3rd Feb 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨၁။⁨⁩ တော်လှန်ရေးနယ်မြေအတွင်းကအခွန်ကောက်ခံတဲ့ဂိတ်စခန်းများကို ပြည်သူနဲ့လုပ်ငန်းရှင်များရဲ့ဆန္ဒအရ လျှော့ချဖို့ပြင်ဆင်ဆောင်ရွက်နေတယ်လို့ဆို

📌 ⁨⁨⁨⁨⁨⁨၂။ ပိုမိုအားကောင်းတဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တခုအမြန်ဆုံးထပ်မံထွက်ရှိလာဖို့ကို UKအစိုးရကတွန်းအားပေးဖို့ NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးတောင်းဆို

📌 ⁨⁨⁨⁨⁨⁨၃။ ဘုံရန်သူမပျောက်စေပဲ အာဏာရှင်ကို အချိန်တိုအတွင်းဖြုတ်ချနိုင်ဖို့ကို အာရုံစိုက်ပြီး အားသွန်ခွန်စိုက် ကြိုးပမ်းကြဖို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨၄။ ပြင်သစ်၊ဥရောပနိုင်ငံများနှင့် ကိုရီးယားနိုင်ငံများတွင်   မြန်မာနိုင်ငံ စ်အာဏာသိမ်းခြင်းအား လက်မခံကြောင်း ဆန္ဒဖော်ထုတ်ပွဲမှားအသီးသီးကျင်းပ

📌 ⁨⁨⁨⁨⁨⁨၅။ နွေဦးလက်ဖက်ရည်ဝိုင်းမှ ဖေဖော်ဝါရီလအတွက် စျေးရောင်းချငွေနဲ့အလှုငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၀၀၀ ကျော်ရရှိ


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨ မြို့သိမ်း၊စခန်းသိမ်းရက်ရှည်တိုက်ပွဲတွေကို PDFဘက်ကထုနဲ့ထည်နဲ့ လုပ်နိုင်တဲ့အနေအထားရနေပြီလို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်အသိပေး

🚩 ၂။ မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ် မဲပလီဗျူဟာစခန်းကနေသိမ်းဆည်းရရှိခဲ့တဲ့ စစ်ကောင်စီရဲ့ဟောင်ဝစ်ဇာအမြှောက်အကောင်းအတိုင်းရရှိခဲ့

🚩 ၃။ ကနီမြို့နယ်၊ ထောက်ကြံ့ကုန်းရွာအနီးကို  စကစ ရဲ့ပေါင် (၅၀၀) ဗုံးချလို့ ပြည်သူ ()ဦး သေဆုံးပြီး ()ဦး ဒဏ်ရာရရှိခဲ့

🚩 ၄။မွန်ပြည်နယ်ရေးမြို့နယ် ရေးမြို့မရဲစခန်းနိူင်ငံရေးပုဒ်မနဲ့ဖမ်းဆီးခံရတဲ့အချုပ်သားနှစ်ဦးကိုကယ်တင်နိုင်ခဲ့

🚩 ၅။ မကွေးတိုင်း၊ မင်းဘူးခရိုင်ရှိ မဲဇလီရဲစခန်းနဲ့ လက်ပတော စခန်းအားတော်လှန်ရေးတပ်များတိုက်ခိုက်

🚩 ၆။ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ပါဝင်နေပြီး SR-1လို့ အတိုကောက်ခေါ်ကြတဲ့ အမှတ်()အထူးတပ်ရင်းအတွက်ဆန်အိတ်အလုံး(၁၀၀)လိုအပ်

🚩 ၇။ ရွှေဘိုမြို့နယ် ပကဖထံသို့ ခမရ ၁၂ ခြေမြန်တပ်ရင်းစစ်မှုထမ်းရန် စုဆောင်းခံခဲ့ရသူ ဦး လက်နက် ခဲယမ်းများခိုးယူလာပြီး အလင်းဝင်လာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨၁။⁨⁩ တော်လှန်ရေးနယ်မြေအတွင်းကအခွန်ကောက်ခံတဲ့ဂိတ်စခန်းများကို ပြည်သူနဲ့လုပ်ငန်းရှင်များရဲ့ဆန္ဒအရ လျှော့ချဖို့ပြင်ဆင်ဆောင်ရွက်နေတယ်လို့ဆို


ဖေဖော်ဝါရီ၃ရက်


တော်လှန်ရေးနယ်မြေအတွင်းကအခွန်ကောက်ခံတဲ့ဂိတ်စခန်းများကို ပြည်သူနဲ့လုပ်ငန်းရှင်များရဲ့ဆန္ဒအရ လျှော့ချဖို့ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်ကဆိုပါတယ်။

ဖေဖော်ဝါရီ၃ရက်နွေဦးတော်လှန်ရေး ဥရောပစကားဝိုင်းမှာ ပြည်ထဲရေးဝန်ကြီးက တရားဝင်အသိပေးဆိုပါတယ်။

"တကယ်တမ်းကတော့အခွန်ကောက်နေတာကျနော်တို့နည်းပါတယ်။တကယ့်တကယ်ဘဏ္ဍာငွေရရှိမှုအပိုင်းက ဒဏ်ကြေးနဲ့ဖြတ်သန်းခတွေအဓိကရမှာဖြစ်တယ်။ပြည်သူလူထုသဘောထားက ဘာရှိနေလဲဆိုတော့ဒါအားလုံးအတွက်ကောင်းတဲ့ကိစ္စပါ။ပြည်သူလူထုကပေးမယ်။လမ်းပေါ်မှာဂိတ်တွေအများကြီးကိုသူတို့ပေးမယ်။ဒါတွေကတော်လှန်ရေးအတွက်အသုံးချနေတာဖြစ်တယ်။ဒါပေမယ့်ဂိတ်တွေများပြီးခဏတိုင်းအစစ်ခံရတယ်။ခရီးလမ်းမချောမွေ့တဲ့ကိစ္စရပ်ကိုသူတို့မကြိုက်တာပေါ့။ပြည်သူလူထုကပေးနေရတဲ့ဖြတ်သန်းခတွေ၊လုပ်ငန်းရှင်တွေကပေးနေရတဲ့ဒဏ်ကြေးတွေယနေ့အထိသူတို့မငြိုငြင်ကြပါဘူး။ပေးကြမယ်။ဒါပေမယ့်သူတို့ကဂိတ်တွေလျှော့စေချင်တယ်။အဲဒါတွေကိုသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့သေချာညှိနှိုင်းနေပြီးပြင်ဆင်ဖို့ဆောင်ရွက်နေတာရှိပါတယ်"လို့ဆိုပါတယ်။

လက်ရှိမှာ စိုးမိုးနယ်မြေအတွင်းမှကောက်ခံရရှိသောအခွန်ဘဏ္ဍာရန်ပုံငွေများကိုတော်လှန်ရေးကဏ္ဍအသီးသီးအတွက်အချိုးကျပြန်လည်သုံးစွဲလျက်ရှိနေပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၂။ ပိုမိုအားကောင်းတဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တခုအမြန်ဆုံးထပ်မံထွက်ရှိလာဖို့ကို UKအစိုးရကတွန်းအားပေးဖို့ NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးတောင်းဆို


ဖေဖော်ဝါရီ၃ရက်


ပိုမိုအားကောင်းတဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တခုအမြန်ဆုံးထပ်မံထွက်ရှိလာဖို့ကို UKအစိုးရကတွန်းအားပေးဖို့ NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအောင်မျိုးမင်းက ဖေဖော်ဝါရီ၃ရက်တွင် ဆိုရှယ်မီဒီယာမှ ဆိုထားပါတယ်။

"UK အစိုးရက မြန်မာနိုင်ငံက ဒုက္ခသည်များအတွက် ကျန်းမာရေးဆိုင်ရာ အကူအညီတွေကို ပိုမိုတိုးမြှင့် ပေးအပ်မယ်လို့ ကြေညာလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့သူတွေကို အမြန်ဆုံး ပြန်လွှတ်ဖို့အတွက်လည်း UK နိုင်ငံခြားရေး ဝန်ကြီးက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အခုလိုမျိုး လူသားချင်းစာနာမှု အကူအညီတွေ၊ မြထုတ်ဖော်တောင်းဆိုမှုတွေ ပြုလုပ်ပေးခဲ့တဲ့ UK နိုအစိုးရကို အထူးကျေးဇူးတင်ပါတယ်။  ပိုမိုအားကောင်းတဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တခုအမြန်ဆုံးထပ်မံထွက်ရှိလာဖို့ကိုလည်း ကြိုးပမ်းစေလိုပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။

လက်ရှိမှာမြန်မာအရေးနဲ့ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဥ်းသားများလွှတ်ပေးရေးစတဲ့ လုံခြုံရေးကောင်စီရဲ့ကနဦးဆုံးဖြတ်ချက်ကိုစစ်ကောင်စီကလိုက်နာရန်ပျက်ကွက်နေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဝန်ကြီး ဦးအောင်မျိုးမင်းသည် အီတလီနိုင်ငံတွင် မြန်မာ့နွေဦးတော်လှန်ရေး()နှစ်မြောက်အနေဖြင့် ကျင်းပပြုလုပ်သည့် La RIVOLUZIONE DI PRIMAVERAin Birmania Conference အား ဖေဖော်ဝါရီလ () ရက်နေ့က  ကျင်းပခဲ့ပြီး အခမ်းအနားကို ပါဝင်တက်ရောက်၍ အမှာစကားပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။

ပြည်ထောင်စုဝန်ကြီးမှပြောကြားရာတွင်" နွေဦးတော်လှန်ရေး ()နှစ်တာကာလအတွင်း ပြည်သူများ၏ ဆက်လက်တိုက်ပွဲဝင်မှုအကြောင်း၊ အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်နေမှုများအကြောင်း၊ နိုင်ငံတကာ၏ပူးပေါင်းဆောင်ရွက်မှု ယခုထက်ပိုမိုအားကောင်းပါက နွေဦးတော်လှန်ရေးအောင်ပွဲကို ပိုမိုရောက်ရှိနိုင်ပါကြောင်း" အစရှိသည့် အကြောင်းအရာများကို ထည့်သွင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၃။ ဘုံရန်သူမပျောက်စေပဲ အာဏာရှင်ကို အချိန်တိုအတွင်းဖြုတ်ချနိုင်ဖို့ကို အာရုံစိုက်ပြီး အားသွန်ခွန်စိုက် ကြိုးပမ်းကြဖို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တိုက်တွန်း


ဖေဖော်ဝါရီ၃ရက်


ဘုံရန်သူမပျောက်စေပဲ အာဏာရှင်ကို အချိန်တိုအတွင်းဖြုတ်ချနိုင်ဖို့ကို အာရုံစိုက်ပြီး အားသွန်ခွန်စိုက် ကြိုးပမ်းကြဖို့ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်မှ ဖေဖော်ဝါရီ၃ရက်တွင် ဆိုရှယ်မီဒီယာမှာ တိုက်တွန်းဆိုလိုက်ပါတယ်

"ဒီရက်ပိုင်းမှာ လူတဦးစ နှစ်ဦးစက မြေပြင်ရဲဘော်တွေအထင်လွဲစေမယ့်ကိစ္စမျိုးတွေနဲ့ တိုက်ခိုက်လာတာမျိုးတွေရှိနေသော်လည်း ကျနော်နဲ့စကားပြောဖူးတဲ့ မြေပြင်ကအင်အားစုတွေဟာ ကျနော်ဘယ်လိုသဘောထားရှိသလဲဆိုတာ အသိဆုံးဖြစ်ပါတယ်။ ဒါကြောင့်ထွေထွေထူးထူးတွေရှင်းပြနေရတာထက် ကျနော်တို့အားလုံး ဘုံရန်သူမပျောက်စေပဲ အာဏာရှင်ကို အချိန်တိုအတွင်းဖြုတ်ချနိုင်ဖို့ကို အာရုံစိုက်ပြီး အားသွန်ခွန်စိုက် ကြိုးပမ်းကြပါစို့။ ကျနော်ကိုယ်တိုင်လည်း ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကျရာနေရာကနေ အစွမ်းကုန် တာဝန်ယူ ဆောင်ရွက်သွားပါမယ်လို့ ဆန္ဒပြုလျှက်ပါ"လို့ဝန်ကြီးကဆိုပါတယ်။

ဆက်သွယ်ရေးသတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနကို ကိုင်တွယ်ဆောင်ရွက်မှုတွေမှာ မိခင်အဖွဲ့အစည်းအတွက်ရော မြေပြင်ရဲဘော်တွေအတွက်ပါ ငွေကြေးစိုက်ထုတ်သုံးစွဲပေးမှုတွေရှိတယ်လို့ဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၄။ ပြင်သစ်၊ဥရောပနိုင်ငံများနှင့် ကိုရီးယားနိုင်ငံများတွင်   မြန်မာနိုင်ငံ စ်အာဏာသိမ်းခြင်းအား လက်မခံကြောင်း ဆန္ဒဖော်ထုတ်ပွဲမှားအသီးသီးကျင်းပ


ဖေဖော်ဝါရီ၃ရက်


မြန်မာပြည်သူများနှင့်ပြင်သစ်မြေက တသားတည်းရှိနေကြောင်း ဆန္ဒထုတ်ဖော်ပြသခြင်းနှင့်Lights on Burma အာဏာသိမ်းမှု နှစ်မြောက် အခမ်းအနားကို ပြင်သစ်နိုင်ငံပါရီမြို့မှာကျင်းပခဲ့ပါတယ်။

လွတ်လပ်မှုနှင့် ဒီမိုကရေစီအတွက် မြန်မာပြည်သူတို့၏ တော်လှန်မှု၊  ရဲရင့်မှုနှင့် မဆုတ်မနစ်သော သတ္တိတို့ကို မီးမောင်းထိုးပြရင်း ပြင်သစ်မြေမှ မြန်မာပြည်သူများနှင့် တသားတည်းရှိနေကြောင်း ဆန္ဒထုတ်ဖော်ပြသသည့်ပွဲသို့ ပြင်သစ်နိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်နန်းစုမွန်အောင်မှတက်ရောက်ကာ မြန်မာနိုင်ငံ လက်ရှိအခြေအနေနှင့် အနာဂါတ်အလားအလာ တို့ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

အခမ်းအနားတွင် အနုပညာရှင် ကျားပေါက်မှ live painting ပန်းချီရေးဆွဲပြီး တင်ရောက်လာသူများမှ ထိုပန်းချီကားပေါ်တွင် ဆန္ဒထုတ်ဖော်ရေးသားခဲ့ကြပြီး ကမ္ဘာမကြေဘူး သီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။

ထို့အတူကိုရီးယားနိုင်ငံ  ဖေဖော်ဝါရီ၁ရက်တွင် ဆိုးလ်မြို့ စစ်ကောင်စီလက်အောက်ခံ အရပ်ဘက်သံရုံး၌ စုရုံးဆန္ဒပြပွဲနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး၊ ထိုနေရာမှနေ၍ စစ်ကောင်စီလက်အောက်ခံ စစ်သံမှူးရုံးသို့ ချီတက်လမ်းလျှောက်ကြခဲ့ပြီးထိုနေရာတွင်လည်း စုပေါင်းဆန္ဒပြခဲ့ကြပါတယ်။ဆန္ဒပြပွဲ၊ ချီတက်ပွဲနှင့် သတင်းစာရှင်းလင်းပွဲများသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်၍ စကားပြောကြားခဲ့ပါတယ်။ထို့အတူ  ဒယ်ဂျွန်းမြို့တွင်လည်း MFDMC အဖွဲ့မှ အလားတူ ဆန္ဒပြ ချီတက်ပွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ ကိုရီးယား မြန်မာ အင်အား ၁၀၀ ခန့် ပါဝင်ခဲ့ကြပါတယ်။

အလားတူ ဥရောပနိုင်ငံများတွင် မြန်မာနိုင်ငံ စစ်အာဏာသိမ်းခြင်းအား လက်မခံကြောင်း ဆန္ဒဖော်ထုတ်ပွဲအသီးသီးကျင်းပခဲ့ကြပါတယ်။

နွေဦးတော်လှန်ရေး နှစ်ပြည့် အထိမ်းအမှတ်နှင့် ကျဆုံးသွားသော အာဇာနည်များအား အလေးပြုခြင်း အခမ်းအနားကို လန်ဒန်မြို့ ပါလီမန် ရှေ့ မြက်ခင်းပြင်၌ ကျင်းပရာ ယူကေရောက် မြန်မာပြည်ဖွား တိုင်းရင်းသားများ စုစုပေါင်း ၄၀၀တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားကို နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားခဲ့သော အာဇာနည်အပေါင်းအား အလေးပြုခြင်းနှင့်စတင်ပြီး  NUG ယူကေကိုယ်စားလှယ် ဦးမောင်မောင်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ကာ ထို့နောက် အထူးဧည့်သည်တော်များဖြစ်ကြသော ယူကေ ကွန်ဆာဗေးတစ်အစိုးရဝန်ကြီးဟောင်း Mr. Paul Scully , Burma campaign UK မှ executive director Ms. Anna Roberts, ယူကေရောက် တိုင်းရင်းသား community များနှင့် နွေဦးတော်လှန်ရေး မိသားစု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် စကားပြောခဲ့ကြပါတယ်။

နော်ဝေနိုင်ငံ ဖရိုလန်းမြို့မှာလည်း မတရားစွာစစ်အာဏာသိမ်းခြင်းအား လက်မခံကြောင်း ဆန္ဒပြ ဖော်ထုတ်ပွဲကို၄ နှစ်တာထိ မတရားမူက်ိုခုခံနေကြသူပြည်တွင်း၊ ပြည်ပ အတူရှိကြောင်းပြသခဲ့ကြပါတယ်။

နယ်သာလန်တွင်လည်းနယ်သာလန်ရောက် မြန်မာပြည်သားများမှ နယ်သာလန်နိုင်ငံ အမ်စတာဒမ် ဒန်းစကွဲ (Amsterdam - Dam Square) ရှေ့တွင် အကြမ်းဖက်စစ်အုပ်စု အာဏာလုယူခဲ့တဲ့ () နှစ်ပြည့် ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ်ပေးရန် အကြမ်းဖက်စစ်ကောင်စီအား နိုင်ငံတကာခုံရုံးတွင် စစ်ဆေးအရေးယူရန် အစရှိသည့်တောင်းဆိုချက်များ တောင်းဆိုခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၅။ နွေဦးလက်ဖက်ရည်ဝိုင်းမှ ဖေဖော်ဝါရီလအတွက် စျေးရောင်းချငွေနဲ့အလှုငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၀၀၀ ကျော်ရရှိ


ဖေဖော်ဝါရီ၃ရက်


အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဗေးဧရိယာနွေဦးလက်ဖက်ရည်ဝိုင်းမှ ဖေဖော်ဝါရီလအတွက် စျေးရောင်းချငွေနဲ့အလှုငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၀၀၀ ကျော်ရရှိခဲ့တယ်လို့ ဖေဖော်ဝါရီ၃ရက်မှာ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုက အတည်ပြုသတင်းထုတ်ပြန်ပါတယ်။

"အာဏာသိမ်း နှစ်ပြည့်ဆိုတာတွေ၊ နွေဦးတော်လှန်ရေး ၄နှစ်ပြည့် ဆိုတာတွေအထိမ်းအမှတ်တွေ ဆိုတာမျိုးတွေ ပြောဆိုနေတာထက် စစ်အာဏာသိမ်းတာ နှစ်နဲ့အပြတ် နွေဦးတော်လှန်ရေး နှစ်နဲ့အပြတ် ဖြတ်ချနိုင်ဖို့ တော်လှန်ရေးခေါင်းဆောင်တွေဆီက ပြောကြားချက်တွေ အစီအစဉ်တွေ ပိုပြီး လိုအပ်နေပါတယ်။ ပိုပြီး ကြားနာချင်ပါတယ်။ကျနော်တို့ထောက်ပို့တွေက ညီညွတ်စွာနဲ့သွေးမကွဲ ဘဲ ဆက်ပြီး တာဝန် ကျေဖို့ အစွမ်းကုန် ဆက်ကြိုးပမ်းနေပါမယ် လို့" နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုမှ တာဝန်ခံတဦးကပြောပါတယ်။

နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုဟာ လစဥ်အစားအသောက်များကိုချက်ပြုတ်ရောင်းချပြီး မြန်မာပြည်ရှိနွေဦးတော်လှန်ရေးနဲ့လိုအပ်သောနေရာများသို့ ပြန်လည်ထောက်ပို့စီးဆင်းလျက်ရှိပါတယ်။


 အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့မင်းနွေဦးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။⁨⁨ မြို့သိမ်း၊စခန်းသိမ်းရက်ရှည်တိုက်ပွဲတွေကို PDFဘက်ကထုနဲ့ထည်နဲ့ လုပ်နိုင်တဲ့အနေအထားရနေပြီလို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်အသိပေး


ဖေဖော်ဝါရီ၃ရက်


မြို့သိမ်း၊စခန်းသိမ်းရက်ရှည်တိုက်ပွဲတွေကို PDFဘက်ကထုနဲ့ထည်နဲ့ လုပ်နိုင်တဲ့အနေအထားရနေပြီလို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ဖေဖော်ဝါရီ၂ရက်နွေဦးတော်လှန်ရေး ဥရောပစကားဝိုင်းမှာ န်အသိပေးဆိုပါတယ်။။

"ထုအင်အားကျနော်တို့တည်ဆောက်နိုင်ပြီ။အရင်လိုပြောက်ကျား တပ်ဖွဲ့လေးတွေနဲ့လှုပ်ရှားတာမဟုတ်တော့ဘူး။ရန်သူရဲ့ထုအင်အားကိုဖြိုခွဲနိုင်ဖို့ဆိုရင် ကျနော်တို့ဘက်ကလည်းအင်အားထောင်ချီတဲ့ထုအင်အား တည်ဆောက်ဖိူ့လိုလာတယ်။ဒါကိုကျနော်တို့လုပ်နိုင်ခဲ့ပြီ။ပြောက်ကျားစစ်ဆိုတာကအချိန်ပိုင်းလေးပဲတိုက်တာဖြစ်တယ်။မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲကအချိန်ပိုင်းနဲ့မရနိုင်ဘူး။လိုအပ်လို့ရှိရင်ရက်ရှည်တိုက်ပွဲဝင်ရတယ်။လိုအပ်ရင်လပေါင်းများအချိန်ယူတိုက်ပွဲဝင်ရတယ်။ဒီအလုပ်တွေကျနော်တို့လုပ်နိုင်ပြီ"လို့ဝန်ကြီးကဆိုပါတယ်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင်အချိန်အားဖြင့်၅၃ရက်ကြာမြင့်ခဲ့ပြီး တော်လှန်ရေးအင်အားစုများနဲ့PDFရဲဘော်များဟာအောင်ပွဲဆင်နိုင်ခဲ့ပါတယ်ါ


========================


🚩🚩 ၂။ မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ် မဲပလီဗျူဟာစခန်းကနေသိမ်းဆည်းရရှိခဲ့တဲ့ စစ်ကောင်စီရဲ့ဟောင်ဝစ်ဇာအမြှောက်အကောင်းအတိုင်းရရှိခဲ့


ဖေဖော်ဝါရီ၃ရက်


မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ် မဲပလီဗျူဟာစခန်းကနေသိမ်းဆည်းရရှိခဲ့တဲ့ စစ်ကောင်စီရဲ့ဟောင်ဝစ်ဇာအမြှောက် အကောင်းအတိုင်းရရှိခဲ့တယ်လို့ ဖေဖော်ဝါရီ၃ရက်တွင် ဆိုရှယ်မီဒီယာမှာ BPLAရဲ့ကွပ်ကဲရေးမှူးမောင်ဆောင်းခက "ဒီတခါတော့ အကောင်းအတိုင်းရခဲ့ပါရဲ့"လို့ အသိပေးဆိုထားပါတယ်။

ဖေဖော်ဝါရီလ()ရက်နေ့ နေ့လယ်(၁၁)နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့များက အဆိုပါမဲပလီဗျူဟာစခန်းကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် မဲပလီစခန်းမှ ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဆယ်ကျော်ရှိပြီးအရာရှိများလည်းပါဝင်တယ်လို့သိရပါတယ်။


========================


🚩🚩 ၃။ ကနီမြို့နယ်၊ ထောက်ကြံ့ကုန်းရွာအနီးကို  စကစ ရဲ့ပေါင် (၅၀၀) ဗုံးချလို့ ပြည်သူ ()ဦး သေဆုံးပြီး ()ဦး ဒဏ်ရာရရှိခဲ့


ဖေဖော်ဝါရီ၃ရက်


စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ ထောက်ကြံ့ကုန်းရွာအနီးကို  စကစ ရဲ့ပေါင် (၅၀၀) ဗုံးချလို့ ပြည်သူ ()ဦး သေဆုံးပြီး ()ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကနီမြို့နယ်၊ ထောက်ကြံ့ကုန်းရွာအနီးကိုဖေဖော်ဝါရီ၂ရက်နေ့နံနက်(၄း၁၆)အချိန်က စကစ ရဲ့ပေါင် (၅၀၀) ဗုံးချလို့ ပြည်သူ ()ဦး သေဆုံးပြီး ()ဦး ဒဏ်ရာရရှိခဲ့တယ်လို့ကနီတော်လှန်ရေးအင်အားစုများကအတည်ပြုထားပါတယ်။ဗုံးသီးထိမှန်၍ အရပ်သားများရုပ်ပင်မမှတ်မိတော့အောင်သေဆုံးခဲ့ရပြီး စကစရဲ့လေကြောင်းရန်သတိထားဖို့ အသိပေးနှိုးဆော်ထားပါတယ်။

"ပုံတွေမြင်ရ ကြည့်ရတာလည်း မကောင်းလှပါ။ ကျဆုံးကြွေလွင့် သွားကြတဲ့ သူတွေ ကောင်းရာသုဂတိလားရောက်ကြပါစေ ခင်ဗျာ"လို့ကနီတော်လှန်ရေးအင်အားစုဘက်ကဆိုထားပါတယ်။


========================


🚩🚩 ၄။မွန်ပြည်နယ်ရေးမြို့နယ် ရေးမြို့မရဲစခန်းနိူင်ငံရေးပုဒ်မနဲ့ဖမ်းဆီးခံရတဲ့အချုပ်သားနှစ်ဦးကိုကယ်တင်နိုင်ခဲ့


ဖေဖော်ဝါရီ၃ရက်


မွန်ပြည်နယ်ရေးမြို့နယ် ရေးမြို့မရဲစခန်းနိူင်ငံရေးပုဒ်မနဲ့ဖမ်းဆီးခံရတဲ့အချုပ်သားနှစ်ဦးကိုကယ်တင်နိုင်ခဲ့တယ်လို့ ဖေဖော်ဝါရီ၃ရက်မှာ ရေးဘီလူးအဖွဲ့က သတင်းထုတ်ပြန်ဖော်ပြပါတယ်။

ဖေဖော်ဝါရီ၂ ရက်မွန်ပြည်နယ်ရေးမြို့နယ် ရေးမြို့မရဲစခန်းနိူင်ငံရေးပုဒ်မ( ၅၂က၅၀ည )ပုဒ်မ/ ကြီးဖြင့်မတရားအနိူင်ကျင့်ခံထားရသောအချုပ်သားနောက်ထပ်တဦးကိုကျွန်ပ်တိူ့ရေးဘီလူးတပ်ရင်း တပ်ခွဲ မှထပ်မံကယ်ထုတ်နိူင်ခဲ့တယ်လို့ဆိုပါတယ်။ရေးဘီလူးတပ်ရင်း ရေးမြို့နယ်မြို့မှရဲစခန်းအချုပ်ဖောက်ရွေးရဲများနှင့်ပြန်လည်ခုခံတိုက်ခိုက်ထွက်ပြေးလာသောနိုင်ငံရေးအချုပ်သား၂ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ရေးမြို့နယ်ရဲစခန်းကိုတော်လှန်ရေးတပ်များတိုက်ခိုက်ရာရဲအရာရှိတဦးနဲ့တပ်သားနှစ်ဦးသေဆုံးခဲ့ပါတယ်။


========================


🚩🚩 ၅။ မကွေးတိုင်း၊ မင်းဘူးခရိုင်ရှိ မဲဇလီရဲစခန်းနဲ့ လက်ပတော စခန်းအားတော်လှန်ရေးတပ်များတိုက်ခိုက်


ဖေဖော်ဝါရီ၃ရက်


မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိ မဲဇလီရဲစခန်းအား ဇန်နဝါရီလ၃၁ရက်မှာ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ရဲနှင့်စစ်သား များထိခိုက်မှုရှိပြီး စခန်းအားယာယီစွန့်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

ထို့ပြင် ဖေဖော်ဝါရီလ ၁ရက်နေ့တွင်လည်း  မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ လက်ပတော စခန်းအား ထပ်မံ၍ ဒရုန်းဖြင့် ချဲချတိုက်ခိုက်ခဲ့ပြီး   ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မဲဇလီစခန်းကို စစ်ကူ ပေးလာ သော စကစ စစ်ကြောင်းနှင့် ပွင့်ဖြူမြို့နယ် မဒဲကုန်းကျေးရွာ အနီးတွင် ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ Earthquake People's Defence Forceကအတည်ပြုပါတယ်။

အထိနာသွား‌သော အကြမ်းဖက် စကစ သည် မဲဇလီ ကျေးရွာဝန်းကျင်ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ၊ လက်ပတောကျေးရွာဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများ ရမ်းသမ်းပစ်ခက်ခြင်း၊ ပါရာမော်တာဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်း၊ ပတ်ဝန်းကျင်ရွာများရှိ  အများပြည်သူနေအိမ်များကို မီးရှို့ခြင်းများကို ယုတ်မာစွာ ပြုလုပ်လျှက် ရှိတယ်လို့ဆိုပါတယ်။

အထက်ပါတိုက်ခိုက်မှုများကို  မြိုင် ပကဖ၊ ပေါက် ပကဖ၊ မင်းဘူးခရိုင်တပ်ရင်း ၆၊ တပ်ရင်း JOKER ပြောက်ကျားတပ်ဖွဲ့ (MYG) Young Force People Defence Force(PKU) စေတုတ္တရာ ပအဖ နှင့် မိမိတို့ Earthquake People's Defence Force တို့က အတူတကွ ပူးပါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။


========================


🚩🚩 ၆။ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ပါဝင်နေပြီး SR-1လို့ အတိုကောက်ခေါ်ကြတဲ့ အမှတ်()အထူးတပ်ရင်းအတွက်ဆန်အိတ်အလုံး(၁၀၀)လိုအပ်


ဖေဖော်ဝါရီ၃ရက်


စစ်ကိုင်းတိုင်းအထက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ပါဝင်နေပြီး SR-1လို့ အတိုကောက်ခေါ်ကြတဲ့ အမှတ်()အထူးတပ်ရင်းအတွက်ဆန်အိတ်အလုံး(၁၀၀)လိုအပ်လျက်ရှိပါတယ်။

လက်ရှိ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ပါဝင်နေပြီး SR-1လို့ အတိုကောက်ခေါ်ကြတဲ့ အမှတ်()အထူးတပ်ရင်းအတွက်ကို ဆန်အိတ်အလုံး(၁၀၀)နဲ့ အခြေခံအပ်ချက်တွေ ဖြည့်တင်းဖို့  အလှူခံချင်ပါတယ်လို့ Indaw Revolution-IRကအသိပေးဆိုပါတယ်။

"ကျွန်တော်တို့ဒေသပေါက်ဈေးအရ ဆန်တစ်အိတ်ကို ၆သောင်းနှုန်း သတ်မှတ်ထားပါတယ်ခင်ဗျ။ ဆန်အိတ်ရော အခြေခံလိုအပ်ချက်တွေအတွက်ရော Targetကို ဒီလ ဖေဖော်ဝါရီ ()လအတွင်း သိန်း၁၀၀Targetထားထားပါတယ်ခင်ဗျ"လို့ဆိုပါတယ်။

တော်လှန်ရေးမှာ အသက်စွန်ပြီး တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအတွက် ကူညီချင်တယ်ဆိုရင် Indaw Revolution-IRရဲ့ Page messangerကို လာရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။


========================


🚩🚩 ၇။ ရွှေဘိုမြို့နယ် ပကဖထံသို့ ခမရ ၁၂ ခြေမြန်တပ်ရင်းစစ်မှုထမ်းရန် စုဆောင်းခံခဲ့ရသူ ဦး လက်နက် ခဲယမ်းများခိုးယူလာပြီး အလင်းဝင်လာ


ဖေဖော်ဝါရီ၃ရက်


ရွှေဘိုမြို့နယ် ပကဖထံသို့ ခမရ ၁၂ ခြေမြန်တပ်ရင်းစစ်မှုထမ်းရန် စုဆောင်းခံခဲ့ရသူ ဦး လက်နက် ခဲယမ်းများခိုးယူလာပြီး အလင်းဝင်လာခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့မှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ တိုက်နယ်အမှတ်() နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အဓမ္မစစ်သားစုဆောင်းခံရသူ ()ဦးဟာ လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ရွှေဘိုပကဖကအတည်ပြုဆိုပါတယ်။

၄င်းနဲ့အတူMA3 ()လက်၊ကျည်ဘောက် ()ဘောက်၊ .၅၆ ကျည် (၁၀၈)တောင့်၊အသီး ()လုံးတို့ကို ယူဆောင်ပြီး ထွက်ပြေးကာ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ထပ်မံ အလင်းဝင်လိုသူများစွာရှိသေးကြောင်း သိရပါတယ်။

အလင်းဝင်ရောက်လာသူအား ဂုဏ်ပြုဆုငွေ ထိုက်သင့်အားလျော်စွာ ချီးမြှင့်မည်ဖြစ်ပြီး လူ့အခွင့်အရေးနှင့်အညီကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်းသိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment