ် ကြောင်းတို့ကြား ထိတွေ့ပစ်ခတ်မှု ()ကြိမ် ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှု များစွာရှိခဲ့ကြောင်း Thawthikhoမှ သတင်းထုတ်ပြန်ပါတယ်။


အလားတူ အဲ့ဒီနေ့ နေ့လယ် (၂း၃၀)အချိန်တွင်မှာလည်း သံတောင်ကြီးမြို့လမ်းရှိ တောပြာကြီးစခန်းအနီးတစ်နေရာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီနှင့် တပ်မဟာ() တပ်ရင်း () လက်အောက်ခံ တပ်ခွဲ()နှင့် ပျောက်ကျား ပူး ပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့တပ်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲတွင်မှာလည်း အကြမ်းဖက်စစ်ကောင်စီဖက်မှ ၃ဦးသေဆုံးကာ ၄ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၅။ ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်


စက်တင်ဘာလ ၆ရက်။ 

Radio NUG

စက်တင်ဘာလ ရက် ညနေ နာရီ ၃၇ မိနစ်အချိန်က ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် စစ် ဒေသခွဲမှ သတင်းထုတ်ပြန်ပါတယ်။

 

ရေဖြူကန်ကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်သားများသည် ကျေးရွာနေပြည်သူများအား လူသား ဒိုင်းကာ ဓားစာခံအဖြစ် အသုံးချခြင်း၊ အကြောင်းမဲ့ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ မကြာခဏလုပ်နေသဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ အမှတ် စစ်ဒေသခွဲ၊ KNLA တပ်ရင်း ဒရုန်းတပ်ဖွဲ့၊ PDF တပ်ရင်း ၃၇၀၂ ဒရုန်းတပ်ဖွဲ့ နှင့် တောကျီးကန်းဒရုန်းတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ မင်းတပ်မြို့နယ်က ကျေးရွာတရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်


စက်တင်ဘာလ ၆ရက်။

Radio NUG

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်ရှိ ကျေးရွာတရွာကို စက်တင်ဘာ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မင်းတပ်မြို့နယ် တိုက်နယ် က ကျေးရွာတရွာကို စစ်ကောင်စီက စက်တင်ဘာ ရက်မနက် နာရီ ၄၀ မိနစ်ခန့်အချိန်မှာ တိုက်လေယာဉ်နဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ 

အခုတိုက်ခိုက်ခံရတဲ့ရွာက လူထိခိုက်မှုရှိ၊ မရှိအခြေအနေကိုတော့ ဆက်သွယ်ရေးအခက်အခဲတွေကြောင့် ညနေ နာရီခွဲ ဝန်းကျင်းအထိ အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

အခုလို တိုက်ခိုက်တာဟာ တော်လှန်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲလာမှာကို စိုးရိမ်လို့ လာရောက်တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ မြို့ခံတွေက သုံးသပ်နေကြပါတယ်။

စက်တင်ဘာလ ရက်နေ့ကလည်း မင်းတပ်မြို့နယ် အနောက်ခြမ်း မိုင်ကုန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ကြိမ် ပြုလုပ်ခဲ့တာကြောင့် မြို့ခံတွေက အခုလိုပြောဆိုနေတာပဲဖြစ်ပါတယ်။

စစ်ရေးမှာရှုံးနေပြီး နယ်မြေတွေဆုံးရှုံးနေတဲ့ စစ်ကောင်စီဟာ ချင်းပြည်နယ် မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လေကြောင်းကနေ ခဲယမ်းရိက္ခာချပေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးနဲ့ တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေပြီး လေကြောင်းကနေ ရိက္ခာခဲယမ်းတွေဖြည့်ဆည်းနေတာကြောင့် တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ဒေသခံ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို သတိထားနေကြဖို့ ချင်းဒေသကာကွယ်ရေးတပ်- မင်းတပ် CDF က ဩဂုတ် လကုန်ပိုင်းကပဲ သတိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ မြိုင်မြို့နယ်၊ လက်ယက်မရွာမှာ စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ အသက် နှစ်အရွယ် ကလေး ဦးအပါ ဦးသေဆုံး


စက်တင်ဘာလ ၆ရက်။ 

Radio NUG

စက်တင်ဘာ ရက် ဒီနေ့ နေ့လယ် နာရီဝန်းကျင်မှာ မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစီးဟာ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မရွာမှာ စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ အသက် နှစ်အရွယ် ကလေး ဦးအပါ ဦးသေဆုံးပြီး ဦးဒဏ်ရာရသလို စာသင်ဆောင် ဆောင်၊ နေအိမ် လုံး၊ နွား ကောင်၊ ကား စီး ထိမှန်ပျက်စီးသွားတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက သိရပါတယ်။


ပထမ တလုံးက စာသင်ကျောင်းဆောင်ရဲ့ အစပ်နားကို ကျပြီး နောက်တလုံးက စာသင်ကျောင်းရဲ့ အရှေ့ဘက်မှာရှိတဲ့ အိမ်နားကိုကျကာ နောက်ဆုံးတလုံးက ရွာအပြင်ဘက်ကိုကျတယ်လို့ သိရပါတယ်။


ရွာမှာ တိုက်ပွဲလည်း မရှိ၊ အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ အစည်းအဝေးလည်း မရှိဘဲ ဗုံးကြဲခဲ့တာလို့ သိရပါတယ်။


ဗုံးကြဲခံလိုက်ရတဲ့ အထက်တန်းကျောင်းဟာ ပိတ်ထားတာ နှစ်ဝန်းကျင်ရှိပြီး အဲ့ဒီကျောင်းထဲမှာ စစ်ရှောင်ပြည်သူ ၆၀ ဝန်းကျင်လောက် ခိုလှုံနေကြတာဖြစ်ပါတယ်။


========================


🚩🚩 ၈။ လအိ "ဘန်ကောက်"စစ်ရှောင်စခန်းကို လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆရာမအပါအဝင် ကျောင်းသူ/သားများ ဦး သေဆုံး


စက်တင်ဘာလ ၆ရက်။ 

Radio NUG

လအိ "ဘန်ကောက်" စစ်ရှောင်စခန်းကို စက်တင်ဘာ ရက်နေ့ ၁၀ နာရီဝန်းကျင် အချိန်တွင် ဖက်ဆစ်စစ်တပ်မှာ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆရာမအပါအဝင် ကျောင်းသူ/သားများ ဦး သေဆုံးသွားပြီး ကျောင်းသူ/သားများ မြောက်များစွာဒဏ်ရာရရှိကြောင်း Progressive Karenni People Force - PKPF က သတင်းဖော်ပြထားပါတယ်။


စစ်ကောင်စီလေတပ်မှ တိုက်လေယာဥ်ဖြင့် ဗုံး လုံး လာကြဲခြင်း ဖြစ်ပြီး ၁လုံးက စစ်ဘေးရှောင် အစွန်နေရာတွင် ကျရောက်ကာ နောက် လုံးက စစ်ဘေးရှောင်မိသားစု စု နေအိမ်ပေါ် တည့်တည့် ကျရောက်ပေါက်ကွဲခြင်း ဖြစ်တယ်လို့ သိရပါတယ်။


နေအိမ် ၂၀ လုံးအထက် ပျက်စီးပြီး သေဆုံးသူ ဦးမှာ ကျောင်းတက်နေဆဲ ကလေးသူငယ် ကျား ၂ဦး၊ ၄ဦး ( တန်းမှ ၁၁ တန်းအထိ) ဖြစ်ပြီး အသက် ၄၀ အထက် အမျိုးသမီး ဦး ပါဝင်တယ်လို့ သိရပါတယ်။


၎င်း စစ်ဘေးရှောင်စခန်းသည် စစ်ဘေးရှောင် နေအိမ် ၁၆၇ လုံး၊ လူဦးရေ ၆၆၆ ဦး နေထိုင်သော နေရာဖြစ်သလို ကျောင်းသားဦးရေ  ၆၉၈ ဦး ရှိသော စစ်ဘေးရှောင် စခန်းတစ်ခု ဖြစ်ပြီး ယခုအကြိမ်နဲ့ ဆို ကြိမ်မြောက် ဗုံးကြဲခြင်းဖြစ်ကာ ယခင်က ထိခိုက်သေဆုံးမှု မရှိကြောင်းနှင့် ယခုအကြိမ်တွင် အဆိုးဝါးဆုံးဖြစ်ကြောင်း သိရပါတယ်။


========================


🚩🚩 ၉။ မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း စကစတပ်များက ဗုံးသီးဒရုန်းများဖြင့် ရမ်သန်းတိုက်ခိုက်နေ၍ အရပ်သားများသတိပြုရန် မင်းဘူးခရိုင် အမှတ်၅တပ်ရင်းက အသိပေးထုတ်ပြန်


စက်တင်ဘာလ ၆ရက်။ 

Radio NUG

မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း စကစတပ်များက ဗုံးသီးဒရုန်းများဖြင့် ရမ်သန်းတိုက်ခိုက်နေ၍ အရပ်သားများသတိပြုရန် မင်းဘူးခရိုင်အမှတ်၅တပ်ရင်းက အသိပေးထုတ်ပြန်ပါတယ်။


စက်တင်ဘာ၆ရက်မှာ မင်းဘူးခရိုင်အမှတ်၅တပ်ရင်းက ပြည်သူများအတွက် အသိပေးကြေငြာပါတယ်။


စကစ မှ မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း  ပြည်သူ့ကာကွယ်ရေးတပ်မတော်များ နေထိုင်သည်ဟု ထင်ရသည့်နေရာများနှင့် ပြည်သူလူထုနေအိမ်များပေါ်သို့  Kamikaze Drones ခေါ် ဗုံးသီးဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေတယ်လို့ဖော်ပြပါတယ်။


စလင်းမြို့နေ ပြည်သူများအနေဖြင့် ဝေဟင်တွင် သံသယရှိဖွယ်  ဆူညံသံများ၊ ပျံသန်းလာသောအသံများကြားရလျှင်  အထိအခိုက်မဖြစ်နိုင်သည့်အကာကွယ်များအောက်သို့  ပုန်းကွယ်နေကြရန် အသိပေးကြေညာထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment