3rd Mar 2025 - Evening Daily News by Radio NUG

 


၂၀၂၅ မတ်လ ၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨၁။ ONE DAY CHALLENGE Memberများ၏ ထည့်ဝင်ငွေအား  ယာယီသမ္မတဒူဝါလရှီးလမှ မှတ်တမ်းတင် ဂုဏ်ပြုလွှာပြန်လည် ချီးမြှင့်

📌 ⁨⁨⁨⁨၂။ လန်ဒန်မြို့ Feltham community hall မှာကျင်းပတဲ့ ချင်းအမျိုးသားနေ့ကို ပြည်ထောင်စု ဝန်ကြီး ဒေါ်ခင်မမမျိုးနဲ့ NUG UKကိုယ်စားလှယ်တက်ရောက်ခဲ့

📌 ⁨⁨⁨⁨၃။ ဖေဖော်ဝါရီလ တစ်လအတွင်း ရန်ကုန်တိုင်းတွင်းအလုပ်သမားအခွင့်အရေးချိုးဖောက်ခံမှုအခြေအနေများကို မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FGWMထုတ်ပြန်

📌 ⁨⁨⁨⁨၄။ အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အတူတကွ ပူးပေါင်းမယ့်"နွေဦးသင်္ကြန် ပူးပေါင်းမယ့်သူများကိုဖိတ်ခေါ်

📌 ⁨⁨⁨⁨၅။ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဗေးဧရိယာ၏ ၃၉ကြိမ်မြောက် နွေဦးလက်ဖက်ရည်ဝိုင်းမှ အမေရိကန်ဒေါ်လာ ၁၃၀၀၀ ကျော်ရရှိခဲ့


========================


၂၀၂၅ ခုနှစ် မတ်လ ၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ပခုက္ကူခရိုင်၊မြိုင်မြို့နယ်ကို ယနေ့မနက်အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု၈ကြိမ်ပြုလုပ်ခဲ့

🚩၂။ စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် အရပ်သားလူနေအိမ်တစ်လုံး၊ဘုန်းကြီး‌ကျောင်းနှင့် အခြားထိခိုက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရတယ်လို့ KNUဗဟိုအသိပေး

🚩၃။ အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိလူပေါင်းခြောက်ထောင်ကျော်သေဆုံးခဲ့ပြီးလူပေါင်းနှစ်သောင်းကျော်ဖမ်းဆီးခံခဲ့ရ

🚩၄။ လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်ကောင်စီတပ်သားဒုတပ်ကြပ်တစ်ဦးလက်နက်နဲ့အတူအလင်းဝင်၍ ဆုကြေးရ

🚩၅။ တအာင်းပြည်တွင်စစ်ကောင်စီရဲ့မိုင်းများကြောင့်ကလေးငယ်များသေဆုံးမှုနဲ့ပြင်းထန်ဒဏ်ရာများရရှိခဲ့ရ

🚩၆။ ယင်းမာပင်ခရိုင်ပကဖ လက်ရုံးတပ်ULFထံလက်နက်နဲ့တကွ ပြည်သူ့စစ်လူငယ်သုံးဦးပြည်သူ့ရင်ခွင်ခိုလှုံ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨၁။ ONE DAY CHALLENGE Memberများ၏ ထည့်ဝင်ငွေအား  ယာယီသမ္မတဒူဝါလရှီးလမှ မှတ်တမ်းတင် ဂုဏ်ပြုလွှာပြန်လည် ချီးမြှင့်


မတ်လ၃ရက်


ONE DAY CHALLENGE Memberများ၏  ထည့်ဝင်ငွေအား  ယာယီသမ္မတဒူဝါလရှီးလမှ မှတ်တမ်းတင် ဂုဏ်ပြုလွှာပြန်လည် ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

 စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)သည် ၂၀၂၁ခုနှစ် သြဂုတ်လမှ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလအထိ ရရှိခဲ့သော ONE DAY CHALLENGE လှုပ်ရှားမှု ရန်ပုံငွေများအနက်မှ လစဉ် ဒေါ်လာတစ်သိန်းနှင့်ညီမျှသော ဝမ်ငွေအား အမျိုးသား ညီညွတ်ရေးအစိုးရ NUGထံ ပေးပို့လာခဲ့ရာ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၂၄ရက်နေ့အထိ စုစုပေါင်း ဒေါ်လာ ၃သန်းအား ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့မတ်လ၃ရက်နေ့သတင်းထုတ်ပြန်ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလသည် လစဉ် ONE DAY CHALLENGE ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းအား ကောင်းစွာ လက်ခံရရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလွှာများအား ပေးပို့ခဲ့ရာ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် ၃၀ကြိမ်မြောက်  ပေးပို့ခဲ့တယ်လို့ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရNUGသည် ONE DAY CHALLENGE Memberများ၏ လစဉ် ထည့်ဝင်ငွေအား အခွန်ငွေ အဖြစ် သတ်မှတ်ကာ ၆လ တစ်ခါ အခွန်လက်မှတ်များ ထုတ်ပေးခြင်းနှင့် ၁၂လတစ်ခါ ယာယီသမ္မတကြီး၏ မှတ်တမ်းတင် ဂုဏ်ပြုလွှာကို ချီးမြှင့်ခြင်း စသည်ဖြင့် ONE DAY CHALLENGE Memberများအား ဂုဏ်ပြုလျှက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨၂။ လန်ဒန်မြို့ Feltham community hall မှာကျင်းပတဲ့ ချင်းအမျိုးသားနေ့ကို ပြည်ထောင်စု ဝန်ကြီး ဒေါ်ခင်မမမျိုးနဲ့ NUG UKကိုယ်စားလှယ်တက်ရောက်ခဲ့


မတ်လ၃ရက်


လန်ဒန်မြို့ Feltham community hall မှာကျင်းပတဲ့ ချင်းအမျိုးသားနေ့ကို ပြည်ထောင်စု ဝန်ကြီး ဒေါ်ခင်မမမျိုးနဲ့ NUG UKကိုယ်စားလှယ်တက်ရောက်ခဲ့ပါတယ်။

 မတ်လ ရက်နေ့ လန်ဒန်မြို့ Feltham community hall ချင်းအမျိုးသားနေ့ကို Chin Community UK မှ ဦးစီးကျင်းပရာ ယူကေရောက် တိုင်းရင်းသား မောင်နှမများအားလုံးနှင့် အတူ NUG အစိုးရပြည်ထောင်စု ဝန်ကြီး ဒေါ်ခင်မမမျိုး၊ NUG UK ကိုယ်စားလှယ် ဦးမောင်မောင်အောင်နှင့် ဒေါက်တာသက်ကိုကို တို့တက်ရောက်ခဲ့ကြပါတယ်။

တော်လှန်ရေးရန်ပုံငွေအဖြစ် တိုင်းရင်းသားရိုးရာ အစားအသောက်များ၊ အဝတ်အထည်များ လည်းရောင်းချခဲ့ကြတယ်လို့သိရပါိတယ်။


========================


📌📌 ⁨⁨⁨⁨၃။ ဖေဖော်ဝါရီလ တစ်လအတွင်း ရန်ကုန်တိုင်းတွင်းအလုပ်သမားအခွင့်အရေးချိုးဖောက်ခံမှုအခြေအနေများကို မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FGWMထုတ်ပြန်


မတ်လ၃ရက်


ဖေဖော်ဝါရီလ တစ်လအတွင်း ရန်ကုန်တိုင်းတွင်းအလုပ်သမားအခွင့်အရေးချိုးဖောက်ခံမှုအခြေအနေများကို မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FGWMက ထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီလ ( )ရက်ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ဗန်းစက်မှုဇုန် ဗန်းမော်အတွင်းဝန်လမ်း ခြံအမှတ် ( ၄၄ ) အလယ်ရွာ ( ၅၃ ) ဂိတ်နားရှိ တရုတ်နိုင်ငံသားပိုင်  SAN YUအထည်ချုပ်စက်ရုံတွင်  စက်ရုံမှူး မန်နေဂျာ အောစူပါ ၊စူပါ ၊လီတာတွေမှ အလုပ်သမားများအပေါ် ကြမ်းတမ်းရိုင်းစိုင်းစွာတဲဆိုကြိမ်းမောင်း၍ အမျိုးသမီး အလုပ်သမား များအပေါ် နားမခံသာသောစကားလုံးများနှင့် ခိုင်းနှိုင်းပြောဆို၍အထည်စံချိန်များ တောင်းခြင်း တောင်းထား တဲ့စံချိန်မပြည့်လျှင် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ဖော်ပြပါတယ်။

အလားတူဖေ‌ဖော်ဝါရီလ ( ၁၁ )ရက်ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ဗန်းစက်မှုဇုန် ယောအတွင်းဝန်ဦးဖိုးလှိုင်လမ်း ခြံအမှတ် ( ၃၃၉)တွင်တည်ရှိသော တရုတ်နိုင်ငံသားပိုင် Yoyika အထည်ချုပ်စက်ရုံတွင် အလုပ်သမားများရဲ့သဘောဆန္ဒကိုမမေးဘဲ အလုပ်သမား ဆန္ဒ မပါ အချိန်ပိုလုပ်အားပို အတင်းအကြပ်ခေါ်ယူခိုင်းကာမဆင်းပေးပါက  အလုပ်ထုတ်မည်ဟုချိန်းခြောက်ခဲ့ကြောင်းသိရပါတယ်။

ဖေဖော်ဝါရီလ ( ၁၅ ) ရက်ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုန် ( ) ကျန်စစ်သားးလမ်း ခြံအမှတ် ( )တွင်တည်ရှိသော တရုတ်နိုင်ငံသားပိုင် IL TERU   Myanmar Co,Ltd  ကျောပိုးအိတ်စက်ရုံတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ မီးဖွားခွင့်မရခဲ့ဘဲ ခံစားခွင့်စားရိတ်များဖူလုံရေးသို့လျောက်တင်ပေးခြင်းမရှိဘူးလို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨၄။ အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အတူတကွ ပူးပေါင်းမယ့်"နွေဦးသင်္ကြန် ပူးပေါင်းမယ့်သူများကိုဖိတ်ခေါ်


မတ်လ၃ရက်


အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အတူတကွ ပူးပေါင်းမယ့်"နွေဦးသင်္ကြန် ပူးပေါင်းမယ့်သူများကိုဖိတ်ခေါ်လိုက်ပါတယ်။

နွေဦးသင်္ကြန် ၂၀၂၅ "  အား မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် စပွန်ဆာများနှင့် စေတနာအလျှောက် မတည်ငွေလှူဒါန်းလိုသည့်  လူပုဂ္ဂိုလ်များ/အဖွဲ့အစည်းများအား ဖိတ်ခေါ်အပ်တယ်လို့ဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ဒီမိုကရေစီ အင်အားစုများ အတူတကွ ပူးပေါင်းလျက် "နွေဦးသင်္ကြန် ၂၀၂၅" အား မြန်မာနိုင်ငံဒေသအသီးသီးရှိ ပြည်သူများအတွက် ရံပုံငွေပွဲအဖြစ်  ၂၀၂၅ ခုနှစ်၊ ဧပြီလ(၁၂)ရက်(စနေနေ့) နှင့် ဧပြီလ (၁၃) ရက်(တနင်္ဂနွေနေ့)များတွင်  တိုကျိုမြို့၊ Daiba Station အနီးရှိ Sunny Plaza, Shiokaze Park မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

"နွေဦးသင်္ကြန် ၂၀၂၅" ရံပုံငွေပွဲတော်အား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် စပွန်ဆာအဖြစ် ကူညီပံ့ပိုးလိုသည့်အလှူရှင်များ၊ မတည်ငွေလှူဒါန်းပါဝင်ပေးလိုသည့် အဖွဲ့အစည်းများ/လူပုဂ္ဂိုလ်များအား လေးစားစွာ ဖိတ်ခေါ်အပ်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨၅။ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဗေးဧရိယာ၏ ၃၉ကြိမ်မြောက် နွေဦးလက်ဖက်ရည်ဝိုင်းမှ အမေရိကန်ဒေါ်လာ ၁၃၀၀၀ ကျော်ရရှိခဲ့


မတ်လ၃ရက်


အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဗေးဧရိယာ၏ ၃၉ကြိမ်မြောက် နွေဦးလက်ဖက်ရည်ဝိုင်းမှ အမေရိကန်ဒေါ်လာ ၁၃၀၀၀ ကျော်ရရှိခဲ့ပါတယ်။မတ်လ၃ရက်နေ့နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုမှစျေးရောင်းချရငွေကို အသိပေးထုတ်ပြန်ပါတယ်။"မြန်မာအရေးကိုမြန်မာများသာဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။ဘယ်ပြည်ပနိုင်ငံမှမကြည့်ခဲ့ပါဘူး။နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုကတော့နောက်မဆုတ်တမ်းရှေ့သို့ဆက်လက်ချီတက်နေမှာပါ"လို့နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုမှ တာဝန်ခံတဦးကပြောပါတယ်။

နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုဟာအမေရိကန်ဆန်ဖရန်ဗေးဧရိယာတွင်လစဥ်အစားအသောက်များချက်ပြုတ်ရောင်းချ၍ နွေဦးတော်လှန်ရေးနဲ့မြန်မာပြည်၏လိုအပ်သောနေရာများသို့ပြန်လည်ထောက်ပို့ကူညီလျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================





🚩🚩၁။ပခုက္ကူခရိုင်၊မြိုင်မြို့နယ်ကို ယနေ့မနက်အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု၈ကြိမ်ပြုလုပ်ခဲ့


မတ်လ၃ရက်


ပခုက္ကူခရိုင် မြိုင်မြို့နယ်ကိုယနေ့မနက်အကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု၈ကြိမ်ပြုလုပ်ခဲ့ပါတယ်။

မတ်လ၃ရက် မနက် ၀၁း၀၀ မှ ၀၂း၀၀ နာရီ အချိန်ခန့်တို့တွင် ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ရာဆိတ်ချေးရွာ  အနီး Y-12ဖြင့် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်၊ ဂျုတ်ကုန်းရွာ အနီး Y-12ဖြင့် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်၊ဘောင့်ဘင်ရွာ Y-12 ဖြင့် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်၊ ညောင်ကုန်းရွာ  ဘုန်းကြီးကျောင် Y-12 ဖြင့် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်၊ဆူးဝင်းရွာ အနီး  jet frighter နှင့် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်၊တောရွာ အနီး လယ်ကွင်းပြင်၌ Y-12 ဖြင့် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်၊လက်ပံတိုရွာ အနီး  jet frighter နှင့် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်၊သရက်ကန်ရွာ အနီး  jet frighter နှင့် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု နေရာ () နေရာ ပြုလုပ်ခဲ့တယ်လို့နွေဦးတော်လှန်ရေး_မြိုင်မြို့ကအတည်ပြုထားပါတယ်။

ပြည်သူများ သေဆုံးမှု နှင့် ထိခိုက်ဒဏ်ရာ ရရှိမှုရှိကြောင်း သိရပြီးအသေးစိတ်ကိုအတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။


========================


🚩🚩၂။ စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် အရပ်သားလူနေအိမ်တစ်လုံး၊ဘုန်းကြီး‌ကျောင်းနှင့် အခြားထိခိုက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရတယ်လို့ KNUဗဟိုအသိပေး


မတ်လ ရက်


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ ဖားအံမြို့နယ်၊ မဲသနကျေးနယ်ရှိ မဲသနကျေးရွာနှင့် ထီးကျော်ခီးကျေးရွာ အနီးတဝိုက်သို့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ မတ်လ () ရက်နေ့ နံနက် () နာရီအချိန်ခန့်တွင်  လေယာဉ်ဖြင့် ဗုံးကျဲခဲ့ရာ ထိုဗုံးကျဲ မှုကြောင့်ထီးကျော်ထီးကျေးရွာနေ မောင်မြေပဲ (၅၅) နှစ်၏ အိမ်ခေါင်မိုး ထိမှန်ပျက်စီးခဲ့ပြီး၊ မဲသနတောင်ခြေ ဘုန်းတော်ကြီးကျောင်း ဘုရားကျောင်းဆောင်မှန် () ချပ် ထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

ထို့အပြင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် မဲသနကျေးရွာ စာသင်ကျောင်းဝင်းအပါအဝင် ဒေသခံပြည်သူများ၏ ရာဘာခြံများနှင့် လူနေထိုင်ရာဒေသများတွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းသား၊ သူများ ကျောင်းမတက်ရဲ၊ ဒေသခံပြည်သူများ လုပ်ငန်းခွင်သို့မသွားရဲကြတော့ဘဲ စားဝတ် နေရေးအခက်အခဲများနှင့်ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်မှ အသုံးပြု ကြဲချခဲ့သော ဗုံးသီးများမှာ ၁၂၀ မမ ဗုံးသီးများနှင့် လက်လုပ် ကော်ဗုံးသီးများဖြစ်ကြောင်း သိရပါတယ်။


========================


🚩🚩၃။ အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိလူပေါင်းခြောက်ထောင်ကျော်သေဆုံးခဲ့ပြီးလူပေါင်းနှစ်သောင်းကျော်ဖမ်းဆီးခံခဲ့ရ


မတ်လ၃ရက်


အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိလူပေါင်းခြောက်ထောင်ကျော်သေဆုံးခဲ့ပြီး လူပေါင်းနှစ်သောင်းကျော်ဖမ်းဆီးခံခဲ့ရပါတယ်။

အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူမှတ်တမ်းတင်ထားသည့် အဖမ်းအဆီးနှင့် သေဆုံးအချက်အလက်များ အရ လူဦးရေ ၆၃၆၄ဦးသေဆုံးခဲ့ပြီး ၂၈၇၁၂ဦးဖမ်းဆီးခံခဲ့ရပါတယ်။

သေဆုံးခဲ့ရသည့်အရေအတွက်အများစုမှာ စစ်အုပ်စုနှင့်သူ၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသည့်အချက်အလက်တွင် ရန်ကုန်၊မန္တလေး၊စစ်ကိုင်း၊ပဲခူး၊မကွေး၊တနသ်ာရီတိုင်းများမှအများဆုံးဖမ်းဆီးခံခဲ့ရပါတယ်။


========================


🚩🚩၄။ လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်ကောင်စီတပ်သားဒုတပ်ကြပ်တစ်ဦးလက်နက်နဲ့အတူအလင်းဝင်၍ ဆုကြေးရ


မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကန်ဇွန်းမ၊အမှတ်(၂၀၃၆)လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်ကောင်စီတပ်သားဒုတပ်ကြပ်တစ်ဦးသည် အမှတ်()စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ်()တပ်ရင်းထံ 

MA-1 ()လက် .၅၆ ကျည် (၂၇၅)တောင့်၊၉မမ ကျည်(၁၄၄)တောင့်၊ ကျည်ဘောက်( )ခု၊ ဆိုင်ကယ် ၁စီးနှင့်အတူ အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။

ပြည်သူ့ရင်ခွင်ခိုလှုံပြီးအလင်းဝင်လာရောက်ပူးပေါင်း ခဲ့သော အဆိုပါ စစ်ကောင်စီဒုတပ်ကြပ်အား ယူဆောင်လာခဲ့သော လက်နက်ခဲယမ်းများအပေါ်မူတည်ပြီးထိုက်ထိုက်တန်တန်ဆုချီးမြှင့်ခဲ့တယ်လို့သတင်းရရှိပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ပျူစောထီးတပ်ဖွဲ့ဝင်များ၊စစ်မှုထမ်း

ဥပဒေအရအတင်းအကြပ် စစ်မှုထမ်းနေရသောသူများအပါအဝင် စကစ အလိုကျ အကြမ်းဖက်လုပ်ရပ်များကိုလုပ်ဆောင်နေကြသူများအနေနှင့် ပြည်သူ့မျက်နှာ ပြည်သူ့နှလုံးသားကိုရှေးရှု၍ ပြည်သူ့အလိုကျ ပြည်သူ့ဘက်ကို အမြန်ဆုံးရပ်တည်ပြီး ပြည်သူ့ရင်ခွင်ကိုခိုလှုံကြရန်တိုက်တွန်းထားပါတယ်။


========================


🚩🚩၅။ တအာင်းပြည်တွင်စစ်ကောင်စီရဲ့မိုင်းများကြောင့်ကလေးငယ်များသေဆုံးမှုနဲ့ပြင်းထန်ဒဏ်ရာများရရှိခဲ့ရ


မတ်လ၃ရက်


တအာင်းပြည်တွင်စစ်ကောင်စီရဲ့မိုင်းများကြောင့်ကလေးငယ်များသေဆုံးမှုနဲ့ပြင်းထန်ဒဏ်ရာများရရှိခဲ့ရပါတယ်။

ကွတ်ခိုင်မြို့နယ်၊ နမ့်ဆိုင်ကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ရက်တွင် ကလေးငယ် ()ဦးသည် ရေချောင်းတွင် ငါးသွားဖမ်းချိန် လက်လုပ်မိုင်းကိုနင်းမိကာ ()ဦး သေဆုံးခဲ့ပြီး ()ဦး ဒဏ်ရာရရှိခဲ့တယ်လို့TNLAကသတင်းထုတ်ပြန်ပါတယ်။

သီပေါမြို့လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ရက်တွင် ဒေသခံအမျိုးသားတစ်ဦးမှ ယခင်စစ်ကောင်စီတပ်စခန်းချဖူးခဲ့သည့် မြရွှေဂူဘုန်းကြီးကျောင်းဘေးတွင် လက်ကျန်မိုင်းကိုတွေ့ရှိပြီး ကောက်ယူဆော့မိရာမှ ပေါက်ကွဲမှုဖြစ်ကာ ()ဦး သေဆုံးခဲ့ပြီး ()ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ မုံးစီးမြို့နယ် ဆိုင်ခေါင်ကျေးရွာလည်း ကလေးငယ် ()ဦးသည် လက်ပစ်ဗုံးတစ်လုံးကို ကောက်ယူဆော့ရာမှပေါက်ကွဲကာ ()ဦး သေဆုံးခဲ့ပြီး ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၁ရက်လည်း သီပေါမြို့နယ် ကုန်းစုံကျေးရွာတွင် ယခင်စစ်ကောင်စီတပ် ထောင်ထားသည့်မြေမြှုပ်မိုင်းကို နင်းမိပြီး ကလေးငယ် ()ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းနဲ့ပေါက်ကွဲစေတတ်သောစစ်လက်နက်တွေကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပြီးထိခိုက်သေဆုံးမှုဖြစ်စဥ်၁၀၀၃ ခုရှိခဲ့ပါတယ်။


========================


🚩🚩၆။ ယင်းမာပင်ခရိုင်ပကဖ လက်ရုံးတပ်ULFထံလက်နက်နဲ့တကွ ပြည်သူ့စစ်လူငယ်သုံးဦးပြည်သူ့ရင်ခွင်ခိုလှုံ


မတ်လ၃ရက်


ယင်းမာပင်ခရိုင်ပကဖ လက်ရုံးတပ်ULFထံလက်နက်နဲ့တကွ ပြည်သူ့စစ်လူငယ်သုံးဦးပြည်သူ့ရင်ခွင်ခိုလှုံခဲ့တယ်လို့သတင်းရရှိပါတယ်။

အဆိုပါလူငယ်များကို ကောင်းမွန်စွာလက်ခံကြိုဆိုထားတယ်လို့ ULFထောက်ပို့အမေစုနိုင်ကအတည်ပြုပြောပါတယ်။

"အလင်းဝင်လာတာလူငယ်တွေသုံးဦးMA1သုံးလက်၊သုံးယောက်ပါ။ ULfထံ နောက်ထက်ဝင်မည့်ကလေးတွေရှိလို့ ဘယ်နေရာကဝင်တာ နာမည်နဲ့တော့ပြောလို့မရသေးဘူး"လို့ဆိုပါတယ်။

လတ်တလောတွင်စကစဘက်ကအဓမ္မစစ်မှုထမ်းဥပဒေအရလူငယ်များကိုဖမ်းဆီးစစ်မှုထမ်းစေခိုင်းသော်လည်းတော်လှန်ရေးတပ်များထံထွက်ပြေးလာသူများရှိနေပါတယ်။


========================


🚩🚩၇။ မြိုင် ပကဖ ထံသို့ အကြမ်းဖက်စစ် ကောင်စီ၏ ပေါ်တာဆွဲခံခဲ့ရ သော ပြည်သူ့စစ်တဦးလက်နက်နဲ့အတူအလင်းဝင်


မတ်လ၃ရက်


မြိုင် ပကဖ ထံသို့ အကြမ်းဖက်စစ် ကောင်စီ၏ ပေါ်တာဆွဲခံခဲ့ရ သော ပြည်သူ့စစ်တဦးဖြစ်သူ မျိုးမင်းအောင်ဟာ ၂၀၂၅ခုနှစ် မတ်၁ ရက်နေ့တွင် ၎င်းကိုင်ဆောင်ထား သော MA-1 သေနတ် ၁လတ် MA ကျည် ၆၀ ကျည်ဘောက် ၃ခုဖြင့် အလင်းဝင်ရောက်ခဲ့ပါတယ်။

၎င်းသည် ရိုးသားစွာကားမောင်းလုပ်ကိုင်စားနေစဉ် စစ်ကိုင်းမြို့အခြေစိုက် တပ်မ (၃၃) က စစ်ကိုင်းတံတားတွင် ၂၀၂၄ခုနှစ်၊  ဒီဇင်ဘာလ၌ ပေါ်တာဆွဲခံရ၍  ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁) သို့ ပို့ဆောင်ခံခဲ့ရကာ (၁၀၁)မှ  ထွက်ပြေးလာခဲ့ပြီး မြိုင် ပကဖ တပ်ရင်း၁ - တပ်ခွဲ () ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ထံသို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။

 မြိုင်ပကဖသည် အလင်းဝင်ရောက်လိုသူ  ပျူ စစ်သား ရဲ နှင့် ပသစ များကို အမြဲကြိုဆိုလျှက်ရှိပြီး နီးစပ်ရာ မြိုင်ပကဖတပ်ဖွဲ့များထံ  ချိတ်ဆက်နိုင်ကြောင်းဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက်  မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်





#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment