၂၀၂၅ မေလ ၃၁ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ NUG နှင့် PDF တို့သည် အနောက်တိုင်း၏ လက်ပါးစေများ မဟုတ်ဘဲ၊ မြန်မာပြည်သူလူထုကိုသာ တာဝန်ခံပြီး၊ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ထိတွေ့ဆက်ဆံရန် တံခါးဖွင့်ထားဟုဆို 

📌 ၂။ မြန်မာအလုပ်သမား(.)သန်းခန့်အား ထိုင်းနိုင်ငံအတွင်း  သက်တမ်းတိုးလုပ်ငန်းစဉ်ကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ရန် ထပ်မံ၍ () သက်တမ်းတိုးပေးမည်

📌 ၃။ မြန်မာစစ်ဘေး ရှောင်နဲ့ဒုက္ခသည်များ သတိထားနေထိုင်ကြရန် India For Myanmar အဖွဲ့ကသတိပေးထုတ်ပြန်

📌 ၄။ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း (၁၅၂) ဦး သေဆုံးခဲ့ပြီး အသက် အရွယ် မိန်းကလေးတစ်ဦး အပါအဝင် အသက် ၁၈ နှစ်အောက် ကလေးငယ်  (၅၁) ဦး ပါဝင်

📌 ၅။ စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသော ပြည်သူလူထုအား ကျပ်သိန်းပေါင်း ၂၅၀၀၀ကျော် မျှဝေပေးခဲ့ကြောင်း၊ ကရင်နီဒေသရှိ ကျောင်းများအတွက် ပညာရေးထောက်ပံ့‌မှုများ စီစဉ်ထားကြောင်း Clean Yangon အ‌သိပေး

📌 ၆။  ဦးမင်းကိုနိုင်ရဲ့ စာအုပ်ဖြစ်တဲ့ 'ကော်လာရှည်ရှည် ကေလန်လန်"ကို CDM Medical Network Page Messenger မှာ လာရောက်ဆက်သွယ် ဝယ်ယူနိုင်ပြီဖြစ်


========================


၂၀၂၅ ခုနှစ် မေလ ၃၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။  ဆောင်းပြောင်းကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီစခန်းအများအပြား သိမ်းပိုက်ရရှိကာ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ရရှိ

🚩၂။ ညောင်လေးပင်၊ ပုဇွန်မြောင်းရွာမှာ ပစ္စည်းခိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ ၁ဦး သေဆုံး

🚩၃။ Kamma Defense Force- KMDF ကမ္မကာကွယ်ရေးအဖွဲ့ရဲ့ စခန်းကို စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီး

🚩၄။ မိုးဗြဲမြို့တွင်းတစ်နေရာတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့

🚩၅။ တောင်ငူ ဒိုးနွယ်ရွာဘက်မှ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်မှ ပြည်သူ ၂ဦးအား ဖမ်းဆီးသတ်ဖြတ်

🚩၆။ ချင်းပြည်နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်‌ကြောင်းမှ စစ်မှုထမ်း တပ်သားသစ် ဦး လက်နက် လက်ယူဆောင်လာပြီး အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ NUG နှင့် PDF တို့သည် အနောက်တိုင်း၏ လက်ပါးစေများ မဟုတ်ဘဲ၊ မြန်မာပြည်သူလူထုကိုသာ တာဝန်ခံပြီး၊ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ထိတွေ့ဆက်ဆံရန် တံခါးဖွင့်ထားဟုဆို 


မေလ ၃၀ရက် 

Radio NUG 


NUG နှင့် PDF တို့သည် အနောက်တိုင်း၏ လက်ပါးစေများ မဟုတ်ဘဲ၊ မြန်မာပြည်သူလူထုကိုသာ တာဝန်ခံပြီး၊ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ထိတွေ့ဆက်ဆံရန် တံခါးဖွင့်ထားသည်ဟု ဘန်ကောက်ပို့စ်တွင် ၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်က ဖော်ပြခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၏ "Support the People Revolution" ဆောင်းပါးတွင် အလေးပေးဖော်ပြထားပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များသည် အနောက်တိုင်း၏ လက်ပါးစေ Proxy များ မဟုတ်ပေ။ မည်သည့် နိုင်ငံခြားအစိုးရကိုမှ တာဝန်မခံ၊ မြန်မာ ပြည်သူလူထုကိုသာ တာဝန်ခံပါသည်။ ပြည်သူ့တော်လှန်ရေးကြီးကို တိုးတက်အောင်ကူညီပေးသော မည်သည့်နိုင်ငံတကာ အစုအဖွဲ့များနှင့်မဆို ထိတွေ့ဆက်ဆံရန် တံခါးဖွင့်ထားသလို ထိတွေ့ဆက်ဆံလို စိတ်ရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်း နိုင်ငံများနှင့် ခိုင်မာသော ဆက်ဆံရေးကို ၂၀၂၁ခုနှစ် မတိုင်မီ အချိန်အထိ ထိန်းသိမ်းထားခဲ့သည်။ ယခုအထိလည်း အဓိက ဦးစားပေးတရပ်အနေနှင့်ရှိနေပါသည်" လို့ ဖော်ပြထားပါတယ်။


ဆောင်းပါးအရ၊ မြန်မာ့တော်လှန်ရေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ရေးဆီသို့ ဦးတည်ခဲ့သည့် ၁၉၂၇-၁၉၄၉ ခုနှစ်ကာလ တရုတ်ပြည်တွင်းစစ်နှင့် ဆင်တူသည့် သမိုင်းဝင်လမ်းဆုံလမ်းခွတွင် ရှိနေပြီး မြန်မာပြည်သူများသည် ဖိနှိပ်အကြမ်းဖက်နေသော စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေကာ NUG နှင့် PDF တို့သည် ဤလှုပ်ရှားမှုတွင် ဗဟိုအခန်းကဏ္ဍမှ ပါဝင်နေသလို နိုင်ငံရပ်ခြားအင်အားစုများ၏ ဆန္ဒမဟုတ်ဘဲ၊ မြန်မာပြည်သူလူထု၏ စစ်မှန်သော ဆန္ဒအပေါ် အခြေခံထားပြီး၊ လမ်းမများပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများမှ စတင်ကာ ယခုအခါ လက်နက်ကိုင်ထိုးစစ်ဆင်မှုများအထိ တိုးတက်လာခဲ့တယ်လို့ အသိပေးထားပါတယ်။


PDF များသည် အရှေ့တောင်အာရှ၏ အကြီးဆုံးစစ်အင်အားစုများထဲမှ တစ်ခုဖြစ်သည့် မြန်မာစစ်တပ်ကို နိုင်ငံတဝန်း ထိရောက်စွာ တွန်းလှန်နိုင်ခဲ့ကာ လက်ရှိ စစ်တပ်သည် နိုင်ငံ၏ ၂၅% အောက်သာ ထိန်းချုပ်ထားနိုင်ကာ တော်လှန်ရေးတပ်ဖွဲ့များလက်အောက်ရှိ နယ်မြေများတွင် အရပ်သားအုပ်ချုပ်မှုသည် ပိုမိုတည်ငြိမ်ပြီး စီးပွားရေးအရ ရှင်သန်လျက်ရှိတယ်လို့ ရေးသားထားပါတယ်။


ပြည်သူလူထု၏ ရည်မှန်းချက်မှာ စစ်တပ်ကို ဖျက်ဆီးရန်မဟုတ်ဘဲ၊ ပြည်သူလူထုကို ဝန်ဆောင်မှုပေးပြီး ရွေးကောက်ခံအစိုးရအား တာဝန်ခံမှုရှိသည့် ပရော်ဖက်ရှင်နယ်စစ်တပ်အဖြစ် ပြုပြင်ပြောင်းလဲရန်ဖြစ်ပြီး ဤရည်မှန်းချက်သည် တရုတ်နိုင်ငံ၏ "ကံအကျိုးတူအသိုက်အဝန်း" မျှော်မှန်းချက်နှင့်လည်း ကိုက်ညီမှုရှိကာ မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးသည် ဒေသတွင်းနှင့် အထူးသဖြင့် တရုတ်နိုင်ငံ၏ ရေရှည်အကျိုးစီးပွားအတွက် အရေးပါကြောင်း ဆောင်းပါးက ထောက်ပြထားပါတယ်။


ဆောင်းပါးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ လူသိရှင်ကြား ထိတွေ့ဆက်ဆံမှုသည် တရုတ်၏ ရေရှည်အကျိုးစီးပွားနှင့် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးကို ထိခိုက်စေနိုင်သည်ဟု ဆိုထားကာ ယာယီအပစ်ရပ်စဲရေးများသည် ပဋိပက္ခကို ရှည်ကြာစေပြီး၊ ရေရှည်တည်ငြိမ်မှုဆီသို့ ဦးတည်သည့် တော်လှန်ရေးလှုပ်ရှားမှုကို အားနည်းစေတယ်လို့ ထောက်ပြထားပါတယ်။ 


တရုတ်နိုင်ငံအနေဖြင့် စစ်အုပ်စု၏ "သွေးခွဲ-အနိုင်ယူ" မဟာဗျူဟာကို ထောက်ခံမည့်အစား၊ NUG PDF အပါအဝင် မြန်မာနိုင်ငံရှိ နိုင်ငံရေးအင်အားစုများအားလုံးနှင့် အပြုသဘောဆောင်စွာ ထိတွေ့ဆက်ဆံရန် အကြံပြုထားပြီး ထိုသို့ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ၏ ရေရှည်တည်ငြိမ်ရေးနှင့် တရုတ်နိုင်ငံ၏ ဒေသတွင်းအကျိုးစီးပွားများကို ထိန်းသိမ်းရာတွင် အပြန်အလှန်အကျိုးရှိစေမည်ဟု ဆိုထားပါတယ်။


========================


📌📌 ၂။ မြန်မာအလုပ်သမား(.)သန်းခန့်အား ထိုင်းနိုင်ငံအတွင်း  သက်တမ်းတိုးလုပ်ငန်းစဉ်ကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ရန် ထပ်မံ၍ () သက်တမ်းတိုးပေးမည်


မေလ ၃၀ရက်

Radio NUG

မြန်မာအလုပ်သမား(.)သန်းခန့် အား ထိုင်းနိုင်ငံအတွင်း သက်တမ်းတိုးလုပ်ငန်းစဉ်ကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ရန် ထပ်မံ၍ () သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန အစည်းအဝေးက ဆုံးဖြတ်တယ်လို့ ထုတ်ပြန်ပါတယ်။


အစည်းအဝေးအရ ထိုင်းအလုပ်အကိုင်ဌာန၏ စာရင်းအချက်အလက်များအရ မြန်မာအလုပ်သမား(.)သန်းခန့် ရှိကြောင်းသိရပါတယ်။


အဆိုပါအလုပ်သမားများအား ထိုင်းနိုင်ငံအတွင်း သက်တမ်းတိုးလုပ်ငန်းစဉ်ကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ရန် ထပ်မံ၍ () သက်တမ်း တိုးပေးမည်ဖြစ်ပြီး သတ်မှတ်ထားသော လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးပါက အလုပ်လုပ်ကိုင်ခွင့် သက်တမ်း () နှစ် ရရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ မြန်မာစစ်ဘေး ရှောင်နဲ့ဒုက္ခသည်များ သတိထားနေထိုင်ကြရန် India For Myanmar အဖွဲ့ကသတိပေးထုတ်ပြန်


မေလ ၃၀ရက်

Radio NUG

မြန်မာစစ်ဘေး ရှောင်နဲ့ဒုက္ခသည်များ သတိထားနေထိုင်ကြရန် India For Myanmar အဖွဲ့က မေလ ၂၉ရက်မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။


ပါကစ္စတန်နှင့် အိန္ဒိယအကြား ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းတွင် အိန္ဒိယအစိုးရသည် တရားမဝင် နေထိုင်သော နိုင်ငံခြားသားများအား ပိုမိုတင်းကြပ်စွာ ကိုင်တွယ်လာပြီး ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ နေရပ်ပြန်လည်ပို့ဆောင်ခံရမှုများ စတင်ကြုံနေရကြောင်းဖော်ပြထားပါတယ်။


အိန္ဒိယနိုင်ငံ UNHCR ရုံးကလည်း ဒုက္ခသည်များ၏ အချက်အလက်များကို အိန္ဒိယအစိုးရထံ လွှဲပြောင်းပေးထားသည့်အတွက် UNHCR တွင် စာရင်းပေးထားသူများ၏ အချက်အလက်များကို အိန္ဒိယအစိုးရက ရရှိထား၍ အိန္ဒိယအစိုးရက ပစ်မှတ်ထားခံရနိုင်ခြေရှိသူဟု ကိုယ့်ကိုယ်ကို သတ်မှတ်ပါက UNHCR ရုံးမှာ စာရင်းသွင်းခဲ့သည့် လိပ်စာမှာ ဆက်လက်နေထိုင်ခြင်းမပြုဘဲ ဘေးကင်းရာနေရာကို ယာယီခိုလှုံနေထိုင်ကြရန် India For Myanmar ကတိုက်တွန်းထားပါတယ်။


========================


📌📌 ၄။ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း (၁၅၂) ဦး သေဆုံးခဲ့ပြီး အသက် အရွယ် မိန်းကလေးတစ်ဦး အပါအဝင် အသက် ၁၈ နှစ်အောက် ကလေးငယ်  (၅၁) ဦး ပါဝင်


မေလ ၃၀ရက်

Radio NUG


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ မေလ ရက်နေ့မှ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၈၆) ဦးနှင့် အမျိုးသား (၆၆) ဦး စုစုပေါင်း (၁၅၂) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအထဲတွင် အသက် အရွယ် မိန်းကလေးတစ်ဦး အပါအဝင် အသက် ၁၈ နှစ်အောက် ကလေးငယ်  (၅၁) ဦး ပါဝင်တယ်လို့ ဆိုပါတယ်။


အဆိုပါ သေဆုံးသူများအနက် သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် (၁၀၉) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး (၁၇) ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒုတိယအများဆုံး သေဆုံးခဲ့ရပါတယ်။


 အဆိုပါ (၁၅၂) ဦးတွင် စစ်ကိုင်းတိုင်းမှာ (၆၈) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့မှာ (၂၁) ဦးစီဖြင့် သေဆုံးမှု ဒုတိယအများဆုံး ဒေသများဖြစ်ကာ အဆိုပါ ကာလအတွင်း အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၁၀၀) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသော ပြည်သူလူထုအား ကျပ်သိန်းပေါင်း ၂၅၀၀၀ကျော် မျှဝေပေးခဲ့ကြောင်း၊ ကရင်နီဒေသရှိ ကျောင်းများအတွက် ပညာရေးထောက်ပံ့‌မှုများ စီစဉ်ထားကြောင်း Clean Yangon အ‌သိပေး


မေလ ၃၀ရက် 

Radio NUG 


စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသော ပြည်သူလူထုအား မျှဝေကူညီနိုင်ရန်အတွက် ပြည်တွင်းပြည်ပက စေတနာရှင်များစွာရဲ့ စာနာမှုအားအင်တွေဟာ Clean Yangon မှတစ်ဆင့် အချိန်နဲ့တပြေးညီ စီးဆင်းစေခဲ့ကြောင်း ထုတ်ပြန်အသိပေးထားပါတယ်။

Clean Yangon အနေနှင့် ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူလူထုများအား ကယ်ဆယ်ရေးမှအစပြုပြီး ကူညီရေး၊ ပြန်လည်ထူထောင်ရေးကဏ္ဍများအတွက် ထိရောက်မှုအရှိဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ခဲ့ပြီး မျှဝေဖေးကူခဲ့ကြသော စာနာမှုအင်အား စုစုပေါင်းကျပ်သိန်း (၂၆၀၀၀) ကျော်ထဲကမှ သိန်း (၂၅၀၀၀) ကျော်အား စနစ်တကျ ထိရောက်စွာ မြေပြင်ရှိ လိုအပ်နေသူများဆီသို့ တိုက်ရိုက်မျှဝေခဲ့တယ်လို့ သိရပါတယ်။


လက်ကျန်ငွေ ကျပ်သိန်း (၈၀၀) ကျော်အား စစ်ဘေးရှောင်ရင်း ငလျင်ဒဏ်ခံရသော ပြည်သူလူထုများ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အသုံးပြုသွားမည်ဖြစ်ပါကြောင်း အသိပေးထားပါတယ်။


ဒါ့အပြင် မကြာမီ ကျောင်းဖွင့်ရာသီရောက်ရှိတော့မည်ဖြစ်သဖြင့် Clean Yangon သည် ပညာရေးကဏ္ဍအတွက် လိုအပ်နေသော သင်ထောက်ကူပစ္စည်းများ၊ ပုံနှိပ်စာအုပ်များနှင့် ကျောင်းအထွေထွေ ကုန်ကျစရိတ်များကို ပံ့ပိုးကူညီရန် စီစဉ်ထားကြောင်း အသိပေးထားပါတယ်။


လိုအပ်နေသော ကျောင်းများအား တွေ့ရှိပါက သို့မဟုတ် အကူအညီတောင်းခံမှုများရှိပါက၊ ကျောင်းသား/သူ၊ ဆရာ/ဆရာမစာရင်း၊ လိုအပ်ချက်နှင့် ခန့်မှန်းကုန်ကျစရိတ်တို့ကို Clean Yangon ထံသို့ အကြောင်းကြားပေးရန် မေတ္တာရပ်ခံထားပါတယ်။


ထို့အပြင်၊ စစ်ဘေးရှောင်စခန်းများတွင် ရိက္ခာပြတ်လပ်မှုများရှိနေသဖြင့် ဆန်အိတ်လှူဒါန်းမှုများ လိုအပ်လျက်ရှိပြီး ဆန်တစ်အိတ်လျှင် သိန်းကျပ်၊ အိတ်ဝက်လျှင် သောင်းကျပ်နှုန်းဖြင့် ပါဝင်ကူညီနိုင်ကြောင်း Clean Yangon က ဖော်ပြထားပါတယ်။


အကူအညီပေးလိုသူများအနေဖြင့် Clean Yangon ထံသို့ ဆက်သွယ်အကြောင်းကြားနိုင်ပြီး၊ ဒေသခံများ၏ ပညာရေးနှင့် အခြေခံလိုအပ်ချက်များအတွက် ပူးပေါင်းပါဝင်ကူညီရန် တိုက်တွန်းထားပါတယ်။


========================


📌📌 ၆။  ဦးမင်းကိုနိုင်ရဲ့ စာအုပ်ဖြစ်တဲ့ 'ကော်လာရှည်ရှည် ကေလန်လန်"ကို CDM Medical Network Page Messenger မှာ လာရောက်ဆက်သွယ် ဝယ်ယူနိုင်ပြီဖြစ်


မေလ ၃၀ ရက်

Radio NUG

ဦးမင်းကိုနိုင်ရဲ့ စာအုပ်ဖြစ်တဲ့ "ကော်လာရှည်ရှည်ကေလန်လန်"ကို CDM Medical Network Page Messenger မှာ လာရောက်ဆက်သွယ် ဝယ်ယူနိုင်ပြီဖြစ်တယ်လို့ အသိပေးဆိုပါတယ်။


"ကော်လာရှည်ရှည် ကေလန်လန်" ဆိုတဲ့ ကမ်ပိန်းမှရရှိတဲ့ အမြတ်ငွေများအားလုံးကို တော်လှန်ရေးဒေသ ငလျင်ဒဏ်သင့်ပြည်သူများ ပြန်လည်ထူထောင်ရေး၊ တော်လှန်ရေးအဖွဲ့အစည်းများ၊ CDM အဖွဲ့အစည်းများကို ပေးအပ်လှူဒါန်းသွားမှာဖြစ်ပါတယ်။


စာအုပ်ဝယ်ယူရုံနဲ့ တော်လှန်ရေးအလှူငွေ ထည့်ဝင်ပြီးသားဖြစ်တဲ့အပြင် ဦးမင်းကိုနိုင်ရဲ့စာအုပ်ဖြစ်လို့ အမှတ်တရ သိမ်းဆည်းထားချင်တဲ့သူတွေအတွက်ပါ လက်မလွှတ်သင့်တဲ့ အခွင့်အရေးဖြစ်တယ်လို့ ဆိုပါတယ်။


စာအုပ်ဝယ်ယူသူတွေအတွက် ပန်းချီကားလက်ဆောင် မဲဖောက်ပေးဦးမယ့် အစီအစဉ်တွေလည်း ရှိတယ်လို့သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩၁။  ဆောင်းပြောင်းကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီစခန်းအများအပြား သိမ်းပိုက်ရရှိကာ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ရရှိ


မေလ ၃၀ရက်

Radio NUG 


၁၇..၂၀၂၅ မှ ၂၆..၂၀၂၅ ရက်နေ့အထိ ဆောင်းပြောင်းကျေးရွာတွင် တပ်စွဲထားသော PNO နှင့် အကြမ်းဖက်စစ်တပ်၏ စခန်းများကို ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်းနှင့် မဟာမိတ်တပ်ပေါင်းစုများ တိုက်ခိုက်ခဲ့ကြောင်း ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။


ထိုတိုက်ပွဲတွင် ရက်တိုင်းလိုလို ပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း ရန်သူ့စခန်းကုန်း မကျရေးအတွက် လေကြောင်းနှင့် လက်နက်ကြီးများ ဆက်တိုက်ပစ်ကူသော်လည်း စခန်းကုန်း တော်တော်များများကို သိမ်းပိုက်ရရှိခဲ့ကာ ရန်သူ့ဘက်မှ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါတိုက်ပွဲများတွင် PNO ပြည်သူ့စစ်ဗိုလ်မှူး အပါအဝင် အတင်းအဓမ္မစစ်သား စုဆောင်းခံရသူ ပအိုဝ်းလူငယ်အများအပြား သေဆုံးမှုရှိပြီး တော်လှန်ရေးအဖွဲ့များဘက်မှလည်း ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၂။ ညောင်လေးပင်၊ ပုဇွန်မြောင်းရွာမှာ ပစ္စည်းခိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ ၁ဦး သေဆုံး


မေလ ၃၀ရက် 

Radio NUG 


မေလ ၂၈ရက် နံနက် ၇း၄၅အချိန်တွင် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာတစ်နေရာ၌ ပြည်သူပိုင်ပစ္စည်းများ ခိုးယူနေသော အကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့် P2 3703 တပ်ရင်းမီးနဂါးရဲဘော်များ ကင်းပုန်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ထိတွေ့မှုတွင် ရန်သူဘက်မှ ()ဦး ထိခိုက်သေဆုံးခဲ့ပြီး ( )ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ မီးနဂါးရဲဘော်များ ထိခိုက်ခြင်းမရှိဘဲ ဘေးကင်းအောင်မြင်စွာဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၃။ Kamma Defense Force- KMDF ကမ္မကာကွယ်ရေးအဖွဲ့ရဲ့ စခန်းကို စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီး


မေလ ၃၀ရက်

Radio NUG 


မေလ ၂၇ရက်နေ့ကစပြီး ပခုက္ကူမြို့ကနေ ကားတွေနဲ့ ထွက်လာပြီး မှိုက်ပင်ကုန်းရွာကတဆင့် ငဖောင်ကန်ရွာနဲ့ ညောင်ဂျစ်ပင်ရွာပျူစောထီးစခန်းအထိ ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တဲ့ စကစတပ်တွေဟာ မေလ ၂၈ရက်နေ့မှာ ညောင်ဂျစ်ပင်-ကန်တော်စခန်းလမ်းပိုင်းမှတဆင့် ကမ္မမြို့အထိ အင်အား၁၅၀နီးပါးနဲ့ ဆက်လက်စစ်ကြောင်းထိုးဝင်ရောက်ရင်း KMDF စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


"စစ်ကြောင်းက ညောင်ဂျစ်ပင်က ကမ္မရဲစခန်းဆီဝင်မယ်ထင်တာ မဝင်ဘူး။ တပ်ဖွဲ့ဝင်တွေ သွားစောင့်တာ တစ်နေရာ ဖြစ်သွားတယ်။ အရင်လာတဲ့လမ်းတွေထက် တောလမ်းကိုပဲသုံးပြီး စခန်းကိုမီးဝင်ရှို့သွားတာပါ။ စခန်းက ဘာမှမယူခဲ့နိုင်ပါဘူးဗျ ပျက်စီးဆုံးရှံးမှုတန်ကြေးက ကျပ်သိန်း၄၀၀ ဖိုးလောက် အကုန်ပါသွားပါတယ်ဗျ။ ကျွန်တော်တို့ KMDF အဖွဲ့အနေနှင့်အကူအညီတွေ လိုအပ်နေပါတယ်ဗျ" လို့ ဖော်ပြထားပါတယ်။


ထို့ကြောင့် ပြန်လည်တည်ထောင်ရန်အတွက် မိဘပြည်သူများအနေဖြင့် နည်းသည် များသည် ပဓာနမထားဘဲ တတ်နိုင်သလောက်ဝိုင်းဝန်း၍ ကူညီလှူဒါန်းပေးကြရန် တောင်းဆိုထားပါတယ်။


========================


🚩🚩၄။ မိုးဗြဲမြို့တွင်းတစ်နေရာတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့


မေလ ၃၀ရက်

Radio NUG

မိုးဗြဲမြို့တွင်း တစ်နေရာတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် မေလ၃၀ရက်မှာ အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။


မေလ ၃၀ရက် သောကြာရက်နေ့ ညနေ ၂နာရီခွဲအချိန်တွင် စစ်ကောင်စီဘက်မှ အကြောင်းမဲ့ပစ်ခတ်လိုက်သော လက်နက်ကြောင့်

အပြစ်မဲ့ အရပ်သားပြည်သူ၊ အသက်နှစ်ဆယ်ကျော် အမျိုးသားတစ်ဦး ထိမှန်ကာ သေဆုံးခဲ့တယ်လို့ mobye local pdfက အတည်ပြုဆိုထားပါတယ်။


ထို့ကြောင့် အရေးတကြီးမလိုအပ်ပါက မိုးဗြဲမြို့သို့ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန်မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩၅။ တောင်ငူ ဒိုးနွယ်ရွာဘက်မှ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်မှ ပြည်သူ ၂ဦးအား ဖမ်းဆီးသတ်ဖြတ်


မေလ ၃၀ရက် 

Radio NUG 


တောင်ငူမြို့နယ် ထုံးဘိုကြီး ဒိုးနွယ်ကျေးရွာဘက်မှ မေလ ၂၈ ရက်နေ့ညနေ ၆နာရီ ၄၅မိနစ်တွင် စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ကျော်ခန့်သည် ကရင်ချောင်တံတား ကွန်ကရစ်လမ်းနှင့် ရေလွှဲကျေးရွာလမ်းခွဲ အနီးသို့အရောက်တွင် ပြည်သူနှစ်ဦးအား ဖမ်းဆီး၍ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း ရေတာရှည်မြို့နယ်အခြေစိုက်တပ်ရင်း ၃၅၀၄မှ သတင်းထုတ်ပြန်ပါတယ်။


ဖမ်းဆီးသတ်ဖြတ်ခံရသည့် ပြည်သူနှစ်ဦးမှာ ကိုဖိုးလုံး အသက် (၃၂)နှစ်နှင့် ကိုရဲဇော်အသက်(၃၂)တို့ ဖြစ်ကြပြီး မင်းမဲ့စရိုက်ဆန်စွာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့်အပြင် ပြည်သူပိုင်နေအိမ်တစ်လုံး၊ ဆန်အိပ် အလုံး ၃၀ ကျော်ခန့် နှင့် အသတ်ခံခဲ့ရသည့် ပြည်သူ ပိုင်ဆိုင်ကယ်တစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၆။ ချင်းပြည်နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်‌ကြောင်းမှ စစ်မှုထမ်း တပ်သားသစ် ဦး လက်နက် လက်ယူဆောင်လာပြီး အလင်းဝင်


မေလ ၃၀ ရက်

Radio NUG 


မေလ ၁၈ ရက်နေ့မှစတင်ပြီး ချင်းပြည်နယ်သို့ ထိုးစစ်ဆင်လာတဲ့ အင်အား ၅၀၀ ခန့်ပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှ ထွက်ပြေးလာတဲ့ စစ်မှုထမ်း တပ်သားသစ် ဦးသည် မေလ ၂၁ ရက်နေ့တွင် ကလေးမြို့ မြို့ပြပျောက်ကြားစီမံချက် UG အဖွဲ့ထံ ဆက်သွယ်၍ အလင်းဝင်ရောက်လာခဲ့ကြောင်း သတင်းရရှိပါတယ်။


တပ်မ ၇၇ လက်အောက်ခံ ခမရ ၃၉၁ တပ်ရင်းမှ အလင်းဝင်ရောက်လာသော တပ်သားသစ် ဦးသည် စစ်မှုထမ်း အပတ် နှင့် မှ တပ်သားသစ်များဖြစ်ကာ MA-3 သေနတ် လက်၊ လက်ပစ်ဗုံး လုံး၊ ကျည် ၄၇၆ တောင့်၊ ကျည်ဘောက် ၁၄ ခု နှင့် အခြားစစ်အသုံးအဆောင်များပါ ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။


ထိုသို့ လက်နက်များပါ ယူဆောင်လာတဲ့အတွက် ၎င်းတို့ ဦးကို ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁၅၀ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment