12th Feb 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ "ဘုံရန်သူဟာ အာဏာသိမ်းစစ်ကောင်စီပဲ ဖြစ်တဲ့အတွက် တော်လှန်ရေးအင်အားစုအချင်းချင်း အာရုံမများဖို့" ယာယီသမ္မတ ပြောကြား

📌 ၂။ "ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်ကို ထူထောင်ဖို့ ဆွေးနွေးနိုင်တဲ့ အခင်းအကျင်းတစ်ခုကို ရောက်ရှိနေပြီ" ပြည်ထောင်စု ဝန်ကြီးချုပ် ပြော

📌 ၃။ "မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့နှုန်း အလွန်အမင်း မြှင့်တက်လျက်ရှိပြီး အိမ်ထောင်စု ပုံ ပုံတွင် ဝင်ငွေ သိသိသာသာ နည်းပါးလာခြင်းတို့အား ရင်ဆိုင်နေရ" ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား

📌 ၄။ သရုပ်ဆောင် ပိုင်ဖြိုးသု ရဲ့ အကယ်ဒမီ ရုပ်ကမ်ပိန်းတွင် "ရွှေသားပါတွယ်ချိတ်နားကပ် () ရံ" ကို ထပ်တိုး လက်ဆောင်အဖြစ် သတ်မှတ်


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။မိုးကုတ်မြို့အနောက်ပိုင်း၊ ဝင်းထရံရပ်ကွက်ရှိ ကျောက်တွင်းလုပ်ကွက်အား အကြမ်းဖက်စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အသေးစိတ် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန် 

🚩 ၂။ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာ အခြေခံဥပဒေအား စတင်ပြင်ဆင်ရေးဆွဲနေပြီဖြစ်လို့ တိုင်းရင်းသားအင်အားစုတွေအသိပေး 

🚩 ၃။မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကလေးသူငယ်များအတွက် အန္တရာယ်များ ပိုမိုကြီးထွားလာလျက်ရှိကြောင်း ဥရောပသမဂ္ဂမြန်မာထုတ်ပြန် 

🚩 ၄။ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၈ နှစ်ပြည့်မြောက်နေ့မှာ မြန်မာပြည်သူပြည်သားများအတွက် နော်ဝေသံရုံးရန်ကုန်က ဆန္ဒပြုဆုမွန်ကောင်းတောင်းပေး 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ၁။ "ဘုံရန်သူဟာ အာဏာသိမ်းစစ်ကောင်စီပဲ ဖြစ်တဲ့အတွက် တော်လှန်ရေးအင်အားစုအချင်းချင်း အာရုံမများဖို့" ယာယီသမ္မတ ပြောကြား


ဖေဖော်ဝါရီ ၁၂ ရက်

"ဘုံရန်သူဟာ အာဏာသိမ်းစစ်ကောင်စီပဲ ဖြစ်တဲ့အတွက် တော်လှန်ရေးအင်အားစုအချင်းချင်း အာရုံမများဖို့" ဟု ယာယီသမ္မတ ဒူဝါ လရှီးလက ပြောကြားလိုက်သည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးပေါင်းကျင်းပသော ၇၈ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနား တွင် ယာယီသမ္မတ ဒူဝါ လရှီးလက ပြောကြားခဲ့သည်။

**"နွေဦးတော်လှန်ရေးထဲမှာ ပင်လုံကဲ့သို့ ပြည်မနဲ့တောင်တန်းအကြား တော်လှန်ရေးပဋိဉာဏ်တရပ် ခိုင်မာစွာ ပေါ်ပေါက်ရေးကို ကျနော်တို့ အလိုရှိပါတယ်။ တိုင်းရင်းသား လူမျိုးပေါင်းစုံစုစည်းထားတဲ့ မဟာမိတ်စစ်ရေး တပ်ပေါင်းစုကြီး ပေါ်ပေါက်ဖို့အတွက် ကျနော်တို့အားလုံး မျှော်လင့်ထားကြပါတယ်။

လက်ရှိအချိန်မှာ ဘုံရန်သူဟာ တစ်ယောက်တည်း၊ တစုတဖွဲ့တည်း ဖြစ်ကြောင်း ထင်ရှားနေပြီဖြစ်ပါတယ်။ ဘုံရန်သူဟာ အာဏာသိမ်းစစ်ကောင်စီပဲ ဖြစ်ပါတယ်။ ဘုံရန်သူကို တွေ့နေရချိန်မှာ ကျနော်တို့ အချင်းချင်း အာရုံမများဖို့ လိုပါတယ်"** ဟု ယာယီသမ္မတက ပြောသည်။

ထို့ပြင်

"နွေဦးတော်လှန်ရေးဟာ နိုင်ငံရေးအရလွတ်မြောက်ရေး လမ်းဖြစ်သလို လူမျိုးရေးအရလည်း လွတ်မြောက်ရေးဖြစ်တယ်" ဟု ယာယီသမ္မတက ထပ်မံ ပြောကြားခဲ့သည်။


========================


📌📌 ၂။ "ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်ကို ထူထောင်ဖို့ ဆွေးနွေးနိုင်တဲ့ အခင်းအကျင်းတစ်ခုကို ရောက်ရှိနေပြီ" ပြည်ထောင်စု ဝန်ကြီးချုပ် ပြော


ဖေဖော်ဝါရီ ၁၂ ရက်

"ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်ကို ထူထောင်ဖို့ ဆွေးနွေးနိုင်တဲ့ အခင်းအကျင်းတစ်ခုကို ရောက်ရှိနေပြီ" ဟု ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၂ ရက်တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးပေါင်းကျင်းပသော ၇၈ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနား တွင် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

**"ပင်လုံစာချုပ်ဟာ မြန်မာ့သမိုင်းတစ်လျှောက် ဖက်ဒရယ်မူများကို အစပြုခဲ့သော စာချုပ်ဖြစ်သည်။

ပင်လုံစာချုပ်ဟာ တိုင်းရင်းသား အားလုံးရဲ့ ရေသောက်မြစ်ကြီးဖြစ်ခဲ့ပါတယ်။ အလားတူပဲ ယနေ့ချိန်ခါမှာ ကျနော်တို့ စက်ဆုပ်ရွံရှာကြတဲ့ ဘုံရန်သူအစစ်ဖြစ်တဲ့ စစ်အာဏာရှင်ကို မိမိတို့ ကျရာကဏ္ဍကနေ တွန်းလှန်နေကြရင်း

အနာဂတ်မှာ တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ မတူကွဲပြားမှုများကို လက်ခံနိုင်သည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ် ကို ဘယ်လို ထူထောင်ကြမလဲ ဆိုတာပါ ဆွေးနွေးနိုင်တဲ့ အခင်းအကျင်းတစ်ခုကို ရောက်ရှိနေပြီ"** ဟု ဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင်
အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစု ခေါင်းဆောင်အသီးသီးသည် ပြည်ထောင်စုနေ့ အစား သမိုင်းဝင် ပင်လုံစာချုပ် ချုပ်ဆိုခြင်းနေ့ ကို အစွဲပြုကာ "ပင်လုံစာချုပ် ချုပ်ဆိုခြင်းနေ့" ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြသည်။


========================


📌📌 ၃။ "မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့နှုန်း အလွန်အမင်း မြှင့်တက်လျက်ရှိပြီး အိမ်ထောင်စု ပုံ ပုံတွင် ဝင်ငွေ သိသိသာသာ နည်းပါးလာခြင်းတို့အား ရင်ဆိုင်နေရ" ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား


ဖေဖော်ဝါရီ ၁၂ ရက်

(၆၃) ကြိမ်မြောက် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မရှင် အထွေထွေဆွေးနွေးမှုကဏ္ဍ တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အောက်ပါအတိုင်း ပြောကြားခဲ့သည်

**"မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့နှုန်း အလွန်အမင်း မြှင့်တက်လျက်ရှိပြီး၊

အိမ်ထောင်စု ပုံ ပုံတွင် ဝင်ငွေ သိသိသာသာ နည်းပါးလာခြင်းတို့အား ရင်ဆိုင်နေရသည်။

စစ်တပ်မှ အတင်းအကျပ် တပ်သားစုဆောင်းနေခြင်းကလည်း စီးပွားရေး ဆုတ်ယုတ်လာခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ လူငယ် လူရွယ်များအား လုံခြုံမှု ကင်းမဲ့စေကာ၊ ၎င်းတို့၏ အနာဂတ်များအား မရေရာမှုများ ဖြစ်ပေါ်စေ လျက်ရှိသည်။

မျက်မှောက်အခြေအနေများအရ မြန်မာနိုင်ငံတွင် ပြည်သူများအတွက် လူမှုလုံခြုံရေး လုံးဝ မရှိ ကြောင်း"** ဟု သံအမတ်ကြီးက ပြောသည်။

ထို့အပြင်
ယနေ့အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်သူ သန်း (၂၀) ခန့် ရှိပြီး . သန်းကျော် က နေရပ်စွန့်ခွာနေရကြောင်း၊

ဆင်းရဲမွဲတေမှုသည် (၁၅) နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိပြီး၊
လူဦးရေ၏ ထက်ဝက်ခန့်မှာ ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်သို့ ရောက်ရှိနေ ပြီဖြစ်ကြောင်း၊

ထို့အတူ လူဦးရေ၏ ၂၄ ရာခိုင်နှုန်းမှာ စိုးရိမ်ရလောက်အောင် မြင့်မားသော စားနပ်ရိက္ခာမလုံခြုံမှု ပြဿနာ ကို ရင်ဆိုင်နေရကြောင်း သံအမတ်ကြီး က ထပ်မံ ပြောကြားခဲ့သည်။


========================


📌📌 ၄။ သရုပ်ဆောင် ပိုင်ဖြိုးသု ရဲ့ အကယ်ဒမီ ရုပ်ကမ်ပိန်းတွင် "ရွှေသားပါတွယ်ချိတ်နားကပ် () ရံ" ကို ထပ်တိုး လက်ဆောင်အဖြစ် သတ်မှတ်


ဖေဖော်ဝါရီ ၁၂ ရက်

သရုပ်ဆောင် ပိုင်ဖြိုးသု အကယ်ဒမီ ရုပ်ကမ်ပိန်း တွင် "ရွှေသားပါတွယ်ချိတ် နားကပ် () ရံ" ကို ထပ်တိုး လက်ဆောင်အဖြစ် သတ်မှတ်လိုက်ကြောင်း
ဖေဖော်ဝါရီ ၁၂ ရက်နေ့ သရုပ်ဆောင် ပိုင်ဖြိုးသု က ၎င်း၏ ဆိုရှယ်မီဒီယာ မှတစ်ဆင့် အသိပေးခဲ့သည်။

**"ဒီနားကပ်လေး တချို့မှတ်မိကြမယ်ထင်တယ်။

အရင်နှစ် ဒီအချိန်မှာပဲ "သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" ဆိုတဲ့ Music Concert လေးတစ်ခုကို သုသု တို့ exile artists တွေ စုပြီး စီစဉ်ဖြစ်ခဲ့ကြတယ်။

အဲ့ဒီပွဲပြီးလျှင် သုသု ဝတ်ထားတဲ့ နားကပ်လေးကို အမျိုးမျိုး ကောမန့်တွေ ပေးခဲ့ကြတယ်။

တချို့ online shop တွေမှာလည်း "ပိုင်ဖြိုးသု နားကပ်" ဆိုပြီး ရောင်းတာမျိုး တွေ့ရတယ်။

အခု အကယ်ဒမီ ရုပ်ကမ်ပိန်း လုပ်ဖြစ်တော့ ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ တွယ်ချိတ်နားကပ် () ရံ ကို လက်ဆောင်ပေးမယ်"** ဟု ဆိုထားသည်။

အကယ်ဒမီ ရုပ်ကမ်ပိန်း တွင် ပါဝင်သူများအား ကံစမ်းမဲ ပြုလုပ်ပေးမည်ဖြစ်ပြီး
ကံထူးသူသည် "ရွှေသားပါတွယ်ချိတ်နားကပ်" နှင့်အတူ "ရွှေသားပါ အကယ်ဒမီ ရုပ်တု" ကိုလည်း ပိုင်ဆိုင်ခွင့် ရရှိမည်ဖြစ်သည်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================



🚩🚩 ၁။မိုးကုတ်မြို့အနောက်ပိုင်း၊ ဝင်းထရံရပ်ကွက်ရှိ ကျောက်တွင်းလုပ်ကွက်အား အကြမ်းဖက်စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အသေးစိတ် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန် 


မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ဝင်းထရံ ရပ်ကွက်ရှိ ကျောက်တွင်းလုပ်ကွက်ကို အကြမ်းဖက်စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အသေးစိတ် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့၊ ညသန်းခေါင်ယံ ၁၂ နာရီ မိနစ်ခန့်၌ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရွာအုပ်စုနှင့် ပြောင်းပြင်အုပ်စုကြား၊ ဝင်းထရံ ရပ်ကွက်ရှိ ကျောက်တွင်းလုပ်ကွက် (ဝင်းထရံလုပ်ကွက်)ကို အကြမ်းဖက်စစ်အုပ်စု၏ လေတပ်မှ Y-12 လေယာဉ်ဖြင့် ()ကြိမ်၊ ဗုံး (၂၅)လုံးခန့် ကြဲချခဲ့ပါတယ်။ ဖြစ်စဥ်တွင်ပြည်သူ ()ဦး သေဆုံးပြီး ပြည်သူ (၁၄)ဦးခန့် ဒဏ်ရာရရှိခဲ့ကာ မိုးကာတဲများ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။


========================


🚩🚩 ၂။ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာ အခြေခံဥပဒေအား စတင်ပြင်ဆင်ရေးဆွဲနေပြီဖြစ်လို့ တိုင်းရင်းသားအင်အားစုတွေအသိပေး 


ဖေဖော်ဝါရီ၁၂ရက် 

ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာ အခြေခံဥပဒေအား စတင်ပြင်ဆင်ရေးဆွဲနေပြီဖြစ်လို့ တိုင်းရင်းသားအင်အားစုတွေ အသိပေးထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ၁၂ရက်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုးကိုယ်စားပြု ဖက်ဒရယ်ကောင်စီများ၏ ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြပါရှိပါတယ်။ မိမိတို့သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို တော်လှန်ရေးကာလ၊ကြားကာလမှစတင်ကာ အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်မှုကို လက်တွေ့ဖော်ဆောင်ပြီး အသွင်ကူးပြောင်းရေးကာလအတွက် ဖွဲ့စည်းပုံ ခြေခံဥပဒေကဲ့သို့ သက်ရောက်မှုရှိသော အုပ်ချုပ်ရေးစာတမ်းအဖြစ် ကျင့်သုံးဆောင်ရွက်သွားရန် ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာ အခြေခံဥပဒေအား စတင်ပြင်ဆင်ရေးဆွဲနေပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ထုတ်ပြန်ချက်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကရင်အမျိုးသားအစည်းအရုံး (KNU) ချင်းအမျိုးသားတပ်ဦး (CNF) မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး) (NMSP-AD) ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ (MSFC) တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ (TPCC) အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အဖွဲ့တို့ကယနေ့ဖေဖော်ဝါရီ၁၂ရက်မှာဖော်ပြပါတယ်။


========================


🚩🚩 ၃။မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကလေးသူငယ်များအတွက် အန္တရာယ်များ ပိုမိုကြီးထွားလာလျက်ရှိကြောင်း ဥရောပသမဂ္ဂမြန်မာထုတ်ပြန် 


ဖေဖော်ဝါရီ၁၂ရက် 

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကလေးသူငယ်များအတွက် အန္တရာယ်များ ပိုမိုကြီးထွားလာလျက်ရှိကြောင်း ဥရောပသမဂ္ဂမြန်မာမှ ဖေဖော်ဝါရီ၁၂ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်အရ နိုင်ငံတကာ ကလေးစစ်သား အသုံးပြုမှု ဆန့်ကျင်ရေးနေ့တွင် အနီရောင်လက်ဝါးပုံ ရေးဆွဲ၍မျှဝေပြီး လှုပ်ရှားမှုတွင်ပါဝင်ကာ ကလေးစစ်သား စုဆောင်းမှုကိုရပ်တန့်ဖို့ ဥရောပသမဂ္ဂမြန်မာကတိုက်တွန်းထားပါတယ်။ အချက်အလက်များအရ ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဥ်ပါက မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၌ ကလေးသူငယ်များအပေါ် ဆိုးရွားသော ချိုးဖောက်မှုပေါင်း (၁၂၃%) ရာခိုင်နှုန်း တိုးမြင့်လာကာမြန်မာနိုင်ငံသည် Democratic Republic of the Congo Syrian Arab Republic Mali နှင့် Nigeria နိုင်ငံတို့နှင့် ကလေးစစ်သားစုဆောင်းမှုတွင် ရင်ဘောင်တန်းပါဝင်လျက်ရှိပြီး ကမ္ဘာတစ်ဝန်း မှတ်တမ်းများအရ စုစုပေါင်း (,၆၀၀) ကျော်ရှိတယ်လို့ဖော်ပြပါတယ်။ ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကလေးသူငယ်များအတွက် အန္တရာယ်များ ပိုမိုကြီးထွားလာလျက်ရှိပြီး အထူးသဖြင့် အိုးအိမ်ရွှေ့ပြောင်းနေထိုင်သူများသည် ပိုမိုထိခိုက်မှုများ ရှိကာ ပြင်းပြင်းထန်ထန် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများရှိနေတယ်လို့ထုတ်ပြန်ပါတယ်။ 


========================


🚩🚩 ၄။ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၈ နှစ်ပြည့်မြောက်နေ့မှာ မြန်မာပြည်သူပြည်သားများအတွက် နော်ဝေသံရုံးရန်ကုန်က ဆန္ဒပြုဆုမွန်ကောင်းတောင်းပေး 


ဖေဖော်ဝါရီ၁၂ရက် 

ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၈ နှစ်ပြည့်မြောက်နေ့မှာ မြန်မာပြည်သူပြည်သားများအတွက် နော်ဝေသံရုံးရန်ကုန်က ဆန္ဒပြုဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဖေဖော်ဝါရီ၁၂ရက် ယနေ့ကျရောက်သော ၂၀၂၅ ခုနှစ် ပြည်ထောင်စုနေ့သည် မြန်မာနိုင်ငံကို ဗြိတိသျှအစိုးရလက်အောက်မှ လွတ်လပ်ရေးအပြည့်အဝရရှိစေခဲ့သော ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၈ နှစ်ပြည့်မြောက်သည့် နေ့ထူးနေ့မြတ်ဖြစ်တယ်လို့ နော်ဝေသံရုံးရန်ကုန်က ဖော်ပြပါတယ်။ ဤသမိုင်းဝင်နေ့ရက်သည် မြန်မာပြည်သူပြည်သားများ လိုလားတောင့်တနေသော အနာဂတ်တစ်ခု အတူတကွဖော်ဆောင်နိုင်ရေး အင်အားဖြစ်စေကြောင်း ဆန္ဒပြုလျက် ဂုဏ်ပြုလိုက်ပါတယ်လို့ဖော်ပြပါတယ်။ 


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်




#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment