၂၀၂၅ ဇူလိုင်လ ၇ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ ဇူလိုင်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ကြိုဆို

📌 ၂။ ၂၀၂၅  ဇွန်လ ၃၀ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု‌ ,၀၀၄ ခု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၃၉၉ ခု၊  အတင်းအဓမ္မစစ်သားစုဆောင်းခံရမှု ,၅၂၇ ခုနှင့် လူ့အခွင့်အရေးချိုးဖောက်မှု ၁၉,၆၃၄ ခုရှိကြောင်း ထုတ်ပြန်

📌 ၃။ စစ်ကိုင်းနဲ့ တနင်္သာရီမှ လူ့အခွင့်အရေးတာဝန်ခံများနဲ့ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန တွေ့ဆုံ

📌 ၄။ ကလော နန့်ပန်တက် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာတွင် PSMS နည်းပညာ‌ကြောင့် အမျိုးသမီး ၁ဦး အဖမ်းခံရ

📌 ၅။ ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် 7July ကျောင်းသားအရေးတော်ပုံ အထိမ်းအမှတ်နေ့  အထိမ်းအမှတ် ဆန္ဒပြပွဲ ပြုလုပ်

📌 ၆။ စစ်မြေပြင်က ဝါသနာရှင် ရဲဘော်တွေကိုယ်တိုင် ပါဝင် သရုပ်ဆောင်ရိုက်ကူးထားတဲ့ "PDF ဘဝ PDF ဟာသ" Mini Series ထုတ်လွှင့်


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ တော်ဝိ စခန်းမှ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းများရဲ့ ဝန်ခံပြောကြားချက် ထုတ်ပြန်လာ

🚩၂။ တီးတိန်မြို့နယ်၊ မွှာလ်ပီး စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြား သေဆုံးပြီး လက်နက်များသိမ်းဆည်းရရှိကာ စစ်သုံ့ပန်းများ ဖမ်းမိ

🚩၃။ သရက်-မင်းလှ လမ်းပေါ်မှာ ပတ်ကင်းလှည့်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ရက်ဆက် တိုက်ခိုက်ခဲ့

🚩၄။ မိုးဗြဲမြို့ နေအိမ်များနှင့် စစ်ကိုင်းမြို့နယ် အနောက်ခြမ်းရှိ မအူပင်အရှေ့ရွာကို စစ်ကောင်စီတပ် မီးရှို့

🚩၅။ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး အခြေခံစစ်သင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲ ကျင်းပ

🚩၆။ ရှမ်းနီအမျိုးသားများတပ်တော် (SNA) မှ ရဲဘော် (၁၇) ​ဦး လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================



📌📌 ၁။ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ကြိုဆို


ဇူလိုင်လ ၆ရက် 

Radio NUG 


ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ ၅၉ ကြိမ်မြောက်အစည်းအဝေးတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေ တင်ပြချက် အစီရင်ခံစာကို မဲခွဲဆုံးဖြတ်ခြင်း မပြုဘဲ လက်ခံအတည်ပြုခြင်းအား ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပြု ဆုံးဖြတ်ချက်ကို ဆွေးနွေးတိုင်ပင်သည့် လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ပွင့်လင်း မြင်သာမှုရှိပြီး အပြုသဘောဆောင်သည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပေါ်စေရေးအတွက် ဦးဆောင်၍ ကြိုးပမ်းပေးခဲ့သည့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ကို မြန်မာနိုင်ငံအနေဖြင့် ကျေးဇူးတင်ရှိတယ်လို့ ဖော်ပြထားပါတယ်။


အတည်ပြုဆုံးဖြတ်ချက်တွင်

အကြမ်းဖက်စစ်အုပ်စုက ရိုဟင်ဂျာပြည်သူများနှင့် အခြားလူနည်းစုများအပေါ် အလွန်ရက်စက်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရည်ရွယ်ချက်ရှိရှိ နှင့် ကျယ်ပြန့်စွာ ကျူးလွန်ခဲ့မှုများနှင့် ကျေးရွာများကို ဖျက်ဆီးခြင်း၊ အတင်းအဓမ္မ ရွှေ့ပြောင်းစေခြင်း၊ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း၊ အတင်း အဓမ္မ စစ်မှုထမ်းရန် ခိုင်းစေခြင်းနှင့် တရားလက်လွတ် အကျဉ်းချခြင်းများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊

လူသားချင်းစာနာမှု အကူအညီပေးခြင်းများကို အကြမ်းဖက်စစ်အုပ်စုက ရည်ရွယ်ချက်ဖြင့် တားဆီးခြင်း၊ တစ်‌နိုင်ငံလုံး အတိုင်းအတာအနေနှင့် လူသားချင်း စာနာမှု ဝင်ရောက်ခွင့်များကို စနစ်တကျကန့်သတ်ခြင်း၊ လူသားချင်းစာနာမှု အကူညီပေးသူများအား ဖမ်းဆီးခြင်း၊ အကျဉ်းချခြင်းနှင့် သတ်ဖြတ်ခြင်း၊ အကူအညီပေးရေး အဆောက်အအုံများကိုသိမ်းယူခြင်း တို့ကိုလည်း ရှုတ်ချကြောင်း၊

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) တရားလို ရှေ့နေကြီး၏ အကြမ်းဖက် စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် ဖမ်းဆီးရေးအမိန့် တောင်းဆိုမှုကို အသိအမှတ်ပြုကြောင်း၊ ရိုဟင်ဂျာများအား မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လူသားမျိုးနွယ်စု အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများဖြစ်သော အတင်းအဓမ္မ ရွှေ့ပြောင်းစေခြင်းနှင့် နှိပ်စက်ညှင်းပန်းခြင်းများအတွက် ဥပဒေရေးရာအရ အကြမ်းဖက်စစ်အုပ်စုတွင် တာဝန်ရှိသည်မှာ ခိုင်မာမှန်ကန်ကြောင်း၊

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အလွန်ပြင်းထန်သော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေး၍ တရားစွဲစစ်ဆေးသည့် နိုင်ငံများ၏ လုပ်ဆောင်ချက်များကိုလည်း အသိအမှတ်ပြုကြောင်း၊

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်း စစ်ဆေးမှု ယန္တရား (IIMM) တို့ကိုလည်း  အကြမ်းဖက်စစ်အုပ်စု၏ ဆက်လက် ကျူးလွန်နေဆဲ စုံစမ်းစစ်ဆေးရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊

နိုင်ငံတကာအဖွဲ့အစည်းများအား မိမိနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ပေးရန်နှင့် ပြန်ပို့ခြင်းမပြုရန် (non-refoulement) ကိုလည်း လေးစားစွာ ဆောင်ရွက်ရန် တိုက်တွန်းကြောင်း စတဲ့ အကြောင်းအရာအသစ်များ ပါတယ်လို့ သိရပါတယ်။


ထိုဆုံးဖြတ်ချက်အသစ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ "ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ အပေါ် မူဝါဒထုတ်ပြန်ချက်" ကိုလည်း အသိအမှတ်ပြုထားပြီး ရိုဟင်ဂျာများသည် နိုင်ငံသားအဖြစ် သတ်မှတ်ခွင့်ရှိကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖြစ်ပေါ်စေသည့် ခွဲခြားဆက်ဆံမှု ဥပဒေ စနစ်များကို ဖယ်ရှားသွားမည်ဖြစ်ကြောင်း ကတိပြုထားသည့်အပြင် ထိုမူဝါဒ အကောင်အထည်ဖော်မှုနှင့် ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏ နောက်ဆုံးအကြံပြုချက်များအပေါ် ဆက်လက်ဆောင်ရွက်ရန် ဖိတ်ကြားချက်ကိုလည်း လက်ခံကြောင်း အသိပေးထားပါတယ်။


မြန်မာနိုင်ငံအနေဖြင့်  ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် နယူးယောက်မြို့၌ ကျင်းပမည့် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများနှင့် အခြားလူနည်းစုများအခြေအနေဆိုင်ရာ အဆင့်မြင့် ညီလာခံတွင် ပါဝင်ဆောင်ရွက်ရန် လိုအပ်ပြီး  လူ့အခွင့်အရေးကောင်စီအနေဖြင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍအားဖြင့် ထိရောက်မှုရှိစွာ ဆက်လက် ဆောင်ရွက်ရန်နှင့် အထောက်အပံ့ပေးရေး လုပ်ငန်းစဉ်များအား ပိုမို အားကောင်းစေရေး ဆောင်ရွက်ရန် တိုက်တွန်းချက်ကိုလည်း ထောက်ခံကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ၂၀၂၅  ဇွန်လ ၃၀ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု‌ ,၀၀၄ ခု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၃၉၉ ခု၊  အတင်းအဓမ္မစစ်သားစုဆောင်းခံရမှု ,၅၂၇ ခုနှင့် လူ့အခွင့်အရေးချိုးဖောက်မှု ၁၉,၆၃၄ ခုရှိကြောင်း ထုတ်ပြန်


ဇူလိုင်လ ၆ရက် 

Radio NUG 


၂၀၂၅  ဇွန်လ ၃၀ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း  ,၀၀၄ ခု ရှိပြီး သေဆုံးသူ ,၂၄၂ ဦး ရှိကာ အသက် (၁၈) နှစ်အောက်ကလေးသူငယ်  ၄၇၃  ဦး ပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


လေကြောင်းတိုက်ခိုက်မှုတွေကြောင့်  စာသင်ကျောင်း (၂၆၃) ကျောင်း၊ ဆေးရုံ၊ ဆေးခန်း (၁၀၂) ခု နဲ့ ဘာသာရေးအဆောက်အအုံ (၄၆၄) ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြပါတယ်။


ထို့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း (၃၉၉) မှု ကျူးလွန်ခဲ့ပြီး သေဆုံးသူ (,၂၁၇) ဦး ရှိကာ  အသက် ၁၈ နှစ်အောက် ကလေးငယ် ၄၄၅ ဦးနှင့် အမျိုးသမီး ၆၉၃ ဦး ပါဝင်နေတယ်လို့ အသိပေးထားပါတယ်။


အလားတူ အကြမ်းဖက်စစ်အုပ်စုရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းခံရမှု ဖြစ်စဉ်ပေါင်း (,၅၂၇) ခု ရှိပြီး အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူ (၂၆,၁၆၄) ဦး ရှိကာ အများဆုံး အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံနေရတဲ့ နေရာဒေသဟာ မန္တလေးတိုင်းဖြစ်နေပြီး ပဲခူးတိုင်းက ဒုတိယအများဆုံး ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။


ထို့အတူ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်ပေါင်း (၁၉,၆၃၄) ခုရှိခဲ့ပြီး အများဆုံး ကျူးလွန်ချိုးဖောက်ခံရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစားကတော့ တရားလက်လွတ်သတ်ဖြတ်ခံရမှု (Extrajudicial Killing) ဖြစ်စဉ်ပေါင်း-(,၆၁၃) မှု ရှိကာ စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားမှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ စစ်ကိုင်းနဲ့ တနင်္သာရီမှ လူ့အခွင့်အရေးတာဝန်ခံများနဲ့ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန တွေ့ဆုံ


ဇူလိုင်လ ၆ရက် 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက လူ့အခွင့်အရေးတာဝန်ခံများနဲ့ လူ့အခွင့်အရဆိုင်ရာဝန်ကြီးဌာနတို့ တွေ့ဆုံမှုကို ဇူလိုင်လ ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


တွေ့ဆုံမှုတွင် ပြီးခဲ့တဲ့ အစည်းအဝေးများက ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်နိုင်မှုများ ပြန်လည်ဆွေးနွေးခြင်း၊ ဝန်ကြီးဌာနက  မှတ်တမ်းရယူထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ တိုင်ကြားစာများကို စိစစ်ပြီး ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သလို လူ့အခွင့်အရေးတာဝန်ခံများကလည်း မြို့နယ်အတွင်း အခြေအနေတွေနဲ့ လိုအပ်ချက်တွေကို ပြန်လည်ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအနေနဲ့  စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်းတို့မှာ လူ့အခွင့်အရေးတာဝန်ခံများကို ခန့်အပ်ထားမှု (၁၀၁) ဦး ရှိပြီဖြစ်ပြီး ဝန်ကြီးဌာနနဲ့ လစဉ်တွေ့ဆုံမှုများပြုလုပ်ခြင်းက () ကြိမ်မြောက်ရှိပြီလို့ သိရပါတယ်။ 


ခန့်အပ်ထားတဲ့ လူ့အခွင့်အရေးတာဝန်ခံများအနေနဲ့   မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် သက်ဆိုင်ရာ တာဝန်ခံများနဲ့ ပူးပေါင်းချိတ်ဆက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို စုဆောင်းမှတ်တမ်းတင်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရသူများကို ချိတ်ဆက်ပြီး ဖြေရှင်းနိုင်တဲ့ နည်းလမ်းများကို ရှာဖွေခြင်းနဲ့ လူ့အခွင့်အရေးပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ၄။ ကလော နန့်ပန်တက် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာတွင် PSMS နည်းပညာ‌ကြောင့် အမျိုးသမီး ၁ဦး အဖမ်းခံရ


ဇူလိုင်လ ၆ရက် 

Radio NUG 


ဇူလိုင်လ ရက်နေ့တွင် ကလောမြို့နယ်၊ နန့်ပန်တက် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ရန်ကုန်က‌‌နေ တောင်ကြီးကို လာတဲ့ “Elite” ခရီးသည်တင်ယာဉ်ပေါ်ပါ ခရီးသည်များကို Person Scrutinization and Monitoring System (PSMS) စနစ်နဲ့ စစ်ဆေးခဲ့ရာ အသက်၂၉နှစ်အရွယ် မသက်ထားသူဇာကို တော်လှန်ရေးအဖွဲ့များအား အလှူငွေကောက်ခံပေးတယ်လို့ဆိုကာ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။


မသက်ထားသူဇာဟာ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ထောက်ကြန့်နယ်‌မြေရဲစခန်းမှ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ()နဲ့  အမှုဖွင့်လှစ်ခံထားရသူ ဖြစ်တယ်လို့ သိရပါတယ်။


စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ PSMSလို့ခေါ်တဲ့ လူပုဂ္ဂိုလ်စိစစ်စောင့်ကြည့် စနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာပြီး PSMS နည်းပညာ‌ကြောင့် လူ ၁၆၀၀ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။


========================


📌📌 ၅။ ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် 7July ကျောင်းသားအရေးတော်ပုံ အထိမ်းအမှတ်နေ့  အထိမ်းအမှတ် ဆန္ဒပြပွဲ ပြုလုပ်


ဇူလိုင်လ ၆ရက် 

Radio NUG 

 

ဇူလိုင်လ ၆ရက်နေ့တွင် ကိုရီးယားနိုင်ငံတွင် သမိုင်းဝင် 7 July ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာ့ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) Busan Network RAM အဖွဲ့အစည်းများမှ ဦးဆောင်၍ တောင်ကိုရီးယားရောက် ဒီမိုကရေစီအင်အားစု အဖွဲ့အစည်းများနှင့်အတူ ဘူဆန်မြို့တွင် မနက် ၁၁နာရီမှ မွန်းတည့် ၁၃နာရီအထိ၊ ဒယ်ဂူးမြို့တွင် နေ့လည် ၃နာရီမှ ညနေ ၅နာရီအထိ  ဆန္ဒပြပွဲများကို ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။


၁၉၆၂ ခုနှစ်၊ ဇူလိုင် ရက်နေ့သည် တက္ကသိုလ်ကျောင်းသားများ၏ ရဲစွမ်းသတ္တိ၊ စည်းလုံးညီညွတ်မှုနှင့် ဖိနှိပ်မှုကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သော သမိုင်းတစ်ခုကို အမှတ်ရစေသည့်နေ့ဖြစ်ပြီး ထိုနေ့၌ ကျောင်းသားလူထုသည် လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် ပညာရေးအခွင့်အရေးများအတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။


တရားမျှတမှုနှင့် အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ တော်လှန်ခဲ့ကြသော ကျောင်းသားများကို အာဏာရှင်များက ရက်စက်စွာ ဖိနှိပ်သတ်ဖြတ်ခဲ့ပြီး သမိုင်းဝင် ရန်ကုန်တက္ကသိုလ်သမဂ္ဂ (တကသ) အဆောက်အအုံကို မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည့်နေ့ဖြစ်ပြီး ပညာရေးကို အာဏာဖြင့် ထိန်းချုပ်လိုသော အာဏာရှင်များ၏ ရက်စက်မှုကို ပြသခဲ့သော သက်သေတစ်ခု ဖြစ်ပါတယ်။


7 July သည် အာဏာရှင်တို့၏ ရက်စက်ကြမ်းကြုတ်မှုကို ကမ္ဘာသိထင်ရှားစေခဲ့သည့်အပြင် မြန်မာကျောင်းသားထု၏ မကြောက်မရွံ့ ရပ်တည်မှုကိုပါ သက်သေထူခဲ့တဲ့ သမိုင်းဝင်နေ့၏ အရေးပါမှုကို အလေးထားဂုဏ်ပြုရင်း အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ခဲ့သော ကျောင်းသားသမဂ္ဂနှင့် ပြည်သူလူထု၏ စွန့်လွှတ်မှုများကို အလေးပြုကြောင်း ဖော်ပြထားပါတယ်။


July 7 ရဲ့ ဂုဏ်ယူဖွယ်စိတ်ဓာတ်ကို အသက်သွင်းရန်နှင့် အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် တော်လှန်ရေးကို ဆက်လက်တွန်းအားပေးရန်အတွက်  7 July အထိမ်းအမှတ်ဆန္ဒပြပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။


ဒယ်ဂူးမြို့နှင့် ဘူဆန်မြို့ အနီးတဝိုက်မှ တော်လှန်ရေးတွင် ပါဝင်နေသော ညီအစ်ကိုမောင်နှမများ၊ တောင်ကိုရီးယားနိုင်ငံအနှံ့ရှိ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ စစ်မြေပြင်က ဝါသနာရှင် ရဲဘော်တွေကိုယ်တိုင် ပါဝင် သရုပ်ဆောင်ရိုက်ကူးထားတဲ့ "PDF ဘဝ PDF ဟာသ" Mini Series ထုတ်လွှင့်


ဇူလိုင်လ ၆ရက်

Radio NUG

စစ်မြေပြင်မှာရှိနေတဲ့  Royal Peacock တော်ဝင်ဒေါင်းတပ်ရင်းနဲ့ Seven Ravens တောကျီးကန်း တပ်ရင်းတို့မှ ဝါသနာရှင် ရဲဘော်တွေကိုယ်တိုင် ပါဝင်သရုပ်ဆောင်ရိုက်ကူးထားတဲ့ "PDF ဘဝ PDF ဟာသ" Mini Series ကို PVTV (Public Voice Television) က စီစဉ် ထုတ်လုပ်ပြီး () ပတ်တစ်ကြိမ် ထုတ်လွှင့်ပြသနေပြီ ဖြစ်ပါတယ်။


"PDF ဘဝ PDF ဟာသ" Mini Series ကို () ပတ်တစ်ကြိမ် တနင်္ဂနွေနေ့ () နာရီတိုင်းမှာ PVTV youtube channelကနေ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ တော်လှန်ပြည်သူတွေအနေနဲ့ "PDF ဘဝ PDF ဟာသ" ဆိုတဲ့ Mini Series ကိုကြည့်ရှုရင်း PDF တွေရဲ့ ဘဝထဲက ရယ်စရာ၊ မောစရာ အကြောင်းအရာတွေကို ပိုမိုသိရှိစေမှာဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှု အားပေးကြဖို့အတွက် ဖိတ်ခေါ်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩၁။ တော်ဝိ စခန်းမှ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းများရဲ့ ဝန်ခံပြောကြားချက် ထုတ်ပြန်လာ


ဇူလိုင်လ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နဲ့ ကျောက်တံခါးမြို့ကြား တော်ဝီကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ စခန်းသိမ်း တိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းများရဲ့ ဝန်ခံပြောကြားချက်များကို တောကျီးကန်း စစ်ကြောင်းက ထုတ်ပြန်လာပါတယ်။


အဆိုပါ ဝန်ခံမှုများတွင် ၎င်းတို့အနေနဲ့ စစ်ကောင်စီကို ထောက်ခံခဲ့ကြောင်း စစ်ကောင်စီလက်အောက်မှာ ပြည်သူ လူထုကို ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း၊ စစ်မှုထမ်း ဥပဒေကို လက်တွေ့ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး လူငယ်အများကို စစ်မှုထမ်းစေဖို့ ဒေသခံ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံခဲ့သလို၊ ၎င်းတို့ရဲ့ ပြစ်မှုများအတွက် နောင်တရကြောင်း၊ ပြည်သူလူထုကို တောင်းပန်ကြောင်း ပြောကြားခဲ့ကြပါတယ်။


တော်ဝီ ကျေးရွာက စစ်ကောင်စီ တပ်စခန်းကို တောကျီးကန်း တပ်ရင်းနဲ့ တော်ဝင်ဒေါင်း တပ်ရင်း ပူးပေါင်းအဖွဲ့တို့က ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက် ချေမှုန်းခဲ့တာဖြစ်ပြီး ရဲအုပ် သိန်းဇော်ထွန်း၊ ရဲအရာခံ ဗိုလ်အောင်မျိုးဦးနဲ့ ရဲတပ်ကြပ် လင်းထင်တို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တာပါ။


လက်ရှိမှာတော့ အဆိုပါ စစ်သုံ့ပန်းများကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိပြီး ၎င်းတို့ရဲ့ ဝန်ခံ ပြောကြားချက်များကို အများပြည်သူထံ အသိပေး ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။


========================


🚩🚩၂။ တီးတိန်မြို့နယ်၊ မွှာလ်ပီး စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြား သေဆုံးပြီး လက်နက်များသိမ်းဆည်းရရှိကာ စစ်သုံ့ပန်းများ ဖမ်းမိ


ဇူလိုင်လ၆ရက် 

Radio NUG 


ဇူလိုင်လ ရက်တွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာရှိ စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ငယ် ၃၀ ကျော်နှင့် လက်နက်ကြီးအချို့အပါအဝင် ခဲယမ်း၊ ကျည်နှင့် မိုင်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းသတင်းဌာနများ ဖော်ပြချက်အရ သိရပါတယ်။


အဆိုပါ စစ်ကောင်စီတပ်စခန်းသည် မေလ ၁၈ ရက်မှစတင်ကာ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှတစ်ဆင့် ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းနှင့် တီးတိန်မြို့နယ်ဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းတစ်ခု၏ ယာယီတပ်စွဲရာနေရာ ဖြစ်ပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သည် မွှာလ်ပီးရွာတွင် ရပ်တန့်နေခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။


ဇွန်လအကုန်တွင် မွှာလ်ပီးရွာအနီးရှိ စစ်ကောင်စီတပ်စွဲရာနေရာအချို့ကို ချင်းပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ ဇူလိုင်လ ရက်တွင် အဆိုပါရွာကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကလေးမြို့ဘက်ကို ထွက်ပြေးဆုတ်ခွာသွားပြီး သေဆုံးထိခိုက်မှုများရှိခဲ့ကာ စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ချင်းအမျိုးသားတပ်မတော် (CNA) မှ ရဲဘော် ဦး ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။


စစ်သုံ့ပန်းများ၏ ထွက်ဆိုချက်အရ၊ ချင်းမြောက်ပိုင်းသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်တွင် တပ်ရင်း ခုပါဝင်ပြီး စုစုပေါင်း အင်အား ၈၀၀ ခန့်ရှိနိုင်ကာ ၎င်းတို့သည် ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်ရန် ရည်မှန်းထားတယ်လို့ သိရပါတယ်။


ထို့ပြင် စစ်ကောင်စီသည် ချင်းတောင်ပိုင်း၊ မင်းတပ်မြို့သို့လည်း မကွေးတိုင်း၊ ပခုက္ကူမှ မော်တော်ယာဉ် ၁၂၀ ကျော်ဖြင့် စစ်အင်အားများစွာ ထိုးစစ်ဆင်ရန် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။


========================


🚩🚩၃။ သရက်-မင်းလှ လမ်းပေါ်မှာ ပတ်ကင်းလှည့်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ရက်ဆက် တိုက်ခိုက်ခဲ့


ဇူလိုင်လ ရက်၊ 

Radio NUG


မကွေးတိုင်း၊ သရက်မြို့နယ်၊ သရက် - မင်းလှ လမ်းပိုင်းမှာ ပတ်ကင်း လှည့်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ရက် ဆက်တိုက် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ United States Of Burma Army - USBA တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ရက်နေ့ ညနေ နာရီ ၃၇ မိနစ်မှာ တဇီးကောက် ကျေးရွာအနီး ဘော်ရဲစခန်းမှ ပတ်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ရဲ ပူးပေါင်းစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


အလားတူ ဇူလိုင်လ ရက်နေ့ မနက် နာရီ ၄၀ မိနစ်မှာလည်း လက်ခုပ်ပင် ကျေးရွာအနီး လင်းကယ် ရဲစခန်းမှ ပတ်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ရဲ ပူးပေါင်းစစ်ကြောင်းကို ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများခဲ့ကာ အလောင်းများနဲ့ ဒဏ်ရာရသူများကို သရက်ဆေးရုံကို သယ်ဆောင်သွားပြီး အရေးပေါ် ဆေးကုသနေတယ်လို့ သိရကာ အရေအတွက် အတိအကျကို ဆက်လက်စုံစမ်းဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုများကို ဗမာပြည်ကာကွယ်ရေးတပ် - United States Of Burma Army - USBA တပ်ဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့ သိရပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာ နိုင်တာကြောင့် ပြည်သူများအနေဖြင့် သတိဝီရိယဖြင့် နေထိုင်သွားလာကြဖို့ မေတ္တာရပ်ခံ အသိပေးထားပါတယ်။


========================


🚩🚩၄။ မိုးဗြဲမြို့ နေအိမ်များနှင့် စစ်ကိုင်းမြို့နယ် အနောက်ခြမ်းရှိ မအူပင်အရှေ့ရွာကို စစ်ကောင်စီတပ် မီးရှို့


ဇူလိုင်လ ၆ရက် 

Radio NUG 


ဇူလိုင်လ ၆ရက်နေ့တွင် ရှမ်း - ကရင်နီနယ်စပ် မိုးဗြဲမြို့ရှိ နေအိမ်များကို စစ်ကောင်စီတပ် ထပ်မံမီးရှို့ဖျက်ဆီးနေပြီး မြို့အနီးရှိကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း KPV သတင်းဌာနမှာ ဖော်ပြထားပါတယ်။


ထို့အပြင် မိုးဗြဲမြို့အနီးရှိ ကျေးရွာများကို မိုးဗြဲ အခြေစိုက် ခမရ ၄၂၂ တပ်က လက်နက်ကြီးအများအပြား ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။


ဇူလိုင်လ ရက်နေ့မှစ၍ မိုးဗြဲမြို့ လမ်းမကြီး အပါအဝင် နေရာ အများအပြားကို စစ်ကောင်စီက ဝင်ရောက်လာပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။


အလားတူ ဇူလိုင် ၆ရက် နေ့လယ် ၂နာရီခွဲအချိန်တွင် စစ်ကိုင်းမြို့ ငါးထပ်ကြီးအနောက်ဘက် အနောက်တာ ကျေးရွာများကို စစ်ကြောင်းထိုး မွှေနှောက်နေသော စခများသည် ၁လ ကျော်ကြာသည်အထိ ပြည်သူပိုင်ပစ္စည်းတွေကို မကုန်မချင်း ထုတ်သယ်ယူနေကြပြီး၊ ယူစရာကုန်တဲ့ အိမ်တွေကို ရိုက်ချိုးကာ မအူပင် အရှေ့ရွာမှ နေအိမ်တွေကို စပြီးမီးရှို့ခဲ့တယ်လို့ ပြည်သူ့ဘက်တော်သားမှ အသိပေးထားပါတယ်။


စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက အင်အား ၃၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ တစ်လလုံး ရွာစဥ်ပတ်ပြီး စစ်ကြောင်းထိုး၊ ခိုးယူလုယက်၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့နေတာ ဖြစ်ပါတယ်။


========================


🚩🚩၅။ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး အခြေခံစစ်သင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲ ကျင်းပ


ဇူလိုင်လ ရက်၊ 

Radio NUG


ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး ((BLDF) ရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် () ကျမ်းသစ္စာ ကျိန်ဆိုခြင်းနှင့် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ရက်နေ့က အညာဒေသ တနေရာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ သင်တန်းဆင်းပွဲ အခမ်းအနားမှာ စစ်ဦးစီးမှူးက သင်တန်းဆင်း မိန့်ခွန်း ပြောကြားခဲ့ကာ ကျမ်းသစ္စာ ကျိန်ဆိုခြင်း၊ သစ္စာရေသောက်ခြင်း၊ ထူးချွန်ဆုရ ရဲဘော်များအား ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်း ရဲဘော်များက စစ်ရေးပြခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


သင်တန်းဆင်းပွဲကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး ဗဟိုကော်မတီဝင်များ၊ စစ်ဦးစီးများ၊ စစ်ဒေသ တာဝန်ခံများ၊ ရုံးအဖွဲ့ဝင်များ၊ မြို့နယ်နှင့် ရပ်ကျေး ပအဖ၊ ပကဖ တာဝန်ခံများနဲ့ ဒေသခံ ရပ်မိရပ်ဖ ပြည်သူများ တက်ရောက်ခဲ့ကြပါတယ်။


========================


🚩🚩၆။ ရှမ်းနီအမျိုးသားများတပ်တော် (SNA) မှ ရဲဘော် (၁၇) ​ဦး လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာ


ဇူလိုင်လ ရက်၊ 

Radio NUG


စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်တော် (SNA) မှ ရဲဘော် ၁၇ ဦး ဟုမ္မလင်း ခရိုင်အတွင်းက တော်လှန်ရေး အဖွဲ့များထံ လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာတယ်လို့ ဟုမ္မလင်း ပကဖ က ထုတ်ပြန်ထားပါတယ်။


NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် () စစ်ဒေသ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်က တော်လှန်ရေး အင်အားစုများ ဖြစ်ကြတဲ့ ခန္တီးခရိုင် အမှတ် () အမှတ် () အမှတ် () အမှတ် () တပ်ရင်းနှင့် ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်နယ် () ပကဖ၊ တိုက်နယ် () ပကဖ ထံ ဆက်သွယ် အလင်းဝင်ရောက်လာတာပါ။


အလင်းဝင် ရဲဘော်များကို ကြိုဆိုဂုဏ်ပြုခြင်းနဲ့ ဆုကြေးငွေများပေးအပ်ခြင်း၊ အလင်းဝင်ရဲဘော်များမှ လက်နက် အပ်နှံခြင်း အခမ်းအနားကို ဇူလိုင်လ ရက်နေ့က ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပင်လုံ ခန်းမတွင် ကျင်းပခဲ့တယ်လို့ သိရပါတယ်။


ဂုဏ်ပြုပွဲ အခမ်းအနားကို ခန္တီးခရိုင်ကွပ်ကဲရေးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ခန္တီးခရိုင် အမှတ် () () () () PDF တပ်ရင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဟုမ္မလင်းမြို့နယ် ပကဖ၊ တိုက်နယ်/ ကျေးရွာ ပကဖ အဖွဲ့ဝင်များ၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ ရေးရာတာဝန်ခံများ၊ စိုးမိုးဒေသအတွင်းရှိ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ဂုဏ်ပြု ခဲ့ကြတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment