27th Feb 2025 - Evening Daily News by Radio NUG

၂၀၂၅ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨၁။အာဂျင်တီးနားတရားရုံးကထုတ်ထားတဲ့ ဖမ်းဝရမ်းမှာပါနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်တို့ကို ဖယ်ရှားနိုင်ရေး တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ ဖွဲ့စည်းမယ်လို့  NLD ထုတ်ပြန်

📌 ⁨⁨⁨⁨၂။ အကြမ်းဖက်စစ်အုပ်စုက တော်လှန်ရေးအင်အားစုတွေဘက်က သုံးဖူးတဲ့ ဖုန်းနံပါတ်အဟောင်းတွေနဲ့ အပ်ပလီကေးရှင်းတွေဖွင့်ပြီး ထောက်လှမ်းတာနဲ့ လိမ်ညာတာတွေ ပြုလုပ်နေ

📌 ⁨⁨⁨⁨၃။ KIA နဲ့ မဟာမိတ်တွေ သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ တာဝန်ထမ်းဆောင်ဖို့ အဆင့်မြှင့်သင်တန်းများပို့ချ


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။⁨⁨ မုံရွာမြို့ ဗောဓိတထောင်အနီးက MRTV အသံလွှင့် တာဝါတိုင်ကုန်းကို တိုက်ခိုက်ခဲ့ရာမှာ ရဲ ၁၁ ဦး သေဆုံးပြီး လက်နက် ခဲယမ်းတွေ သိမ်းပိုက်ရရှိ 

🚩၂။ ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ နတ်ရေကန် စစ်တပ်အထိုင်စခန်းက ထွက်လာတဲ့စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်သား ဦးသေဆုံး 

🚩 ⁨⁨၃။ ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်မှာရှိတဲ့ စစ်တပ်ဂိတ်စခန်းတွေကို တိုက်ခိုက်ခဲ့ရမှာ စစ်သား ဦး သေဆုံး

🚩၄။ဆင်ပေါင်ဝဲမြို့နယ်မှာ သာသနာရေးကားနဲ့ ပုံဖျက်လာတဲ့ ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာမှာ ရဲ ဦးသေဆုံးပြီး လက်နက်ခဲယမ်း တွေ သိမ်းဆည်းရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨၁။အာဂျင်တီးနားတရားရုံးကထုတ်ထားတဲ့ ဖမ်းဝရမ်းမှာပါနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်တို့ကို ဖယ်ရှားနိုင်ရေး တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ ဖွဲ့စည်းမယ်လို့  NLD ထုတ်ပြန်


ဖေဖော်ဝါရီ ၂၇ရက်


အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းမှာပါနေတဲ့ အရပ်သားခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ကို ဖယ်ရှားနိုင်ရေးအတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ ဖွဲ့စည်းမယ်လို့ အမျိုးသားဒီမိုကရေ စီ အဖွဲ့ချုပ် NLD ပါတီက ဒီနေ့ ဖေဖော်ဝါရီ ၂၇ မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးထင်ကျော်တို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ-Justice Seeking Committee for Daw Aung San Su Kyi and U Htin Kyaw ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 

ကော်မတီဖွဲ့စည်းဆောင်ရွက်ရာမှာ ရည်ရွယ်ချက်တူတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်ကဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့မှုတွေနဲ့ပတ်သက်လို့ အာဂျင်တီးနား တရားရုံးက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်တပ်အရာရှိ ၂၂ ဦးနဲ့ အဲဒီအချိန်က ရွေးကောက်ခံ အရပ်သားခေါင်းဆောင် သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြား တဦး စုစုပေါင်း ၂၅ ဦးကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ခဲ့တာရှိပါတယ်။

ရွေးကောက်ခံအရပ်သားအစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလိုက်နာရတဲ့ ရွေးကောက်ခံအစိုးရဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် တို့ကို စစ်တပ်က စနစ်တတကျ ကျူးလွန်မှုတွေမှာ တာဝန်ရှိသူတွေလို့ သတ်မှတ် တာဟာ အဓိကတာဝန်ရှိသူတွေဖြစ်တဲ့ စစ်တပ်ခေါင်းဆောင်တွေ တာဝန်ယူရမယ့် တာဝန်ခံမှုကို မှေးမှိန်သွားစေတဲ့အတွက်  မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ NLD ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်အရ စစ်တပ်ရဲ့ ရပ်တည်မှုပုံစံကို လေ့လာထည့်သွင်းစဥ်းစားတာမရှိဘဲ ဖမ်းဝရမ်း ထုတ်ခြင်းဟာ ထိခိုက်နစ်နာသူတွေအတွက် တရားမျှတမှုရှာဖွေပေးရမယ့် တရားရုံးရဲ့ ဆင်ခြင်တုံတရားနဲ့ အဂတိအစွဲ ကင်းမှုအပေါ် ထိခိုက် အားနည်းစေနိုင်တယ်လို့ NLD ပါတီက ထောက်ပြထားပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့အပေါ် ဖမ်းဝရမ်းထုတ်ထားတဲ့အပေါ် အာဂျင်တီးနားတရားရုံးအနေနဲ့ ပြန်လည်သုံးသပ်ဖို့လည်း NLD ပါတီက တိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့နဲ့အတူ သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားခံစာရင်းမှာ ထည့်သွင်းထားခြင်းဟာ မှားယွင်းတဲ့စွပ်စွဲဆောင်ရွက်ချက်အဖြစ် မှတ်ယူပြီး အရပ်သားခေါင်းဆောင် ၂ဦးကို တရားစွဲဆိုထားခြင်းကနေ ဖယ်ရှားပေးဖို့ အခု ဖေဖော်ဝါရီလ ၁၈ရက်နေ့ကပဲ တောင်းဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨၂။ အကြမ်းဖက်စစ်အုပ်စုက တော်လှန်ရေးအင်အားစုတွေဘက်က သုံးဖူးတဲ့ ဖုန်းနံပါတ်အဟောင်းတွေနဲ့ အပ်ပလီကေးရှင်းတွေဖွင့်ပြီး ထောက်လှမ်းတာနဲ့ လိမ်ညာတာတွေ ပြုလုပ်နေ


ဖေဖော်ဝါရီ ၂၇ရက်


အကြမ်းဖက်စစ်အုပ်စုက တော်လှန်ရေးအင်အားစုတွေဘက်က သုံးဖူးတဲ့ ဖုန်းနံပါတ်အဟောင်းတွေနဲ့  တယ်လီဂရမ်(Telegram) စစ်ဂနယ်(Signal) ဗိုက်ဘာ(Viber) အကောင့်တွေဖွင့်ပြီး တော်လှန်ရေးဘက်က သတင်းတွေကို ထောက်လှမ်းတာတွေ၊ လိမ်လည်တာတွေကို ပြုလုပ်လျက်ရှိနေတာကို တွေ့ရတယ်လို့ PVTVသတင်းမှာဖေါ်ပြထားပါတယ်။

အမျိုးသားညီညတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ယခင်သုံးဖူးတဲ့ ဖုန်းနံပတ်နဲ့ တယ်လီဂရမ်(Telegram) အကောင့်ဖွင့်ပြီး သုံးနေတဲ့အတွက် သတိထားကြဖို့ ဒီနေ့မှာ သတိပေးထားပါတယ်။ 

ကျမ အရင် က သုံးခဲ့ တဲ့ ဖုန်းနံပါတ် အဟောင်း ကို ကျမနာမည်နဲ့ပဲ Telegram Account သုံးနေကြောင်း မိတ်ဆွေတယောက် သတိပေးလာလို့ သိရပါတယ်။ ကျမ Telegram အသုံးပြုခြင်းမရှိပါ ကြောင်းနှင့် ဖေါ်ပြပါ နံပါတ် သုံး၍ ဆက်သွယ်လာပါက - ကျမ ( ဇင်မာအောင် ) မဟုတ်ပါကြောင်း သတိပြု နိုင်ပါရန် အသိပေးအပ်ပါတယ်။ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးထားပါတယ်။ 

အဲဒီလိုပဲ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ရဲ့ ယခင် ဖုန်းနံပတ်အဟောင်းနဲ့ ဗိုက်ဘာ(Viber) အကောင့်ဖွင့်လှစ်ထားတာရှိတယ်လို့ ဆိုပါတယ်။

"ကျနော့် နံပါတ်အဟောင်းနဲ့လည်း Viber အကောင့် ပွင့်လာလို့ မိတ်ဆွေအချို့က လှမ်းသတိပေးသေးတယ်။ ကျွန်တော့်အနေနဲ့ ပြည်တွင်းဖုန်းနံပါတ်နဲ့ ဘာ Application မှ သုံးမနေပါဘူး။ တော်လှန်ရေး ဘက်က သူတွေအနေနဲ့ ပြည်တွင်းနံပါတ်တွေနဲ့ ဖုန်းခေါ်ပြောတာတွေ၊ Application သုံးတာတွေကို သတိထား သင့်ပါတယ်။ ပြည်တွင်းနံပါတ်အဟောင်းတွေနဲ့ ဆက်သွယ်လာရင်လည်း အလွယ်မယုံလိုက်ပဲ တနည်းနည်းနဲ့ ကာယကံရှင်ကိုယ်တိုင်ကိုချိတ်ဆက်ပြီး Confirm လုပ်သင့်ပါတယ်" လို့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ 

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရား အာဏာလုယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းမှာ နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီတွေဖြစ်တဲ့  တယ်လီနော် နဲ့ အူရီဒူး တို့က ရှယ်ယာတွေရောင်းချပြီး ပြန်လည်ထွက် ခွာသွားကြပါတယ်။ 

နော်ဝေးအခြေစိုက် တယ်လီနော် ကုမ္ပဏီက အကြမ်းဖက်စစ်အုပ်စုနဲ့ ဆက်နွယ်နေတဲ့ ရွှေဗျိုင်းဖြူ ကုမ္ပဏီ ကို လက်လွှဲရောင်းချခဲ့တာဖြစ်ပြီး အဲဒီလိုလက်လွှဲပြီးနောက် တယ်လီနော် အမည်ကနေ Atom အမည်ကို ပြောင်းလဲခဲ့ပါတယ်။

ကာတာနိုင်ငံအခြေစိုက် အူရီဒူး ကုမ္ပဏီကလည်း မြန်မာကုမ္ပဏီတစ်ခုဖြစ်တဲ့ Nine Communication ကုမ္ပဏီကို လက်လွှဲရောင်းချခဲ့တာဖြစ်ပြီး အဲဒီလိုဝယ်ယူခဲ့တဲ့နောက်ကွယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်နေတယ်လို့ သတင်းဌာနတွေက ရေးသားဖော်ပြခဲ့ကြပါတယ်။


========================


 📌📌 ⁨⁨⁨⁨၃။ KIA နဲ့ မဟာမိတ်တွေ သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ တာဝန်ထမ်းဆောင်ဖို့ အဆင့်မြှင့်သင်တန်းများပို့ချ


ဖေဖော်ဝါရီ ၂၇ရက်


ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ မဟာမိတ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ တာဝန်ထမ်းဆောင်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့-KIO ဘက်က အဆင့်မြှင့်သင်တန်းတွေ ပြုလုပ်နေတယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၂၆ ရက်မှာ ဖော်ပြပါတယ်။ 

KIO အစိုးရ လူဝင်မှုကြီးကြပ်ရေးဌာနကဖွင့်တဲ့ အမှတ်စဉ် ၁၅ လူဝင်မှုကြီးကြပ်ရေးသင်တန်းဆင်းပွဲကို မနေ့ ဖေဖော်ဝါရီ ၂၆ ရက်က လိုင်ဇာမြို့မှာ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။ 

တော်လှန်ရေးကာလအတွင်း KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့နယ်မြေ တိုးလာတာနဲ့အမျှ သိမ်းပိုက်နယ်မြေတွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ KIO အစိုးရရဲ့ ဌာနဆိုင်ရာတိုင်းမှာ အဆင့်မြှင့်တင်သင်တန်းတွေ ဖွင့်လှစ် နေပြီး စိတ်ဝင်စားတဲ့လူငယ်တွေ တက်ရောက်ကြဖို့ နှိုးဆော်ထားပါတယ်။

အမှတ်စဉ် ၁၅ လူဝင်မှုကြီးကြပ်ရေး သင်တန်းကို ၂၀၂၄ နိုဝင်ဘာမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီသင်တန်းမှာ KIA တပ်မဟာအသီးသီးက သင်တန်းသား ၁၆၀ ဦး သင်တန်းဆင်းလက်မှတ်ရရှိခဲ့ကာ ရာထူးပေးအပ်တာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အမှတ်စဉ် ၁၆ သင်တန်းကို အခုနှစ်အတွင်းမှာ ထပ်မံဖွင့်လှစ်မှာဖြစ်တာကြောင့် စိတ်ဝင်စားတွေလူငယ်တွေ သင်တန်းလာ တက်ကြဖို့ တာဝန်ရှိသူတွေက နှိုးဆော်ထားပါတယ်။

KIA နဲ့ပူးပေါင်းတပ်တွေဟာ ၂၀၂၃ အောက်တိုဘာကစပြီး စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်ဆင်ရေး ဖော်ဆောင်ခဲ့ပြီး ၂၀၂၄ မတ်လဆန်းပိုင်းမှာ စစ်ဆင်ရေးအရှိန်မြှင့်ခဲ့တာကြောင့် တနှစ်အတွင်း စစ်ကောင်စီထိန်းချုပ်ရာ မြို့ ၁၅ ခုထက်မနည်းနဲ့ စစ်ကောင်စီတပ်စခန်းတွေ ရာချီ သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်လို့တင်စားခံရတဲ့  ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ဖော်ဆောင်နေရာ  ဗန်းမော်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေ တပ်စွဲရာနေရာတွေကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး အမှတ်-၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ ဗန်းမော်မြို့ ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေ က ပြောပါတယ်။


 အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================



🚩🚩၁။⁨⁨ မုံရွာမြို့ ဗောဓိတထောင်အနီးက MRTV အသံလွှင့် တာဝါတိုင်ကုန်းကို တိုက်ခိုက်ခဲ့ရာမှာ ရဲ ၁၁ ဦး သေဆုံးပြီး လက်နက် ခဲယမ်းတွေ သိမ်းပိုက်ရရှိ 


ဖေဖော်ဝါရီ ၂၇ရက်


စစ်ကိုင်းတိုင်း မုံရွာမြိုနယ်ထဲက အထင်ကရနေရာတခုဖြစ်တဲ့ ဗောဓိတစ်ထောင်အနီးက MRTV အသံလွှင့် တာဝါတိုင်ကုန်း စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်တပ်လက်အောက်ခံရဲ ၁၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်း ဆည်းရရှိခဲ့ တယ်လို့ အမှတ် စစ်ဒေသက ဒီနေ့ ဖေဖော်ဝါရီ ၂၇ မှာ ထုတ်ပြန်ပါတယ်။

မုံရွာမြိုနယ် ခတက္ကန်ရွာအရှေ့ဘက်မှာရှိတဲ့ MRTV အသံလွှင့်တာဝါတိုင်ကုန်းစခန်းကို မနေ့ ဖေဖော်ဝါရီ ၂၆ ရက် မနက် ပိုင်းမှာ အောင်မြင်စွာသိမ်းပိုက်ခဲ့တာနဲ့ပတ်သက်လို့ အခုလို အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

စစ်တပ်လက်အောက်ခံ ရဲအင်အား ၁၇ ဦးနဲ့ အထိုင်ချထားတဲ့ MRTV အသံလွှင့်တာဝါတိုင်ကုန်းစခန်းကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ စခန်းကုန်းအတွင်းကရဲတွေကိုင်တဲ့ G-3 လက်၊ အူဇီ သေနတ် လက်၊ M-79 အမျိုးအအစား သေနတ် လက်၊ G-3 ကျည် ၂၅၇၀ တောင့်၊  မမ ကျည် ၂၁၂၈ တောင့်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ ရှေ့ထွက်မိုင်း လုံး၊ ကျည်အိမ် ခုနဲ့ TV တလုံး သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် စစ်ဒေသက အသိပေးပါတယ်။ 

တိုက်ပွဲဖြစ်နေချိန်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် - နမခက စက်တပ်လေထီး Paramotor စင်း၊ တံတားဦးလေ တပ်က Mi-35 တစင်းနဲ့ စစ်တပ်လက်အောက်ခံရဲတွေကို လေကြောင်းပစ်ကူပေးခဲ့သလို အမတ-၅၀၈ အမြောက်တပ်က ၁၀၅ မမ၊ ၁၂၀ မမ တို့နဲ့ ၁၄ ကြိမ်ခန့် ပစ်ကူပေးတိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးတပ်တွေက အဲဒီစခန်းကုန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်ကွပ်ကဲရေးမှူး ကွပ်ကဲမှုနဲ့ မုံရွာခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း ၁၊ ၄၊ ၆၊ ၁၆၊ ၂၄၊ ၂၇၊ ချောင်းဦးမြို့နယ်အခြေပြု စုဖွဲ့မှုစစ်ကြောင်း၊ စစ်ကိုင်းခရိုင် တပ်ရင်း- ဒရုန်းတပ်ဖွဲ့-GTR မုံရွာခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့-Danger Force LPDF မုံရွာခရိုင် ပကဖ ဒရုန်းအဖွဲ့၊ မုံရွာမြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ဒရုန်းအဖွဲ့၊ BLDF အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီဟာ စစ်အင်အားထပ်ဖြည့်ပြီး မြေပြင်ကနေစစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာ တွေ့နေရတယ်လို့ ဒေသနေပြည်သူတွေနဲ့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။


========================


🚩🚩၂။ ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ နတ်ရေကန် စစ်တပ်အထိုင်စခန်းက ထွက်လာတဲ့စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်သား ဦးသေဆုံး 


ဖေဖော်ဝါရီ ၂၇ရက်


စစ်ကိုင်းတိုင်း ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ နတ်ရေကန်အကြမ်းဖက်စစ်တပ် အထိုင်စခန်းကထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့ရာမှာ  စစ်သား၂ ဦးသေဆုံးသွားတယ်လို့ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း တပ်ခွဲ- လျှပ်စီးတပ်ခွဲက ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၆ ရက် နေ့လည် နာရီခန့်မှာ မုံရွာ-မန္တလေးလမ်းမကြီးမှာ နတ်ရေကန် အကြမ်းဖက်စစ်တပ် အထိုင် စခန်းက ထွက်လာတဲ့ အင်အား ၄၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါ တယ်။ 

ကြေးနီတွေသယ်လာတဲ့ကားတွေနဲ့အတူ စစ်သားတွေလိုက်ပါလာတဲ့ သံချပ်ကာကားတွေ မုံရွာမြို့ကနေထွက်လာတယ်လို့ သတင်းရတာကြောင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကရဲဘော်တွေ ချောင်းဦး-မြင်းမူလမ်းပိုင်းတနေရာကနေ စောင့်နေခဲ့တယ် လို့ ဆိုပါတယ်။ 

အဲဒီအချိန်မှာ နတ်ရေကန် စစ်တပ်အထိုင်စခန်းကနေ အင်အား ၄၀ ခန့်ပါတဲ့ စစ်သားတွေဟာ Express ကား စီးနဲ့ တော်လှန်ရေးရဲဘော်တွေအနီး ရောက်ရှိလာတဲ့အတွက် တိုက်ပွဲဖြစ်ခဲ့လို့ သိရပါတယ်။ 

ဒီတိုက်ပွဲဟာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေရှိသလို အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာကြောင့် တော်လှန်ရေးရဲဘော်တဦး ခြေထောက် မှာ ဒဏ်ရာရသွားတယ်လို့ အသိပေးပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း တပ်ခွဲ- လျှပ်စီးတပ်ခွဲ၊ Nway Oo Brothers Column မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ - နဲ့ Eleven People Defense Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ⁨⁨၃။ ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်မှာရှိတဲ့ စစ်တပ်ဂိတ်စခန်းတွေကို တိုက်ခိုက်ခဲ့ရမှာ စစ်သား ဦး သေဆုံး


ဖေဖော်ဝါရီ ၂၇ရက်


ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဖြူးမြို့နယ်အတွင်းမှာရှိတဲ့ ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ  အခြေချတပ်စွဲထားတဲ့ ဂိတ်စခန်း ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ရာမှာ စစ်သား ဦး သေဆုံးသွားတယ်လို့ တောင်ပိုင်းစစ်‌ဒေသ အမှတ် စစ်ဒေသခွဲက ဒီနေ့ ဖေဖော်ဝါရီ ၂၇ မှာ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ 

 

အဲဒီစစ်စခန်းတွေကို တောင်ပိုင်းစစ်‌ ဒေသ အမှတ် စစ်ဒေသခွဲလက်အောက်ခံတပ်တွေနဲ့ KNU/KNLA ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၂၅ နဲ့ ၂၆ မှာ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။


ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့ပြီး ဦးထိခိုက်ဒဏ်ရာရသွားသလို တိုက်ပွဲအပြီးမှာ စစ်ကောင်စီ ဂိတ်စခန်းတွေကို ရှင်းလင်းဖျက်စီးနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။


အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေများသလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်တဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ရန်ကုန် - မန္တလေး လမ်းဟောင်းမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ အမှတ် စစ်ဒေသခွဲလက်အောက်မှာရှိတဲ့ အမှတ် - ၃၇၀၂ တပ်ရင်း၊ အမှတ် - ၃၅၀၂ တပ်ရင်း၊ Spring Warrior Column တပ်ရင်း၊ အာဠာဝကစစ်‌ကြောင်း - ၇၈၀၃၊ ဧရာဝတီစစ်ကြောင်း - ၆၀၀၂၊ စစ်တောင်းစစ်ကြောင်း၊ ရန်ကုန် ပကဖ၊ ဖြူး ပကဖတို့နဲ့ KNLA တပ်ရင်း တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ပြည်သူ လူထုအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ စစ်တပ်ဂိတ်စခန်းတွေရှိတဲ့ ပတ်ဝန်းကျင်ကို မလိုအပ်ဘဲ မသွား‌ကြဖို့ တောင်ပိုင်းစစ်‌ ဒေသ အမှတ် စစ်ဒေသခွဲက အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩၄။ဆင်ပေါင်ဝဲမြို့နယ်မှာ သာသနာရေးကားနဲ့ ပုံဖျက်လာတဲ့ ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာမှာ ရဲ ဦးသေဆုံးပြီး လက်နက်ခဲယမ်း တွေ သိမ်းဆည်းရရှိ


ဖေဖော်ဝါရီ ၂၇ရက်


မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်မှာ သာသနားရေးကားနဲ့ ပုံဖျက်လာတဲ့ ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာမှာ ရဲ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ် တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဆင်ပေါင်ဝဲမြို့နယ်က ဒုရဲအုပ် ရန်နိုင်ဌေး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင် ဦးကို ဖေဖော်ဝါရီ ၂၄ ရက် နေ့လည် နာရီခွဲအကျော်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

ဆင်ပေါင်ဝဲမြို့နယ် ကျောသာကျေးရွာနဲ့ သပြေစမ်းကျေးရွာကြားမှာတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ကြောင့် တိုက်ပွဲဟာ နာရီဝက်ခန့်ကြာခဲ့ပြီး သေဆုံးသွားတဲ့ရဲတွေဆီကနေ ၇၉ အမျိုးအစား သေနတ်တလက် ၄၀ မမ ဗုံးသီး လုံး MA-13 သေနတ်တလက်၊ MA-13 ကျည် ၁၃၀ တောင့်၊ G-3 ကျည် ၁၂၀ တောင့်၊ လက်ပစ်ဗုံးတလုံး၊ ခြောက်လုံးပြူး သေနတ်တလက်၊ လက်ကိုင်ဖုန်း လုံး၊ မှတ်ပုံတင်နဲ့ဝန်ထမ်းကတ်တွေ သိမ်ဆည်းရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို သရက်ခရိုင် အမှတ်၅ တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ် ပုဏ္ဏဝတီတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ် ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့တုန်းကလည်း ဆင်ပေါင်ဝဲမြိုနယ် ကိုးပင်-သာဂရလမ်းပိုင်းမှာ စစ်ကား၂စီးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာမှာ ဦးသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းမှတ်တမ်းတွေအရ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်





#RadioNUGLocalNews

#SpringRevolution


 

Share:

No comments:

Post a Comment