20th Jan 2025 - Morning Daily News by Radio NUG

 


၂၀၂၅ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။⁨⁨ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြ

📌 ⁨⁨၂။နမ့်ခမ်းမြို့နယ်၊ မန်အောင်ကျေးရွာတွင် TLECမှ ဦးစီးပြီး စုံညီပွဲတော်နှင့် ဆုပေးပွဲကျင်းပ

📌 ⁨⁨၃။ကရင်ငြိမ်းချမ်းရေးအကျိုးဆောင်ခဲ့သူ၊ အင်းစိန်မြို့နယ်ရှိ ကွယ်ကဘောဆေးရုံကို တည်ထောင်ခဲ့သူ  ဒေါက်တာ စောဆိုင်မွန်သာ ခရစ်တော်၌ အိပ်ပျော်

📌၄။ မွန်တပ် () ခု ပူးပေါင်းပြီးရာမည ပူးတွဲစစ်ကြောင်းဖွဲ့စည်း

📌၅။ဇန်နဝါရီလ ၂၀ရက်နေ့တွင် နွေဦးထီ ၁၀ စောင်ဝယ်ပြီး စောင် ရယူနိုင်


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨⁨ စနစ်ပြောင်းဖို့ဦးတည်တယ်ဆိုရင် စကားပြောပြီး ပြဿနာဖြေရှင်းဖို့ ဝန်မလေးသော်လည်း  စနစ်မပြောင်းမချင်း ဆက်တိုက်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် အသိပေး

🚩၂။မကွေးတိုင်းရှိ စစ်ကောင်စီရဲ့ ကပစ (၂၁) တပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်

🚩၃။ ⁨Lion Battalion Commando စစ်ကြောင်းမှ တော်လှန်ရေး တပ်သားသစ်များ ခေါ်ယူနေ

🚩 ၄။စစ်ကောင်စီ ရေတပ်မှ ဗိုလ်ကြီး တဦး၊ ရတဖ ၂၂ မှ ရဲတပ်သား ဦး ကျားသစ်နက် စစ်ကြောင်းထံ အလင်းဝင်

🚩 ၅။⁨ ⁨ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုများကြောင့်  ပြည်သူပိုင် အဆောက်အဦးများ ထိခိုက်ပျက်စီး

🚩 ၆။⁨⁨ ကရင်တပ်ဖွဲ့‌တွေဆီ သေနတ်များ ခိုးယူရောင်းချမှုဖြင့် ထိုင်းအမျိုးသမီးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌၁။⁨⁨ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြ


ဇန်နဝါရီ ၁၉ RadioNUG 


၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် (သောကြာနေ့) () နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (/၂၀၂၅) သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနအနေဖြင့် တက်ရောက်၍ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဥ်များနှင့် ပူးပေါင်းချိတ်ဆက်လုပ်ဆောင်သွားနိုင်မည့် လုပ်ငန်းများအား ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တင်ပြဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH မှ သတင်းထုတ်ပြန်ပါတယ်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအနေဖြင့် Radio NUG လုပ်ငန်းများ၊ မဟာဗျူဟာ ဆက်သွယ်ရေးဗျူရို (Bureau of Strategic Communications - BOSC) လုပ်ငန်းဆောင်ရွက်မှုများ၊ ဝန်ကြီးဌာန၏ ကိုယ်ပိုင်တာဝါတိုင်များ စိုက်ထူသုံးစွဲနေမှုအခြေအနေများ၊ Federal Net လုပ်ငန်းစဥ်များနှင့် အင်တာနက်သုံးစွဲနိုင်မှုအခြေအနေများ၊ တော်လှန်ရေးမဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေမှုများအပါအဝင် ရှေ့ဆက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များအား  ရှင်းလင်းတင်ပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထို့နောက် ရေးရာကော်မတီအဖွဲ့ဝင်များအနေဖြင့်လည်း သိရှိလိုသည့် ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြေပြင်အခြေအနေများအား ဆွေးနွေးမေးမြန်းခဲ့ကာ အစည်းအဝေးအား (၈း၃၀ )နာရီအချိန်တွင် ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်များဖြစ်သည့် ဒေါ်ဖြူဖြူသင်း၊ ဦးထွန်းမြင့်၊ မိုင်းလမင်းထွန်းနှင့် ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨၂။နမ့်ခမ်းမြို့နယ်၊ မန်အောင်ကျေးရွာတွင် TLECမှ ဦးစီးပြီး စုံညီပွဲတော်နှင့် ဆုပေးပွဲကျင်းပ


ဇန်နဝါရီ ၁၉ RadioNUG 


တအာင်းပြည်၊ တပ်မဟာ ()နယ်မြေ၊ နမ့်ခမ်းမြို့နယ် မန်အောင်ကျေးရွာတွင် Taang Land Education Council-TLECမှ ဦးစီးပြီး စုံညီပွဲတော်နှင့် ဆုပေးပွဲအား ဇန်နဝါရီလ ၁၆ရက်တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါစုံညီပွဲတော်နှင့် ဆုပေးပွဲကို နံနက် (:၀၀)နာရီစတင်ပြီး TLECမှ တာဝန်ရှိသူများ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ကျေးရွာဥက္ကဌများမှ  တတ်ရောက်အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သက်ဆိုင်ရာပုဂ္ဂိုလ်အသီးသီးမှ အမှာစကားပြောကြားပြီးနောက် ကျောင်းသား/သူများအား စရိတ္တထူးချွန်းဆု ()ဆု၊ စာပေထူးချွန်းဆု (၄၄)ဆု၊ တိုင်းရင်းသားစာပေထူးချွန်းဆု (၃၃)ဆုချီးမြှင့်ပေးခဲ့သည့်အပြင် အောင်ဘာလေကံစမ်းပွဲနှင့် ကျောင်းသား/သူများမှ အကများ ဖျော်ဖြေပေးခဲ့တယ်လို့ သိရပါတယ်။

၎င်းအခမ်းအနားကို TLECမှ တာဝန်ရှိသူများ၊ PSLF/TNLA ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ မိဘပြည်သူများနှင့်   ကျောင်းသား/သူများအပါအဝင် စုစုပေါင်းလူဦးရေ ၁ထောင်ကျော် တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨၃။ကရင်ငြိမ်းချမ်းရေးအကျိုးဆောင်ခဲ့သူ၊ အင်းစိန်မြို့နယ်ရှိ ကွယ်ကဘောဆေးရုံကို တည်ထောင်ခဲ့သူ  ဒေါက်တာ စောဆိုင်မွန်သာ ခရစ်တော်၌ အိပ်ပျော်


ဇန်နဝါရီ ၁၉ RadioNUG 


ဇန်နဝါရီ ၁၈ ရက် နာရီ ၁၅ မိနစ် (အမေရိကန်စံတော်ချိန်)တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် နအဖအစိုးရတို့ကြားတွင် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရန် အကျိုးဆောင်လုပ်ခဲ့သူ၊ ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ကွယ်ကဘောဆေးရုံကို တည်ထောင်ခဲ့သူ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာ (၈၃ နှစ်) သည် အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ ခရစ်တော်၌ အိပ်ပျော်သွားကြောင်း သိရပါတယ်။

ဒေါက်တာ စောဆိုင်မွန်သာ ကွယ်လွန်သွားသည့်အပေါ် မြန်မာနိုင်ငံ ဆေးပညာလောကအတွက် အလွန်ကြီးမားသည့် ဆုံးရှုံးမှုဖြစ်တယ်လို့ လူမှုကွန်ယက်မှာ ရေးသား ပြောဆိုထားကြပါတယ်။

ဧရာဝတီသတင်းဌာနမှ ဖော်ပြချက်အရ ဒေါက်တာ စောဆိုင်မွန်သာကို ၁၉၄၂ စက်တင်ဘာ ရက် ဟင်္သာတမြို့တွင် မွေးဖွားခဲ့ပြီး ၁၉၆၇ တွင် MBBS ဘွဲ့၊ ၁၉၇၆ တွင် ခွဲစိတ်အထူးကုဆေးပညာဆိုင်ရာ မဟာဘွဲ့၊ ၁၉၈၂ ခုနှစ်၌ အင်္ဂလန်နိုင်ငံ အီဒင်ဘတ်မှ ခွဲစိတ်အထူးကုသမားတော်ဘွဲ့ (FRCP)  ၁၉၈၃ ခုနှစ်တွင် ဂလက်စဂို တော်ဝင်ဆေးပညာကောလိပ်မှ ခွဲစိတ်- သမားတော်ဘွဲ့တို့ကို ရရှိခဲ့ကာ ၁၉၉၅ ခုနှစ်၌ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ပညာကို လတာ သွားရောက်သင်ယူခဲ့တယ်လို့ သိရပါတယ်။

ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဌာနမှူး၊ အရှေ့တောင်အာရှ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်အသင်းတွင် မြန်မာကိုယ်စားလှယ်၊ အမေရိကန်ဇီဝဆိုင်ရာ အဖွဲ့အစည်းမှ ဆေးဘက်ဆိုင်ရာ ဦးဆောင်မှုထူးချွန်ဆုတို့ ချီးမြှင့်ခံခဲ့ရပြီး ၂၀၀၉ ခုနှစ်တွင် ကရင်ပြည်သူ့ပါတီ (KPP) အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

၂၀၀၂- ၂၀၀၃ ခုနှစ် နအဖအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့၏ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ရန် ပါဝင်ဆောင်ရွက်ခဲ့ပြီး KNU ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မြ ကျန်းမာရေးမကောင်းစဉ်က အနီးကပ်စောင့်ရှောက် ကုသပေးခဲ့သူဖြစ်ကာ နာဂစ်ကာလ ဘိုကလေးမြို့နယ်တွင် ဆေးဘက်ဆိုင်ရာ အကူအညီများကို လတိုင် ဆောင်ရွက်ပေးခဲ့သလို ပုသိမ်၊ ကျောက် ကြီး၊ တောင်ငူ၊ မြောင်းမြ ဒေသများတွင်လည်း ဆေးဝါးကုသမှုများပေးခဲ့တဲ့ အထူးကုဆရာဝန်ကြီးတစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌၄။ မွန်တပ် () ခု ပူးပေါင်းပြီးရာမည ပူးတွဲစစ်ကြောင်းဖွဲ့စည်း


ဇန်နဝါရီ ၁၉ ရက်၊ Radio NUG


မွန်ဒေသ အခြေပြု မွန်တော်လှန်ရေးတပ် ခု ပူးပေါင်းပြီး ပူးတွဲစစ်ဆင်ရေး လုပ်ငန်းများအတွက်ရာမည ပူးတွဲ စစ်ကြောင်းကို ဖွဲ့စည်းခဲ့တယ်လို့ သက်ဆိုင်ရာ တပ်တွေက သတင်းထုတ်ပြန် လာပါတယ်။

၂၀၂၅၊ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ မွန်ပြည်လွတ်မြောက်ရေး တပ်တော် (MLA) မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (MNLA-AD) မွန်ပြည် ကာကွယ်ရေးတပ် (MSDF) နဲ့ မွန်ပြည် တော်လှန်ရေးတပ် (MSRF) တို့ဟာ လွတ်မြောက်နယ်မြေ တနေရာမှာ အစည်းအဝေး ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ အစည်းအဝေးမှာ တပ်ဖွဲ့ () ဖွဲ့ရဲ့ ပူးတွဲစစ်ဆင်ရေး လုပ်ငန်းများအတွက်ရာမည ပူးတွဲ စစ်ကြောင်းကို ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ထားပြီး ပူးတွဲစစ်ဆင်ရေးများကို လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။

နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ မွန်တပ်ဖွဲ့ () ဖွဲ့ဟာ တခုတည်းသော မွန်တပ်တော် ပေါ်ပေါက်လာရေး ရည်မှန်းပြီး စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်ဖို့ကို ပြီးခဲ့တဲ့ ၂၀၂၄၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ သဘောတူညီချက် ရရှိခဲ့တာပါ။

အဆိုပါ တပ်ဖွဲ့ ဖွဲ့ဟာ သက်ဆိုင်ရာ နယ်မြေအသီးသီးမှာ မဟာမိတ်တော်လှန်ရေး အင်အားစုများနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက် နေကြတာလည်း ဖြစ်ပါတယ်။


========================


📌📌၅။ဇန်နဝါရီလ ၂၀ရက်နေ့တွင် နွေဦးထီ ၁၀ စောင်ဝယ်ပြီး စောင် ရယူနိုင်


ဇန်နဝါရီ ၁၉ RadioNUG 


နွေဦးထီ နှင့် Agent/ Ranger များအတွက် ရောင်းအားမြှင့်တင်ရန် ရည်ရွယ်ပြီး ဒုတိယဂိုး ၁သိန်း ၁သောင်း ပြည့်မီအောင် ကြိုးစားကြဖို့အတွက် ဇန်နဝါရီလ ၂၀ ရက် (တနင်္လာနေ့) ၁၂နာရီအတွင်း နွေဦးထီ ဝယ်ယူသူတိုင်းအတွက် (၁၀) စောင် ဝယ်လျှင် - () စောင် လက်ဆောင်ပေးသွားဖို့ စဥ်ထားကြောင်း အောင်လံလွှင့်ချီ နွေဦးထီမှ ဖော်ပြထားပါတယ်။

နွေဦးထီချစ်သူတို့အနေဖြင့် Agent/ Ranger များထံမှ နွေဦးထီ (၁၀) စောင် ဝယ်လျှင် - (၁၁) စောင်၊ နွေဦးထီ (၂၀) စောင် ဝယ်လျှင် - (၂၂) စောင်၊ နွေဦးထီ (၃၀) စောင် ဝယ်လျှင် - (၃၃) စောင်၊ နွေဦးထီ (၄၀) စောင် ဝယ်လျှင် - (၄၄) စောင်နှင့် နွေဦးထီ (၅၀) စောင် ဝယ်လျှင် - (၅၅) စောင် ရယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

NOH app မှ ကိုယ်တိုင် ဝယ်ယူသူများအတွက် ၁၀ စောင်ဝယ်ယူတိုင်း ၂၀၀၀ တန် NOH Gift Card ကို ရက် အတွင်း ပေးပို့သွားမယ်လို့ အောင်လံလွှင့်ချီ နွေဦးထီမှ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နှင့်မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။⁩⁩⁩


========================


========================





🚩🚩 ၁။⁨⁨⁨ စနစ်ပြောင်းဖို့ဦးတည်တယ်ဆိုရင် စကားပြောပြီး ပြဿနာဖြေရှင်းဖို့ ဝန်မလေးသော်လည်း  စနစ်မပြောင်းမချင်း ဆက်တိုက်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် အသိပေး


ဇန်နဝါရီ ၁၉ RadioNUG 


တော်လှန်ရေးက စနစ်ပြောင်းရေး ဖြစ်သည့်အတွက် စနစ်ပြောင်းဖို့ဦးတည်တယ်ဆိုရင် စကားပြောပြီး ပြသာနာဖြေရှင်းဖို့ ဝန်မလေးသော်လည်း စနစ်မပြောင်းမခြင်း ဆက်တိုက်သွားမယ် ဆိုတာကိုလည်း တပါတည်း အသိပေးလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဦးခင်မောင်စိုးနှင့် အင်တာဗျူးမှာ အသိပေးပြောဆိုခဲ့ပါတယ်။

ပသုံးလုံး အဖွဲဝင်အချို့နဲ့ အခြား PDF အဖွဲ့အချို့က အခွန်ကောက်ခံတယ်ဆိုတာ တရားဝင်အစိုးရတစ်ရပ်ရဲ့လုပ်ပိုင်ခွင့်လည်းဖြစ်သလို တော်လှန်ရေးရန်ပုံငွေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ဖြစ်ပြီး NUG အနေနဲ့ သာမန်ပြည်သူတွေအပေါ်မှာ အခွန်စည်းကြပ်မူလုံးဝမပြုဘဲ လုပ်ငန်းရှင်တွေပေါ်မှာသာ အခွန်ကောက်ခံတဲ့ စနစ် ကျင့်သုံးနေသော်လည်း မြေပြင်မှာတော့ အဲ့ဒီ့ မူဝါဒကိုကျော်လွန်ဆောင်ရွက်တာတွေတချို့ ရှိနေပါသေးသလို ၂၀၂၅ နှစ်ဆန်းကာလမှာတော့ အုပ်ချုပ်ရေးကဏ္ဌပြုပြင်ပြောင်းလဲမူရော အခွန်စီမံခန့်ခွဲပုံပြုပြင်ပြောင်းလည်းမှုကိုပါ ဆက်တိုက်ဆောင်ရွက်သွားဖို့ရှိလိမ့်မယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေး စစ်ရေး နိုင်ငံခြားရေး ဘဏ္ဍာရေး အဖက်ဖက်က အရေးနိမ့်နေတာဖြစ်ပြီး တော်လှန်ရေးကာလအတွင်း စစ်ကောင်စီရဲ့အင်အား အဆမတန်ပြုန်းတီးခဲ့တာ‌ကြောင့်  နောက်ဆုံး ဒီတိုက်ပွဲကို ဇွဲသတ္တိနဲ့ ခံနိုင်ရည် အားကောင်းတဲ့ဖက်က နောက်ဆုံးအောင်ပွဲယူလိမ့်မယ်လို့ ယုံကြည်ကြောင်း ဝန်ကြီးက ပြောဆိုထားပါတယ်။


========================


🚩🚩၂။မကွေးတိုင်းရှိ စစ်ကောင်စီရဲ့ ကပစ (၂၁) တပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်


ဇန်နဝါရီ ၁၉ ရက်၊ Radio NUG


မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံ ကပစ (၂၁) ကို ၁၀၇ မမ ရှော့တိုက်ဒုံး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ နာရီ ၂၀ မိနစ် အချိန်မှာ ကပစ -၂၁ အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၎င်း ကပစ ၂၁ ဟာ စစ်ကောင်စီ လေတပ်က နိုင်ငံအဝှမ်းက ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်ရာမှာ အသုံးပြုတဲ့ ပေါင် ၂၅၀၊ ပေါင် ၅၀၀ ဗုံးသီးများ၊ cluster ဗုံးသီးများ အပါအဝင် တိုက်လေယဥ်သုံး လူသတ်ဗုံးသီး အမျိုးမျိုးကို အဓိက ထုတ်လုပ်ပေးနေတဲ့ စက်ရုံ ဖြစ်တာကြောင့် အရေးကြီးတဲ့ စစ်ရေး ပစ်မှတ်အဖြစ် သတ်မှတ်ကာ BWM Mission 31 အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှု အတွင်း ကပစ ၂၁ ဗုံးသီးထုတ် စက်ရုံမှာ ကြီးမားတဲ့ ထိခိုက်မှု ရှိခဲ့တယ်လို့ ကနဦး သတင်း ရထားပြီး တိကျတဲ့ ထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်း နေဆဲဖြစ်တယ်လို့ BMW က အသိပေးထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ရဲ့ ဦးဆောင်မှုဖြင့် Eagle Brigade (ANyar Eagle) , No More Dictatorship - NMD , Shadow (Mandalay) နဲ့ ဒေသခံ တော်လှန်ရေး အင်အားစုများက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩၃။ ⁨Lion Battalion Commando စစ်ကြောင်းမှ တော်လှန်ရေး တပ်သားသစ်များ ခေါ်ယူနေ


ဇန်နဝါရီ ၁၉ ရက်၊ Radio NUG


ဗိုလ်အယ်ဆေးဝါး ဦးဆောင်တဲ့ Lion Battalion Commando စစ်ကြောင်းမှ တော်လှန်ရေး တပ်သားသစ်များကို စီစစ်ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

တပ်သားသစ် လျောက်ထားလိုသူများအနေနဲ့

၁။ ကျန်းမာရေးကောင်းမွန်၍ အသက် (၁၈) နှစ် မှ (၃၅) နှစ်အတွင်း ရှိသူဖြစ်ရမည်။

၂။ လူမှုရေး အရှုပ်အရှင်း ကင်း၍ ရာဇဝတ်မှု ကင်းလွတ်ရမည်။

၃။ အမိန့်နာခံမှု ရှိရမည်။

၄။ ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်ရမည်။

၅။ တော်လှန်ရေး ကာလ ပြီးဆုံးသည်အထိ ပေးအပ်ထားသော တာဝန်များကို အချိန်၊ နေရာ၊ ဒေသမရွေး တာဝန် ထမ်းဆောင် နိုင်ရမည်။လို့ ဆိုပါတယ်။

အဆုံးသတ် တိုက်ပွဲမှာ ကိုယ်တိုင် ပူးပေါင်းပါဝင် လိုသူများ အနေနဲ့ Lion Battalion Commando စစ်ကြောင်း တပ်ခွဲ () နဲ့ တပ်ခွဲ () ရဲ့  Page  Messengerv(Chat Box)တွင် ဆက်သွယ်မေးမြန်း စာရင်းပေးသွင်း နိုင်တယ်လို့ အသိပေး ထားပါတယ်။


========================


🚩🚩 ၄။စစ်ကောင်စီ ရေတပ်မှ ဗိုလ်ကြီး တဦး၊ ရတဖ ၂၂ မှ ရဲတပ်သား ဦး ကျားသစ်နက် စစ်ကြောင်းထံ အလင်းဝင်


ဇန်နဝါရီ ၁၉ ရက်၊ Radio NUG


ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ရေတပ် ပင်မစက်မှုလက်မှုတပ် (NED) မှ ဗိုလ်ကြီး တဦးနဲ့ ကရင်ပြည်နယ်၊ ဘားအံ ရဲတပ်ရင်း (၂၂) မှ ရဲတပ်သား တဦး အလင်းဝင်လာတယ်လို့ ကျားသစ်နက် စစ်ကြောင်းက ထုတ်ပြန်ထား ပါတယ်။

စစ်ကောင်စီရဲ့ ယုတ်မာ ကောက်ကျစ် စဉ်းလဲမှုများမှ ရုန်းထွက်ပြီး အလင်းဝင်လာတဲ့ ရေတပ် ဗိုလ်ကြီးနဲ့ ဇနီး၊ ရဲ တပ်သား စုစုပေါင်း ဦးကို ကျားသစ်နက် စစ်ကြောင်းမှ နွေးထွေးစွာဖြင့် ကြိုဆိုလက်ခံထားတယ်လို့ အသိပေး ထားပါတယ်။

ထို့အပြင် ဖက်စစ် စစ်တပ်ကို အမြစ်ဖြတ်နိုင်ဖို့ တိုက်ခိုက်ရေး၊ ခြေမှုန်းရေး တပ်သားသစ် များကို ကျားသစ်နက် စစ်ကြောင်းက စိစစ်ခေါ်ယူနေပြီး Black Panther Column Facebook Page နှင့် Black Panther Column Telegram ( @bpc29905) တို့မှာ တိုက်ရိုက်ဆက်သွယ်နိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။


========================


🚩🚩 ၅။⁨ ⁨ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုများကြောင့်  ပြည်သူပိုင် အဆောက်အဦးများ ထိခိုက်ပျက်စီး


ဇန်နဝါရီ ၁၉ ရက်၊ Radio NUG


ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူပိုင် နေအိမ် လုံး ပျက်စီးခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၁၆ ရက် နာရီ ၄၂ မိနစ် အချိန်မှာ ခမရ - ၃၀၇ ရွှေဝါတပ်ရင်းက ၁၂၀ မမ လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ရာ ခိုလိုကျေးရွာနဲ့ ဇီးကုန်းကျေးရွာ အတွင်းမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဇီးကုန်းကျေးရွာမှ ပြည်သူပိုင် နေအိမ် လုံး ထိခိုက်ပျက်စီး ခဲ့ပါတယ်။

အလားတူ ဇန်နဝါရီလ ၁၆ ရက် နေ့လည် ၁၂ နာရီ ၁၇ မိနစ် အချိန်မှာ ပိန်းဇလုပ် အခြေစိုက် ခမရ - ၂၀ တပ်ရင်း ကနေ ဒရုန်းဖြင့် ဗုံးသီး လုံး ကြဲချခဲ့ရာ အောပလားကျေးရွာ အနီးမှာ ကျရောက်ပေါက်ကွဲ ခဲ့ပါတယ်။

ဇန်နဝါရီလ ၁၅ ရက် နေ့လည် ၁၂ နာရီ ၁၁ မိနစ်ကလည်း တော်ဝိအခြေစိုက် ခလရ - ၂၄၆ ကနေ ၈၁ မမ နဲ့ ၁၂၀ မမ လက်နက်ကြီး ၁၃ လုံးပစ်ခတ်ခဲ့ရာ ချိုအေးကျေးရွာနဲ့ ကွင်းကုန်းကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ဒါ့အပြင်ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးသထူ(သထုံ) ခရိုင်၊ မဲပလီအုပ်စု၊ အစူးချောင်း ကျေးရွာအတွင်းကို စစ်ကောင်စီ တပ်က လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ပြည်သူပိုင် အဆောက်အဦးများ ထိခိုက် ပျက်စီး ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့ နာရီ ခွဲခန့်က မဲပလီအခြေစိုက် စစ်ကောင်စီ တပ်က ၁၂၀ မမ လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ရာ အစူးချောင်း ကျေးရွာက နေအိမ်တလုံး၊ နတ်စင်၊ ရေကန်နဲ့ ဘုန်းကြီးကျောင်းမုဒ်ဝတို့ လက်နက်ကြီး အစထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဇန်နဝါရီလ ၁၆ ရက်ကလည်း မဲပလီ (အမှတ် ၄၀၄-၄၀၅) ခြေမြန်တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ရာ အစူးချောင်း ကျေးရွာ အနီးကို ကျရောက်ပေါက်ကွဲ ခဲ့ပါတယ်။


========================


🚩🚩 ၆။⁨⁨ ကရင်တပ်ဖွဲ့‌တွေဆီ သေနတ်များ ခိုးယူရောင်းချမှုဖြင့် ထိုင်းအမျိုးသမီးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီး


ဇန်နဝါရီ ၁၉ RadioNUG 


ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖန်ခရိုင် နယ်စပ်တလျှောက်က ကရင်တပ်တွေဆီ  ရဲလက်နက်တိုက်ကနေ ခိုးယူလာတဲ့ ချေမှုန်းရေး ရိုင်ဖယ် ၄၃ လက်ကို  ပြန်ရောင်းတဲ့ ထိုင်းအမျိုးသမီးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိကြောင်း The Nation သတင်းဌာနမှာ ဖော်ပြထားပါတယ်။

 မှုခင်းနှိမ်နင်းရေးဌာနခွဲ (CSD) က အုန်းဖန်ခရိုင် တမ်ဖန်းမြို့နယ် အုန်းဖန်းမြို့ နေအိမ်တွင် ဝရဝမ် (အမည်ကွဲ) အသက် ၄၉ နှစ်ကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါဖမ်းဆီးမှုသည် 2022 ခုနှစ် ဒီဇင်ဘာလ ဘန်ကောက်မြို့ Bang Khen ခရိုင်ရှိ နယ်ခြားစောင့်ရဲတပ်ထောက် သိုလှောင်ရုံမှ M16 ချေမှုန်းရေးရိုင်ဖယ် 43လက် ခိုးယူခံရမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုအပြီးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ခိုးမှုအား ဖော်ထုတ်ပြီးနောက် ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ် နရူဗက်နှင့် ကြံရာပါ ခုနစ်ဦးကို ဖမ်းဆီးခဲ့ပြီး နရူဗက် သည် ခိုးယူလာသော M16 ရိုင်ဖယ် ၄၃ လက်အား ဗိုလ်မှူးကြီး နခရင်ထံ ရောင်းချခဲ့ကာ နခရင်မှ ဖမ်းဆီးခံရသည့် အမျိုးသမီးထံ ပြန်လည်ရောင်းချခဲ့တယ်လို့ ရဲများက ဆိုထားပါတယ်။

ထို့နောက် ဖမ်းဆီးခံရတဲ့ အမျိုးသမီးက M16 ရိုင်ဖယ်သေနတ်များကို နယ်စပ်ဖြတ်ကျော် ကရင်စစ်တပ်ထံ ရောင်းချခဲ့တယ်လို့ CSD မှ စွပ်စွဲခဲ့ပြီး မည်သည့် ကရင်အဖွဲ့အစည်းထံ ရောင်းချခဲ့ကြောင်း မဖော်ပြထားဘဲ လက်နက်ရောင်းချသူ အမျိုးသမီးအား ထပ်မံတရားစွဲဆိုရန် ဘန်ကောက်ရှိ CSD ရုံးချုပ်သို့ ခေါ်ဆောင်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နှင့်မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။⁩⁩⁩⁩⁩





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment