၂၀၂၅ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ NUG ရဲ့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်ကို ဘာသာစကား ၄ မျိုးနဲ့ စမ်းသပ် ထုတ်လွှင့်
📌 ၂။ ကလေး တမူးနယ်တွေမှာ စစ်ရှောင်များအတွက်စားနပ်ရိက္ခာများ အထူးလိုအပ်နေ
📌 ၃။ လောင်းလုံးမြို့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ အရပ်သားပြည်သူများ သွားလာလှုပ်ရှားနေတဲ့နေရာမှာ မြေမြှပ်မှိုင်းအသုံးပြုမှုကို ကန့်ကွက်ရှုတ်ချ
📌 ၄။ မတူပီမြို့နယ်(ပအဖ)အနေဖြင့် မတူပီမြို့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်ဖော်ဆောင်သွားမည်
📌 ၅။ မြန်မာပြည်သူတွေနဲ့ အတူရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်သားငယ် ကိုထိန်လင်းအသိပေး
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ညောင်ဖြူပင်ရဲစခန်းကစစ်သားတွေကို ရိက္ခာလာပို့တဲ့ တောပုရွာကပျူစောထီးတွေကို တိုက်ခိုက်မှု ၂ ဦးသေဆုံး
🚩 ၂။ ငဖဲမြို့နယ်က အမ်း- ပဒါန်းလမ်းပိုင်းမှာ စစ်တပ်စစ်ကြောင်းနဲ့ စစ်ပွဲကထွက်ပြေးလာသူတွေကို တိုက်ခိုက်ရာမှာ အရာရှိ အပါအဝင် ၁ဝဦးထက်မနည်း သေဆုံး
🚩 ၃။ မင်းလှနယ်အပိုင် ရိုးမပေါ်ကို စစ်ကြောင်းခိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားတဦးသေဆုံး
🚩 ၄။ နောင်ချိုမြို့ကလူစည်ကားရာနေရာကို ဗုံးကြဲတိုက်ခိုက်တဲ့လေယာဉ်ဟာ မိတ္ထီလာလေတပ်က တိုက်ခိုက်ရေးလေယာဉ်လို့ လေကြောင်းရန် ကြိုတင်ကာကွယ်ရေးအဖွဲ့ပြော
🚩 ၅။ မိုးဗြဲမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးအင်အားစုတွေဘက်က ဆေးဝါးနဲ့ လောင်စာဆီ လိုအပ်နေ
🚩 ၆။ စစ်ကောင်စီတပ်သား ၃ ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ လက်နက်နဲ့တကွ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ NUG ရဲ့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်ကို ဘာသာစကား ၄ မျိုးနဲ့ စမ်းသပ် ထုတ်လွှင့်
ဇန်နဝါရီလ ၂၃ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ၂ပါတ်တကြိမ် ပြုလုပ်နေတဲ့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်း အစီအစဉ်ကို တရုတ်၊ ဂျပန်၊ ထိုင်း ၊ အိန္ဒိယ စတဲ့ ဘာသာစကား ၄ မျိုးနဲ့ စမ်းသပ်ထုတ်လွှင့်နေပြီဖြစ်ပါ တယ်။
အခုနှစ် ဇန်နဝါရီလဆန်းကစလုပ်တဲ့ သတင်းစကား ပြောကြားခြင်းအစီအစဉ် ၁/၂၀၂၅ မှာ ဂျပန်နဲ့ တရုတ် ဘာသာစကား တွေနဲ့ စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး ဇန်ဝါရီ ၂၁ ရက်ကလုပ်တဲ့ ၂/၂၀၂၅ သတင်းစကား ပြောကြားခြင်းအစီအစဉ်မှာ ထိုင်းနဲ့ အိန္ဒိယ (Hindi) ဘာသာစကားတို့ကိုပါ တိုးချဲ့ထုတ်လွှင့်ခဲ့တယ်လို့ NUG ဘက်က အသိပေးပါတယ်။
ဒါဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ မြန်မာ့နိုင်ငံရေးအပေါ် သက်ရောက်မှုကြီးတဲ့နိုင်ငံတွေရဲ့ ဘာသာစကားကို ဦးစားပေးတဲ့အနေနဲ့ ဖော်ပြနေတာဖြစ်ပါတယ်။
စမ်းသပ်ထုတ်လွှင့်မှုကို PVTV နဲ့ Team New Myanmar-Japan တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး လူနဲ့ ဉာဏ်ရည်တု နည်းပညာ AI - Artificial Intelligence ပေါင်းစပ်ဖန်တီးထားတာဖြစ်တဲ့အတွက် ချို့ယွင်းအားနည်းချက်တွေရှိရင် ဝေဖန် ထောက်ပြပေးခြင်းနည်းနဲ့ ကူညီပေးဖို့ PVTV ကတဆင့် မေတ္တာရပ်ခံထားပါတယ်။
စမ်းသပ်ထုတ်လွှင့်မှုအစီအစဉ်တွေမှာ အသံကို ဘာသာစကား ၄ မျိုးနဲ့ ထုတ်လွှင့်ပြီး အင်္ဂလိပ်ဘာသာနဲ့ စာတမ်းထိုးပေးတာ ကိုတွေ့ရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံအတွင်း စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေနဲ့ပတ်သက်တဲ့ သတင်းစကားတွေကို သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်နဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်တို့က NUG ရဲ့ သတင်းပြန် ကြားရေးဌာနတခုဖြစ်တဲ့ PVTV နဲ့ PVTV Youtube မှာ ပြန်လည်ဖော်ပြပေးနေတာပဲဖြစ်ပါတယ်။
========================
📌📌 ၂။ ကလေး တမူးနယ်တွေမှာ စစ်ရှောင်များအတွက်စားနပ်ရိက္ခာများ အထူးလိုအပ်နေ
ဇန်နဝါရီ၂၃ရက်
စစ်ကိုင်းတိုင်း ကလေး၊တမူးနယ်တွေမှာ နေ့စဥ်နဲ့အမျှ လေကြောင်းကဗုံးကြဲခံနေရ၍ စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ အထူးလိုအပ်နေတယ်လို့ ဇန်နဝါရီ၂၃ရက်မှာ စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က အသိပေးဆိုထားပါတယ်။
"စစ်ကိုင်းတိုင်း အနောက်မြောက်ဘက်ဒေသဖြစ်တဲ့ ကလေး တမူးနယ်တွေမှာ နေ့စဥ်နဲ့အမျှ လေကြောင်းနဲ့ကြဲ ခံ နေ ကြရတာပါ။ဒေသအခြေအနေအရသာ ဆိုရှယ်မီဒီယာအပေါ် သတင်းပလူပျံအောင်တက်မလာပေမဲ့ တရက်မှ မအေးရပါဘူး။ကူမယ်စိတ်ကူးကြရင် ကလေး၊တမူးဘက်ကိုကူပေးကြဖို့ရာ အသံထွက်ပေးချင်ပါတယ်။ဘာဖြစ်ဖြစ် ဆန် ၁အိတ် ဆီ ၁ ပုံးကစလို့ ဝိုင်းကူပေးကြပါ"လို့ဆိုပါတယ်။
၂၀၂၃နဲ့၂၀၂၄ မှာစကစရဲ့လေကြောင်းတိုက်ခိုက်မှုများမြင့်တက်ခဲ့ပြီး၂၀၂၅ ခုနှစ် နှစ်စမှာတင်လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူ လူဦးရေတရာကျော်ခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၃။ လောင်းလုံးမြို့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ အရပ်သားပြည်သူများ သွားလာလှုပ်ရှားနေတဲ့နေရာမှာ မြေမြှပ်မှိုင်းအသုံးပြုမှုကို ကန့်ကွက်ရှုတ်ချ
ဇန်နဝါရီလ ၂၃ ရက်
လောင်းလုံးမြို့မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) အဖွဲ့ဝင်တချို့မှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ အရပ်သားပြည်သူများ သွားလာလှုပ်ရှားနေတဲ့နေရာမှာ မြေမြှပ်မှိုင်းအသုံးပြုမှုကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အဲဒီဆန္ဒထုတ်ဖော်မှုကို 'ပြည်သူအာဏာ ပြည်သူပြန်ပေး' ၊'စားကျက်ပြည်သူ မဟုတ်ရပေ၊ အကြမ်းဖက်နေတာ ငါတို့မလိုဘူး'ဆိုတဲ့ ပိုစတာတွေကိုင်ဆောင်ပြီး ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ရှေ့တောဒေသတစ်နေရာမှာ ဇန်နဝါရီလ ၂၃ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်။
ပဋိပက္ခအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေအပြင် တော်လှန်ရေးတပ်ဖွဲ့တချို့ကပါ အရပ်သားပြည်သူတွေ သွားလာလှုပ်ရှားမှုရှိတဲ့နေရာတွေမှာ မြေမြှုပ်မှိုင်းသုံးပြုပြီး တိုက်ခိုက်နေကြတဲ့အတွက် ကိုယ်အင်္ဂါချို့ယွင်းခဲ့ရတဲ့ ပြည်သူတွေနဲ့ အသက်ဆုံးရှုံးခဲ့ရသူ အများအပြားရှိလာပါတယ်။
========================
📌📌 ၄။ မတူပီမြို့နယ်(ပအဖ)အနေဖြင့် မတူပီမြို့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်ဖော်ဆောင်သွားမည်
ဇန်နဝါရီ၂၃ရက်
မတူပီမြို့ပေါ် သောက်သုံးရေရရှိရေး (စည်ပင်) ကော်မတီအားဖွဲ့စည်း၊မတူပီမြို့နယ်(ပအဖ)အနေဖြင့် မတူပီမြို့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
မတူပီမြို့ပေါ်(၄)ရပ်ကွက်နေပြည်သူများအတွက် လိုအပ်လျက်ရှိသော သောက်သုံးရေ လုံလုံလောက်ရရှိနိုင်ရန်အတွက် မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှလုပ်ဆောင်နေပြီလို့ ဇန်နဝါရီ၂၂ရက်တွင် ထုတ်ပြန်ပါတယ်။
မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် CDF-Matupi တပ်မဟာ(၁)သည် ICNCC နှင့် ချင်းညီနောင်အဖွဲ့၏ နိုင်ငံရေး၊စစ်ရေးလမ်းစဉ်အတိုင်း သက်ဆိုင်ရာတိုက်နယ်၊ရပ်ကွက်၊ကျေးရွာများတွင် အုပ်ချုပ်ရေး၊ကာကွယ်ရေး နှင့်ပြည်သူ့ဝန်ဆောင်မှု ယန္တရားများကောင်းမွန်စွာလည်ပတ်နိုင်ရန် ကြိုးပမ်းလျက်ရှိနေပြီလို့ဆိုပါတယ်။
========================
📌📌 ၅။ မြန်မာပြည်သူတွေနဲ့ အတူရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်သားငယ် ကိုထိန်လင်းအသိပေး
ဇန်နဝါရီ၂၃ရက်
မြန်မာပြည်သူတွေနဲ့ အတူရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်သားငယ် ကိုထိန်လင်း အသိပေးဆိုလိုက်ပါတယ်။ဇန်နဝါရီ၂၃ရက်မှာ ရုပ်သံနဲ့တကွဒေါ်အောင်ဆန်းစုကြည်၏သားငယ်ကိုထိန်လင်းကဆိုပါတယ်။
"ကျွန်တော့်ကို ချစ်ခင်အားပေးကြလို့ အင်မတန်ဝမ်းသာရတယ်၊ ဟင်းချက်နည်းတွေ မျှပေးလို့လဲကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို အသိအမှတ်ပြုပြီး အားပေးတဲ့အနေနဲ့ Stars တွေပေးကြလို့လဲ ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော် မြန်မာပြည်သူတွေနဲ့ အတူရှိနေတယ်"လို့ဆိုပါတယ်။လက်ရှိမှာ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုကျင်းပဖို့ ကိုထိန်လင်းကပြင်ဆင်လျက်ရှိနေပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ညောင်ဖြူပင်ရဲစခန်းကစစ်သားတွေကို ရိက္ခာလာပို့တဲ့ တောပုရွာကပျူစောထီးတွေကို တိုက်ခိုက်မှု ၂ ဦးသေဆုံး
ဇန်နဝါရီလ ၂၃ ရက်
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းမှာအထိုင်ချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့အတွက် ရိက္ခာလာပို့တဲ့ တောပုပျူရွာ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ရာမှာ ၂ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရွာသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းမှာ အထိုင်ချနေတဲ့ စစ်သားတွေကို ရိက္ခာပို့ဖို့ တောပုပျူရွာက ထွက်လာတဲ့ အင်အား ၂၅ ဦးနဲ့ ညောင်ဖြူပင်ဘက်ကထွက်လာတဲ့ အင်အား ၂၅ပါ ပျူစောထီးတွေကို မနေ့ ဇန်နဝါရီလ ၂၂ မနက် ၈နာရီခွဲခန့်မှာ ၂ လုံး ပဒေသာမိုင်း ၂ ပွိုင့်နဲ့ တိုက်ခိုက်ရာ ပျူစောထီး ၂ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရသွားတယ်လို့ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF က ထုတ်ပြန်ပါတယ်။
ဒဏ်ရာရသွားတဲ့သူတွေထဲက ၂ ဦး ခြေထောက်ပြတ်သွားတာကြောင့် ရိက္ခာထုပ်တွေ ချထားခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားကြ ရာ ည ၈ နာရီကျော်တဲ့အထိ ရိက္ခာထုပ်တွေ လာမယူကြဘူးလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၂ ၊ မုံရွာခရိုင် တပ်ရင်း ၂၃၊ မုံရွာခရိုင် တပ်ရင်း ၂၅ ၊မုံရွာခရိုင် တပ်ရင်း ၂၈၊ BLDF၊ Special Force 11၊ Importal Gurella force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။
========================
🚩🚩 ၂။ ငဖဲမြို့နယ်က အမ်း- ပဒါန်းလမ်းပိုင်းမှာ စစ်တပ်စစ်ကြောင်းနဲ့ စစ်ပွဲကထွက်ပြေးလာသူတွေကို တိုက်ခိုက်ရာမှာ အရာရှိ အပါအဝင် ၁ဝဦးထက်မနည်း သေဆုံး
ဇန်နဝါရီလ ၂၃ ရက်
မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်စပ်မျဉ်းတလျောက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး ငဖဲမြို့နယ်အတွင်းက အမ်း- ပဒါန်း လမ်းပိုင်းမှာ စစ်တပ်စစ်ကြောင်းနဲ့ စစ်ပွဲကထွက်ပြေးလာသူတွေကို တိုက်ခိုက်ရာမှာ အရာရှိအပါအဝင် ၁ဝဦးထက်မနည်း သေဆုံးသွားတယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု- PRA မကွေးက ဒီနေ့ ဇန်နဝါရီ ၂၃ မှာ ထုတ်ပြန်ပါတယ်။
ငဖဲမြို့နယ် အမ်း- ပဒါန်း လမ်းပိုင်း ဂုတ်ကြီးရွာအနောက်ဘက် မီတာ ၂၅ဝဝ ခန့်အကွာမှာ ပဒါန်းဘက်ကတက်လာတဲ့ အင်အား ၁ဝဝ နဲ့ ခဲယမ်းတင်ကား ၄ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေ ဇန်နဝါရီ ၁၉ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကားတစီးပျက်စီးပြီး စစ်သား ၅ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ဇန်နယါရီလ ၇ ရက်နေ့ကလည်း ဂုတ်ကြီးရွာကနေ ခွန်ဇူးကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၃ဝ ပါ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၄ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရသွားတယ်လို့ အသိပေးပါတယ်။
အခု ဇန်နဝါရီလအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၉၉ လက်အောက်ခံတပ်ရင်းတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ သလို စစ်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်သားတွေကို ပိတ်ဆို့ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒီ ထိတွေ့တိုက်ပွဲတွေနဲ့ ပိတ်ဆို့ဖမ်းဆီးမှုတွေမှာ ခမရ- ၁၁၃ က ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၂ ဦး အရှင်ဖမ်းမိခဲ့ပြီး ဗိုလ်ကြီး ၂ ဦးနဲ့ အရာခံဗိုလ်တဦးအပါအဝင် စစ်သား ၁ဝ ဦးထက်မနည်း သေဆုံးသွားသလို စစ်တပ်ကသုံးတဲ့ ၆ဝ မမ ကွန်မန်ဒို စိန်ပြောင်းတလက်၊ လက်နက်ငယ် ၈ လက်နဲ့ ခဲယမ်းတွေအပြင် စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု- PRA မကွေးက ထုတ်ပြန်ထားပါတယ်။
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု- PRA မကွေးအနေနဲ့ စစ်ရေးဆိုင်ရာရည်မှန်းချက်တွေ တဆင့်ချင်း အကောင်အ ထည်ဖော်နေရာ မကြာမီကာလမှာတော့ မြေပြန်ဒေသတွေအထိ ထိုးစစ်အရှိန်မြှင့်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ မင်းလှနယ်အပိုင် ရိုးမပေါ်ကို စစ်ကြောင်းခိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားတဦးသေဆုံး
ဇန်နဝါရီလ ၂၃ ရက်
ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာမှ စစ်သားတဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က ဒီနေ့ ဇန်နဝါရီ ၂၃ မှာ ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကြောင်းကို စမ်းဘုတ်အုပ်စု ကျွန်းကုန်းကျေးရွာ ချောင်းမကြီး တံတားအနီးမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ ကရဲဘော်တွေ ဇန်နဝါရီ ၂၁ရက် နေ့လယ် ၁ နာရီခန့်အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ရိုးမပေါ် ခြေလျင်တက်လာတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲရာမှာ ဒဏ်ရာရသွားတဲ့ ၂ယောက်ဟာ သေဆုံးနိုင်တဲ့ ပြင်းထန် ဒဏ်ရာရသွားတာကြောင့် သေဖို့များတယ်လို့ သိရပါတယ်။
မိုင်းဆွဲခံရတဲ့ စစ်သားတွေဟာ စက်လက်တွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူး လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က အသိပေးပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်တပ် စစ်ကြောင်းဟာ လက်ပံတန်းမြို့နယ်က ဖောကားတစီးကို ချောဆွဲလာပြီး လမ်းမှာတွေ့တဲ့ ဒေသနေ ပြည်သူ အမျိုးသား ၅ ဦးကို ပေါ်တာဆွဲလာပြီး လူသားဒိုင်းအနေနဲ့ ရှေ့ကသွားခိုင်းတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရချိန်မှာ စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်ပစ်ခတ်မငကြောင့် ဖောကားမောင်းသူနဲ့အရပ်သားတဦး ကျည်ထိ မှန်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်း တပ်ဆုတ်သွားပြီဖြစ်ပေမယ့် တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်တာကြောင့် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေအနီး သွားလာနေထိုင်တာတွေ မလုပ်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃က သတိပေးထားပါတယ်။
========================
🚩🚩 ၄။ နောင်ချိုမြို့ကလူစည်ကားရာနေရာကို ဗုံးကြဲတိုက်ခိုက်တဲ့လေယာဉ်ဟာ မိတ္ထီလာလေတပ်က တိုက်ခိုက်ရေးလေယာဉ်လို့ လေကြောင်းရန် ကြိုတင်ကာကွယ်ရေးအဖွဲ့ပြော
ဇန်နဝါရီလ ၂၃ ရက်
တအာင်းပြည် တပ်မဟာ-၂ နယ်မြေ နောင်ချိုမြို့နယ်က ရဲစခန်းနဲ့ ပါရမီလက်ဖက်ရည်ဆိုင်အနီးကို ဗုံးကြဲတိုက်ခိုက်တဲ့ လေယာဉ်ဟာ မိတ္ထီလာလေတပ်စခန်းဌာနချုပ်က တိုက်ခိုက်ရေးလေယာဉ်လို့ လေကြောင်းရန် ကြိုတင်ကာကွယ်ရေးအဖွဲ့ NAS က ပြောဆိုလိုက်ပါတယ်။
မနေ့ ဇန်နဝါရီ နံနက် ၁၁ နာရီ ၂၄ မိနစ်အချိန်မှာ မတ္ထီလာ ရှမ်းတဲလေတပ်စခန်းဌာနချုပ်ကတက်လာတဲ့ MiG-29 အမျိုးအစား တိုက်ခိုက်ရေးလေယာဉ်က လူစည်ကားရာနေရာတွေကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှကြောင့် ဒေသနေပြည်သူ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၅ ဦး သေဆုံးပြီး တဦးပြင်းထန်ဒဏ်ရာရရှိကာ နေအိမ် ၂လုံးနဲ့ ရဲစခန်း ထိခိုက်ပျက်စီးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနကလည်း ထုတ်ပြန်ထားပါတယ်။
နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်လေယာဉ်ဟာ အဲဒီနေ့ မနက် ၁၁ နာရီ မိနစ် ၄ဝ မှာ မတ္ထီလာ ရှမ်းတဲလေတပ်စခန်း ဌာနချုပ်ကို ပြန်လည်ဆင်သက်ခဲ့တယ်လို့ NAS က အသိပေးထားပါတယ်။
လေကြောင်းရန် ကြိုတင်ကာကွယ်ရေးအဖွဲ့ NAS အနေနဲ့ အခုရက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုဆိုင်ရာသတင်းတွေကို ဆက်တိုက်ထုတ်ပြန်တာ တွေ့ရပါတယ်။
စစ်ရှုံးကောင်စီအနေနဲ့ အရပ်သားတွေကို စစ်သုံးလေယာဉ်တွေနဲ့ စစ်သုံပန်းတွေကို စိတ်ထင်တိုင်းဗုံးကြဲတိုက်ခိုက်တာတွေ အခုနောက်ပိုင်း ခပ်စိပ်စိပ်လာတာလဲဖြစ်ပါတယ်။
NAS က အခုလို အသိပေးထုတ်ပြန်လာတာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်ကလည်း တိုက်ခိုက်ခံရတဲ့ သက်သေ မှတ်တမ်းတွေတင်သာမက ကိုယ်ထိလက်ရောက်ကျူးလွန်သူတွေအကြောင်း အသေးစိတ်ထုတ်ပြန်လာနိုင်တယ်လို့ စစ်ရေး လေ့လာနေသူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။
========================
🚩🚩 ၅။ မိုးဗြဲမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးအင်အားစုတွေဘက်က ဆေးဝါးနဲ့ လောင်စာဆီ လိုအပ်နေ
ဇန်နဝါရီလ ၂၃ ရက်
ရှမ်းပြည်နယ်နဲ့ ကရင်နီပြည် နယ်စပ်မှာရှိတဲ့ မိုးဗြဲမြို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး မြို့ပြန်ရရေး စစ်ကောင်စီဘက်က ထိုးစစ်အရှိန်မြှင့်နေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေဘက်က ဆေးဝါးနဲ့ လောင်စာဆီတွေ လိုအပ်နေတယ်လို့ တိုက်ပွဲဝင် တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
စစ်ကောင်စီဟာ ဇန်နဝါရီ ၁၉ ရက်ကစပြီး လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူများစွာအပါအဝင် မြေပြင်အင်အား ၃၀၀ ခန့်နဲ့ ကရင်နီပူးပေါင်းတပ်ခံစစ်ကို ကျော်ဖြတ်ဖို့ ကြိုးပမ်းနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဆိုပါတယ်။
ရှမ်း-ကယား နယ်စပ်တနေရာမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ MOBYE PDF Rescue Team-MPRT က မနေ့ ဇန်နဝါရီ ၂၂ ရက်မှာ ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားပါတယ်။
အဲဒီရုပ်သံမှတ်တမ်းမှာ ကယ်ဆယ်ရေးတပ်ဖွဲ့က ဆေးဝါးနဲ့ လောင်စာဆီတွေလိုအပ်နေတဲ့အကြောင်း အသိပေးလိုက်တာ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲမှာ တိုက်ပွဲဝင် တော်လှန်ရေးရဲဘော်အချို့ ဒဏ်ရာရတာတွေရှိသလို တဦးကျဆုံးခဲ့ပြီး စစ်တပ်ဘက်ကလည်း ထိခိုက် သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။
ဒါဟာ မိုးဗြဲမြို့အနောက်ဘက်ခြမ်းက ကရင်နီတပ်ပေါင်းစု ထိန်းချုပ်ထားတဲ့နေရာတွေကို ပြန်လည်စိုးမိုးနိုင်ဖို့ စစ်ကောင်စီ တပ်ဘက်က ထိုးစစ်ဆင်နေတာလဲဖြစ်ပါတယ်။
မိုးဗြဲမြို့အခြေစိုက် ခမရ-၄၂၂ တပ်ရင်း စခန်းသိမ်းတိုက်ပွဲမှာ ကယ်ဆယ်ရေးလုပ်နေတာကို ရုပ်သံမှတ်တမ်းမှာတွေရပြီး ပစ်ခတ်ခံတွေ ကြားနေရပါတယ်။
မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ကြိုးပမ်းရာမှာ ကရင်နီတပ်ပေါင်းစုက စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုကြောင့် ၂ဘက် အကျဆုံးများတယ်လို့ စစ်ကောင်စီဝါဒဖြန့်သူတွေက ဖြန့်ဝေနေတာလည်းရှိပါတယ်။
ကရင်နီတပ်ပေါင်းစုကဖော်ဆောင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးမှာ ကရင်နီတပ်ပေါင်းစုက မိုးဗြဲမြို့ကိုထိန်းချုပ်နိုင်ခဲ့ရာ လွန်ခဲ့တဲ့ ၂ ခကျော်ကစပြီး စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေတာပဲဖြစ်ပါတယ်။
========================
🚩🚩 ၆။ စစ်ကောင်စီတပ်သား ၃ ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ လက်နက်နဲ့တကွ အလင်းဝင်
ဇန်နဝါရီလ ၂၃ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ ဗျူဟာ ၂၇ ကို စစ်ကောင်စီတပ်သား ၃ ဦး ဇန်နဝါရီ ၁၆ ရက်နေ့က လက်နက်နဲ့တကွ အလင်းဝင်လာခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
လက်နက်ငယ် ၃ လက် ကျည်ဘောက် ၉ ခုနဲ့ လာရောက်ပူးပေါင်းတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဗျူဟာ ၂၇ က ကောင်းမွန်စွာ ကြိုဆိုလက်ခံထားပြီး လိုအပ်တဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေ ကူညီလုပ်ဆောင်ပေးနေတယ်လို့ဆိုပါတယ်။
ထပ်မံအလင်းဝင်လိုတဲ့ စစ်ကောင်စီလက်အောက်ခံတွေကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က နွေးထွေးစွာ ကြိုဆိုနေမယ်လို့ ဖိတ်ခေါ်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြိုဆိုနေသလို PDF အဖြစ် တာဝန်ထမ်း ဆောင်လိုသူတွေကိုလည်း နွေးထွေးစွာလက်ခံကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တိုက်ခိုက်ရေးနှင့် ခြေမှုန်းရေး တပ်သားသစ်တွေခေါ်ယူနေရာ တောင်ပိုင်း စစ်ဒေသ စစ်ဒေသခွဲ အမှတ် ၃၊ ဗျူဟာ ၃၂ ကျားသစ်နက်စစ်ကြောင်းက စိစစ်ခေါ်ယူနေပြီး Black Panther Column Facebook Page နဲ့ Black Panther Column Telegram တို့ကို တိုက်ရိုက်ဆက်သွယ်ဝင်ရောက်နိုင်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment